• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ကျမတို့က မျိုးမပွားနိုင်ပေမယ့် နောက်မျိုးဆက်တွေအတွက် လမ်းပေါ်ထွက်ရတာပါ”

by ဧရာဝတီ
22 February 2021
in Entertainment
A A
LGBT အရေး လှုပ်ရှားသူ ရှင်းသန့်  / Shin Thant's Facebook

LGBT အရေး လှုပ်ရှားသူ ရှင်းသန့် / Shin Thant's Facebook

17.8k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တနိုင်ငံလုံးမှ ပြည်သူများဟာ လမ်းပေါ်ထွက်ကာ အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြနေကြပါတယ်။ ဒီထဲမှာမှ LGBT (လိင်စိတ်ခံယူမှု ကွဲပြားသူများ) အခွင့်အရေး လှုပ်ရှားသူ ရှင်းသန့်က သူ့ရဲ့ သဘောထားကို အခုလို ပြောခဲ့ပါတယ်။

“Respect Our Vote ၊ သမ္မတကြီးနဲ့ အမေစု အမြန်ဆုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီ ရရှိရေးကို အဓိကထားပြီး ကြွေးကြော်ပါတယ်။ ပြီးတော့ CDM မှာ ပါဝင်ဖို့၊ CDM အပြည့်အဝ ပါမှလည်း သူတို့လက်ထဲမှာရှိတာကို အစိုးရဝန်ထမ်းတွေ CDM အပြည့်အဝ လုပ်မှ ပြည်သူတွေ လမ်းပေါ်ထွက်ရကျိုးနပ်မှာလေ။ ပြည်သူတွေ လမ်းပေါ်ထွက်တာ CDM ကို Support လုပ်တာပါ” လို့ ရှင်းသန့်က ဧရာဝတီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန်မြို့တွင် လိင်တူချစ်သူများအဖွဲ့မှ မြေနီကုန်းမှ စတင်ကာ ဆူးလေသို့ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ပြီး အထိုင်သပိတ် ပြုလုပ်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ ယခုရက်ပိုင်းအတွင်း ဆန္ဒပြပြည်သူများအား ပိတ်ပင်တားဆီးမှုတွေ ရှိနေတဲ့အပေါ်ကိုလည်း အခုလို ပြောပါတယ်။

LGBT အရေး လှုပ်ရှားသူ ရှင်းသန့် (ဓာတ်ပုံ – Shin Thant’s Facebook)

“လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် ရှိတယ်။ သူတို့လည်း တားဆီးပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့လည်း ရင်ထဲမှာတော့ မကောင်းဘူးပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလေးစားတဲ့သူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက ကာကွယ်ပေးနေတာ နည်းနည်းတော့ စိတ်မကောင်းဖြစ်တယ်”

“ပြည်သူတွေရဲ့ ဘဏ္ဍာတွေနဲ့ အဆောင်အယောင်တွေနဲ့ မိသားစုတွေ စားဖို့သောက်ဖို့ အတွက်တွေရော လက်နက်တွေပါ ဝယ်ယူပေးထားတာ ပြည်သူတွေ၊ ပြည်သူတွေကလည်း အစော်ကားခံရသေးတယ်။ ပြည်သူတွေကိုလည်း လုံခြုံရေးနဲ့ တားဆီးသေးတယ်ဆိုတော့ တော်တော်တော့ ရယ်စရာကောင်းတဲ့ မြန်မာပြည်ရဲ့ ဟန်ပြ ဒီမိုကရေစီလို့ ခံစားရပါတယ်” လို့ ရှင်းသန့်က ပြောပါတယ်။

ကိုယ်တိုင်က လိင်တူချစ်သူ တယောက်ဖြစ်တဲ့အတွက် မျိုးမပွားနိုင်ပေမယ့် နောက်ထပ် မျိုးဆက်များအတွက် လမ်းထွက်ခဲ့တာဖြစ်ပြီး မျိုးပွားနိုင်တဲ့သူတွေအနေနဲ့ CDM ပြုလုပ်၍ ပါဝင်စေကြောင်းလည်း ပြောခဲ့ပါတယ်။

LGBT အရေး လှုပ်ရှားသူ ရှင်းသန့် (ဓာတ်ပုံ – Shin Thant’s Facebook)

“ကျမတို့က ကလေး မမွေးနိုင်ဘူး။ မျိုးဆက် မပွားနိုင်ဘူး။ ဒါပေမဲ့ ကျမတို့လည်း ကြောက်တယ်။ လှလှပပ အေးအေးချမ်းချမ်း နေချင်တယ်။ သို့သော် ပြည်သူတွေနဲ့အတူတူ နောက်ထပ် မျိုးဆက်တွေအတွက် လမ်းထွက်တာ”

“CDM မှာ မပါသေးတဲ့သူတွေ ဘယ်အစိုးရတက်တက် ကိုယ့်ထမင်း ကိုယ်စားရမှာဆိုပြီးတော့ အလယ်မှာ နေတဲ့သူတွေအတွက် ပြောချင်တယ်။ နောင်တချိန် ကိုယ်သားတွေ၊ သမီးတွေကို အဖေတို့၊ အမေတို့က မတရားတဲ့ အာဏာရှင်ကို တော်လှန်ခဲ့တာဆိုပြီး ပြောနိုင်အောင် ကျမတို့နဲ့အတူ လမ်းထွက်ပါ။ ကျမတို့လို မျိုးမပွားနိုင်တဲ့သူတွေတောင် တိုက်ပွဲဝင်ရဲရင် သူတို့က ဘာလို့ တိုက်ပွဲမဝင်ရဲရမှာလဲ” လို့ ရှင်းသန့်က ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
62
သဇင်ပန်း

သဇင်ပန်း

10 January 2026
118
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
307

You may also like these stories:

“CDM မှာ မပါဝင်ကြရင် ကျနော်တို့ လုပ်နေတာ အလကားပဲ”

“ပြန်ကြားရေးရုပ်သံပိုင်းမှာ လုပ်နေသူတွေ CDM မှာ ပါဝင်ပေးကြပါ”လို့ လိမ္မော်သီး ပြော

ပြည်သူ့ဝန်ထမ်းများ CDM ဆက်လုပ်ဖို့ ဖွေးဖွေး တိုက်တွန်း

Your Thoughts …
Tags: CDMLGBT အခွင့်အရေးရှင်းသန့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

by ဧရာဝတီ
19 January 2024
21.6k

စစ်ကောင်စီသည် စစ်တက္ကသိုလ်လျှောက်လွှာ လက်ခံချိန်ကို တိုးပေးနေရပြီး ဗိုလ်လောင်းများအတွက် သာမက စစ်သားများအတွက်ပါ ဝင်ခွင့်သတ်မှတ်ချက်များ လျှော့ပေးနေရသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

by ခင်မမ
25 December 2023
16.1k

လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ် လိမ်ပါ၊ ကြာလျှင် လူတွေက အမှန်ထင်သွားလိမ့်မည်ဆိုသည့် စကားအတိုင်း မင်းအောင်လှိုင်နှင့် သူ့တပည့်များ အတိုင်အဖောက်ညီညီ ကျင့်သုံးနေကြ၏။

Next Post
အမေရိကန်၏ အရေးယူပိတ်ဆို့မှု စာရင်းတွင် ထပ်မံပါဝင်လာသည့် တပ်မတော်မှ ဗိုလ်ချုပ်နှစ်ဦး / ဧရာဝတီ

အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်နှစ်ဦးကို အမေရိကန် ဒဏ်ခတ်အရေးယူ

မန္တလေး ပစ်ခတ်မှုတွင် အမှတ် ၃၃ ခြေမြန်တပ်မ တံဆိပ်တပ် စစ်သည်များ ပါဝင်နေကြောင်း တွေ့ရသည်/ 7Day TV

မန္တလေးပစ်ခတ်မှုတွင် ရိုဟင်ဂျာ နှိမ်နင်းသော တပ်များ ပါဝင်ဟု UN ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved