• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကုလသမဂ္ဂအထူးသံတမန်က အရေးယူရန်တောင်းဆိုသော်လည်း ဆန္ဒပြပွဲများကို ဆက်လက်ဖြိုခွဲ

by ဧရာဝတီ
6 March 2021
in သတင်း
A A
စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများကို စစ်တပ်နှင့် ရဲ က အကြမ်းဖက်တိုက်ခိုက်နေမှုများ  / ဧရာဝတီ

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများကို စစ်တပ်နှင့် ရဲ က အကြမ်းဖက်တိုက်ခိုက်နေမှုများ / ဧရာဝတီ

7.9k
VIEWS
Share on FacebookShare on Twitter

ယခုအပတ်အတွင်း လူ ၅၉ ဦးကျော်သေဆုံးပြီး အများအပြားဒဏ်ရာရစေသည့် စစ်တပ်၏အကြမ်းဖက် မှုများ ရပ်တန့်ရန်အတွက် အရေးယူရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ်က လုံခြုံရေးကောင်စီကိုတိုက်တွန်းပြီး ၁ ရက်အကြာ မတ်လ ၆ ရက်နေ့တွင် မြန်မာလုံခြုံရေးတပ်များသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူများကို အင်အားအသုံးပြုပြီးဆက်လက်ဖြိုခွဲနေသည်။

စနေနေ့နံနက်စောစောတွင် ဆန္ဒပြပွဲများကို မြန်မာနိုင်ငံ၏အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်တွင်တွေ့ရပြီး ဆန္ဒပြသူများကို အသံဗုံးများ၊ မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွဲသည်ကို တွေ့ရသည်။ ဗုဒ္ဓဟူး နေ့က ရန်ကုန်တွင် ဆန္ဒပြသူ ၁၈ ဦး ပစ်သတ်ခံရသည်ဟု သတင်းများကဆိုသည်။

မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင်လည်း ဆန္ဒပြပွဲများဖြစ်ပေါ်နေပြီး နိုင်ငံတောင်ပိုင်း မြိတ်တွင် ရဲများက ကျောင်းသားများကို မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ကာ အရှေ့တောင်ပိုင်း ထားဝယ်တွင်လည်း မျက်ရည်ယိုဗုံးများကို အသုံးပြုသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများကို စစ်တပ်နှင့် ရဲ က အကြမ်းဖက်တိုက်ခိုက်နေမှုများ (ဓာတ်ပုံ – ဧရာဝတီ)

အကြမ်းဖက်မှုများမြင့်မားလာသောကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းခဲ့သော စစ်တပ်ကို ထိန်းချုပ်ရန် ဖိအားပေးခံနေရသည်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ဆီသို့ တဖြည်းဖြည်းတိုးတက်မှုများ နောက်ပြန်ဆုတ်သွာသည်။ မြန်မာနိုင်ငံသည် တင်းကျပ်သော စစ်အုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ် ၅ ခုကြာ အင်အားချိနဲ့ပြီး နိုင်ငံတကာပစ်ပယ်မှုနှင့် အရေးယူမှုများကို ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အရပ်သားအုပ်ချုပ်ရေးသို့ ပြန်လည်ရောက်ရှိရန် ဦးဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း တောင်ပြိုကမ်းပြိုအနိုင်ရသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
273
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
123
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63
စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများကို စစ်တပ်နှင့် ရဲ က အကြမ်းဖက်တိုက်ခိုက်နေမှုများ (ဓာတ်ပုံ – ဧရာဝတီ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် လွန်ခဲ့သောလက အစိုးရ ဒုတိယသက်တမ်းကိုစတင်ရန်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် အစိုးရအဖွဲ့ဝင်များကို စစ်တပ်က ဖမ်းဆီးလိုက်သည်။

ကြီးမားသော ဆန္ဒပြပွဲကြီးများ နိုင်ငံတဝှမ်း မြို့ကြီးများနှင့် မြို့များတွင် နေ့စဉ်ပေါ်ပေါက်နေသည်။ လုံခြုံရေးတပ်များက သေစေနိုင်သောလက်နက်များကိုပိုမိုအသုံးပြုလာပြီး လူအမြောက်အများကိုလည်း အစုလိုက်အပြုံလိုက်ဖမ်းဆီးသည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က လူ ၁၈ ဦးပစ်သတ်ခံရပြီး ဗုဒ္ဓဟူးနေ့တွင် ၃၈ ဦး ပစ်သတ်ခံရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကဆိုသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများကို စစ်တပ်နှင့် ရဲ က အကြမ်းဖက်တိုက်ခိုက်နေမှုများ (ဓာတ်ပုံ – ဧရာဝတီ)

လူ ၁ ထောင်ကျော်အဖမ်းခံထားရကြောင်း လွတ်လပ်သောအဖွဲ့အစည်းဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကဆိုသည်။

သောကြာနေ့က ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ခရစ္စတင်း ရှရန်နာ ဘာဂျီနာက လုံခြုံရေးကောင်စီ၏ ညီညွတ်မှုနှင့် ပြင်းထန်သော အရေးယူမှုများသည် အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ပြန်လည် ထွန်းကားရေးတွက် အရေးပါကြောင်းပြောကြားသည်။

“စစ်တပ်ရဲ့လုပ်ရပ်တွေကို ကျမတို့က ရှုတ်ချရမယ်” ဟု သူပြောသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများကို စစ်တပ်နှင့် ရဲ က အကြမ်းဖက်တိုက်ခိုက်နေမှုများ (ဓာတ်ပုံ – ဧရာဝတီ)

“လုံခြုံရေးတပ်တွေကို သတိပေးဖို့နဲ့ ရှင်းလင်းလှတဲ့ နိုဝင်ဘာရွေးကောက်ပွဲရလဒ် ကိုထောက်ခံဖို့ မြန်မာပြည်သူတွေနဲ့ အခိုင်အမာရပ်တည်ဖို့ဟာ လုံခြုံရေးကောင်စီဟာအတွက်အရေးကြီးတယ်” ဟုလည်း သူပြောသည်။

ဘာဂျီနာက ယခင်ကတောင်းဆိုခဲ့သည့်အတိုင်း အတင်းအကျပ်အာဏာသိမ်းပြီး ကမောက်ကမများသာ လုပ်နေသည့် စစ်တပ်ကို တရားဝင်မှုမပေးရေးနှင့် အသိအမှတ်မပြုရေးကို နိုင်ငံတကာအသိုက်အဝန်းသို့ ထပ်မံမေတ္တာရပ်ခံသည်။

လုံခြုံရေးကောင်စီသည် ချက်ခြင်းအရေးယူမှုများချမှတ်ခြင်းမရှိပေ။ ဗြိတိန်နိုင်ငံက လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ကြေညာချက် မူကြမ်းတစောင်ကို အစည်းအဝေးတွင် ဖြန့်ချိခဲ့သည်။ သို့သော် လုံခြုံရေးကောင်စီဥက္ကဋ္ဌ ကြေညာချက်သည် ဥပဒေသဖွယ်လိုက်နာရန် အဆင့်တဆင့်လိုနေသေးသည်။

လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံနှစ်နိုင်ငံဖြစ်သော တရုတ်နှင့် ရုရှားတို့က ဗီတိုအာဏာဖြင့် ပယ်ချနိုင်ဖွယ်ရှိသောကြောင့် ကုလသမဂ္ဂမှ မည်သည့် ညှိနှိုင်းအရေးယူမှုမဆိုသည် ခက်ခဲမည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများနှင့် လုံခြုံရေးကောင်စီသည် ကြီးမားပြင်းထန်သည့် အရေးယူမှုအစီအမံမျာချမှတ်နိုင်ကြောင်း ရှရန်နာဘာဂျီနာက လွန်ခဲ့သောအပတ်က စစ်တပ်ကို သတိပေးခဲ့သည်။

“ဒါပေမယ့် သူတို့ပြန်ပြောတာကတော့ ကျနော်တို့ အရင်က အရေးယူပိတ်ဆို့တာလည်းကြုံဖူးပြီး ကျော်လွှားနိုင်ခဲ့တယ်တဲ့” ဟု ရှရနာ ဘာဂနာပြောသည်။ မြန်မာနိုင်ငံသည် အထီးကျန်ဖြစ်မည်ဟု သတိပေးစသောအခါတွင်လည်း “ကျနော်တို့က မိတ်ဆွေအနည်းငယ်နဲ့လည်း ဆက်လျှောက်တတ်တယ်တဲ့” ဟု သူ ရှရန်နာ ဘာဂျီနာပြောသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများကို စစ်တပ်နှင့် ရဲ က အကြမ်းဖက်တိုက်ခိုက်နေမှုများ (ဓာတ်ပုံ – ဧရာဝတီ)

နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများအဖွဲ့ချုပ်က ကြက်ခြေနီစေတနာ့ဝန်ထမ်းများနှင့် ကျန်းမာရေးလုပ်သားများကို ချက်ခြင်းအကာအကွယ်ပေးရန်လည်း တောင်းဆိုထားသည်။

လူမှုကွန်ရက်တွင် ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ချိနေသည့် စီစီတီဗွီ စောင့်ကြည့်ရေးကင်မရာမှပုံများတွင် အရေးပေါ်ယာဉ် ဝန်ထမ်းများကို ရဲများက ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးကာ ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်နေသည့် ပုံများထွက်ပေါ်လာပြီးနောက် နိုင်ငံတကာ ကြက်ခြေနီနှင့်လခြမ်းနီ အသင်းများ အဖွဲ့ချုပ်က အထက်ပါကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။

“လူသားပီသမှု၊ ကြားနေမှု၊ ဘက်မလိုက်မှု မူဝါဒများနှင့်အညီ ဒဏ်ရာရသူများကို ရှေးဦးသူနာပြု အသက်ကယ်ကုသမှုပေးရေး တာဝန်ထမ်းဆောင်စဉ် မြန်မာကြက်ခြေနီစေတနာ့ဝန်ထမ်းများ ဒဏ်ရာရရှိသောကြောင့် လွန်စွာဝမ်းနည်းသည်။ ကြက်ခြေနီ စေတနာ့ဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုလုပ်သင့်ပေ” ဟု ကြက်ခြေနီနှင်လခြမ်းနီအသင်းများအဖွဲ့ချုပ်က ဖေါ်ပြထားသည်။

AP သတင်းဌာနတွင် ဖော်ပြထားသည့် Protests, tear gas in Myanmar after UN envoy urges action ကို ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။

You may also like these stories:

မြန်မာ့အရေး လုံခြုံရေးကောင်စီတွင် အပြင်းအထန်ဆွေးနွေးရန် အမေရိကန် တွန်းအားပေးနေ

တွေ့ဆုံဆွေးနွေး အဖြေရှာရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို

ဦးကျော်မိုးထွန်းအား အစားထိုးရန် ကြိုးစားမှု မအောင်မြင်

Your Thoughts …
Tags: ကုလသမဂ္ဂဆန္ဒပြပွဲအာဏာသိမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
18.4k

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ဖြစ်သည်။

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

by Chad de Guzman
18 June 2025
9k

မကြာသေးမီ ရက်သတ္တပတ်များတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အန္တရာယ်သစ်များကြား ကျဆင်းသွားပြီး အတိတ်က အကြွင်းအကျန် ဖြစ်ခဲ့ပုံရသည့် သမိုင်းဝင် အားပြိုင်မှု ပြန်လည်မီးမွှေးလာသည်။

Next Post
ဒေါက်တာ ဆာဆာနှင့် KNU ခေါင်းဆောင်များ အွန်လိုင်းကတဆင့် တွေ့ဆုံမှု

ဒေါက်တာ ဆာဆာနဲ့ KNU ဘာတွေဆွေးနွေးခဲ့ကြလဲ

ဖေဖော်ဝါရီလအတွင်း ရန်ကုန်ရှိ အမေရိကန်သံရုံးရှေ့ ဆန္ဒပြနေစဉ် / ဧရာဝတီ

မြန်မာစစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှု မည်သို့ ကျဆုံးသွားနိုင်သနည်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved