• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဏာသိမ်းအစိုးရ ဟု သုံးနှုန်းရေးသားခြင်းမပြုရန် သတင်းမီဒီယာများကို သတိပေး

by ဧရာဝတီ
13 February 2021
in သတင်း
A A
ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းတချို့ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြစဉ် (ဓာတ်ပုံ-ဧရာဝတီ)

ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းတချို့ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြစဉ် (ဓာတ်ပုံ-ဧရာဝတီ)

10.4k
VIEWS
Share on FacebookShare on Twitter

တပ်မတော်က ဖွဲ့စည်းထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို “အာဏာသိမ်း အစိုးရ” ဟု သုံးနှုန်းရေးသားခြင်း မပြုရန် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ ဖေဖော်ဝါရီလ ၁၂ ရက် ညပိုင်းတွင် အကြောင်း ကြားလိုက်သည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က “စာပါ အကြောင်းအရာကို ကောင်စီထဲ တော့ မဆွေးနွေးရသေးဘူး။ သို့ပေမယ့် ဒီဟာကိုတော့ လက်မခံဖို့ အများစုရဲ့ သဘောထား ရှိကြပါတယ်။ ဒီနေ့နဲ့ မနက် ဖြန် ဆွေးနွေး ဖြစ်ပါမယ်။ သတင်းဌာနတွေရဲ့ အသုံးအနှုန်းနဲ့ပတ်သက်လို့ လွတ်လပ်စွာ ရေးပိုင်ခွင့် ပဲလို့ ယူဆပါတယ်” ဟု ပြောကြားသည်။

ပြန်ကြားရေး ဝန်ကြီးဌာန၏ အကြောင်းကြားစာတွင် ယခုအခါ တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းဆောင်ရွက်နေမှုကို အာဏာသိမ်း အစိုးရ ဟု ရေးသား သုံးနှုန်းခြင်းများ တွေ့နေရကြောင်း ပါရှိသည်။

အဆိုပါ ရေးသားချက်များကို အချို့သော သတင်းစာ၊ ဂျာနယ်၊ သတင်းမီဒီယာ ဝက်ဘ်ဆိုက်နှင့် အွန်လိုင်းမီဒီယာများတွင် တွေ့မြင်နေရပြီး ယင်း ရေးသားချက်များသည် သတင်းမီဒီယာကျင့်ဝတ်နှင့် မလျော်ညီကြောင်း ဖော်ပြထားသည်။

သတင်း မီဒီယာသမားများ၊ သတင်းမီဒီယာအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို အာဏာသိမ်း အစိုးရ ဟု မမှန်မကန် သုံးနှုန်းခြင်းများ အပါအဝင် လူထု ဆူပူအုံကြွမှု ဖြစ်စေရန် သွေးထိုးလှုံ့ဆော်ပေးသည့် လုပ်ဆောင်မှု များ မပြုလုပ်ကြရန်နှင့် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရန်လည်း ပြန်ကြားရေး ဝန်ကြီးဌာနက တိုက်တွန်း ထားသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ တွဲဖက် အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က ပြန်ကြားရေးဝန်ကြီးဌာန၏ အကြောင်း ကြားစာသည် သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ရန် ပထမဆုံး ပြသလာသည့် လက္ခဏာတခုဖြစ်ကြောင်း မှတ်ချက်ပေး သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
93

The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကလည်း အာဏာသိမ်း အစိုးရ ဆိုသည့် ရေးသား တင်ပြချက်သည် သတင်းမီဒီယာ ကျင့်ဝတ်နှင့် မညီညွတ်သည့် ရေးသားတင်ပြချက် မဟုတ်ကြောင်း ရှင်းပြသည်။

“အွန်လိုင်းမှာ Social Influencer တွေက ဒီထက် ပိုပြင်းထန်တဲ့ အသုံးအနှုန်းတွေ သုံးနှုန်းပြီး ရေးနေတာပေါ့။ အဲဒီအချိန် မှာ Main Stream Media တွေမှာ အာဏာသိမ်းအစိုးရ လို့ ရေးတာက ဘာမှ ကျင့်ဝတ် ဖောက်ဖျက်တာ မဟုတ်ဘူး။ ဒီစာ အရဆိုရင် သူတို့ဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ သဘော သဘာဝကို နားမလည်တဲ့ သဘော သက်ရောက်တယ်” ဟု ၎င်းက ပြောဆိုသည်။

အာဏာသိမ်း အစိုးရ ဟု မရေးသားရ ဆိုသည့် ပြန်ကြားရေးဝန်ကြီးဌာန၏ အကြောင်းကြားစာသည် လွတ်လပ်စွာ ရေးသား ဖော်ပြခွင့်ကို ကန့်သတ်ရန် ကြိုးပမ်းလာသည့် လုပ်ဆောင်ချက် တခုသာ ဖြစ်ကြောင်း ဦးကျော်မင်းဆွေက ထောက်ပြပြော ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က NLD အစိုးရခေါင်းဆောင်များ၊ ပါတီဝင်များ၊ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဝန်ကြီး ချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းထားခြင်း၊ ရာထူးမှ ဖယ်ရှားပြီး လူအသစ်ခန့်အပ်ခြင်းတို့ကို ပြု လုပ်ခဲ့သည်။ ထို့ပြင် နေ့စဉ်ပြသနေသည့် ရုပ်သံလိုင်းတချို့ကို ပြသခွင့် ဖြတ်တောက်ထားခြင်း၊ ထိန်းချုပ်ခြင်းများ ပြုလုပ် ထားကြောင်း သိရသည်။

You may also like these stories:

နိုင်ငံတကာမှာပါ စစ်ကောင်စီအဖွဲ့ကို တရားစွဲဆိုပါမယ်

ဆိုက်ဘာလုံခြုံရေး ဥပဒေကြမ်းကို အရပ်ဘက် အဖွဲ့အစည်း၂၀၀ ကျော် ကန့်ကွက် ရှုတ်ချ

Your Thoughts …
Tags: ပြန်ကြားရေးသတင်းမီဒီယာအာဏာသိမ်းအစိုးရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

by ဧရာဝတီ
29 October 2023
8.5k

ဦးရဲထွဋ်နှင့်အတူ စစ်တက္ကသိုလ်တက်ခဲ့သူများထဲတွင် လက်ရှိစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး နှင့် အာဏာသိမ်းပြီးနောက် ပြည်သူ့ဖက် ရပ်တည်သဖြင့်အနားပေးခံရသော အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းတို့မှာ လူသိများသူများ...

စစ်ကောင်စီပဲ အမြတ်ထွက်မယ့် အနေအထားဖြစ်နေတယ် (ရုပ်/သံ)

စစ်ကောင်စီပဲ အမြတ်ထွက်မယ့် အနေအထားဖြစ်နေတယ် (ရုပ်/သံ)

by ဧရာဝတီ
10 March 2025
3k

လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရပ်သွားရင် ပြည်သူလူထုအပေါ် သတင်းအမှောင်ချဖို့နဲ့ သတင်းမှားတွေ ထုတ်လွှင့်ပြီး ဝါဒဖြန့်ဖို့အချိန်ပြည့် ကြိုးပမ်းနေတဲ့ အာဏာသိမ်း စစ်ကောင်စီ အတွက် အမြတ်ထွက်လိမ့်မယ်လို့ သတင်းစာဆရာတွေက ပြောပါတယ်။

ငလျင်က မင်းအောင်လှိုင် ဓာတ်ပုံအရိုက်ခံဖို့လား

ငလျင်က မင်းအောင်လှိုင် ဓာတ်ပုံအရိုက်ခံဖို့လား

by ဧရာဝတီ
3 April 2025
3k

မင်းအောင်လှိုင်၏ တုံ့ပြန်မှုသည် စစ်မှန်သော လူသားချင်းစာနာမှု မဟုတ်ဘဲ နိုင်ငံကို ထိန်းချုပ်မှု ခိုင်မာရေးနှင့် သူ၏ပုံရိပ်ကောင်းရေး ဖြစ်သည်ဟု လေ့လာသူများက ပြောသည်။

မှတ်တမ်းတင် စစ်ရာဇဝတ်မှုများကို စစ်ကောင်စီ ဘူးခံ ငြင်း

မှတ်တမ်းတင် စစ်ရာဇဝတ်မှုများကို စစ်ကောင်စီ ဘူးခံ ငြင်း

by ဧရာဝတီ
12 February 2024
2.8k

မျက်မြင်သက်သေများ အများအပြား ရှိသော်လည်း စစ်ကောင်စီက ထိုတိုက်ခိုက်မှုများကို ငြင်းဆိုသည်။

Next Post
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်  / ဧရာဝတီ

ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီအပါ ၇ ဦး ဖမ်းဝရမ်းထုတ်ထားကြောင်း တပ်ကကြေညာ

“ကျမအမျိုးသားက ဆေးကုနေတုန်း အတင်းဖမ်းပြီးဆွဲခေါ်သွားတာ” (ရုပ်/သံ)

“ကျမအမျိုးသားက ဆေးကုနေတုန်း အတင်းဖမ်းပြီးဆွဲခေါ်သွားတာ” (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved