• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြစ်ကြီးနားတွင် ဆန္ဒပြမည့် ဆရာ/ဆရာမများကို ရိုက်နှက်လူစုခွဲကာ ဖမ်းဆီး

by ဧရာဝတီ
19 February 2021
in သတင်း
A A
မြစ်ကြီးနားတွင် ဆန္ဒပြမည့်နေရာများ၌ တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ ပိတ်ဆို့နေရာယူထားစဉ်

မြစ်ကြီးနားတွင် ဆန္ဒပြမည့်နေရာများ၌ တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ ပိတ်ဆို့နေရာယူထားစဉ်

12.9k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြရန် လူစုနေသည့် မြစ်ကြီးနားပညာရေး ဒီဂရီကော လိပ်မှ ဆရာ၊ဆရာမများကို ရဲတပ်ဖွဲ့နှင့် တပ်မတော်၊ တပ်ဖွဲ့ဝင်များက ယနေ့ မနက်ပိုင်း ၈ နာရီခွဲခန့်တွင် ရိုက်နှက် လူစုခွဲ ကာ ဆရာမ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည် ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသည့် ဆရာမ ၂ ဦးမှာ မူလတန်းပြ ဆရာမ ဒေါ်အေးကြည်ကြည်စိန်နှင့် ဒေါ်အေးချမ်းမေတို့ ဖြစ်သည်။

ယနေ့မနက်ပိုင်း ၈ နာရီခွဲခန့်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမည့် ဆရာ/ဆရာမများ၊ တရားလွှတ်တော် ရှေ့နေများ က မြစ်ကြီးနားပညာရေး ဒီဂရီကောလိပ်နှင့် လေ့ကျင့်ရေးကျောင်းအနီး လူစုကြရာ ရဲနှင့် စစ်သားများက ရောက်လာပြီး ရိုက်နှက်ကာ လူစုခွဲခြင်း ဖြစ်သည်။

ရဲနှင့် စစ်သားများက ရိုက်နှက်လူစုခွဲချိန် ထိုနေရာတွင် ရှိနေခဲ့သည့် တရားလွှတ်တော်ရှေ့နေတဦးက “လူတောင် အများ ကြီး မရှိသေးဘူး။ ၃၀နဲ့ ၄၀ ကြားပဲ ရှိသေးတယ်။ အဲဒီအချိန်မှာ ဒီကောင်တွေ ရောက်လာပြီး အဓိကရုဏ်းရှင်းတဲ့ပုံစံနေရာ ယူတယ်။ လူ ၅ ဦးထက် မစုရဆိုပြီး အသံစဖွင့်တယ်၊ ဖွင့်ပြီး မကြာဘူး။ လူစုခွဲပါ ဘာမှမပြောဘဲ၊ လူစုခွဲ Manual အတိုင်း မကျင့်သုံးဘဲ တန်းပြီး လိုက်ရိုက်တာ။ တော်တော်များများ ထွက်ပြေးလို့ လွတ်ပေမယ့် ဆရာမ ၂ ယောက်ကတော့ ဖမ်းခံရတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် ဆရာမ ၂ ဦးကို အမှတ် ၁ ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ဆက်လက်ပြီး ၎င်းက “ကျနော်တို့က အခု ရန်ကြီးအောင်၊ ယက္ကန်းကျောင်းဘက်ကို ပြန်စုတယ်။ အဲဒါလည်း သူတို့က နောက်က လိုက်လာတယ်။ နောက်က လိုက်ရှင်းတဲ့ ပုံဖြစ်နေတယ်။ အခုတော့ သူတို့ အ.ထ.က (၁) ရှေ့နားမှာ ပြန်စု နေတာ တွေ့တယ်။ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒပြနေတာ။ ကျနော်တို့ လူစုတုန်း ဘာကြွေးကြော်သံမှ မရှိသေးဘူး။ ဆရာမတွေဆိုတာလည်း ငြိမ်းငြိမ်းချမ်းချမ်းပဲ။ ဒါကို ရောက်လာပြီး လူစုခွဲဖို့ အချက်ပေးတာ မရှိဘဲ ဆင်းလာပြီး လိုက်ရိုက် တာ ဥပဒေမဲ့ လုပ်တာပဲ။ ကျနော်တို့က ဒီလိုပဲ ယူဆတယ်” ဟု ပြောသည်။

ဆရာ၊ ဆရာမ များကို ရိုက်နှက်လူစုခွဲသည့်အပြင် အခြားဆန္ဒပြစုရပ်များ ဖြစ်သည့် မနောကွင်းတွင်လည်း ရဲနှင့် စစ်သား များ ပိတ်ဆို့ထားပြီး၊ မြစ်ကြီးနား တက္ကသိုလ်ဝင်းရှေ့နှင့် မြစ်ကြီးနားဆေးရုံလမ်းတို့တွင်လည်း ရဲနှင့် စစ်သားများက ပိတ်ဆို့ နေရာယူထားသည်။

ယနေ့မနက်ပိုင်းက ဆရာမ၂ ဦးကို ဖမ်းဆီးသွားသည်ကို မျက်မြင် တွေ့လိုက်သည့် ဒေါ်ဒေါင်နောကလည်း “ဆရာမတွေက လူကို ရိုက်နေပါတယ်၊ ရိုက်နေပါတယ်ဆိုပြီး အော်နေကြတာ။ သူတို့က လူစုခွဲဖို့ ပြောတာ ဒီတိုင်းမပြောဘဲ ရိုက်တာ၊ လေး ခွတွေနဲ့လည်း ပတ်ဝန်းကျင်က လူတွေကို ပစ်တယ်။ ကျမတောင် ဆိုင်ကယ်နဲ့ ပြန်မောင်းထွက်လာခဲ့တာလို့ မထိတာ”ဟု ပြောသည်။

မြစ်ကြီးနားမြို့တွင် ဒေသခံ ၁ သောင်းခန့်က စစ်အာဏာရှင် ဆန့်ကျင်ကြောင်း နေ့စဉ် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေ ရာ ပညာရေးကောလိပ်နှင့် တက္ကသိုလ်မှ ဆရာ/ဆရာမများသည်လည်း ဆန္ဒပြခြင်း၊ စစ်အာဏာရှင်လက်အောက်တွင် အလုပ် မလုပ်ဘဲ ဆန္ဒပြခြင်း (Civil Disobedience Movement-CDM) ကို လုပ်ဆောင်နေကြသည်။

လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခြင်း၊ ထိုင်သပိတ်ပြုလုပ်ခြင်းများကို ဖေဖော်ဝါရီ ၈ ရက်မှ စ၍ လုပ်ဆောင်နေကြခြင်းဖြစ် သည်။

ဖေဖော်ဝါရီ ၁၃ ရက်နှင့် ၁၄ တို့တွင်လည်း ရဲနှင့် စစ်သားများက မြစ်ကြီးနား တမြို့လုံးကို မီးပေးနေသည့် ဘူးဂါး လျှပ်စစ်ရုံး တွင်း ဝင်ရောက် နေရာယူထားသဖြင့် ဒေသခံများက မီးဖြတ်မည်ကို စိုးရိမ်ကာ ရုံးမှ ထွက်သွားပေးကြရန် တောင်းဆိုခဲ့ရာ မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး၊ အသံမြည်ဗုံး၊ ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာ အမျိုးသား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ ဆန္ဒပြဒေသခံများ လူစုသည့် မနောဥယျာဉ်၊ ဘူတာကြီးရှေ့၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့တို့တွင် ရဲနှင့် စစ်သားအင်အား ၁၀၀ ကျော်က ပိတ်ဆို့ခြင်းများ စတင် ပြုလုပ်လာခြင်း ဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
333
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
134
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ဖေဖော်ဝါရီ ၁၈ ရက်တွင် ရဲနှင့် စစ်သားများက ထိုင်သပိတ် ဆန္ဒပြနေသည့် လူထုကို လေးခွများနှင့် ပစ်ခတ်ကာ လူစုခွဲပြီး ဆန္ဒပြနေသူများထဲမှ ဆရာတော်တပါးနှင့် အမျိုးသား၂ ဦးကိုလည်း ဖမ်းဆီးထားသည်။

ယနေ့ ၁၀ နာရီဝန်းကျင်တွင်လည်း မြစ်ကြီးနားမြို့ နာရီစင်ဟောင်းအနီး၌ ဆန္ဒပြနေသည့် ဒေသခံများအား လေးခွဖြင့် ပစ် ခတ် လူစုခွဲကာ လူ ၁၀ ဦးကျော်ကိုလည်း ရဲအချုပ်ကားပေါ်သို့ ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့သူများက ပြောသည်။

ထိုသို့ လူစုခွဲဖြိုခွင်းခံရခြင်းများ ဖြစ်ပွားနေသော်လည်း မြစ်ကြီးနားမြို့တွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများကို လည်း ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ လူငယ်အချို့ကလည်း ဆိုင်ကယ်များဖြင့် မြို့ကို လှည့်ကာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေကြသည်။

You may also like these stories:

မြစ်ကြီးနားက ဆန္ဒပြလူထု လေးခွဖြင့် ပစ်ခတ်ကာ လူစုခွဲခံရ

မန္တလေး မီးရထားဝန်ထမ်း အိမ်ရာဝင်းကို စစ်တပ်နှင့် ရဲ ပစ်ခတ်မှု ၂ဦး ဒဏ်ရာရ

မသန်စွမ်းသူအား ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ရဲနှင့် စစ်တပ် ရှုတ်ချခံနေရ

Your Thoughts …
Tags: ဆန္ဒပြမြစ်ကြီးနားအကြမ်းဖက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နမ်ဆန်ယန်သို့ စစ်ကူလာသည့် စစ်ကြောင်း အတိုက်ခံရပြီး ပြန်ဆုတ်ခွာ

နမ်ဆန်ယန်သို့ စစ်ကူလာသည့် စစ်ကြောင်း အတိုက်ခံရပြီး ပြန်ဆုတ်ခွာ

by ဧရာဝတီ
15 September 2023
8.9k

အလားတူ မြစ်ကြီးနား စစ်ကြောင်းသည်လည်း ဝိုင်းမော်မြို့ တောင်ဘက် ဒဘတ်ယန်ရွာ၌ KIA နှင့် KPDF တို့၏ တိုက်ခိုက် မှုကြောင့် အကျအဆုံးများကာ ရှေ့မတိုးနိုင်ဘဲ ရပ်နေပြီး သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင် အချို့၏ အလောင်းများကို စက်တင်ဘာ ၁၀ရက်က...

စစ်ကောင်စီ၏ တွေ့ဆုံဆွေးနွေးရေးပြောဆိုချက် လိမ်ညာမှုသာဖြစ်ဟု NUG ပြော

စစ်ကောင်စီ၏ တွေ့ဆုံဆွေးနွေးရေးပြောဆိုချက် လိမ်ညာမှုသာဖြစ်ဟု NUG ပြော

by ဧရာဝတီ
23 August 2023
5.7k

တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောဆိုချက်မှာ လိမ်ညာပြောဆိုမှုသာဖြစ်ကြောင်း

မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

by ဧရာဝတီ
21 September 2023
5.1k

လုံခြုံရေး အဖြစ် လိုက်ပါဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ရထားလမ်း ဘေးဝဲယာမှ ကျေးရွာများအား စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ပြုလုပ်နေ

စစ်ကောင်စီက မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းကို စစ်ဆင်ရေးလုပ်နေ

စစ်ကောင်စီက မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းကို စစ်ဆင်ရေးလုပ်နေ

by ဧရာဝတီ
2 September 2023
5k

၂ နာရီကျော်မှာ လေယာဉ်နဲ့ လာကြဲသွားတယ်။ အဲဒီဘက်မှာတိုက်နေတဲ့ KIA နဲ့ ကျောင်းသားတပ်မတော် (ABSDF) ဘက်မှာတော့ ထိခိုက်မှုမရှိပါဘူး

ဒေါက်တာတေဇာစန်းတို့ကို စစ်ကော်မရှင် ဆုငွေထုတ်

ဒေါက်တာတေဇာစန်းတို့ကို စစ်ကော်မရှင် ဆုငွေထုတ်

by ဧရာဝတီ
9 December 2025
3.9k

မန္တလေးမြို့လယ်ခေါင် ဈေးချိုတော်အနီး ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြခဲ့သည့် ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်း (ရန် ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း)တို့ကို စစ်ကော်မရှင်က ဆုကြေးထုတ်ပြီး ပြည်သူများအနေဖြင့် ပူးပေါင်း၍ သတင်းပေးကြရန် စည်းရုံးနေကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

ဝိုင်းမော်ရှိ ရွှေညောင်ပင် ခမရ ၃၂၁ကို KIA သိမ်း

ဝိုင်းမော်ရှိ ရွှေညောင်ပင် ခမရ ၃၂၁ကို KIA သိမ်း

by ဧရာဝတီ
22 May 2024
2.7k

ဝိုင်းမော်- လိုင်ဇာလမ်းပေါ်ရှိ ခမရ ၃၂၁ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ မြစ်ကြီးနားဘက်မှ ဝိုင်းမော်မြို့ဘက်သို့ လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သလို၊ လိုင်ဇာမြို့ကိုလည်း လေကြောင်းမှ ၃ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း

Next Post
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီနှင့် စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန် / စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန

မြန်မာ့အရေး "အလွန်အမင်း စိုးရိမ်"ဟု အင်ဒိုနီးရှားနှင့် စင်ကာပူ ပြော

၂၀၂၀ မတ်လက နေပြည်တော်တွင် ပြုလုပ်သည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနား

အမြန်ဆုံး ညှိနှိုင်းရန် မဟန ဆရာတော်ကြီးများ အကြိမ်ကြိမ် မေတ္တာရပ်ခံ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved