• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျားဖြန့်တို့ နှိပ်စက်မှု နေ့စဉ်ခံရဟု ကျောက်ခက်မှ လွတ်လာသူများပြော

by ဧရာဝတီ
7 March 2025
in သတင်း
A A
ကျားဖြန့်တို့ နှိပ်စက်မှု နေ့စဉ်ခံရဟု ကျောက်ခက်မှ လွတ်လာသူများပြော

ကျောက်ခက်ရှိ ကျားဖြန့်ဂိုဏ်းများမှ DKBA ခေါ်ထုတ်လာသူတချို့အား မတ်လ ၅ ရက်က တွေ့ရစဉ်/ ဧရာဝတီ

2.1k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ထိန်းချုပ်ရာ ကျောက်ခက်ဒေသရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတို့၏ လက်မှလွတ်လာသည့် နိုင်ငံခြားသားများက ၎င်းတိုမှာ နေ့စဉ် နှိပ်စက် ညှဉ်းပန်းမှုအမျိုးမျိုးကို ခံခဲ့ရကြောင်းဆိုသည်။

ကျောက်ခက်ဒေသသို့ ရောက်လာသော နိုင်ငံခြားသားများတွင် လူကုန်ကူးခံရသူများပါဝင်သလို နီးစပ်ရာအသိ၊ မိတ်ဆွေ တို့၏ ခေါ်ယူကြောင့် ရောက်လာကြသူများလည်း ပါဝင်ကြောင်း၊ လူကုန်ကူးရောင်းစားခံရသူများမှာ ထိုင်းနိုင်ငံတွင် လုပ်ခ လစာ ဒေါ်လာထောင်ချီရမည်ဆိုသော အလုပ်ကြော်ငြာစာမှတဆင့် အေးဂျင့်များ၏ အဆင့်ဆင့်ခေါ်ယူ၊ ချိတ်ဆက် ပို့ဆောင်မှုများကြောင့် ထိုင်းနယ်စပ်ဘက်သို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း ကာယကံရှင်တချို့နှင့် DKBA တာဝန်ရှိ သူတို့က ပြောဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
59
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
66

WatsApp လူမှုကွန်ရက်၌တင်ထားသော လစာကောင်းရမည်ဆိုသော အလုပ်ခေါ်စာတခုအား သွားရောက် စုံစမ်းခဲ့ရာမှ ထိုင်းနိုင်ငံသို့ အလည်ဗီဇာဖြင့်ရောက်ရှိလာရပြီး ထိုင်း- မြန်မာနယ်စပ် ကျောက်ခက်ဒေသသို့ အလုပ်သမားအေးဂျင့်များ၏ အဆင့်ဆင့် ပို့ဆောင်ခြင်းခံရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးက ဧရာဝတီကို ပြောသည်။

၎င်းသည် ကျောက်ခက်သို့ ရောက်ရှိနေသည်မှာ ၇ လခန့်ရှိနေပြီး အလုပ်တွင်း၌ လုပ်ခလစာမရရှိသလို နေ့စဉ် နှိပ်စက် ခံရကြောင်း ပြောသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားက “၁ ရက်ကို အနည်းဆုံး နာရီ ၂၀ ထိ အလုပ် လုပ်ကြရတယ်။ အလုပ် မအောင်မြင်တဲ့ အခါ နှိပ်စက်ခံရပါတယ်။ လျှပ်စစ်ကျင်စက်နဲ့တို့ ခံရတာက အများဆုံးပဲ။ စတီးတုတ်တို့ ကုလားထိုင်တို့နဲ့ ရိုက်ခံရတာလည်း ရှိတယ်” ဟု ဒဏ်ရာများကို ပြသကာ ပြောဆိုသည်။

ထို့အတူ ကျောက်ခက်ဒေသသို့ လူကုန်ကူးရောင်းစားခံလိုက်ရသော အီသီယိုပီးယား နိုင်ငံသားတဦးကလည်း လျှပ်စစ်ကျင် စက်ဖြင့်တို့ပြီး နှိပ်စက်ခံထားရသည့် ဗီဒီယိုမှတ်တမ်းကို ပြသကာ နေ့စဉ်နီးပါး နှိပ်စက်ခံရကြောင်းနှင့် ထိုသို့ နှိပ်စက်မှုများ ကြောင့် ရင်ဘတ်၌ ဒဏ်ရာအမာရွတ်များ စွဲထင်နေကြောင်း ပြောသည်။

ယင်းသို့ နေ့စဉ် အမျိုးအမျိုးနှိပ်စက်ခံနေရမှုများကြောင့် သူငယ်ချင်းဖြစ်သူမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံသားတဦးကလည်း ဆိုသည်။

ကျောက်ခက်ရှိ ကျားဖြန့်ဂိုဏ်းများ၏ နှိပ်စက်မှုကို ခံရသူများ

လုပ်ငန်းခွင်အတွင်း နှိပ်စက်မှုများကို လူဦးရေ ၅၀ နှင့်အထက်ရှိသည့် အလုပ်ခွင်နေရာများ၌ ကြီးကြပ်သူတဦးအပါအဝင် တရုတ်နိုင်ငံသား ၆ ဦးဝန်းကျင်က လုပ်ဆောင်ကြခြင်းဖြစ်ပြီး နှိပ်စက်ရာတွင် ကြိုးတုပ်၍ နှိပ်စက်ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံခြားသားများ နှိပ်စက်ခံရသောဖြစ်စဉ်တို့ကိုသိရှိရပြီး ကျုးလွန်သည့် တရုတ်လုပ်ငန်းရှင်များအား ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်က ပြောသည်။

၎င်းက “မလေးရှားကတယောက် လက်မောင်းက ဒဏ်ရာဘာဖြစ်တာလဲလို့ ကျနော် မေးတယ်ပေါ့။ ကျင်စက်နဲ့ တို့ခံထိ တယ်လို့ ပြောတယ်။ ဘာလုပ်မိလဲ ဘာပြောမိလို့လဲဆိုတော့ သူတို့ရှာခိုင်းတဲ့ ပိုက်ဆံမရလို့ သူတို့ အဲဒီလို လုပ်တယ်တဲ့။ ဒီလိုညှဉ်းဆဲတဲ့သူတွေကို ပထမတခါ သတိပေးပြီးပြီ။ ဒုတိယတခါ ဒီလိုပဲ ထပ်လုပ်မယ်ဆိုလို့ရှိရင် မင်းတို့ကိုလည်း ငါတို့ မညှာတာတော့ဘူးလို့ သတိပေးထားတယ်” ဟု ပြောသည်။

ညှဉ်းပန်းနှိပ်စက်ခိုင်းစေသော တရုတ်လုပ်ငန်းရှင်များနှင့် ကြီးကြပ်သူများကို လက်ရှိတွင် ဖမ်းဆီး ထိန်းသိမ်းထားခြင်း မရှိသေးသော်လည်း ထပ်မံကျူးလွန်ပါက သက်ဆိုင်ရာနိုင်ငံများကို ဖမ်းဆီးအပ်နှံသွားမည်ဟု သတိပေးထားကြောင်း ဗိုလ်ချုပ် စောဆန်းအောင်က ဆိုသည်။

ကျောက်ခက်ရှိ ကျားဖြန့်ဂိုဏ်းများ၏ နှိပ်စက်မှုကို ခံရသူများ

လက်ရှိ နိုင်ငံခြားသားများအား ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က ပြန်လည်ခေါ်ထုတ်ကာ နေရပ်ပြန်ပို့ရန် စီစဉ်မှုများပြုလုပ်နေကြောင်း သိရသည်။

ကျောက်ခက်ဒေသရှိ ကျားဖြန့်လုပ်ငန်းခွင်များမှ ခေါ်ထုတ်လာသော နိုင်ငံပေါင်း ၂၂ နိုင်ငံမှ နိုင်ငံခြားသား ၄၄၃ ဦးကို နေရပ် အသီးသီးသို့ ပြန်ပို့နိုင်ရန် လုပ်ဆောင်နေရာ အချိန်နှစ်ပတ်ကျော်ကြာသည်အထိ တဖက်မှလက်ခံရန် ကြန့်ကြာမှုများကြောင့် ပြန်မပို့နိုင်သေးဘဲ လက်ရှိ ၎င်းတို့အား ထိန်းသိမ်းထားရသည်မှာအခက်အခဲများစွာရှိကြောင်းနှင့် နောက်ထပ် နိုင်ငံခြားသား ၁ ထောင်ကျော်ကို ဆက်လက်ခေါ်ထုတ်မည့်အစီအစဉ်အား ရပ်ဆိုင်းထားရကြောင်း DKBA တာဝန်ရှိသူများက ပြောသည်။

ကျောက်ခက်ဒေသရှိ ကျားဖြန့်ဂိုဏ်းများမှ လူကုန်ကူးရောင်းစားခံရသူများနှင့် နေရပ်သို့ပြန်လိုသူ နိုင်ငံခြားသား ၂၆၁ ဦးကို ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၂ ရက်၌ DKBA က ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သေးသည်။ သို့သော်လည်း လွှဲပြောင်း ခံထား ရသည့် နိုင်ငံခြားသားတချို့မှာ ၎င်းတို့၏နိုင်ငံများမှ မခေါ်သေးသောကြောင့် လက်ရှိအချိန်ထိ ထိုင်းနိုင်ငံ၌ သောင်တင် နေကြောင်း သိရသည်။

ထို့ကြောင့် DKBA ထိန်းသိမ်းထားသည့် နိုင်ငံခြားသား ၄၄၃ ဦးကိုလည်း ထိုင်းနိုင်ငံက ထပ်မံလက်မခံတော့သလို သက်ဆိုင် ရာနိုင်ငံများမှ မခေါ်ယူသေးသောကြောင့် နေရာအခက်အခဲများရှိနေကြောင်း DKBA တာဝန်ရှိသူများက ပြောဆိုသည်။

ထို့အတူ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများမှ ထိန်းသိမ်းထား သော နိုင်ငံခြားသားများအနက် တရုတ်နိုင်ငံသား ၁၄၃၉ ဦးအား ယနေ့တွင် မဲဆောက်ဘက်သို့ လွှဲပြောင်းပေးမည် ဖြစ် ကြောင်း BGF ပြောခွင့်ရ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆိုသည်။

You may also like these stories:

မြဝတီ ကျားဖြန့်မှ တရုတ်နိုင်ငံသား ၁၄၀၀ ကျော် BGF ထပ်လွှဲမည်

နိုင်ငံခြားသား ၈၇၀၀ ကျော်ပြန်ပို့ရေး ကြန့်ကြာနေ၍ BGF အခက်ကြုံ

BGF ရတက်ပွေမယ့် ကျားဖြန့်ဖမ်းပွဲ

Your Thoughts …
Tags: DKBAကျားဖြန့်ကျောက်ခက်ညှဉ်းပန်းနှိပ်စက်မြဝတီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.9k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.3k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.2k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
20k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

Next Post
“ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ” အပိုင်း-၂ (ရုပ်/သံ)

“ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ” အပိုင်း-၂ (ရုပ်/သံ)

ပူတင်ပါလျှင် သေရွာအထိ လိုက်မည့် မင်းအောင်လှိုင်

ပူတင်ပါလျှင် သေရွာအထိ လိုက်မည့် မင်းအောင်လှိုင်

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved