• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရသေ့တောင်တွင် စစ်ရှောင်များအတွက် လူနေအိမ်များ လိုအပ်နေ

by ဧရာဝတီ
19 April 2021
in သတင်း
A A
ရသေ့တောင်ရှိ စစ်ရှောင်စခန်းတခု / Khin Saw Wai’s Facebook

ရသေ့တောင်ရှိ စစ်ရှောင်စခန်းတခု / Khin Saw Wai’s Facebook

12.8k
VIEWS
Share on FacebookShare on Twitter

မကြာမီ ကျရောက်လာတော့မည့် မိုးဦးရာသီတွင် ပြိုကျလုလု ဖြစ်နေသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က စစ် ရှောင်စခန်းများအတွက် လူနေအိမ်များ(အဆောင်များ) အချိန်မီ ပြန်လည် တည်ဆောက်ပေးရန် လိုအပ်နေကြောင်း စစ်ရှောင်ပြည်သူ များက ပြောသည်။

ရသေ့တောင်မြို့နယ်တွင် စစ်ရှောင်စခန်းပေါင်း ၂၀ ကျော် တည်ရှိပြီး အိမ်ထောင်စု ၂၃၀၀ ကျော်၊ လူဦးရေ ၈၀၀ဝ ခန့် နေ ထိုင်လျက်ရှိသော ပြီးခဲ့သည့်နှစ်က ဆောင်လုပ်ထားသည့် အဆောင်များမှာလည်း ပြိုကျလုနီးပါး ဖြစ်နေကြောင်း စစ်ရှောင် အရေး အကူအညီပေးနေသူ မယူကမ်းဒေသ ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးမောင်စောဝင်းက ပြောသည်။

ဦးမောင်စောဝင်းက“ပြီးခဲ့တဲ့နှစ်ကာ မိုးတွင်းမှာပဲ ဆောင်ထားတဲ့ အဆောင်တွေက အချိန်လည်း မမီဘူး။ ဝါးတိုင်တွေက လည်း အောက်ခြေပြတ်နေပြီး မိုးထားတဲ့ ဓနိတွေကလည်း ပိုးကျနေတယ်။ ရသေ့တောင်မြို့ နယ်အတွင်းက စစ်ရှောင်စခန်း အားလုံးနီးပါးကတော့ ဒီနှစ်မိုးရာသီဆို လေပြင်းစတိုက်တာနဲ့ ပြိုလှဲမယ့် အနေအထား ဖြစ်နေတယ်”ဟု ပြောသည်။

လက်ရှိအခြေအနေအရ အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်များနှင့် ရက္ခိုင့်စစ်တပ် (AA)တို့ကြား တိုက်ပွဲများ ရပ်စဲ ထားသော်လည်း အချိန်မရွေးတိုက်ပွဲ ပြန်လည်ဖြစ်ပွားနိုင်သည့် အခြေအနေရှိသဖြင့် မိမိနေရပ်သို့ မပြန်ရဲသေးကြောင်း ရ သေ့တောင်မြို့နယ် စေတီတောင် စစ်ရှောင်စခန်းတွင် ခိုလှုံနေသူ မမိုးသန်းက ပြောသည်။

၎င်းက“ကျမတို့ လိုအပ်ချက်တွေကတော့ အကုန်ပါပဲ၊ ရိက္ခာတွေလည်း လုံလုံလောက်လောက်ရတာ မဟုတ်ဘူး။ အရေး အကြီးဆုံးကတော့ မိုးကျတော့မယ်။ အဆောင်တွေက အကုန်နီးပါး ဝါးတွေ ပိုးကျပြီး ပြိုလှဲမယ့် အနေအထား ဖြစ်နေတယ်။ တိုက်ပွဲကလည်း ဘယ်နေ့၊ ဘယ်ရက် ပြန်ဖြစ်မလဲဆိုတာ စိုးရိမ်ပြီးတော့ ကျမတို့ ရွာကိုလည်း မပြန်ရဲသေးဘူး”ဟု ပြော သည်။

ပြန်တည်ဆောင်ရန် လိုအပ်နေသည့် ရသေ့တောင်မြို့နယ်အတွင်းက စစ်ရှောင်စခန်းများမှာ စေတီပြင် စခန်း၊ ဂူတောင် စ ခန်း၊ မေယုရင်သွေး စခန်း၊ စေတီတောင် (အရှေ့ )စခန်း၊ စေတီတောင် (အနောက်)စခန်း ၊ ရွှေကျင်ကျောင်းတိုက် စခန်း ၊ သာသနာ့ ဗိမာန်အတွင်းရှိ စစ်ရှောင်စခန်း စသည်ဖြင့် စစ်ရှောင်စခန်းပေါင်း ၂၀ ကျော်ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ်ကုန်ပိုင်း အတွင်းက စစ်တပ်နှင့် AA တပ်ဖွဲ့တို့ စစ်ရေး ပဋိပက္ခများကြောင့် ဒေသခံ ကျေးရွာသား ၂ သိန်း ကျော် စစ်ဘေးရှောင် ဘဝသို့ ရောက်ခဲ့ကြရပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာအတွင်းက စတင်က တိုက်ပွဲများ ရပ်တန့်ခဲ့သည့်အတွက် စစ် ရှောင် တချို့နေရပ်ပြန်ကြသော်လည်း အများစုမှာ ဒုက္ခသည် အဖြစ်ဖြင့် ရှိနေကြသေးသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
45
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
55

တိုက်ပွဲများ ရပ်တန့်နေသည့်အတွက် နယ်မြေအေးချမ်းတည်ငြိမ်သွားပြီဟုဆိုကာ ပြည်နယ် စစ်ကောင်စီက မူလနေထိုင် ရာသို့ ပြန်လည် ဝင်ရောက်နေထိုင်ကြရန် တိုက်တွန်းကာ စာရင်းကောက်ယူမှုများ ရှိနေသော်လည်း စစ်ရှောင်ပြည်သူများ က ကျေးရွာအနီး တပ်စခန်းများ ရှိနေခြင်း၊ မိုင်းအန္တရာယ်များ ရှိနေသည့်အတွက် မူလနေရပ်သို့ မပြန်ရဲကြပေ။

ရသေ့တောင်မြို့ပေါ် စေတီတောင်စစ်ရှောင်စခန်းတွင် ဝင်ရောက်ခိုလှုံနေသူ မမိုးသန်းက“ကျမတို့ ဘာလို့ မပြန်ရဲတာလဲ ဆို ရင် တိုက်ပွဲပြန်ဖြစ်မှာကို ကြောက်တယ်။ ကျမတို့ ကျောက်တန်းရွာအနီးအနားက ထီးစွဲ၊ ဆောက်ခတ် အဲဒီရွာတွေမှာ စစ် သားတွေက အခုထိ ရှိနေတုန်းပဲ။ သူတို့ (စစ်တပ်) ရှိနေရင် အေးချမ်းနေပြီလို့ ပြောလို့ မရသေးဘူး”ဟု ဧရာဝတီသို့ ပြော သည်။

ရက္ခိုင့်စစ်တပ် (AA) စစ်ဦးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ယခုလ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက် AA ၏ ၁၂ ကြိမ် မြောက် အခမ်းအနားတွင် ရခိုင်ပြည်နယ်အတွင်း နှစ်ဘက် အပစ်အခတ် ယာယီ ရပ်စဲထားသော်လည်း ခိုင်မာသည့် သ ဘောတူညီချက် တစုံတရာ ရရှိထားခြင်း မရှိသေးသည့်အတွက် စစ်ရေးသတိ လုံးဝ မပေါ့ကြရန် အောက်ခြေတပ်မှူး၊ တပ် သားများသို့ မှာကြားထားသည်။

You may also like these stories:

မြင်းခြံ ပစ်ခတ်မှု သေဆုံးသူ၏ အလောင်း ကောက်၍ မရသေး

စစ်ကိုင်းတိုင်း၊ ကနီနှင့် မင်းကင်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

မြင်းခြံအခြေအနေ ပြင်းထန် စစ်ကောင်စီတပ်မှ  ၆ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရ

Your Thoughts …
Tags: စစ်ရှောင်စခန်းရခိုင်ပြည်နယ်ရသေ့တောင်လူနေအိမ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.2k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
18k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
15k

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်သည် လက်ရှိ ရခိုင်ပြည်တွင် အရှုံးကြီးရှုံးနေ၏။

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

by အေးချမ်းဆု
2 April 2024
14.6k

ရခိုင်စစ်မျက်နှာတွင် စစ်ပွဲရပ်တန့်အောင် ကြိုးစားနေမှုများ ရှိနေသော်လည်း ရက္ခိုင့်တပ်တော်၏ တတိယအဆင့်ထိုးစစ် စတင်နေပြီဖြစ်၏။

Next Post
စစ်ရေးတင်းမာမှုများကြောင့် စစ်ရှောင်လာကြသည့် မိုးမောက် ဒေသခံများ / Banana Platform

စစ်ရေးမတည်ငြိမ်သဖြင့် မိုးမောက်ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးနေရ

ဖယ်ရှားခိုင်းသည့် ပဲခူး ဆင်ဖြူကွင်းသုဿာန်မှ အုတ်ဂူများ ဓာတ်ပုံ - CJ

ပဲခူးပစ်ခတ်မှု၌ သေဆုံးသူတို့၏ အုတ်ဂူများဖယ်ရှားရန် ဖိအားပေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved