သတင်း

ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီအပါ ၇ ဦး ဖမ်းဝရမ်းထုတ်ထားကြောင်း တပ်ကကြေညာ

Want create site? Find Free WordPress Themes and plugins.

စစ်အာဏာသိမ်းဆန့်ကျင့်သူများအား ထောက်ခံအားပေးနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကို မင်းကိုနိုင်၊ ကိုဂျင်မီနှင့် အဆိုတော်လင်းလင်း၊ အင်းစိန်အောင်စိုး၊ ကိုမျိုးရန်နောင်သိမ်း၊ အိမ့်ပိုးဥ (ခ) အိပန်ဆယ်လို တို့အား ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဝရမ်းထုတ်ထားကြောင်း တပ်မတော်က ယနေ့ညနေပိုင်းတွင် ကြေညာလိုက် သည်။

၎င်းတို့အနေဖြင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေရန် Social မီဒီယာနှင့် လူမှုကွန်ယက်များ အသုံးချလုပ် ဆောင်နေကြောင်း စွပ်စွဲထားပြီး တွေ့ရှိပါက သတင်းပေးကြရန်လည်း ကြေညာချက်တွင် ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တည်ဆဲအစိုးရနှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် များအား ဖမ်းဆီးထိန်းသိမ်းကာ အာဏာသိမ်းခဲ့ပြီး လက်ရှိအချိန်အထိ နိုင်ငံတော်ခေါင်းဆောင်များ၊ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီခေါင်းဆောင်းများနှင့် စစ်အာဏာသိမ်းဆန့်ကျင့်ရေး လှုပ်ရှားသူ ရာနှင့်ချီကာ ဖမ်းဆီးထိန်း သိမ်းထားပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့များ၏ ဥက္ကဌများကိုလည်း ဖမ်းဆီးထားသည်။

You may also like these stories:

ပုဒ်မ ၁၄၄ ကြား နိုင်ငံအနှံ့ ဆန္ဒထွက်ပြကြ

စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့များ ရှုတ်ချခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading