• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

CDM လုပ်သည့် ကျန်းမာရေးဝန်ထမ်းများအပေါ် အကွက်ဆင် ဖမ်းဆီးမှုများရှိနေ

by ဧရာဝတီ
24 February 2021
in သတင်း
A A
ဖေဖေါ်ဝါရီ ၁ရက် တပ်မတော်မှ အာဏာသိမ်းနောက် ကျန်းမာရေးဝန်ထမ်းများက ၃ရက်နေ့တွင် စတင်ကာ CDM လုပ်ဆောင်ခြင်းဖြင့် စတင်ခဲ့သည်

ဖေဖေါ်ဝါရီ ၁ရက် တပ်မတော်မှ အာဏာသိမ်းနောက် ကျန်းမာရေးဝန်ထမ်းများက ၃ရက်နေ့တွင် စတင်ကာ CDM လုပ်ဆောင်ခြင်းဖြင့် စတင်ခဲ့သည်

9.2k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီသည် ကျန်းမာရေးဝန်ထမ်းများ၏ Civil Disobedience Movement (CDM) ဆောင်ရွက်နေခြင်း ကို နှိမ်နင်းရန် အကြမ်းနည်း၊ အနုနည်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိကြောင်း တွေ့ရှိရသည့်အတွက် ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန CDM အဖွဲ့များမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စစ်တိုင်းဒေသများ၏ ညွှန်ကြားချက်များတွင် CDM ပြုလုပ်သည့် ကျန်းမာရေး ဝန်ထမ်းများအား ရဲတပ်ဖွဲ့နှင့် စစ်အစိုးရ အလိုတော်ရိများ အကူအညီဖြင့် အခြားပြစ်မှုများဖြင့် အကွက်ဆင် ဖမ်းဆီးနိုင်ရန် စီစဉ်နေသည် ကို တွေ့ရှိရသည်ဟု ဖော်ပြထားပြီး ပြည်မြို့ အရိုးအထူးကုဆရာဝန် ဖြစ်စဉ်ကိုလည်း ဥပမာပေး ရည်ညွှန်းထားသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
31
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
47

ယင်းဖြစ်စဉ်ကို ယမန်နေ့ ည ၈ နာရီ MRTV သတင်းနှင့် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖြစ်စဉ်နှင့်တကွ ဆရာဝန်၏ အမည်၊ ဆမ အမှတ်၊ ဓာတ်ပုံများကိုပါ ပူးတွဲဖော်ပြခဲ့ခြင်း ဖြစ်သည်။

၎င်းဖော်ပြချက်အရ ပြည်မြို့ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာကျော်သူရသည် CDM ပါဝင် ဆောင်ရွက်သည့်အပြင် တခြား ဝန်ထမ်းများအား စည်းရုံးခြင်း၊ ပြည်သူများ ကျန်းမာရေး အခက်အခဲဖြစ်စေရန် ဝန်ထမ်း စည်းမျဉ်းနှင့် ဆန့်ကျင်လျက် မတရား ငွေကြေးတောင်းခံ ကုသမှုပြုကြောင်း စွပ်စွဲထားသည်ကို တွေ့ရသည်။

ထို့ကြောင့် ဒေါက်တာကျော်သူရအား ဥပဒေနှင့်အညီ အရေးယူပေးနိုင်ရန် လူနာအမျိုးသမီးတဦးက ပြည်မြို့ မြို့နယ်စီမံ အုပ် ချုပ်ရေး ကောင်စီအဖွဲ့သို့ တိုင်ကြားခဲ့သဖြင့် စခန်းမှူး ဒု-ရဲမှူး ကျော်အေးလှိုင်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းရန် ဧရာဝတီက ကာယကံရှင် ဖြစ်သူနှင့် အဆက်အသွယ် မရသေးသော်လည်း ယင်းဆရာဝန်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ‘ပြည်မြို့ ဒေါက်တာကျော်သူရ ဖြစ်စဉ်အမှန်’ ဟုဆိုကာ လူမှုကွန်ရက်တွင် ပြန်လည်ရေးသား ဖော်ပြလာသည်ကို တွေ့ရသည်။

ယင်းဖြစ်စဉ်မှာ သတင်းအချက်အလက် အမှားသာဖြစ်ပြီး CDM လုပ်သည့် ဆရာဝန်များကို စံပြအနေဖြင့် ခြိမ်းခြောက်ခြင်း၊ ဆရာဝန်နှင့် ပြည်သူကြား သွေးကွဲစေချင်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ဒေါက်တာကျော်သူရမှာ တိမ်းရှောင်နေရ ပြီး ဒေါက်တာကျော်သူရ၏ စိတ်ဓာတ်နှင့် နောက်ခံအခြေအနေကို သိသူများဖြစ်သဖြင့် ၎င်းဘက်မှ ရပ်တည်ကြောင်း စသည်ဖြင့် ဖြစ်စဉ်နှင့်တကွ ရေးသားဖော်ပြထားသည်။

CDM လုပ်ထားသည့် ဧရာဝတီတိုင်းမှ ဆရာဝန်တဦးက “ဒါ တမင်သက်သက်ကို အများပြည်သူကို ခြောက်လှန့်နေတာလို့ ထင်တယ်။ ကျမတို့ ဆရာဝန်တွေ ဘက်ကတော့ လုံးဝ လက်မခံနိုင်ပါဘူး။ ပြည်သူတွေကလည်း လက်ခံမှာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ ဂွင်ဆင်တာပဲ ဖြစ်မှာပါ” ဟု ပြောဆိုသည်။

လက်ရှိ အချိန်တွင်လည်း CDM လုပ်နေသည့် ကျန်းမာရေးဝန်ထမ်းတချို့ တိမ်းရှောင်နေရသလို တချို့မှာ ဖမ်းဆီးခံထားရ ပြီး မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်၊ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရဘဲ မိသားစုနှင့် အဆက် အသွယ် ပြတ်နေရသူများလည်း ရှိနေသည်ဟု ၎င်းက ပြောသည်။

၎င်းက “ဒီလိုမျိုး ဆရာဝန်တွေကို နှိပ်စက်နေတာ၊ အဖမ်းခံရတဲ့သူတွေ ဒါမှမဟုတ် အဖမ်းမခံရသေးတဲ့သူတွေလည်း ပုဒ်မ အမျိုးမျိုး တပ်ပြီးတော့ ဖမ်းဝရမ်းတွေ ထုတ်နေသရွေ့ ဒီလိုမျိုး အပြုအမူတွေနဲ့က ဘယ်ဆရာဝန်မှ လာပြီး အလုပ်တက်မှာ လည်း မဟုတ်ဘူး။ CDM က ဆက်လုပ်မှာပါ” ဟု ဆိုသည်။

တဖက်တွင်လည်း အာဏာသိမ်း စစ်ကောင်စီက CDM လှုပ်ရှားမှုကြောင့် ဆေးရုံ ၃၀၀ ကျော် ပိတ်ထားရပြီး ကျန်းမာရေး ဝန်ထမ်းများကို အရေးယူမည် ဖြစ်ကြောင်း အကြိမ်ကြိမ် ထုတ်ပြန်နေသလို လုပ်ငန်းခွင်သို့ အမြန်ဆုံး ပြန်လည် ဝင်ရောက် ရန်လည်း ထုတ်ပြန်ကြေညာလျက်ရှိသည်။

ကျန်းမာရေး ယန္တရားအနေဖြင့် ကြည့်ပါက CDM အောင်မြင်ကြောင်းနှင့် တရားဥပဒေကြောင်း အရလည်း ၎င်းတို့ကို ဝန် ထမ်းအဖြစ်မှ ထုတ်ပယ်ရုံသာ ပြုလုပ်နိုင်သည့်အတွက် CDM ကို ဆက်လုပ်သွားမည်ဟု ကျန်းမာရေးဝန်ထမ်းများက အခိုင် အမာ ပြောဆိုလျက် ရှိသည်။

တိုက်နယ်ဆေးရုံမှ ဆရာဝန်ကြီး တဦးကလည်း “ကျနော်တို့အစိုးရ ထုတ်တဲ့ အမိန့်တွေကိုပဲ နာခံမယ်။ အဲဒါကြောင့်မို့လို့ CDM ကို ဆက်လက် လုပ်ဆောင်နေတာပေါ့။ ဝန်ထမ်းစည်းမျဉ်းကို ချိုးဖောက်တဲ့ အနေအထား သတ်မှတ်တယ် ဆို ရင်တော့ ကျနော်တို့ လက်ခံရမှာပါပဲ။ တခုရှိတာက မတရားသဖြင့် တခြား ပုဒ်မတွေပါ တပ်ဆွဲတာတော့ လက်မခံပါဘူး” ဟု ပြောသည်။

CDM ပြုလုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများ၏ ထုတ်ပြန်ချက်တွင်လည်း စစ်ကောင်စီမှ မတရားအကွက်ဆင် ဖမ်းဆီး ရန် စီစဉ်မှုများ၊ ဖမ်းဆီးမှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ ၎င်းတို့ အနေဖြင့် ကြောက်ရွံ့ခြင်းမရှိဘဲ စစ်အစိုး ရ ပြုတ်ကျသည်အထိ CDM ပြုလုပ်ရန် သံန္နိဋ္ဌာန်ချထားကြောင်း၊ မတရား ဖမ်းဆီးဖြိုခွဲရန် စီစဉ်ဆောင်ရွက်နေခြင်းကို စစ်ကောင်စီအနေဖြင့် ရပ်တန့်ရန် သတိပေးထားသည်။

ထို့ပြင် CDM ပြုလုပ်ကြသည့် ကျန်းမာရေးဝန်ထမ်းများအား အကွက်ဆင် ဖမ်းဆီးမှုများ ရှိပါက အချင်းချင်း ဝန်းရံကြရန်၊ ကူညီကြရန်၊ သတင်းထုတ်ပြန်ကြရန်၊ ရှုတ်ချကြရန်၊ သတိပေးကြရန်နှင့် တခြားဝန်ကြီးဌာန၊ ဦးစီးဌာနများ၏ ဖမ်းဆီးခံ CDM လှုပ်ရှားသူများအတွက်လည်း အတူတကွ ရပ်တည်ကြရန် တိုက်တွန်းထားသည်။

ဖေဖေါ်ဝါရီ ၁ရက် တပ်မတော်မှ အာဏာသိမ်းနောက် ကျန်းမာရေးဝန်ထမ်းများက ၃ရက်နေ့တွင် စတင်ကာ CDM လုပ်ဆောင်ခြင်းဖြင့် စတင်ခဲ့ရာ ယခုအခါ ယင်းလှုပ်ရှားမှုတွင် ဌာနပေါင်းစုံ ပါဝင်နေသည်။

You may also like these stories:

စစ်အာဏာသိမ်းမှုက စီးပွားရေးလုပ်ငန်းများအတွက် မိုင်းကွင်းတခုဖြစ်လာ

ပူတာအိုတွင် ဆန္ဒပြသူများကို ပုဒ်မအမျိုးမျိုးတပ် တရားစွဲ

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရန် ဦးဝဏ္ဏမောင်လွင် ဘန်ကောက်မြို့သို့ ရောက်ရှိ

Your Thoughts …
Tags: CDMကျန်းမာရေးဝန်ထမ်းများအာဏာသိမ်း စစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

by ဧရာဝတီ
19 January 2024
21.6k

စစ်ကောင်စီသည် စစ်တက္ကသိုလ်လျှောက်လွှာ လက်ခံချိန်ကို တိုးပေးနေရပြီး ဗိုလ်လောင်းများအတွက် သာမက စစ်သားများအတွက်ပါ ဝင်ခွင့်သတ်မှတ်ချက်များ လျှော့ပေးနေရသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

Next Post
ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများ အထွေထွေ သပိတ်ကော်မတီ(GSCN) ကို မြန်မာနိုင်ငံရှိ တိုင်းရင်းသား အုပ်စု ၂၇ စုက ဖွဲ့စည်းလိုက်သည်/Facebook

စစ်အာဏာသိမ်းမှုအပေါ် တိုင်းရင်းသားများအမြင်

အာဏာသိမ်း စစ်ကောင်စီက ခန့်သည့် အုပ်ချုပ်ရေးမှူးများ အလိုမရှိကြောင်း ဒေသခံလူထုက ကန့်ကွက်မှုများ

အာဏာသိမ်း စစ်ကောင်စီက ခန့်သည့် အုပ်ချုပ်ရေးမှူးများ ကန့်ကွက်ဆန္ဒပြခံနေရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved