• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် မြန်မာ့အရေး ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ အတည်ပြု

by ဧရာဝတီ
25 March 2021
in သတင်း
A A
မြေနီကုန်းသပိတ်ကို ဖြိုခွဲပြီး ဖမ်းဆီးရိုက်နှက်မှုများပြုလုပ်နေစဉ် / ဧရာဝတီ

မြေနီကုန်းသပိတ်ကို ဖြိုခွဲပြီး ဖမ်းဆီးရိုက်နှက်မှုများပြုလုပ်နေစဉ် / ဧရာဝတီ

24.9k
VIEWS
Share on FacebookShare on Twitter

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် မတ်လ ၂၄ ရက်က ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်တရပ်ကို ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်ကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်နှင့်ရဲက ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နိုင်ငံတကာ တရားစီရင်ရေး စနစ်များဖြင့် အရေးယူနိုင်ရန် ကုလသမဂ္ဂဆိုင်ရာ ပေါ်တူဂီ အမြဲတမ်း ကိုယ်စားလှယ်က တင်သွင်းထားသည့် အဆိုကို ကန့် ကွက်သည့် နိုင်ငံမရှိဘဲ အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

အတည်ပြုလိုက်သည့် ဆုံးဖြတ်ချက်ထဲတွင် မြန်မာ့နိုင်ငံ၌ ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အပါအဝင် နိုင်ငံတကာ တရားရုံးများနှင့် အနီးကပ် ဆက်သွယ်ဆောင်ရွက် သွားရန်ဆိုသည့် အချက်လည်း ပါဝင်သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက် ဖြိုခွင်းနေမှုများနှင့် အကြောင်းမဲ့ ဖမ်းဆီးထောင်ချနေမှုများကို အပြင်းအထန် ရှုတ်ချထားပြီး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင် ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ၏ ဆောင်ရွက်ချက်များကို ထောက်ခံကြောင်းလည်း ဆုံးဖြတ်ချက် တွင် ပါဝင်သည်။

ကုလသမဂ္ဂဆိုင်ရာ ပေါ်တူဂီ အမြဲတမ်း ကိုယ်စားလှယ် မစ္စတာ Rui Macieira က မြန်မာလုံခြုံရေးတပ်ဖွဲ့များ အနေနှင့် အင်အား အလွန်အကျွံ အသုံးပြုနေမှုများကို ရပ်တန့်ရမည် ဖြစ်ပြီး မြန်မာပြည်သူများအား ၎င်းတို့၏ အခွင့်အရေးအရ ဆောင်ရွက်နေမှုများကို ခွင့်ပြုပေးရမည်ဟု အစည်းအဝေးတွင် ပြောကြားသည်။

“မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာထားတာကို အဆုံးသတ်ပြီး ရွေးကောက် တင်မြှောက် ခံထားရသည့် အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးဖို့ EU (ဥရောပသမဂ္ဂ) အနေနဲ့ တောင်းဆိုပါတယ်။ သမ္မတ ဦးဝင်း မြင့်အပါအဝင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရတဲ့သူ အားလုံး ပြန်လွှတ် ပေးဖို့ ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။

နယူးယောက် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ကလည်း ဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိဘဲ အတည် ပြုလိုက်နိုင်ခြင်းသည် မြန်မာစစ်ကောင်စီ၏ လုပ်ရပ်ကို မည်သည့်နိုင်ငံကမှ မထောက်ခံကြောင်း ပြသနေခြင်းဖြစ်ပြီး ဆုံး ဖြတ်ချက်ကို ထောက်ခံကြိုဆိုသည်ဟု ပြောကြားသည်။

စစ်ကောင်စီက ခန့်အပ်ထားသော ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟုဆိုသူကမူ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လက်မခံကြောင်း ကန့်ကွက်ခဲ့သေးသည်။

၎င်းက နိုင်ငံတကာ တရားစီရင်ရေး စနစ်များ၏ ဆုံးဖြတ်ချက်များသည် မြန်မာနိုင်ငံ၏ တရားစီရင်ရေး ယန္တရားများကို ထိ ခိုက်စေနိုင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ခန့်အပ်ထားသော ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဟုဆိုသူက ထိုသို့ကန့်ကွက်သော်လည်း ကန့်ကွက်ချက် သည် အရာမထင်ခဲ့ဘဲ လူ့အခွင့်အရေး ကောင်စီက အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ရာဇဝတ်မှုကျူးလွန်သည့် သက်သေခံများပို့ရန် UN ကြေညာချက် ဥရောပနိုင်ငံများ ကြိုဆို

မြန်မာစစ်ခေါင်းဆောင်များကို တရားရုံးတင်ရန် သက်သေများ ကုလ စုဆောင်းနေ

Your Thoughts …
Tags: UNနိုင်ငံတကာ တရားစီရင်ရေးစနစ်မြန်မာ့အရေးလူ့အခွင့်အရေး ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အာဏာရူး စစ်ဘီလူးများနဲ့ ခိုင်းနှိုင်းခြင်းဖြင့် ခွေးများကို မစော်ကားပါနဲ့…

အာဏာရူး စစ်ဘီလူးများနဲ့ ခိုင်းနှိုင်းခြင်းဖြင့် ခွေးများကို မစော်ကားပါနဲ့…

by မနှင်း
14 September 2024
5.3k

သူတို့ဟာ Man’s best friend ဆိုတာ တကယ်ပါပဲ။ သူတို့ဟာ အိမ်မွေး တိရစာ္ဆန် အဆင့်ထက် ပိုပါတယ်…သူတို့ဟာ သခင်အပေါ်မှာ မိတ်ဆွေတွေ အပေါ်မှာ တကယ် Loyal ဖြစ်တဲ့ သူတွေပါ။ သစ္စာ ရှိသူတွေပါ…

တရုတ်နှင့်လက်တွဲပြီး မြန်မာ့အရေးဖြေရှင်းရန် ICG ထောက်ပြ

တရုတ်နှင့်လက်တွဲပြီး မြန်မာ့အရေးဖြေရှင်းရန် ICG ထောက်ပြ

by ဧရာဝတီ
27 March 2024
3.7k

မြန်မာ့အရေးပြဿနာဖြေရှင်းရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်ကဲ့သို့ အင်အားကြီးနိုင်ငံများနှင့် လက်တွဲပူးပေါင်းနိုင်သောကဏ္ဍများအား ရှာဖွေဖော်ထုတ်သင့်သည့်အပြင် တကမ္ဘာလုံးက အာရုံစိုက်လာရေး ကြိုးပမ်းသင့်ကြောင်း နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ICG) က ယနေ့ ထုတ်ပြန်သော အစီအရင်ခံစာတွင် ထောက်ပြထားသည်။

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၄)

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၄)

by အောင်ဇော်
12 August 2023
2.9k

နာဂစ်သည် မြန်မာ စစ်ခေါင်းဆောင်များသာ မဟုတ်ဘဲ အာဆီယံ အတွင်းရေးမှူးသစ် ဆူရင် ပစ်ဆူဝမ်ကိုပါ စာမေးပွဲ စစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၃)

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၃)

by အောင်ဇော်
29 July 2023
2.9k

ဆူရင် ပစ်ဆူဝမ်ကတော့ ကမ္ဘာလှည့် နိုင်ငံခြားရေး ဝန်ကြီး ဘဝဖြင့် ထိုင်း၏ ပုံရိပ်ကို မြှင့်တင်ခဲ့သည်ဟု မှတ်ချက် ချရမည်။

မြန်မာ့အရေး မဖြေရှင်းနိုင်ရင် အာဆီယံမှာ မပါသေးဟု တီမော ပြော

မြန်မာ့အရေး မဖြေရှင်းနိုင်ရင် အာဆီယံမှာ မပါသေးဟု တီမော ပြော

by ဧရာဝတီ
9 August 2023
2.7k

အရှေ့တီမော ဝန်ကြီးချုပ် ဇနားနား ဂတ်ရှမို က မြန်မာနိုင်ငံ၏ အကျပ်အတည်းအား ပြေလည်အောင် မဖြေရှင်းနိုင်လျှင် အာဆီယံမှာ ပါဝင်ရေး ရည်မှန်းချက်ကို ပြန်စဉ်းစားမည်ဟု ပြောကြားလိုက်သည်။

စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်

စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်

by ဧရာဝတီ
16 November 2024
2.2k

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဦးဆောင် အဖွဲ့ဝင်ဖြစ်သူ မခိုင်ဇာအောင်နှင့် ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

Next Post
ကိုဗစ်ကာလမှာ ပိတ်ထားရသည့် ရုပ်ရှင်ရုံအချို့  / ဧရာဝတီ

တော်လှန်ရေးကာလမှာ ရုပ်ရှင်လောကသားအချို့ အခက်အခဲ ကြုံနေရ

၂၀၂၁ ဖေဖေါ်ဝါရီလ ၃ရက်က စတင်ကာ CDM လုပ်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ / ဧရာဝတီ

ငပုတောမှ CDM ကျန်းမာရေးဝန်ထမ်းများ ဖိအားပေး ခြိမ်းခြောက်ခံနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved