• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် နေပြည်တော်တွင် တရက်တည်း လူပေါင်း ၂၀၀ ခန့် အဖမ်းခံရ

by ထက်နိုင်ဇော်
23 February 2021
in သတင်း
A A
မနေ့က နေပြည်တော် ပျဉ်းမနားတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြကြသူများ / ဧရာဝတီ

မနေ့က နေပြည်တော် ပျဉ်းမနားတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြကြသူများ / ဧရာဝတီ

10.7k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်တွင် ၂ ငါးလုံး လူထု လှုပ်ရှားမှုအဖြစ် “နွေဦးတော်လှန်ရေး” ခေါင်းစဉ်ဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် သည့် လူများ၏ သိန်းနှင့်ချီ စုဝေးမှုကို စစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ယမန်နေ့က အင်အားသုံး ဖြိုးခွင်းခဲ့ရာ အနည်းဆုံး လူ ၂၀၀ ခန့် အဖမ်းခံခဲ့ရကြောင်း ပျဉ်းမနားမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးဝင်းနိုင်ဦးက ပြောသည်။

ဆန္ဒပြသူများသည် နံနက် ၁၀ နာရီခန့်တွင် နေပြည်တော် ပျဉ်းမနားမြို့ ၊ နှင်းဆီပန်းအဝိုင်း ရာဇဌာနီလမ်းမကြီးသို့ လာ ရောက်စုဝေးကြပြီး ပျဉ်းမနားမြို့ထဲသို့ ပြန်အထွက် ၁၁ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ ဝင်များက အင်အားသုံး လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပျဉ်းမနား နှင်းဆီပန်းအဝိုင်းတွင် လူစုကွဲသွားသော ဆန္ဒပြသူများကို ရန်ကုန်-မန္တလေးလမ်းဟောင်း ရွာကောက်ရပ်ကွက်၊ ၈၅ တပ်အနီး၊ ပျဉ်းမနား-တောင်ညိုလမ်း နေပြည်တော်ဘက်သို့ အတက်လမ်းအားလုံးနှင့် ဇီဇဝါ အဝိုင်းတို့ကို ရဲနှင့် စစ်တပ်တို့ ပူးပေါင်းထားသည့် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ပိတ်ဆို့၍ လိုက်လံ ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

မနေ့က နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် ၂ ငါးလုံး လူထုလှုပ်ရှားမှုအဖြစ် လမ်းလျှောက် စစ် ကြောင်းများ၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဖြင့် လူအုပ်ကြီးသည် စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒပြစဉ် အထက်ပါအတိုင်း အဖမ်းခံရခြင်း ဖြစ်သည်။

“အဖမ်းခံရတဲ့သူက စာရင်းအရဆိုရင် လူပေါင်း ၁၉၀ ကျော်တယ်။ ၂၀၀ နီးပါးပေါ့။ တချို့ကတော့ ပြန်လွှတ်တယ်။ ငယ် သေးလို့ ၁၈ နှစ်အောက်တွေကိုတော့ ပြန်လွှတ်တဲ့ သဘောပါ။ တော်တော်များများ ကျန်တယ်။ မနေ့က ညနေ ၆ နာရီ လောက်မှာ ၁၈ နှစ်အောက် လူ ၂၀ လောက် ပြန်လွတ်လာတယ်”ဟု ပျဉ်းမနားမြို့နယ် NLD ပါတီ အတွင်းရေးမှူးဦးဝင်းနိုင်ဦးက ပြောသည်။

အဖမ်းခံရသူများတွင် အမျိုးသမီးငယ်နှင့် လူငယ် အများစု ပါဝင်ကြောင်း၊ လူများသာမက မော်တော်ဆိုင်ကယ် အစီး ၃၀၀၊ ကား ၈ စီးတို့လည်း အဖမ်းခံရကြောင်း ပျဉ်းမနားမှ သတင်းရင်းမြစ်များက ပြောသည်။

“ဆန္ဒပြတဲ့သူတွေကို ဖြိုခွင်းတော့မယ်ဆိုရင် ကြိုသတိပေးရတယ်လေ။ ကြိုသတိမပေးဘူး။ ချက်ချင်းဝင်တယ်။ ပြန်ကျဲနေ တဲ့ သူတွေကို ကောက်သင်းကောက် ကောက်တယ်။ ထမင်းထုတ်ဝေတဲ့သူ ရေသန့်ဘူးဝေတဲ့ လူပါမကျန် အကုန်ဖမ်း တယ်။ မိသားစုလိုက်ပါ ပါသွားတာ”ဟု ဦးဝင်းနိုင်ဦးက ဆက်ပြောသည်။

ပျဉ်းမနားမြို့နယ်တွင် အဖမ်းအဆီးများကြောင့် လူစုကွဲလာသည့် ဆိုင်ကယ်နှင့် မော်တော်ယာဉ်ဖြင့် ဆန္ဒပြသူများသည် နေ ပြည်တော်ဘက်သို့ ရောက်ရှိလာပြီး MICC – 2 အနီး ဆွာလမ်းဆုံ၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းရှေ့သို့ အရောက် နေ့လယ် ၁ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင် မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသဖြင့် နောက်ပြန်လှည့်စဉ် မလွတ်တော့ကြောင်း ယင်းဖြစ် စဉ်ကို ကြုံတွေ့ ခဲ့ရသူ ကိုကျော်ကျော်က ပြောပြသည်။

“ပြန်လှည့်တဲ့အချိန် နောက်နဲ့ ဘေးမှာ ဘယ်အချိန်က ရဲတွေ ရောက်နေမှန်း မသိဘူး။ အကုန်ညှပ်ပြီး ဖမ်းလိုက်တာ။ ညှပ် ပြီး ရိုက်ပြီးတော့ ဖမ်းတာ။ ကျနော်တို့လည်း ပြေးတာပေါ့နော်။ နိုင်ငံဝန်ထမ်း အငြိမ်းစားအိမ်ရာက အလုပ်သမား တန်းလျား တွေထဲ ပြေးတာ။ အလုပ်သမားတန်းလျားတွေက ကွယ်ပေးထားလို့ လွတ်တာ။ ကျန်တဲ့ ပိတ်မိနေတဲ့လူတွေ တေယ်တော် များများက အကုန်မိတယ်။ ကျနော့် အမဝမ်းကွဲနှစ်ယောက်လည်း ပါသွားတာပေါ့”ဟု ကိုကျော်ကျော်က ပြောသည်။

၎င်းတနေရာထဲတွင် အနည်းဆုံး လူ ၂၀၀ ခန့် အဖမ်းခံရမည်ဟု ထင်ကြောင်း၊ ဆိုင်ကယ်များလည်း အဖမ်းခံခဲ့ရပြီး တချို့ မှာ ကြောက်ကြောက်နှင့် တောထဲသို့ ဆင်းပြေးပြီး မနေ့က ညနေပိုင်းမှ ပြန်ရောက်သူ၊ ယနေ့ မနက် မိုးလင်းမှ တောထဲက ပြန်ထွက်လာသူများပင် ရှိကြောင်း သိရသည်။

“နောက်က အတင်းလိုက်ဆွဲတာ။ ပြေးနေရင်း နောက်က အကျီဆွဲပြီး ရိုက်တယ်။ သူတို့ဒိုင်းနဲ့ ဆောင့်တွန်းပြီး ဖမ်းတာ ရှိတယ်။ ပြေးနေတာကို ဒိုင်းနဲ့ ဆောင့်တွန်းလိုက်တော့ ဟပ်ထိုးလဲတာပေါ့နော်။ အဲဒီကျတော့မှ ဖမ်းတာတွေရှိတယ်”ဟု ကိုကျော်ကျော်က ပြောပြသည်။

နေပြည်တော်က ပရဟိတ လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးကလည်း နေပြည်တော် ပျဉ်းမနား နှင်းဆီပန်း အဝိုင်းအနီးတွင် လူများသဖြင့် Medical Cover ပြုလုပ်နိုင်ရန် စောင့်ဆိုင်းနေစဉ် လုံခြုံရေးတပ်ဖွဲ့ ဝင်များ ရောက်ရှိလာပြီး အင်အားသုံး နှိမ်နင်းသဖြင့် ဒဏ်ရာရရှိသူများကို အကူအညီပေးနိုင်ရန် ကြိုးစားသော်လည်း မအောင်မြင်ကြောင်း ပြောသည်။

“လူနာဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ medical cover သွားပြီး ပေးမယ်ဆိုပြီး သွားကောက်တဲ့အချိန်မှာ ကျနော်တို့ကား ကိုလည်း နှစ်ပွင့်နဲ့ရဲက ကန်သွားတယ်။ နောက်ပြီး ကျနော်တို့ ကလေးတွေကိုလည်း ကန်သွားတယ်။ ကားကိုထားခဲ့ပြီး တော့ ထွက်ပြေးရတယ်ပေါ့။ တကယ်တန်းပြောရမယ်ဆိုရင် ပရဟိတတွေက လွတ်လွတ်လပ်လပ် ကူညီခွင့်လည်း မရခဲ့ဘူး”ဟု ၎င်းက ပြောသည်။

၎င်းက ဆက်၍ “ကျောင်းသားလေးတွေဆို အသက်မပြည့်တဲ့ ကလေးတွေလည်း ပါမယ်ဗျ။ သက်ကြီးရွယ်အိုတွေလည်း ပါတယ်ဗျ။ အကုန်လုံးဖမ်းဆီးပြီးတော့ ခေါ်ချသွားတယ်ပေါ့နော်။ ကျနော့်မျက်စိရှေ့မှာမြင်တာက အချုပ်ကားနဲ့ သုံးစီးကို အပြည့်ပဲ။ တင်သွားတယ်ဗျ။ ပျဉ်းမနား-ပေါင်းလောင်းလမ်းမှာပဲ”ဟု ပြောသည်။

မနေ့က ပျဉ်းမနားမြို့တွင် အဖမ်းခံရသူများထဲတွင် အရပ်ဝတ်ဖြင့် ရဲတပ်ဖွဲ့ဝင်တဦးပင် ပါဝင်ခဲ့ကြောင်း သိရသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
48
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
40
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
60

“ဖမ်းချက်ကတော့ တော်တော်ဆိုးတာ။ ရဲမှန်းမသိ၊ ဘာမှန်းမသိ အကုန်ဖမ်းသွားတယ်ပေါ့။ ဖမ်းခံရတဲ့အထဲမှာ ရဲတောင် ပါတယ်။ ရဲက ကျနော်တို့လို အရပ်ဝတ် ဝတ်ထားတာ။ ဖမ်းတာက ရဲမှန်းမသိဘူး။ အကုန်လုံးကို ဖမ်းနေတော့ သူလည်း ပါသွားတာ”ဟု ရဲအဖမ်းရသည့် ဖြစ်စဉ်ကို သိရှိသူ ပျဉ်းမနားဒေသခံတဦးက ပြောသည်။

လက်ရှိတွင် အဖမ်းခံရသူများကို နေပြည်တော်ရှိ ရဲတပ်ရင်း ၂၀ နှင့် ရဲတပ်ရင်း ၁၁ တို့တွင် ထိန်းသိမ်းထားကြောင်း သိရသော်လည်း အရည်အတွက် တိတိကျကျ မသိရကြောင်း၊ အဖမ်းခံရသူများကို ပြန်လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ် နေသော်လည်း အတည်ပြုနေဆဲ ဖြစ်ကြောင်း ပျဉ်းမနားမြို့မှ အမည်မဖော်လိုသော ရှေ့နေတဦးက ပြောသည်။

နေပြည်တော် ရဲတပ်ဖွဲ့မှ ရဲမှူးကြီးတဦးကမူ ဖမ်းဆီးထားသူ ၁၈၀ ကျော်ကို ယခုနာရီပိုင်းအတွင်း ပြန်လွှတ်ပေးမည် ဖြစ် ကြောင်း၊ မိသားစုဝင်များနှင့် ချိတ်ဆက်မှုများ ပြုလုပ်ပေးထားပြီး ယင်းမိသားစုဝင်များမှာလည်း နေပြည်တော်ရှိ ရဲတပ် ရင်းတခု အနီးတွင် လာရောက်စောင့်ဆိုင်းနေပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

နေပြည်တော်တွင် စစ်တပ်က နိုင်ငံတော် အာဏာကို ရယူပြီးနောက် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလျက်ရှိ ပြီး အများစုမှာ ပြန်လည် လွတ်မြောက်လာသော်လည်း တချို့မှာ ယနေ့အချိန်အထိ ပြန်မလွတ်သေးဘဲ ပုဒ်မတချု့ိဖြင့် တရားရုံးများတွင် တရားစွဲတင်ခံရမည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်။

အာဏာသိမ်း တပ်မတော် အစိုးရက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကိုထုတ်ပြန်ထားသည့် နယ်မြေများအတွင်း၌ ဆန္ဒပြသူများအား ဖမ်းဆီးမည် ဖြစ်ကြောင်း၊ ထို့ပြင် လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

You may also like these stories:

မန္တလေးပစ်ခတ်မှုတွင် ရိုဟင်ဂျာ နှိမ်နင်းသော တပ်များ ပါဝင်ဟု UN ပြော

အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်နှစ်ဦးကို အမေရိကန် ဒဏ်ခတ်အရေးယူ

ကတိအတိုင်း ရွေးကောက်ပွဲ ကျင်းပရေး မြန်မာ စစ်ကောင်စီကို အင်ဒိုနီးရှားက အာဆီယံမှတဆင့် တောင်းဆိုမည်

Your Thoughts …
Tags: စစ်အာဏာသိမ်းမှုနေပြည်တော်လူပေါင်း ၂၀၀
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

Next Post
သရုပ်ဆောင် ပိုင်ဖြိုးသု /  Paing Phyoe Thu's Facebook

“CDM Heroes တွေရဲ့ ကျေးဇူးကြွေးတွေ တင်နေပါပြီ”လို့ ပိုင်ဖြိုးသု ပြော

ဖေဖော်ဝါရီ ၂၃ ရက် ရန်ကုန် အင်ဒိုနီးရှားသံရုံးရှေ့ ဆန္ဒပြကြစဉ် / ဟိန်းထက် / ဧရာဝတီ

မြန်မာပြည်သူ့ဆန္ဒ အလေးထားရန် အင်ဒိုနီးရှား တိုက်တွန်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved