• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကတိအတိုင်း ရွေးကောက်ပွဲ ကျင်းပရေး မြန်မာ စစ်ကောင်စီကို အင်ဒိုနီးရှားက အာဆီယံမှတဆင့် တောင်းဆိုမည်

by ဧရာဝတီ
22 February 2021
in သတင်း
A A
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက် ၂၂၂၂၂ အထိမ်းအမှတ် ရန်ကုန်မြို့လည် ဆန္ဒပြပွဲအတွင်းက ဆိုင်းပုတ်တခု / ဧရာဝတီ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက် ၂၂၂၂၂ အထိမ်းအမှတ် ရန်ကုန်မြို့လည် ဆန္ဒပြပွဲအတွင်းက ဆိုင်းပုတ်တခု / ဧရာဝတီ

35.4k
VIEWS
Share on FacebookShare on Twitter

မျှတမှု ရှိပြီး အားလုံးပါဝင်စေရန် လေ့လာစောင့်ကြည့်သူများ ထားရှိသော ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုသည့် စစ်အစိုးရ၏ ကတိကို လိုက်နာစေရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ဝင် နိုင်ငံများက ဖိအားပေးရန် လုပ်ဆောင်မည့် မြန်မာအာဏာသ်ိမ်းမှုနှင့်ပတ်သက်သော ဆောင်ရွက်ချက်ကို သဘောတူကြရန် အင်ဒိုနီးရှားက တိုက်တွန်းနေကြောင်း ထိုကိစ္စနှင့် ပတ်သက်သည့် သတင်းရင်းမြစ် ၃ ခုကို ကိုးကား၍ Reuters သတင်းဌာနက ရေးသည်။

ဒေသတွင်းတွင် အကြီးဆုံးဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၏ အဆိုပြုချက်သည် ဆန္ဒပြသူများနှင့် အနောက်နိုင်ငံများ၏ တောင်းဆိုချက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံများကို ချက်ခြင်းလွှတ်ပေးရေးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တောင်ပြိုကမ်းပြိုနိုင်ခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုရေးစသည့် အချက်များပါဝင်ခြင်း မရှိပေ။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
31
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
47

သံတမန်ရေး ကမကထပြုသည့် အဖြေသည် သွေးထွက်သံယိုဖြစ်မှု ရှောင်ရှားရေး၊ ရွေးကောက်ပွဲသစ်ကျင်းပပြီး အနိုင်ရသူကို အာဏာလွှဲပြောင်းပေးရေး ကတိအား စစ်တပ်က လိုက်နာရေး ကူညီရန် အာရုံစိုက်ကြောင်း အမည်မဖေါ်လိုသည့် အဆင့်မြင့်အရာရှိနှစ်ဦးပြောသည်ဟု သတင်းက ဆိုသည်။

ဆန္ဒပြသူများက စစ်အစိုးရက ရွေးကောက်ပွဲသစ် ကျင်းပပေးမည်ဆိုသည့် ကတိကို လှောင်ပြောင်ကြပြီး လွန်ခဲ့သောနှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲကိုသာ အသိအမှတ်ပြုသင့်ကြောင်း တောင်းဆိုကြသည်။ နိုဝင်ဘာလက ကျင်းပသော ရွေးကောက်ပွဲများတွင် မသမာမှုရှိသည် ဆိုသည့် စွပ်စွဲချက်များကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချလ်ိုက်ပြီးနောက် စစ်တပ်က အာဏာသိမ်းခဲ့သည်။

သို့သော် စစ်အစိုးရသည် ရွေးကောက်ပွဲသစ်အတွက် အချိန်ဇယားထုတ်ပြန်ခြင်း မရှိပေ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက ASEAN အနေဖြင့် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းကို ကြားဝင်ဖြေရှင်းပေးရန် တိုက်တွန်းထားသည်။

အင်ဒိုနီးရှားနိုင်ငံ၏ အစီအစဉ်တွင် စစ်အစိုးရနှင့် ဆန္ဒပြသူများအကြား ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်ရန် ASEAN ကို တောင်းဆိုထားကြောင်းလည်း သတင်းက ဆိုသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီသည် ASEAN မှ အခြားနိုင်ငံခြားရေး ဝန်ကြီးများနှင့်ဆွေးနွေးပြီးနောက် ကြေညာချက်ထုတ်ပြန်မည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူကပြောကြားပြီး ယခုအဆိုပြုချက်နှင့် ပတ်သက်သည့် မှတ်ချက်ပေးခြင်း မရှိပေ။

ရက်နိုသည် မြန်မာအကျပ်အတည်းနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး အထူးထိပ်သီးဆွေးနွေးပွဲကျင်းပရေးအတွက် ကွဲပြားလှသော ASEAN အဖွဲ့ဝင်များအကြား ထောက်ခံမှုရရန်အတွက် အရှေ့တောင်အာရှတခွင် ခရီးသွားနေသည်။

အင်ဒိုနီးရှားနိုင်ငံ၏ အစီအစဉ်ကို ASEAN နိုင်ငံအများအပြားကထောက်ခံသော်လည်း လုပ်ဆောင်ရမည့် သံတမန်ရေးအားထုတ်မှုတွင် စိန်ခေါ်မှုများရှိနေကြောင်း ထိုသတင်းက ပြောသည်။

ASEAN သည် အဖွဲ့ဝင်အားလုံး သဘောတူသော ဆုံးဖြတ်ချက်ကို ချတတ်သည့်စနစ်ကို ကျင့်သုံးသည်။

ASEAN အဖွဲ့ဝင်များတွင် ကမ္ဘာ့ တတိယအကြီးမားဆုံး စီးပွားရေဖြစ်သည့် အင်ဒိုနီးရှားမှ တပါတီကွန်မြူနစ်နိုင်ငံများဖြစ်သော ဗီယက်နမ်နှင့်လာအိုတို့သာမက ကမ္ဘာ့နောက်ဆုံး သက်ဦးဆံပိုင်ဘုရင်စနစ်နိုင်ငံ ဘရူနိုင်းတို့ အထိပါဝင်သည်။ မြန်မာသည် ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့နှင့်အတူ ASEAN အဖွဲ့ဝင်ဖြစ်သည်။

ASEAN နှင့် အင်ဒိုပိစိဖိတ်မှ အချို့နိုင်ငံများသည် စစ်အစိုးရမှ အချို့နှင့် နောက်ကွယ်ဆွေးနွေးပွဲများတွင် ပါဝင်နေပြီး အပေးအယူလုပ်ပြီး စစ်အစိုးရ ဆန့်ကျင်သူများကို အတိတ်ကကဲ့သို့ သွေးထွက်သံယို မဖြိုခွဲရန် တိုက်တွန်းနေကြောင်း အထက်ပါ အဆင့်မြင့်အရာရှိနှစ်ဦးနှင့် ဒေသတွင်းမှ သံတမန်တဦးကို ကိုးကား၍ သတင်းက ဆိုသည်။

“မြန်မာနိုင်ငံကို ကျနော်တို့ပေးလိုတဲ့သတင်းစကားကတော့ မြန်မာနိုင်ငံဟာ အရင်နဲ့မတူတဲ့အခြေအနေကို ရင်ဆိုင်နေရကြောင်း ပြောဖို့ပဲ” ဟု အဆင့်မြင့်အရာရှိတဦးက ပြောကြောင်း သတင်းက ဖော်ပြသည်။

သို့သော် ထိုအဆိုပြုထားသည့် ASEAN အထူးထိပ်သီးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတက်ရောက်အောင်ဖျောင်းဖျရန် ခက်ခဲကြောင်း အဆိုပါ အဆင့်မြင့်အရာရှိနှစ်ဦးပြောသည်။ အစောပိုင်းက စစ်အစိုးရသည် ASEAN ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ဖိတ်ကြားမှုကို ပယ်ချခဲ့ပြီး အာဏာသိမ်းသည့် ကိစ္စကို သြဂုတ်လတွင် စီစဉ်ထားသည့် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှသာ ဆွေးနွေးမည်ဖြစ်ကြောင်း ပြောသည်။

ဖြစ်နိုင်ခြေမှာ ထိုထိပ်သီးဆွေးနွေးပွဲကို ဂျကာတာရှိ ASEAN အတွင်းရေးမှူးချုပ်ရုံးတွင် ကျင်းပရန်ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်ကြောင်း ပွင့်လင်းစွာဖေါ်ပြထားခြင်း မရှိကြောင်းလည်း အထက်ပါ အရာရှိနှစ်ဦးပြောသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ASEAN က အပြင်းအထန်ဆောင်ရွက်ရေးသည် အရေးပါကြောင်း ဂျကာတာအခြေစိုက် နိုင်ငံခြားရေးမူဝါဒ သုတေသီ ဒေဝီ ဖေါ်တူနာ အန်ဝါပြောသည်။

“ASEAN က ဘာမှမလုပ်ရင် အဖွဲ့အစည်းအပေါ် ယုံကြည်မှုကျဆင်းမယ်။ အင်ဒိုပိစိဖိတ်ဒေသမှာ ASEAN က အချက်အခြာကျတယ်ဆိုတဲ့ ပြောကြားချက်က အလကားဖြစ်သွားမယ်” ဟုလည်း သူပြောသည်။

You may also like these stories:

လူထုသန်းချီပါဝင်တဲ့ ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ် စတင်

မြန်မာအပေါ် ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့က ဒဏ်ခတ်ပိတ်ဆို့မှု ပိုမိုလုပ်ဆောင်မည်ဟုဆို

အာဏာသိမ်းဖို့ ဗိုလ်ချုပ်တွေကို ရုရှားက သွေးထိုးလှုံဆော်ပေးခဲ့သလား

မြန်မာ့အရေး “အလွန်အမင်း စိုးရိမ်”ဟု အင်ဒိုနီးရှားနှင့် စင်ကာပူ ပြော

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
LGBT အရေး လှုပ်ရှားသူ ရှင်းသန့်  / Shin Thant's Facebook

“ကျမတို့က မျိုးမပွားနိုင်ပေမယ့် နောက်မျိုးဆက်တွေအတွက် လမ်းပေါ်ထွက်ရတာပါ”

အမေရိကန်၏ အရေးယူပိတ်ဆို့မှု စာရင်းတွင် ထပ်မံပါဝင်လာသည့် တပ်မတော်မှ ဗိုလ်ချုပ်နှစ်ဦး / ဧရာဝတီ

အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်နှစ်ဦးကို အမေရိကန် ဒဏ်ခတ်အရေးယူ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved