• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တမူး၌ ရပ်ကွက်ကင်းစောင့်လူငယ်ကို ဓားနှင့်မွှန်း၊ အရိုးကျိုး သည်အထိ ရိုက်နှက်

by ဧရာဝတီ
23 April 2021
in သတင်း
A A
တမူးမြို့တွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသပိတ်ခံတပ်တနေရာ / khampat Times

တမူးမြို့တွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသပိတ်ခံတပ်တနေရာ / khampat Times

39.7k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယ- မြန်မာ နယ်စပ်မြို့ဖြစ်သည့် တမူးမြို့တွင် ရပ်ကွက် လုံခြုံရေးအတွက် ညဘက်ကင်းစောင့်ပေးသူ အပါအဝင် လူငယ် ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်၍ ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ရာ တဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း ဒေသခံများထံက သိရသည်။

စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေသည့် လူငယ်မှာ တမူးမြို့တွင် ရပ်ကွက်လုံခြုံရေး ပြုလုပ်နေသူ ဖြစ်ပြီး ၎င်းအား စစ်ကောင်စီ က နောက်ယောက်ခံလိုက်ကာ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ပြီးသည့်နောက် ဝေါ်ကီတော်ကီ ၄ လုံးအား တွေ့ရှိရသဖြင့် လက်အရိုးကျိုးပြီး ထွက်လာသည်အထိ ရိုက်နှက်နှိပ်စက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆို သည်။

တမူးဒေသခံ ၁ ဦးက “မနေ့က ၃ ယောက် ပါသွားတယ်။ ၁ ယောက်ကတော့ အခြေအနေ တော်တော်ဆိုးတယ်။ ရိုက်ထား တာ အရိုးတွေပါ ထွက်တဲ့အထိ ရိုက်တယ်။ နှိပ်စက်တာကို ပြည်သူတွေက မကြည့်ရက်လို့ မလုပ်ကြပါနဲ့ ဆိုတာကို ချောင်း ထဲခေါ်ပြီး ခန္ဓာကိုယ်ကို ဓားနဲ့လည်း မွှန်းသေးတယ်။ ရဲစခန်းကို မခေါ်သွားခင်မှာ လုပ်တာ” ဟု ပြောသည်။

ထိုကဲ့သို့ ပြင်းထန်ဒဏ်ရာဖြင့် ဖမ်းဆီးခံရသည့် လူငယ်ကို ဆေးကုသခွင့်လည်း မပေးသည့်အပြင် မိသားစုနှင့်ပါ တွေ့ခွင့် မရသေးကြောင်း သိရသည်။

ဧပြီလ ၂၂ ရက်က ဖမ်းဆီးခံရသည့် ၃ ဦး အပါအဝင် တမူးမြို့တွင် ဖမ်းဆီးခံရသည့် လူငယ်၂၀ ကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက ဖမ်းခံရတဲ့လူတွေလည်း ၁ ယောက်မှ မလွတ်သေးဘူး။ ထမင်းချိုင့် ပို့တာ၊ ရေပို့တာလည်း လက်မခံတော့ ဘူး။ အိန္ဒိယဆင်းမ်ကဒ်ကို ဖုန်းထဲမှာ တွေ့ရင်လည်း ဖမ်းတာပဲ။ မြို့ထဲကို မီးသွေး သွားပို့တဲ့ ကလေးကိုလည်း ဖမ်းသွား တာ ရှိတယ်။ အများစုက လူငယ်တွေ” ဟု ဒေသခံ ၁ ဦးက ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
802
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

တမူးမြို့ သပိတ်စခန်းတွေကို ဖြိုခွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေကို ဒေသခံတွေက ပြန်လည်တိုက်ခိုက်ရာ မှာ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တဲ့အတွက် သင်္ကြန်အကြိုနေ့မှာပဲ အင်အားသုံးကာ တမူးဒေသခံတွေကို တိုက်ခိုက်ခဲ့သဖြင့် ပြည်သူများ သေဆုံးမှု ရှိသလို ဖမ်းဆီးခံရမှုများလည်း ရှိကာ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိခဲ့သည်။

ဖောဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂၂ ရက်အထိ စစ်ကောင်စီ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇၃၉ ဦး ရှိပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၃,၃၇၀ ဦး ရှိကာ ဖမ်းဝရမ်း ထုတ်ခံရ၍ တိမ်းရှောင်နေသူ ၁,၀၉၉ ဦး ရှိပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားသည်။

You may also like these stories:

စစ်အာဏာသိမ်းခြင်းကြောင့် အရပ်သား ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

ယင်းမာပင်တွင် တူမီးသေနတ် တွေ့သည်နှင့် ဒေသခံများ အဖမ်းခံနေရ

အဖမ်းခံရသည့် အမျိုးသမီးငယ်တချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရ

Your Thoughts …
Tags: စစ်ကောင်စီတပ်ဖွဲ့ညှဉ်းပန်းနှိပ်စက်တမူး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကျားဖြန့်တို့ နှိပ်စက်မှု နေ့စဉ်ခံရဟု ကျောက်ခက်မှ လွတ်လာသူများပြော

ကျားဖြန့်တို့ နှိပ်စက်မှု နေ့စဉ်ခံရဟု ကျောက်ခက်မှ လွတ်လာသူများပြော

by ဧရာဝတီ
7 March 2025
2.1k

လုပ်ငန်းခွင်အတွင်း နှိပ်စက်မှုများကို လူဦးရေ ၅၀ နှင့်အထက်ရှိသည့် အလုပ်ခွင်နေရာများ၌ ကြီးကြပ်သူ တဦးအပါအဝင် တရုတ်နိုင်ငံသား ၆ ဦးဝန်းကျင်က လုပ်ဆောင်ကြခြင်းဖြစ်ပြီး နှိပ်စက်ရာတွင် ကြိုးတုပ်၍ နှိပ်စက်ကြခြင်း ဖြစ်ကြောင်း

ညှဉ်းပန်းနှိပ်စက်သည့် ကျားဖြန့်ဂိုဏ်းသား တရုတ်များ တရားခံအဖြစ် လွှဲမည်

ညှဉ်းပန်းနှိပ်စက်သည့် ကျားဖြန့်ဂိုဏ်းသား တရုတ်များ တရားခံအဖြစ် လွှဲမည်

by စောလွင်
19 February 2025
2k

ကျားဖြန့်ဂိုဏ်းများသည် ၎င်းတို့ ခိုင်းစေသည့် အလုပ်များ မပြီးမြောက်ပါက လျှပ်စစ်ကျင်စက်ဖြင့်တို့ခြင်း စတီးဒုတ်ဖြင့် ရိုက်ခြင်း စသည့် နှိပ်စက်မှုမျိုးစုံပြုလုပ်ကြောင်း လွတ်မြောက်လာသူတချို့၏ ပြောဆိုချက်အရ သိရသည်။

တိုက်ပွဲ ကြောင့် လမ်းများပိတ်သဖြင့် တမူး၌ ကုန်ဈေးနှုန်း အဆမတန်တက်

တိုက်ပွဲ ကြောင့် လမ်းများပိတ်သဖြင့် တမူး၌ ကုန်ဈေးနှုန်း အဆမတန်တက်

by ဧရာဝတီ
21 August 2023
1.1k

တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အချိန်ကစ၍ တမူး- ကလေး ကားလမ်းမကြီးအား နှစ်ဖက် လက် နက်ကိုင်တပ်ဖွဲ့များက အကန့်အသတ်မရှိ ပိတ်ထားခဲ့သဖြင့် လက်ရှိအခြေအနေတွင် တမူးမြို့နယ်၌ အခြေခံ စားသောက် ကုန် ဈေးများအဆမတန် မြင့်တက်မှုဖြစ်ပေါ်နေခြင်း

ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

by ဧရာဝတီ
20 September 2023
538

ကားလမ်းတလျှောက်တွင် စစ်ကောင်စီ စစ်ဆေးဂိတ် ၄ ခု အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက် ကလည်း လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး စစ်ဆေးဂိတ်များထားရှိသောကြောင့် ကားလမ်းမတလျှောက် စုစုပေါင်း စစ်ဆေးရေးဂိတ် ၁၀ ခု နီးပါးရှိကြောင်း

ကုန်းဘောင်ခေတ် မြန်မာမြင်းတပ်မှ ကသည်းစစ်သည်တဦး

ကသည်းလူမျိုးတိုင်း သူပုန်မဟုတ်ပါ

by ထက်နိုင်ဇော် နှင့် ဆလိုင်းသန့်စင်
10 June 2020
12.8k

ကသည်းနှင့် မြန်မာ ဆက်နွယ်မှုမှာ ယခုမှ မဟုတ်ပါ၊ ရှေးကပင် ပဏ္ဏာဆက်နိုင်ငံဖြစ်ခဲ့ပြီး ကသည်းစော်ဘွား များနှင့် မြန်မာမင်းများအကြား သမီး ကညာဆက်သည့် အလေ့အထရှိသည်။

ကသည်းသူပုန်အဖွဲ့ တဖွဲ့ဖြစ်သည့် Kanglei Yawol Kanna Lup – KYKL ကို ၂၀၁၈ခုနှစ်က တွေ့ရစဉ် / e-pao

စစ်အာဏာရှင်တော်လှန်ရေးမှာ ကသည်းလက်နက်ကိုင်တွေက ဆူးငြောင့်ခလုတ် ဖြစ်လာနေပြီလား

by ဧရာဝတီ
24 September 2021
46.5k

စစ်တပ်အနေနဲ့ ဒေသတွင်း ဆန့်ကျင်ဆန္ဒပြ ခုခံသူတွေကို နှိမ်နင်းဖို့ ကသည်းလက်နက်ကိုင်တွေကို ပြန် လည်ကာ ဖိအားပေး အသုံးချလာနေတာဖြစ်ပြီး အရပ်သား အစိုးရလက်ထက် အနေအစား မချောင်ခဲ့တဲ့ ကသည်းသူပုန် အချို့ဟာလည်း စစ်တပ်နဲ့ပေါင်းပြီး ပြန်လည်ထောင်လွှားလာခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက...

Next Post
အဆိုတော် သာဒီးလူ / Thar Deelu's Facebook

“မလိုအပ်တဲ့ သတင်းတွေကို မဖွကြပါနဲ့”လို့ သာဒီးလူ ဆို

နေပြည်တော် NLD ပါတီ ဥက္ကဌ ဦးမင်းသူ / ဧရာဝတီ

NLD ပါတီ နေပြည်တော် ဥက္ကဌ ဦးမင်းသူကို ယနေ့ ရုံးချိန်းတွင် ရှေ့နေ ပါဝါတင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved