• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်

by ဧရာဝတီ
17 February 2021
in သတင်း
A A
၂၀၁၇ ခုနှစ်အတွင်း နေပြည်တော်သို့ လွှတ်တော်အစည်းအဝေး တက်ရန် ရောက်လာခဲ့စဉ် တွေ့ရသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု / ဧရာဝတီ

၂၀၁၇ ခုနှစ်အတွင်း နေပြည်တော်သို့ လွှတ်တော်အစည်းအဝေး တက်ရန် ရောက်လာခဲ့စဉ် တွေ့ရသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု / ဧရာဝတီ

9.8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရကြောင်း ရခိုင် ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒု-ဥက္ကဋ္ဌ ဦးစိုးလေးက ပြောသည်။  

၎င်းက “လာမယ့် ၂၂ ရက်နေ့ မှာ ဦးညီပုကို စစ်တွေမှာ ရုံးထုတ်မယ်လို့ သိရတယ်။ ပုဒ်မကတော့ ၅၀၅ (ခ) နဲ့ စွဲထား တယ်။ ဘာကြောင့် ၅၀၅ (ခ) နဲ့ အမှုဖွင့် တရားစွဲတယ် ဆိုတာကိုတော့ မသိရသေးဘူး” ဟု ဧရာဝတီကို ပြောသည်။ 

ထို့ပြင် အမှုဖွင့်ခဲ့သည့်နေ့၊ တရားလို အပါအဝင် မည်သည့် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းလည်း ၎င်းအနေဖြင့် တိတိ ကျကျ မပြောနိုင်သေးကြောင်း၊ ယခုဖြစ်စဉ်မှာ NLD ခေါင်းဆောင်များကို အပြစ်ရှာပြီး ဖမ်းဆီးခြင်းသာ ဖြစ်သည့် အတွက် တရားဥပဒေအတိုင်း ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ဦးစိုးလေးက “ရုံးထုတ်ပြီး စစ်ဆေးမယ်ဆိုတော့ ကျနော်တို့ ဘက်ကတော့ ဒီအမှုကို လိုက်ပါပေးဖို့အတွက် ရှေ့နေတွေ ခေါ်ပြီး အမှုကို ရင်ဆိုင်သွားမယ်။ ဥပဒေအရ အမှုကို မှန်မှန်ကန်ကန်ဖြစ်ဖို့ ပဲလိုတယ်။ ကျနော်တို့ဘက်က မတော်မတရား လုပ်ခဲ့တာ မရှိဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်က အာဏာသိမ်းချိန်တွင် တပ်မတော်သားများက ဦးညီပုကို ပထမတကြိမ် ဖမ်းဆီးသွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့ သည်။

ထို့နောက် ဖေဖော်ဝါရီ ၁၀ ရက်နေ့၊ ည ၁၀ နာရီခန့်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထားသည့် ဦးညီပုအား ထပ်မံဖမ်းဆီးခဲ့ ပြီးနောက် ယခုကဲ့သို့ ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံရခြင်းလည်း ဖြစ်သည်။ 

လက်ရှိတွင် ဦးညီပုကို မည့်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မိသားစုဝင်များနှင့် ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ အနေဖြင့် မသိသေးသလို ၎င်း၏ ကျန်းမာရေးအတွက်လည်း မိသားစုဝင်များက စိုးရိမ်လျက်ရှိသည်။ 

ဦးညီပု၏ သမီးဖြစ်သူ မကြည်ကြည်ဦးက “ဒီကနေခေါ်သွားတဲ့နေ့က စပြီးတော့ ဘယ်မှာထားတယ်၊ ဘာဖြစ်နေတယ်ဆို တာ အခုအချိန်ထိ ကျမတို့ ဘာသတင်းမှ အဆက်အသွယ် မရသေးပါဘူး။ ကျန်းမာရေးအတွက် အဓိက စိုးရိမ်နေမိပါ တယ်” ဟု ပြောသည်။ 

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
66
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
95
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
61

ဦးညီပုကို ထပ်မံဖမ်းဆီးသည့်နေ့တွင် ဂွမဲဆန္ဒနယ်မှ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်ကိုလည်း  ဖမ်းဆီးခဲ့သလို ဖေဖော်ဝါရီ ၉ ရက်တွင် တောင်ကုတ်မြို့နယ် NLD ပါတီဝင် ဦးမင်းအောင်နှင့် ဦးသန့်ဇင်ဖြိုးတို့ကို ဖမ်းဆီးခဲ့ သည်။ 

ထို့ပြင် ယနေ့ နံနက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၃ ဦးကို တပ်မတော်သားများက လာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံ ပါတီဝင်များထံမှ သိရသည်။ 

အဆိုပါ ဖမ်းဆီးခံရသည့် NLD ပါတီဝင်များမှာ ဦးဇော်ဝင်းအောင်၊ ဦးခင်သက်၊ ဦးချစ်မောင်မောင် တို့ဖြစ်ပြီး လက်ရှိတွင် ၎င်းတို့ ၃ ဦးအား တပ်မတော်သားများက တောင်ကုတ်မြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေ ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ် NLD လူငယ်ခေါင်းဆောင် ဒေါ်ချစ်ချစ်ချော နေအိမ်သို့လည်း ရဲတပ်ဖွဲ့ဝင်များက လာရောက် ရှာဖွေမှု များ ရှိနေသည့်အတွက် မြို့နယ်ပါတီဝင်များမှာ ရှောင်တိမ်းနေရကြောင်း မိသားစုဝင်များက ဆိုသည်။ 

ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်၊ အမ်း မြို့နယ်တို့တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲများကို သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့များက အကြမ်းဖက် လူစုခွဲခြင်း၊ ဆန္ဒပြရာတွင် ပါဝင်သူများကို ဖမ်း ဆီးခြင်းများ ရှိနေပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ထိ အမ်းမြို့နယ်တွင် ၆ ဦး၊ သံတွဲမြို့တွင် ၅ ဦး ဖမ်းဆီးခံထားရကြောင်း သိရသည်။

You may also like these stories:

ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို ထပ်မံထိန်းသိမ်း၊ ရွေး/ကော်အဖွဲ့ခွဲ ဥက္ကဋ္ဌများလည်း အဖမ်းခံရ

သံတွဲတွင် ဆန္ဒပြ ကျောင်းသားလူငယ် ၄ ဦး အဖမ်းခံရ

ရခိုင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၈ ဦး ဖမ်းဆီးခံရ

တောင်ကုတ် NLD ခေါင်းဆောင် ၂ ဦး ဖမ်းဆီးခံရ

Your Thoughts …
Tags: NLDပုဒ်မ ၅၀၅(ခ)ရခိုင်ဝန်ကြီးချုပ် ဦးညီပုကား တံတားအောက် ထိုးကျအမှုဖွင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
ညပိုင်း ကင်းစောင့်နေရသည့် လမ်းများမှ လူများ / ဧရာဝတီ

ကျီးလန့်စာ စားနေရတဲ့ ပြည်သူများ ဘဝ

ဖေဖော်ဝါရီ ၁၅ ရက် ရန်ကုန်မြို့ ဗဟိုဘဏ်ရှေ့တွေ့ရသော ဘရင်းကယ်ရီယာ သံချပ်ကာယာဉ်နှင့် ဆန္ဒပြသူများ / ဟိန်းထက် / ဧရာဝတီ

တရုတ်သြဇာကို ဖယ်ရန် ရုရှားလက်နက်များ မြန်မာဝယ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved