သတင်း

တောင်ကြီးတွင် စစ်တပ်နှင့်ရဲ ပစ်ခတ်မှု ၅ ဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးတွင် စစ်တပ်နှင့်ရဲက စစ်မြေပြင်သဖွယ် အကြမ်းဖက် ပစ်ခတ်သဖြင့် ၅ ဦး သေဆုံးပြီး လူအမြောက်အများဒဏ်ရာ ရရှိနေကြောင်း တောင်ကြီးမြို့ ဒေသခံများထံက သိရသည်။

တောင်ကြီးမြို့‌ ဒေသခံလူငယ်များက မတ်လ၂၅ ရက် နံနက် ၄ နာရီဝန်းကျင်တွင် တောင်ကြီးမြို့ကန်သာရပ်ကွက်၌ အာ ဏာသိမ်းမှု ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်ကို ပြုလုပ်ပြီး လူစုမခွဲဘဲ ဆက်လက်ဆန္ဒပြခဲ့ရာ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်တပ်နှင့်ရဲက စတင်အကြမ်းဖက် ပစ်ခတ်လာခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့နေ ပြည်သူတဦးက ပြောသည်။

“အရုဏ်ဦး သပိတ် လုပ်ကြတယ်။ နောက်ပိုင်းကျတော့လည်း ကလေးတွေက မပြန်ကြဘူး။ အဲဒါ ၁၀ နာရီလောက်က တည်းက တောက်လျှောက် ပစ်နေတာ။ ကံသာရယ်၊ ချမ်းမြထိပ်က ဘဏ်နားမှာလည်း ပစ်တယ်။ အခုလည်း ပစ်နေတာ လေ။ ကျနော်တို့နဲ့က သိပ်မဝေးတော့ အခုလည်း တောက်လျှောက် အိမ်တံခါးပိတ်ပြီး နေနေရတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်တပ်နှင့် ရဲက ပစ်ခတ်မှု ပြုလုပ်နေစဉ်

ထိုသို့ ပစ်ခတ်မှုကြောင့် ခေါင်းကျည်ထိ ၁ ဦး၊ မျက်ရိုးကျည်ထိမှန် ၁ ဦး၊ ရင်ဘတ်ပွင့် ၁ ဦး၊ ရင်ဘတ်ကျည်ထိ စသဖြင့် ထိ မှန်သေဆုံးခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့ခံများက ပြောကြသည်။

တောင်ကြီးမြို့ဒေသခံ အမျိုးသမီးတဦးကမူ စစ်တပ်နှင့်ရဲ၏ ပစ်ခတ်သတ်ဖြတ်သည့် လုပ်ရပ်ကို ဆန့်ကျင် ရှုတ်ချကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီလိုလုပ်တာက မဖြစ်သင့်ဘူး။ သူတို့ကိုလည်း ခဲနဲ့ပေါက်တာ မရှိဘူး။ ဆဲတာမရှိဘူး။ ဘာမှ မလုပ်ဘူး။ ငြိမ်းချမ်းစွာ ဆန္ဒ ပြတာကို အဲလောက်အထိ လုပ်စရာမလိုဘူး။ မတရားဘူးလို့ မြင်တယ်” ဟု ဆိုသည်။

ယနေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏ၊သင်္ဃန်းကျွန်း၊ စစ်ကိုင်းတိုင်း ခင်ဦးမြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့၊ ကချင်ပြည်နယ် မိုးညှင်းမြို့တို့တွင်လည်း စစ်တပ်နှင့် ရဲက ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းသည်။

You may also like these stories:

စစ်တပ် ဗျူဟာကုန်းကို KIA သိမ်း

စစ်ကောင်စီရဲ့ လက်နက်ကိုင်များ ကလေးသူငယ်တွေကို ပစ်မှတ်ထားလာသလား

Did you find apk for android? You can find new Free Android Games and apps.
Loading