• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံခြားသား ၈၇၀၀ ကျော်ပြန်ပို့ရေး ကြန့်ကြာနေ၍ BGF အခက်ကြုံ

by ဧရာဝတီ
26 February 2025
in သတင်း
A A
နိုင်ငံခြားသား ၈၇၀၀ ကျော်ပြန်ပို့ရေး ကြန့်ကြာနေ၍ BGF အခက်ကြုံ

ဖေဖေါ်ဝါရီ ၂၄ရက်က KK Park ရှိ ကျားဖြန့်ဂိုဏ်းများမှခေါ်ထုတ်လာသည့် နိုင်ငံခြားသားများအား BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ သွားရောက်တွေ့ဆုံစဉ် (Kittisak Bunchan)

3.2k
VIEWS
Share on FacebookShare on Twitter

ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတို့မှ နိုင်ငံခြားသား ၈၇၀၀ ကျော် နေရပ်ပြန်ပို့ရေး ကြန့်ကြာနေသဖြင့် ကရင်နယ်ခြား စောင့်တပ် (BGF) အနေဖြင့် ထိန်းသိမ်းရေး အခက်တွေ့နေကြောင်း သိရသည်။

ထိုအရေအတွက်မှာ BGF ထိန်းချုပ်ရာ မြဝတီ၊ ရွှေကုက္ကိုမြို့သစ်၊ မယ်ထော်သလေးနှင့် အင်ကြင်းမြိုင်ဒေသ KK Park တို့မှ ဖြစ်ပြီး ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်ရာ ဒေသများရှိ ကျားဖြန့် ဂိုဏ်းများမှ နိုင်ငံခြားသားတို့ မပါဝင်သေးပေ။

ယခင် ပြန်ပို့ရန် စီစဉ်ထားသည့် အထောက်အထားအချက်အလက်စိစစ်ပြီး နိုင်ငံခြားသား ၂၀၀၀ကျော်မှာလည်း ယခုအခါ တရုတ် နိုင်ငံသား ၆၂၁ ဦးကိုသာ အမှတ် ၂ ထိုင်း- မြန်မာချစ်ကြည်ရေးတံတားမှ ဖေဖေါ်ဝါရီ ၂၂ရက်က ထိုင်းနိုင်ငံသို့ နောက်ဆုံးလွှဲပြောင်းခဲ့ခြင်း ဖြစ်သည်။

မြဝတီဒေသမှ ခေါ်ထုတ်ထားသည့် နိုင်ငံစုံမှ အိမ်ပြန်မည့်သူများ စာရင်း(Kittisak Bunchan)

BGF မှ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က “ဒီမှာလက်ခံထားဖို့က နေရာအခက် အခဲ တွေရှိတော့ မြဝတီရုံးမှာဆို အဆောက် အဦ အကြီးကြီးတွေ အားချင်းဆောက်ရတယ်။ တလလောက် ဆောက်ရမယ့်ဟာကို ၂ ရက် ၃ ရက် အပြီးဆောက်ရတယ်။ ကျန်းမာရေးအတွက် အိမ်သာ၊ ရေချိုးခန်း အဲဒါတွေ သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်ရတယ်။ ဒီလို လူအများကြီးကို ပြန်မပို့ နိုင်သေးဘဲနဲ့ အများကြီး စုပုံပြီးထားထားရင် ကျန်းမာရေးအရ ကူးစက်ရောဂါတွေဖြစ်မှာ စိုးရိမ်ရတယ်။ အဲဒါတွေ အခက် အခဲရှိတယ်” ဟု ဧရာဝတီကို ပြောသည်။

သို့သော် BGF အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူက ၎င်းတို့အား ၁၀ရက် အတွင်း ပြန်ပို့မည်ဟု ဖေဖေါ်ဝါရီ ၂၄ရက် က KK Park မှ ခေါ်ထုတ်ထားသည့် နိုင်ငံခြားသားများနှင့် တွေ့ဆုံစဉ် ဆိုထားပြန်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

BGF နှင့် နီးစပ်သူတဦး၏ အဆိုအရ နေရပ်ပြန်ပို့ရန် ခေါ်ထုတ်ထိန်းသိမ်းထားသူများအား ကျွေးမွေးစရိတ်မှာ ယခု ၁၀ ရက်အတွင်း ထိုင်းဘတ်ငွေ သိန်း ၁၀၀ ခန့် ကုန်ကျနေပြီး၊ ဆေးလိပ်သောက်သူများ အတွက် စီးကရက်များကို တနေ့လျှင် ပစ်ကပ်ကား ၂စီးစာ ပို့ ပေးရကြောင်း၊ ထမင်းဟင်း မစားလိုသူများအတွက် ကျန်အစားအသောက်များ စီစဉ်ပေးရသည်လည်း ရှိကြောင်းသိရသည်။

ကျားဖြန့် နှိမ်နင်းရေး စီမံချက်မတိုင်မီ ဖေဖော်ဝါရီ ပထမအပတ်ကတည်းက ထိုင်းဘက်သို့ လွှဲပြောင်းရန် စီစဉ်ထားခဲ့သော အင်ဒိုနီးရှားနိုင်ငံသား ၆၉ ဦးကိုပင် ယနေ့တိုင် မလွှဲနိုင်သေးသလို ထပ်မံ စိစစ်ချက်အရ အင်ဒိုနီးရှားနိုင်ငံသားများ တိုးလာ ရာ ပြန်ပို့နိုင်ရေး ပိုမိုကြာမြင့်နိုင်ကြောင်း နိုင်ငံခြားသားများ ပြန်ပို့ရေးလုပ်ငန်းစဉ်တွင် ကူညီပါဝင်လုပ်ဆောင်နေသူ မြဝတီ မြို့ခံတဦးက ဧရာဝတီသို့ပြောသည်။

ဖေဖေါ်ဝါရီ ၂၄ရက်က KK Park ရှိ ကျားဖြန့်ဂိုဏ်းများမှခေါ်ထုတ်လာသည့် နိုင်ငံခြားသားများ(Kittisak Bunchan)

“တရုတ်နိုင်ငံသားတွေကို ပြန်ပို့တာတောင်မှ စိစစ်ပြီး ၅ ရက်လောက်ကြာမှ စ ပို့နိုင်တာ၊ ဒါတောင် တရုတ်နိုင်ငံသားတွေကို အကုန် မလွှဲနိုင်သေးဘူး” ဟု ၎င်းက ပြောသည်။

ထိုင်း- မြန်မာ နယ်စပ်တလျောက်ရှိ ကျားဖြန့်ဂိုဏ်းများနှိမ်နင်းရေး တရုတ်နှင့် ထိုင်းနိုင်ငံတို့က ဖိအားပေးလုပ်ဆောင် လာ ချိန် BGF နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တို့က ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်းရှိ ကျားဖြန့်ဂိုဏ်း များမှ နိုင်ငံခြားများကို အလုပ်ဆိုက်များတွင် စစ်ဆေးခေါ် ယူ ထိန်းသိမ်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ထိန်းသိမ်းထားသူများထဲတွင် ကျန်းမာရေးချို့တဲ့သူများ၊ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်သူများလည်း ပါဝင်နေပြီး တချို့မှာ ထိန်းသိမ်းရေးစခန်းများမှ ပြန်လည်ထွက်ပြေးနေသဖြင့် ၎င်းတို့ အား ကာလရှည်စွာ ထိန်းသိမ်းထားရခြင်းက စိန်ခေါ်မှု တရပ်ဖြစ်နေကြောင်းလည်း ပြန်ပို့ရေး လုပ်ငန်းစဉ်၌ ကူညီနေသူတချို့က ဆိုသည်။

BGF ပြည်သူ့စစ်များ (Kittisak Bunchan)

“သူတို့ထင်တာက သူတို့နိုင်ငံက လာကယ်မယ်လို့ထင်ပြီး လိုက်လာကြတာ။ ခက်တာက သူတို့နိုင်ငံတွေက ခေါ်ဖို့ အဆင်သင့် မဖြစ်တော့ ရက်တွေကြာပြီး ပူလာတော့ ဒီမှာလည်း အကောင်းဆုံး လုပ်ထားပေမယ့် လစ်ရင်လစ်သလို ထွက်ပြေးတာတွေ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းဘက်မှ စိစစ်ပြီးသားနိုင်ငံခြားသားများအား ကြားခံလက်ခံပေးပါက လုပ်ငန်းများ ပိုမိုမြန်ဆန်မည်ဟု BGF နှင့် နီးစပ် သူများက မှတ်ချက်ပြုသည်။

BGF နည်းတူ DKBA ကလည်း ၎င်းတို့ထိန်းချုပ်ရာ ကျောက်ခက်ဒေသ ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသား ၁၀၀၀ ခန့်ကို စစ်ဆေးခေါ်ထုတ်ထားရာ လက်ရှိတွင် ၄၀၀ ကျော်သာ ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးထားနိုင်ပြီး ကျန်ရှိနေသောသူများ အတွက် နေရာထိုင်ခင်းများ၊ အစားအသောက်နှင့် လုံခြုံရေးအတွက်အခက်အခဲများကြုံနေရသည်ဟု DKBA အရင်း အမြစ်က ပြောသည်။

ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန် တရုတ်နှင့်ထိုင်းနိုင်ငံတို့က ဖိအားပေးလျက်ရှိသလို ဖေဖော်ဝါရီ ၅ ရက်မှစ၍ ထိုင်းဘက် မှ မြန်မာနယ်စပ်ဒေသများသို့ ပေးထားသည့် လျှပ်စစ်နှင့်လောင်စာဆီအား ဖြတ်တောက်ထားသည်။

You may also like these stories:

ကျားဖြန့်၊ အောက်ဆိုက်ဝင်ငွေနဲ့ အကျင့်ပျက် စစ်တပ်

BGF ရတက်ပွေမယ့် ကျားဖြန့်ဖမ်းပွဲ

ပြည်ပနိုင်ငံသား လွှဲပြောင်းရေး ကြန့်ကြာနိုင်၊ ကျားဖြန့်ဖော်ထုတ်မှု ဆိုင်းထားရ

Your Thoughts …
Tags: BGFကျားဖြန့်ထိုင်းလွှဲပြောင်းရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.9k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.2k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

စောချစ်သူကို လမ်းပြခဲ့သူ

စောချစ်သူကို လမ်းပြခဲ့သူ

by စောနေတိုး
30 January 2025
16.7k

စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

Next Post
ပြန်ပေးဆွဲခံရတဲ့ ကလေး ၃ ဦး ဘယ်လိုသတ်ဖြတ်ခံခဲ့ရလဲ (ရုပ်/သံ)

ပြန်ပေးဆွဲခံရတဲ့ ကလေး ၃ ဦး ဘယ်လိုသတ်ဖြတ်ခံခဲ့ရလဲ (ရုပ်/သံ)

ကျားဖြန့်နှိမ်နင်းရေး ကြာရှည်ပါက နယ်စပ်ကုန်သွယ်ရေး ထိခိုက်နိုင်

ကျားဖြန့်နှိမ်နင်းရေး ကြာရှည်ပါက နယ်စပ်ကုန်သွယ်ရေး ထိခိုက်နိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved