• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကျီးလန့်စာ စားနေရတဲ့ ပြည်သူများ ဘဝ

by ဧရာဝတီ
17 February 2021
in ဆောင်းပါး
A A
ညပိုင်း ကင်းစောင့်နေရသည့် လမ်းများမှ လူများ / ဧရာဝတီ

ညပိုင်း ကင်းစောင့်နေရသည့် လမ်းများမှ လူများ / ဧရာဝတီ

15.6k
VIEWS
Share on FacebookShare on Twitter

ဒေါင်၊ ဒေါင်၊ ဒေါင်

သံချောင်းကို ဆက်တိုက်ခေါက်သံနဲ့အတူ သံပုံးတီးသံတွေက ထပ်ချပ်မခွာ။

အသံနဲ့အတူ ရှေ့အိမ်က၊ ဘေးအိမ်က၊ အပေါ်ထပ်က၊ အောက်ထပ်က၊ ယောက်ျားသားတွေ၊ လွှားခနဲ၊ လွှားခနဲ့ ပြေးထွက် လာကြသလို ပြတင်းပေါက်တွေ၊ ဝရံတာတွေ တိုက်ခြေရင်းမှာ အမျိုးသမီးတွေ လူစုမိပါတော့တယ်။

“ဟိုဘက်မှာ” လို့ အော်သံထွက်လာတာနဲ့ လူအုပ်က အသံကြားရာဆီ ဝေါခနဲ ပြိုဆင်းသွားသလို “လူခွဲ” “ဒီဘက်မှာလည်း နေဦး” “သေချာကြည့်” စတဲ့ အသံတွေလည်း ညံစီနေပါတယ်။

မှောင်ရိပ်ကျတဲ့ နေရာတိုင်းသို့ ဓာတ်မီးရောင်တွေက ပြက်ခနဲ၊ လက်ခနဲ။ ညမထွက်ရ အမိန့် ၁၄၄ ထုတ်ပြန်ထားပေမယ့် ပျိုပျို၊ အိုအို၊ ကလေးတွေပါမကျန် လူတွေဟာ လမ်းမပေါ်မှာပါ။

ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ရဲ့ ညသန်းခါင်အချိန်က စကာ ဒီအဖြစ်အပျက်တွေကို မြင်တွေ့နေရဖြစ်ပြီး ဒါကတော့ တာမွေမြို့နယ် က ရပ်ကွက်တခုမှာပါ။

မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်တွေက လူ ၂၀,၀၀၀ ကျော်ကို ပြည်ထောင်စုနေ့ နံနက် ပိုင်းမှာ ထောင်ကနေ လွှတ်ပေးခဲ့ တဲ့နောက်ပိုင်းမှာ ဒီအဖြစ်အပျက်တွေကို မြင်တွေ့လာရတာပဲဖြစ်ပါတယ်။

ဒီလိုအဖြစ်အပျက်တွေဟာ တာမွေမြို့နယ် တခုထဲမှာ မဟုတ်သလို၊ ရန်ကုန်တိုင်းဒေသကြီး တခုတည်းမှာပဲ ဖြစ်နေတာ လည်း မဟုတ်တာကြောင့် အားလုံးက ကျီး“ကျီးလန့်စာ စားနေရသလိုပဲ” လို့ ပြောဆိုနေပါတယ်။

ဗဟန်းမှာ၊ သာကေတမှာ သင်္ဃန်းကျွန်းမှာ မသင်္ကာဖွယ်ရာ လူတွေကို လူထုက ဖမ်းဆီးရမိခဲ့ပါတယ်။

ဘိန်းဖြတ်တဲ့သူတွေ သုံးတဲ့ (အလွန်အကျွံသုံးရင် အန္တရာယ်) ရှိတဲ့ မက်သဒုံးလို ဆေးဝါးတွေ၊ မီးကွင်းပစ်ဖို့လို့ ယူဆရတဲ့ ပစ္စည်းတွေ ယူဆောင်လာတဲ့သူတွေလည်း ရှိတယ်လို့လည်း ဆိုကြပါတယ်။

၁၉၈၈ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အရေးအခင်းကြီးကို ဖြတ်သန်းခဲ့ရတဲ့ ရပ်မိရပ်ဖတဦးကတော့ ဟိုစဉ်ကာလကြီး တုန်းကလည်း ခိုး၊ ဆိုး၊ နှိုက်၊ လူသတ် စတဲ့ ရာဇဝတ်သားတွေကိ ထောင်ခါလို့ လူတွေမှာ ကင်းစောင့်တဲ့ ခေတ်ကို ကြုံခဲ့ရတယ်၊ အာဏာပိုင်အဆက်အဆက် ဒီလိုကာလမျိုးမှာ ထောင်ထဲက လူတွေကို လွှတ်တာက ရပ်ရွာဆူပူမှု ဖြစ်စေချင်တာရယ်၊ ထောင်ခါလိုက်လို့ လျော့သွားတဲ့ နေရာမှာ နိုင်ငံရေးသမားတွေကို ဖမ်းဆီးပြီး ထည့်ုဖို့ ရယ်လို့ အတိတ်က ဖြစ်စဉ်နဲ့ ပြန်ပြောင်း ချိန်ညှိကာ သုံးသပ်ပြပါတယ်။

ရွေးကောက်ပွဲ ရလာဒ်တွေ မမှန်ကန်ဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော် ဖေဖော်ဝါရီလ ၁ ရက်မှာ လက်ရှိသမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အစိုးရဝန်ကြီးများ၊ အာဏာရ ပါတီ ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာ သိမ်းယူခဲ့တဲ့ အတွက် မြန်မာနိုင်ငံက မြို့တွေ၊ ရွာတွေမှာ လူထောင်ချီ၊ သောင်းချီ၊ သိန်းချီတဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပေါ် လာခဲ့ပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေ၊ ပြည်သူ့ရဲနဲ့ မီးသတ်ဝန်ထမ်းတွေ၊ ဘဏ်ဝန်ထမ်းတွေ အပါအဝင် အစိုးရ ဝန် ထမ်းတွေဟာ အုပ်ချုပ်ရေး ယန္တရားကို လက်မခံတဲ့ အကြမ်းမဖက်ရေး လှုပ်ရှားမှုကြီးဖြစ်တဲ့ Civil Disobedience Movement နဲ့ ကိုလည်း ပြုလုပ်နေပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း လွှတ်တော်ကို ရောက်ရှိရာ နေရာက နေ ခေါ်ယူကျင်းပပြီး အာဏာသိမ်းမှုကို ဆန့်ကျင်နေပါတယ်။

တပ်မတော်က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ (နိုင်လွတ် လုံ)၊ ရာဇသတ်ကြီး စတဲ့ ဥပဒေတွေကို ပြင်ဆင်လိုက်ပြီး ပြည်သူတဦးချင်းစီရဲ့ အခွင့်အရေးတွေကို ရုပ်သိမ်းလိုက်ပါတယ်။

အခုပြုပြင်လိုက်တယ်ဆိုတဲ့ ဥပဒေတွေဟာ ဒီမိုကရေစီကာလ မရောက်ခင်က ဥပဒေတွေလိုပါပဲ။ ဘယ်သူ့ကိုမဆို ညကြီး အချိန်မတော် သက်သေ အထောက်အထားမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခွင့်တွေ ရှိနေပါတယ်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဒီဥပဒေတွေကို ပြင်ဆင်တာဟာ တောမီးလောင် တောကြောင် လက်ခမောင်း ခတ်မယ့် လူဆိုး၊ လူမိုက် ဒုစရိုက် သမားတွေအတွက် မဟုတ်ဘူးဆိုတာ ထောင်ကနေ လူသောင်းချီ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာက သက်သေခံနေတယ်လိုလည်း ဆိုပါတယ်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
423
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
170
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.6k
ဖေဖေါ်ဝါရီ ၁၄ရက်က တပ်မတော်မှ နေ့ည မပြတ်လုံခြုံရေးပေးမည်ဆိုသည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသော စစ်ကားများ(တပ်မတော်သတင်းမှန် ပြန်ကြားရေး)

ပြည်သူတွေကတော့ ရပ်ကွက်တွေ၊ လမ်းတွေအလိုက် ကိုယ်တိုင်လုံခြုံရေး စောင့်နေပါတယ်။ ညရေးညတာအတွက် လမ်းမှာနေသမျှ လူငယ်လူရွယ်တွေဟာ အလှည့်ကျ လုံခြုံရေး တာဝန်ယူနေကြရပြီး ညစဉ် ညတိုင်းလည်း မသင်္ကာဖွယ်ရာ အဖြစ်အပျက်တွေတင်မက အကြမ်းမဖက် ဆန္ဒပြနေတဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ကို ဝင်ရောက် ဖမ်းဆီးမှုတွေက အဆက်မပြတ် ဖြစ်ပျက်နေပါတော့တယ်။

ဒါနဲ့အတူ ရပ်ကွက်တွေထဲမှာ ကိုယ့်လူရယ်လို့ သိသာစေနိုင်မယ့် အမှတ်အသားဖြစ်တဲ့ လက်ပတ်ကိုယ်စီပတ်ထားတဲ့၊ ဒါမှ မဟုတ် အင်္ကျီဆင်တူဝတ်ထားတဲ့ လူငယ်၊ လူရွယ် ကင်းလှည့်နေတာ၊ ကင်းပုန်းဝပ်နေတာကို မြင်တွေ့နေရပါတယ်။

တာမွေ မြို့နယ်က ရပ်ကွက်တွေကတော့ ဘာကြောင့် လုံခြုံရေးယူရတဲ့ အကြောင်းကို တရားဝင် ကြေညာထားပါတယ်။

“မိမိတို့အစိုးရအား ဖမ်းဆီးထိန်းသိမ်းကာ လက်နက်အာဏာဖြင့် အတင်းအဓမ္မ အာဏာသိမ်းယူထားသော စစ်အာဏာရှင် ၏ လက်အောက်တွင် လက်ရှိအချိန်အထိ ခေါင်းဆောင်နှင့် နိုင်ငံတော်အပေါ်တွင် သစ္စာဖောက်ပြီး အမိန့်နာခံ ဆက်လက် တာဝန်ထမ်းဆောင်နေသော သက်ဆိုင်ရာ ဝန်ထမ်းအသီးသီးမှ မိမိတို့ နယ်မြေအတွင်း ဝင်ရောက် အကြမ်းဖက်မှု၊ ည အချိန်မတော် အကြမ်းဖက် ဝင်ရောက် ဥပဒေမဲ့ ဖမ်းဆီးနေခြင်းအား ယနေ့မှစ၍ ရပ်ကွက်နေပြည်သူပြည်သားအားလုံး၊ ကျား/မ ကလေး လူကြီး၊ မြန်မာ၊ မူစလင်၊ ခရစ်ယာန်၊ ဟိန္ဒူ ပူးပေါင်းလက်တွဲကာ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ် ကြောင်း” လို့ ကြေညာထားပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးကတော့ ဖေဖော်ဝါရီ ၁၄ ရက်ကစပြီး ရပ်ရွာ အေးချမ်းသာယာရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက နေ့ညမပြတ် လုံခြုံရေး ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိ အချို့မြို့ကြီးတွေမှာ ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး အများပြည်သူ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး ထိခိုက်ပျက်ပြားစေတဲ့အပြင် ရုန်းရင်းဆန်ခတ်မှုတချို့ ဖြစ်ပွားနေကာ ကောလဟလများကြောင့် လည်း ညပိုင်းမှာ ပြည်သူတွေ ထိတ်လန့် စိုးရိမ်မှုများနဲ့ နေထိုင်ရတာကြောင့် မိဘပြည်သူများ စိတ်အေးချမ်းသာစွာ အိပ်စက်နိုင်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် နေ့ညမပြတ် လုံခြုံရေးဆောင်ရွက်ပေးနေတယ်ဆိုတဲ့ အကြောင်း ကြေညာထားပါတယ်။

ထို့အတွက် လူမှုကွန်ရက်ပေါ်တွင် ညမအိပ်ရသူများ၏ အသံဆိုကာ “ကာကွယ်နေပါတယ် ညညဆို တင့်ကားတေနဲ့ ပတ်ပြီး ပိုစိတ်ချရအောင် ထောင်ထွက်တွေတောင် ပတ်ပီး ကင်းစောင့် ပေးခိုင်းသေးတယ် ကျေးဇူးပါဗျာ” နောက်ပြောင် ရေးသား ရင်ဖွင့်မှုများကိုလည်း တွေ့နေရပါတယ်။

သို့ပေမယ့်လည်း လမ်းမတွေပေါ် နေ့ရောညပါ စစ်ကားများ၊ သံချပ်ကားများနဲ့ လှည့်လည်ပြီး ညပိုင်းတွေမှာ ကင်းစောင့်တဲ့ ပြည်သူများကို ဝင်ရောက်ဖမ်းဆီးမှုများ ရှိနေတယ်လို့ သတင်းထွက်ပေါ်နေတာကြောင့် ကင်းစောင့်နေရသူတွေက ကင်းပုန်း စနစ်နဲ့ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်နေသူတဦးလည်း ဖြစ်၊၂၀၂၀ ရွေးကောက်ပွဲမှာ လူ့ဘောင်သစ် ဒီမို ကရက်တစ် ပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူတဦးလည်း ဖြစ်သူ မအိသဉ္ဇာမောင် ကလည်း “လတ်တလော တပ်အနေနဲ့ ပြည်သူလူထုရဲ့ စိုးရိမ်မှုကို လျှော့ချစေချင်တယ်ဆိုရင်၊ ပြည်သူကို စောင့်ရှောက်ကာကွယ်ချင်တယ်ဆို ရင် စစ်တန်းလျားကို ပြန်သွားတာ အကောင်းဆုံးပဲ။ စစ်တပ်က စစ်တပ်နဲ့ ဆိုင်တဲ့ အလုပ်လုပ်တာ အကောင်းဆုံးပဲ။ နိုင်ငံရေးထဲမှာ ဝင်မပါနဲ့” လို့ ပြောဆိုလိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ နေ့လယ်ဆိုရင် သူတို့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြရတယ်၊ ညဆိုရင် ရပ်ကွက်ထဲ ဝင်လာမယ့် လူစိမ်းတွေကို စောင့်ကြည့်ရသေးတယ်၊ အခုလည်း CDM လုပ်တဲ့ ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးနေတာကို လည်း ကာကွယ်ပေးရတယ်၊ ဒီလို ခြိမ်းခြောက်နေမယ့်အစား CDM ထဲမှာ ပူးပေါင်းတာ ပိုအကျိုးရှိတယ်လို့ လို့ မအိသဉ္ဇာမောင် က ဆိုပါတယ်။

မြန်မာနိုင်ငံ အနှံ့မှာတော့ အခုဆို ပြည်သူတွေဟာ ညပိုင်းမှာ အလှည့်ကျ ကင်းစောင့်ပြီး ကိုယ့်ရပ်ကွက်ကို ကာကွယ်ရတဲ့ တာဝန်တခုကိုပါ ထမ်းဆောင်နေရပါတယ်။

“ခွေးလည်းမောင်းမယ်။ ကျီးလည်းခြောက်မယ်။ ဘာလာလာပဲ” လို့ ကင်းစောင့်လူငယ်တဦးကတော့ ဆိုပါတယ်။

You may also like these stories:

ရန်ကုန် လမ်းပေါ် လူထုလှုပ်ရှားမှု ဘာကြောင့်လျော့လာသလဲ

စစ်ကောင်စီက နိုင်ငံတော် ပုန်ကန်မှုနှင့် အကြည်ညိုပျက်စေမှု ပုဒ်မများကို ပြင်ဆင်ပြဋ္ဌာန်း

စစ်ကောင်စီက လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများကို ဥပဒေမဲ့ ချိုးဖောက်လာဖွယ်ရှိ

Your Thoughts …
Tags: ညကင်းထောင်ထွက်လုံခြုံရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

မြေပြင်လှုပ်ရှားမှုများ တွေ့လာရသည့် မွန်ပြည်သစ်တပ်များ

မြေပြင်လှုပ်ရှားမှုများ တွေ့လာရသည့် မွန်ပြည်သစ်တပ်များ

by ဧရာဝတီ
27 July 2023
11.6k

NMSP တပ်ဖွဲ့ဝင်များသည် မြေပြင်တွင် စစ်ရေးလှုပ်ရှားနေသော်လည်း KNU နှင့် တော်လှန်ရေးတပ်များ၏ လုပ်ရပ်များအပေါ် ဆန့်ကျင်မှု တစုံတရာ မရှိသေးကြောင်း

ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

by ဧရာဝတီ
28 November 2023
8.2k

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့များက သံချပ်ကာယာဉ်များဖြင့် ဟန်ရေးပြခြင်း၊ စစ်ယာဉ် တန်းများ နံနက်နှင့် ညပိုင်းတို့၌ တကြိမ်စီ ကင်းလှည့်ခြင်း၊ ရဲစခန်းနှင့်ဌာနဆိုင်ရာ အဆောက်အအုံများအတွင်း အင်အား ဖြည့်တင်းကာ တပ်စွဲမှုများရှိ

စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

by ဧရာဝတီ
27 November 2023
6.6k

“တုနှိုင်းမမီသည့်စံ” ရုပ်ရှင်ဇာတ်ကားအား ဒါရိုက်တာဝိုင်းက ရိုက်ကူးပေးခဲ့ပြီး ဗိုလ်မှူးကြီးမြင့်အောင်က နာမည်ခံပေးခြင်းဖြစ်သည်ဟု ရုပ်ရှင်အသိုင်းအဝိုင်းက ပြောဆိုကြသည်။

Kpay ပြဿနာ ကမ္ဘောဇဘဏ် ဖြေရှင်းပေးနိုင်မလား

Kpay ပြဿနာ ကမ္ဘောဇဘဏ် ဖြေရှင်းပေးနိုင်မလား

by ဧရာဝတီ
7 January 2025
4.4k

ပုဂ္ဂလိကဘဏ်တခုဖြစ်သော KBZ ဘဏ်၏ KBZ pay မှ ငွေခိုးခံရမှုဖြစ်စဉ်များ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး နောက် ဘဏ်အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိမည်လားဟုဆိုကာ သုံးစွဲသူများကြား မေးခွန်း ထုတ်လာခဲ့ကြသည်။

ဂွတိုက်ပွဲပြင်းထန်နေချိန် နတခ သို့ ဒုခေါင်းဆောင် ရောက်လာ

ဂွတိုက်ပွဲပြင်းထန်နေချိန် နတခ သို့ ဒုခေါင်းဆောင် ရောက်လာ

by ဧရာဝတီ
28 December 2024
4.4k

ဒုခေါင်းဆောင် လာရောက်သည့်အတွက် ပုသိမ်လေဆိပ်၊ တိုင်းအစိုးရအဖွဲ့ရုံး၊ မြို့အတွင်းအပြင် နေရာများ၌ ပုံမှန်နေ့များထက် လုံခြုံရေး တိုးမြှင့် ချထားသလို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း

Next Post
ဖေဖော်ဝါရီ ၁၅ ရက် ရန်ကုန်မြို့ ဗဟိုဘဏ်ရှေ့တွေ့ရသော ဘရင်းကယ်ရီယာ သံချပ်ကာယာဉ်နှင့် ဆန္ဒပြသူများ / ဟိန်းထက် / ဧရာဝတီ

တရုတ်သြဇာကို ဖယ်ရန် ရုရှားလက်နက်များ မြန်မာဝယ်

သရုပ်ဆောင် ဇင်ဝိုင်း / ဧရာဝတီ

“အနုပညာရှင်တွေ အမှုဖွင့်ခံရတာ ကြောက်အောင် လုပ်တာ”လို့ ဇင်ဝိုင်း ဆို

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

10 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved