• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဏာသိမ်း စစ်ကောင်စီက ခန့်သည့် အုပ်ချုပ်ရေးမှူးများ ကန့်ကွက်ဆန္ဒပြခံနေရ

by ဧရာဝတီ
24 February 2021
in သတင်း
A A
အာဏာသိမ်း စစ်ကောင်စီက ခန့်သည့် အုပ်ချုပ်ရေးမှူးများ အလိုမရှိကြောင်း ဒေသခံလူထုက ကန့်ကွက်မှုများ

အာဏာသိမ်း စစ်ကောင်စီက ခန့်သည့် အုပ်ချုပ်ရေးမှူးများ အလိုမရှိကြောင်း ဒေသခံလူထုက ကန့်ကွက်မှုများ

7.2k
VIEWS
Share on FacebookShare on Twitter

တိုင်းနှင့် ပြည်နယ်အချို့တွင် အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးများကို လက်မခံကြောင်း ဒေသခံ များက ဆန့်ကျင်ကန့်ကွက်ကာ ဆန္ဒထုတ်ဖော်နေကြောင်း သတင်းရရှိသည်။ 

အာဏာသိမ်း စစ်ကောင်စီက ခရိုင်၊ မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးကောင်စီများ ဖွဲ့စည်းပြီးနောက် ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်၍ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အသစ်ပြောင်းလဲ ခန့်အပ်နေခြင်း ဖြစ်သည်။ 

ထိုသု့ိ ခန့်အပ်နေသည့်အပေါ် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးများအပြင် ကရင်ပြည် နယ်တို့တွင် ဒေသခံလူထုက စစ်ကောင်စီမှ ခန့်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ရပ်ကွက်ရုံးရှေ့၌ ကန့်ကွက် ဆန္ဒပြခြင်း၊ သံပုံးတီးကာ နှင်လွှတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီမှစတင်ကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ကို ဆန့်ကျင်သည့် အနေဖြင့် လူထုက စုဝေးပြီး ဆန္ဒပြနေကြသည်။  

အာဏာသိမ်း စစ်ကောင်စီက ခန့်သည့် အုပ်ချုပ်ရေးမှူးများ အလိုမရှိကြောင်း ဒေသခံလူထုက ကန့်ကွက်မှုများ

ဆန္ဒပြပွဲတွင် ပါဝင်သူ ဒေါ်မီမီဝင်းက “ကျမတို့ မြောက်ဥက္ကလာမှာ ပါလာတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သူတို့ပြောတဲ့ ဥပဒေ စိုးမိုးရေးဆိုတဲ့ အဖွဲ့မှာ ပါတာတွေက ကြံ့ခိုင်ရေး အမာခံတွေ ပါတယ်။ လူသတ်လို့ ထောင်ထွက်တွေလည်း ပါတယ်။ ဒါမျိုး တွေ လက်မခံနိုင်ဘူး။ ပြီးတော့ သူတော်စင် ဖြစ်နေရင်တောင် လက်မခံဘူး။ ဘာလို့ဆို စစ်တပ်ကခန့်ရင် စစ်တပ်ခိုင်းတာပဲ လုပ်မှာဖြစ်လို့ လက်မခံဘူး” ဟု ပြောသည်။ 

စစ်ကောင်စီမှ ခန့်အပ်လိုက်သည့် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူများကို ဖမ်းဆီးရန် လုပ်ဆောင်ခြင်း၊ သတင်းပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း လုပ်မည့်သူများအဖြစ် ရှုမြင်သည်ဟုလည်း ၎င်းက ပြောသည်။ 

ဖေဖော်ဝါရီ ၂၃ ရက် ညကလည်း မြောက်ဥက္ကလာပမြို့နယ်မှ ရာနှင့်ချီသည့် ရပ်ကွက် သူ/သားများက ရပ်ကွက်အုပ်ချုပ်ရေး မှူး ရုံးများရှေ့သို့ သွားကာ စစ်ကောင်စီ ခန့်သည့် အုပ်ချုပ်ရေးမှူးများကို အလိုမရှိကြောင်း ကြွေးကြော်ရင်း သံပုံးများတီးပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ 

မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ (၂) ရပ်ကွက်၊ ည ရပ်ကွက်၊ ဋ ရပ်ကွက် တို့တွင်လည်း အုပ်ချုပ်ရေးရုံးများ ကို ရပ်ကွက်သူ/သားများက သော့ခတ်ခြင်း၊ ဝါးကပ်များဖြင့် ပိတ်ကာ ရပ်ကွက်ရုံး တံခါးဝတွင် “ကိုယ်ပိုင်အုပ်ချုပ်မည့် ရပ် ကွက် ဖြစ်ပါသည်။ ယနေ့မှစ၍ ရပ်ကွက်ရုံးတွင် ထွေအုပ်စာရေး၊ မည်သည့်အုပ်ချုပ်ရေးမှ လက်ခံပါ။ ပုံ/ ရပ်ကွက်သူ၊ ရပ် ကွက်သားများ တယောက်မကျန်” ဟူသည့် ဗီနိုင်းများ ကပ်ထားသည်ကို တွေ့ရသည်။ 

ထို့အတူ စမ်းချောင်းမြို့နယ်တွင် ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေ ၆ နာရီခွဲခန့့်က ရပ်ကွက်သူ/သားများ လမ်းပေါ်ထွက် လာကာ အုပ်ချုပ်ရေးမှူးအသစ်ကို အလိုမရှိကြောင်း သံပုံများ၊ အိုးခွက်များတီးပြီး ဆန္ဒပြခဲ့ကြသလို သင်္ဃန်းကျွန်း၊ တာမွေ၊ ကြည့်  မြင်တိုင်၊ ဒဂုံမြို့သစ်၊ လှိုင်နှင့် သန်လျင်မြို့နယ်တို့တွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို အလိုမရှိကြောင်း ကန့် ကွက်စာများကို ရပ်ကွက်ထိပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် ကပ်ထားကြသည်။ 

အာဏာသိမ်း စစ်ကောင်စီက ခန့်သည့် အုပ်ချုပ်ရေးမှူးများ အလိုမရှိကြောင်း ဒေသခံလူထုက ကန့်ကွက်မှုများ

သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၃ ရက်က ရုံးလာတက်သည့် အုပ်ချုပ်ရေးမှူး အသစ်ကို ဒေသခံများ က ရုံးရှေ့လာစုရုံးပြီးနောက် အဆိုပါ အုပ်ချုပ်ရေးမှူးအသစ်အား ရုံးအတွင်းမှ ထွက်သွားရန် မောင်းထုတ်ခြင်း၊ ဆန္ဒပြခြင်း များ ပြုလုပ်ခဲ့သည်။ 

စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ဈေးလမ်းတွင် နေထိုင်သူ ဦးကျော်သီဟက “စစ်အာဏာရှင် စစ်ကောင်စီက ဘယ်ထောက် တိုင်ကိုမဆို ကျနော်တို့က ကန့်ကွက်မယ်၊ ရှုတ်ချမယ်၊ သူတို့ အုပ်ချုပ်တာလည်း မခံဘူး။ ဦးသန်းရွှေ လက်ထက် အရင်က လည်း ဒီလို သူတို့လက်ကိုင်တုတ်တွေ ကျနော်တို့ကို ဘယ်လောက် အနိုင်ကျင့်ခဲ့လဲ လူတိုင်း သိတယ်။ သူတို့ရဲ့ ဘယ် ယန္တရားကိုမဆို ကျနော်တို့ ကန့်ကွက်နေတယ်” ဟု ပြောသည်။ 

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
5
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
58
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
49

သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြန်မလွှတ်ပေးမချင်း၊ ရွေးကောက်ပွဲအနိုင်ရ အစိုးရ အုပ်ချုပ်သည့် လက်အောက်သို့ မရောက်မချင်း ရပ်ကွက်သူ/သားများက မိမိ ရပ်ကွက်ကို ကိုယ်ပိုင်အုပ်ချုပ်သွားမည်၊ စစ် ကောင်စီ၏ အမိန့်ကို နာခံပြီး အုပ်ချုပ်ရေးတာဝန် ယူသူများကို နိုင်ငံတော်အား သစ္စာဖောက်သူများအဖြစ် သတ်မှတ်မည် ဟူသည့် စာများကို ဗီနိုင်းထုတ်ကာ မြေနီကုန်း (မ/တ ရပ်ကွက်)နှင့် မြေနီကုန်း ဈေးလမ်းထဲတွင် ကပ်ထားသည်။ 

ရပ်ကွက်နေလူထုက လက်မခံနိုင်ကြောင်း ဆန္ဒပြမှုကြောင့် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁၁ ဦး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင် ၄၂ ဦး၊ ကျောက်တန်းမြို့နယ်မှ အုပ်ချုပ်ရေးမှူး ၄ ဦးတို့မှာ နုတ်ထွက်စာများ တင်ထားလိုက်ပြီ ဖြစ်သည်။

နုတ်ထွက်စာ တင်ထားသူတဦးက “ဒီလောက် လူထုက ကန့်ကွက်နေမှတော့ မလုပ်ချင်ပါဘူး။ တရပ်ကွက်တည်း ငယ်က နေ နေလာတာ အာဏာရှင်အလိုကျလုပ်ပြီး ရပ်ရွာထဲက လူတွေရဲ့ ချဉ်ဖတ် မဖြစ်ချင်ပါဘူး။ ဒါကြောင့် နုတ်ထွက်စာ တင် ထားတယ်” ဟု ဆိုသည်။  

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်များကို လက်မခံကြောင်း နှင့် ပြည်သူ့ဆန္ဒကို အလေးထားရန် ဒေသခံများက ကန့်ကွက်ဆန္ဒပြမှုများ ရှိသလို စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီး အတွင်း၌လည်း ဒေသခံများ၏ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်လျက် ရှိသည်။ 

အာဏာသိမ်း စစ်ကောင်စီက ခန့်သည့် အုပ်ချုပ်ရေးမှူးများ အလိုမရှိကြောင်း ဒေသခံလူထုက ကန့်ကွက်မှုများ

စစ်ကိုင်းမြို့၊ မီးရထားရပ်ကွက်တွင်မူ အုပ်ချုပ်ရေးမှူးအသစ်ကို လက်မခံသည့် ရပ်ကွက်နေ လူထုက ဆရာတော်တပါးကို အုပ်ချုပ်ရေး တာဝန်အား ယာယီထိန်းသိမ်းရန် တာဝန်ပေးလိုက်မှုများပင် ရှိသည်။ 

ထို့ပြင် စစ်ကိုင်းတိုင်း မြောင်မြို့၊ ညောင်ကားယားကျေးရွာ၊ ရွာပုလဲကျေးရွာ၊ မြစ်သားကျေးရွာများမှ ဒေသခံများကလည်း လူထုက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရအုပ်ချုပ်မှု အောက်သို့ ပြန်မရောက်မချင်း မိမိတို့ မြို့၊ ရပ်ကွက်၊ ကျေးရွာကို မိမိတို့ ပြည်သူများ ကိုယ်ပိုင်အုပ်ချုပ်မည်ဖြစ်ကြောင်း၊ ဒေသခံများ၏ သဘောဆန္ဒမပါဘဲ တရားမဝင် ဆောင်ရွက်မှုများ၊ အမိန့်ညွှန်ကြားချက်များကိုလည်း (လုံးဝ)လက်ခံ လိုက်နာမည်မဟုတ်ကြောင်း ကြေညာထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်ကလည်း မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ စံဖဲအုပ်စု၌ ကျေးရွာအုပ်ချုပ်ရေးမှူး အသစ် ခန့်ကြောင်း လာကြေညာရာ ဒေသခံ ၁၀၀ ကျော်က “အုပ်ချုပ်ရေးမှူး၊ အာဏာရူး အလိုမရှိ၊ အုပ်ချုပ်ရေးမှူး လုပ်တဲ့လူ ပြည်သူတွေက တင်မြှောက်လို့လား၊ ကိုယ့်ရပ်ရွာ အုပ်ချုပ်ရေးကို ကိုယ့်ရွာသားတွေ လုပ်မယ်” စသည်ဖြင့် ကြွေးကြော်ကာ စီတန်းလှည့်လည် ဆန္ဒပြခဲ့သည်။ 

စံဖဲအုပ်စုမှ ဒေသခံများက ၎င်းတို့ ရွေးချယ်တင်မြှောက်ထားသည့် ဒေါ်ဖြူဖြူဝင်းကိုသာ အုပ်ချုပ်ရေးမှူးအဖြစ် လက်ခံနိုင်ပြီး အုပ်ချုပ်ရေးမှူး တံဆိပ်တုံးကိုလည်း စစ်ကောင်စီခန့်သည့် အုပ်ချုပ်ရေးမှူး အသစ်အား လွှဲပြောင်းမပေးရန်၊ တံဆိပ်တုံးကို ရပ်ရွာဒေသခံများက သိမ်းဆည်းထားရန် စီစဉ်လျက် ရှိသည်။ 

စံဖဲအုပ်စုမှ ဒေသခံ အမျိုးသမီး တဦးက “စစ်အစိုးရတောင် လက်မခံပါဘူးဆို အုပ်ချုပ်ရေးမှူးကို ပိုတောင် လက်မခံသေး။ ဒီနေ့မှ မဟုတ်ဘူး တသက်လုံး လက်မခံဘူး။ အရှက်ကို မရှိကြဘူး။ လက်မခံဘူး လုံးဝပဲ။ ဒါကျမတို့ပဲ ကန့်ကွက်တာ မဟုတ်ဘူးနော် မြိုင်မှာဆိုလည်း ဒီလိုပဲ ကန့်ကွက်နေတာ” ဟု ပြောသည်။ 

တပ်မတော်က အာဏာမသိမ်းခင်၊ စစ်ကောင်စီ မဖွဲ့စည်းခင်က ရပ်ကွက်၊ ကျေးရွာများ၏ အုပ်ချုပ်ရေးမှူးများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ရွေးကောက်ပွဲ ကျင်းပပြီး လူထု ကိုယ်စားပြုသည့် ဆယ်အိမ်စု ကိုယ်စားလှယ်များက ဆန္ဒမဲပေးကာ မဲအများဆုံးရသူကို တင်မြှောက်ခြင်းဖြစ်သော်လည်း ယခုအခါ အာဏာ သိမ်း စစ်ကောင်စီက ဖွဲ့စည်းပေးထားသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တိုက်ရိုက်ခန့်အပ်ခြင်း ဖြစ်သည်။ 

စစ်ကောင်စီ၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် အုပ်ချုပ်ရေးမှူး အသစ်များ ခန့်အပ်သည့်အပြင် ရပ်ကွက်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့များကိုလည်း ရပ်ကွက်တိုင်းတွင် ဖွဲ့စည်းနေပြီ ဖြစ်သည်။  

ယင်းအဖွဲ့သည် မြို့နယ်နှင့် ရပ်ကွက်အသီးသီးအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအား အထောက်အကူပြုစေရန် ဖွဲ့စည်းခြင်းဖြစ်ပြီး အမျိုးသားနိုင်ငံရေးနှင့် ဒို့တာဝန်အရေး ၃ ပါးကို ဦးထိပ်ထားသည့် ပုဂ္ဂိုလ်များကို တာဝန်ပေးအပ်ခြင်း ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အသီးသီးမှ ထုတ်သည့် စာများထဲတွင် ရေးသားထားသည်။ 

အဆိုပါ အဖွဲ့ကိုလည်း လက်မခံနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ကန့်ကွက်မှုများ စတင် နေပြီ ဖြစ်သည်။

You may also like these stories:

စစ်အာဏာသိမ်းမှုအပေါ် တိုင်းရင်းသားများအမြင်

CDM လုပ်သည့် ကျန်းမာရေးဝန်ထမ်းများအပေါ် အကွက်ဆင် ဖမ်းဆီးမှုများရှိနေ

စစ်အာဏာသိမ်းမှုက စီးပွားရေးလုပ်ငန်းများအတွက် မိုင်းကွင်းတခုဖြစ်လာ

Your Thoughts …
Tags: ကန့်ကွက်ဆန္ဒပြအာဏာသိမ်း စစ်ကောင်စီအုပ်ချုပ်ရေးမှူး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မုံရွာ၌ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မလာ၍ ရပ်ကွက်တွင်း ဝင်ဖမ်း

မုံရွာ၌ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မလာ၍ ရပ်ကွက်တွင်း ဝင်ဖမ်း

by ဧရာဝတီ
28 March 2024
8.2k

စစ်မှုထမ်းစာရင်းပါသူများကို ဆေးစစ်ရန် ဆင့်ခေါ်ရာ ရောက်မလာကြသဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရပ်ကွက်အတွင်း ဝင်ရောက်ခေါ်ဆောင်မှုများပြုလုပ်ရာ လူငယ် ၃၀ ခန့် ဖမ်းဆီးခံလိုက်ရ

မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ

မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ

by ဧရာဝတီ
27 March 2024
8k

မတ်လအတွင်း အသတ်ခံရသူများမှာ ဝမ်းတွင်း၊ မဟာအောင်မြေ၊ အမရပူရ၊ မတ္တရာ၊ ကျောက်ပန်းတောင်း မြို့နယ်များမှ အုပ်ချုပ်ရေးမှူး ၃ ဦး၊ ရာအိမ်မှူး တဦးနှင့် ကျောင်းဆရာမတဦးတို့ ဖြစ်ပြီး စစ်မှုထမ်းဥပဒေ အကောင်အထည် ဖော်ရာတွင် ပါဝင်ဆောင်ရွက်နေသူများဖြစ်ကြောင်း

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

by ဧရာဝတီ
6 October 2023
7.2k

လက်ရှိဖွဲ့စည်းထားသော ပြည်သူ့စစ်များကို ယခင် စစ်တပ်က လုံခြုံရေးယူထားသည့် နေရာများတွင် အစားထိုး တာဝန်ပေးခြင်း၊ စစ်တပ်နှင့်အတူ ပူးတွဲတာဝန်ပေးခြင်း၊ နယ်မြေရှင်းလင်းရာတွင် ထည့်သွင်းအသုံးပြု၍ လုံခြုံရေး၊ ပိတ်ဆို့ စစ်ဆေးရှာဖွေရေးများတွင်လည်း ထည့်သွင်းအသုံးပြုနေကြောင်း

သတ်ဖြတ်ခံရမှုများကြောင့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်

သတ်ဖြတ်ခံရမှုများကြောင့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်

by မိအိသဉ္ဇာမြင့်
3 April 2024
4.9k

ရွာပေါင်း ၂၀ ကျော်ရှိ အုပ်ချုပ်ရေးမှူးများ လုံခြုံရေးအရ နုတ်ထွက်စာတင်ထားကြသော်လည်း စစ် ကောင်စီဘက်က နုတ်ထွက်ခွင့်မပြုကြောင်း အုပ်ချုပ်ရေးမှူးများက ပြောသည်။

အုပ်ချုပ်ရေးမှူးများ လုပ်ပိုင်ခွင့် အလွဲသုံး၍ စစ်မှုထမ်းစာရင်းကောက်

အုပ်ချုပ်ရေးမှူးများ လုပ်ပိုင်ခွင့် အလွဲသုံး၍ စစ်မှုထမ်းစာရင်းကောက်

by ဧရာဝတီ
20 March 2024
4.5k

ယင်းသို့ ညှိနှိုင်းသည့်ငွေကြေးမှာ ယခုတကြိမ် ကောက်ယူမှုအတွက်သာဖြစ်ပြီး အမြဲတမ်း ကင်းလွတ်ခွင့်ရမည် မဟုတ်ကြောင်း ပြောဆိုသွားသည်

Next Post
မဲဆွယ်ကာလက SNLD ပါတီလှုပ်ရှားမှု

ရွေး/ကော်အဖွဲ့သစ် ဖိတ်ကြားသည့် အစည်းအဝေး SNLD မတက်

စစ်ကောင်စီ၏ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနတွင် ဒုဝန်ကြီး လုပ်မည့် ဦးဇော်အေးမောင်  /  Zaw Aye Maung

စစ်ကောင်စီတွင် ဦးဇော်အေးမောင်ပါဝင်ခြင်းမှာ ပါတီမူနှင့် ကွဲလွဲမှု မရှိဟု ANP ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved