အာဏာသိမ်းစစ်ကောင်စီက အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်တွင် စဖွင့်မည်ဟု ကြေညာထားမှုနှင့်အတူ မေလ ၂၄ ရက်မှစတင်၍ ကျောင်းအပ်လက်ခံနေပြီ ဖြစ်သော်လည်း ယနေ့ (မေလ ၂၆ ရက်) ၃ ရက်မြောက်နေ့အထိ ကျောင်း အပ်သူ နည်းပါးနေကြောင်း သတင်းရရှိသည်။
စစ်ကောင်စီက အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၄ ရက်မှ ၃၁ ရက်ထိ ကြေညာ ထားခြင်း ဖြစ်သည်။
အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ အဖွဲ့ဝင်တဦးက “အခုအချိန်ထိ အပ်တဲ့ဦးရေ များများစားစားတော့ မရှိဘူး။ တ နေ့ကို ၁၀ ယောက် ဒီနေ့ဆို ပိုတောင်နည်းသွားမယ်။ ၁၀ ရာခိုင်နှုန်းတောင် ရှိမှာမဟုတ်ဘူး။ ကြည့်လိုက်ရင် သိတယ်။ ပထမဆုံး အပ်တဲ့နေ့ကတော့ တကျောင်းကို ၁၀ ယောက်လောက် ရှိမှာပေါ့။ ဒီရက်ပိုင်းဆို အပ်တောင် မအပ်ကြတော့ဘူး” ဟု မှတ်ချက်ပြုသည်။
ထိုကဲ့သို့ ကျောင်းလာမအပ်ကြသည့်အတွက် စစ်ကောင်စီဘက်မှ တချို့ကျေးရွာများတွင် ကျောင်းသားရှိသည့် အိမ်များသို့ လိုက်လံ စာရင်းကောက်ယူပြီး ကျောင်းအပ်ရန် ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း၊ စစ်တပ်က ကျောင်းများ ဖွင့်ချင်နေသည်မှာ ကလေးများကို ပညာသင်ပေးချင်၍ မဟုတ်ဘဲ ၎င်းတို့အတွက် အကာအကွယ် ယူချင်၍သာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “ကျောင်းတွေ ဖွင့်မယ်သာပြောတာ ဒီကျောင်းတွေထဲ တပ်စွဲထားတဲ့ စစ်သားတွေက ရှိနေဆဲပဲ။ တ ကယ်ဆို သူတို့နဲ့ ဘာဆိုင်လို့လဲ ဒီနေရာတွေက။ စာသင်ဖို့အတွက် စစ်တပ်က ကျောင်းဖွင့်ပေးတာ မဟုတ်ဘူး။ လူသားတံ တိုင်း လုပ်ဖို့အတွက် ဖွင့်ပေးတာလို့ပဲ ယူဆတယ်။ စာသင်ဖို့ဖွင့်ထားတဲ့ ကျောင်းမဟုတ်တဲ့အတွက် စာသင်နေရင်တောင် ပ ညာကောင်းကောင်း သင်ပေးနိုင်မယ့်၊ အမှားအမှန် ခွဲခြားပေးနိုင်မယ့် ကျောင်းမဟုတ်တဲ့အတွက် အောင်မြင်မှာ မဟုတ်ဘူး။ စစ်ကောင်စီက လုပ်ချင်တဲ့ ပညာရေးယန္တရားကြီးက ပြိုကျမှာပဲ” ဟု ဆိုသည်။
ကျောင်းသားမိဘများ အနေဖြင့်လည်း ကိုဗစ်တတိယလှိုင်း အန္တရာယ်အပေါ် စိုးရိမ်မှု၊ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှု အပြင် စာသင်ကျောင်းများ၌ ဗုံးပေါက်ကွဲမှုများ၊ မီးလောင်မှုများ ဆက်တိုက် ဖြစ်ပေါ်နေရာ မိမိတို့ သားသမီးများ၏ လုံခြုံ ရေးအတွက် စိုးရိမ်ရသည့် အခြေအနေ ဖြစ်နေသည်။
ကျောင်းသားမိဘတဦးက “သေချာတယ်။ ဒီလိုအချိန်မှာ ကိုယ့်သားသမီးကို ကျောင်းလွှတ်ဖို့ဆိုတာ ဘယ်လိုမှ အစီအစဉ် မရှိဘူး။ တခြားသော မိဘတွေလည်း အများစု ရှိလိမ့်မယ် ထင်ပါတယ်။ အခုဆို ဗုံးတွေပေါက်တယ်။ ကိုယ့်သားသမီး လုံ ခြုံရေး အခြေအနေ ကြည့်ရင်တောင် ဘယ်လိုမှ မလွှတ်နိုင်ဘူး” ဟု ပြောသည်။
ထို့ပြင် စစ်အာဏာရှင်လက်အောက် သင်ကြားရမည့် ပညာရေးစနစ်ကိုလည်း အယုံအကြည်မရှိဟု ၎င်းက ဆိုသည်။
တဖက်တွင် စစ်ကောင်စီက အခြေခံပညာကျောင်းမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်နေသည့် ဆရာ၊ ဆရာမ ၁ သိန်းခွဲ ဝန်းကျင်ကို ရာထူးမှ ရပ်ဆိုင်းခြင်း၊ ၅၀၅(က) ပုဒ်မဖြင့် အမှုဖွင့် ဖမ်းဝရမ်းထုတ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေပြီး ၎င်းတို့နေရာတွင် နေ့စားဆရာ၊ ဆရာမများ ဆွဲခန့် အစားထိုးရန် ကြိုးပမ်းလျက်ရှိသည်။
CDM ဆရာတဦးက “ကျောင်းဆရာ တယောက် ဖြစ်လာဖို့ဆိုတာ အချိန်တွေ အများကြီး သင်ယူခဲ့ရတယ်။ မြန်မာစာ ဘာ သာရပ်ကို ကျွမ်းကျင်ရုံနဲ့ မြန်မာစာဆရာ ဖြစ်လာလို့ မရဘူး။ သင်ကြားနည်းစနစ်၊ ကလေးတွေရဲ့ စိတ်ပညာ၊ စာသင်ခန်း တွင်း စီမံခန့်ခွဲမှု၊ မိဘတွေနဲ့ ပေါင်းသင်းဆက်ဆံရေး၊ ကျောင်းတွင်းအဖွဲ့အစည်းဖွဲ့စည်းမှု ဒါတွေ သိဖို့လိုအပ်တယ်။
အဲဒီလို မသိဘဲနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ ကျွမ်းကျင်ရုံ နောက်ဆုံး ဘာသာရပ်တောင် မကျွမ်းကျင်ဘဲ ခန့်ပြီးသင်မယ်ဆို ပညာက တော့ ကောင်းကောင်းသင်နိုင်မှာ မဟုတ်ဘူး။ ခန့်ပြီး ပြီးရောဖြစ်မှာပဲ” ဟု သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီဘက်မှ CDM ဆရာ၊ ဆရာမများအပေါ် အမျိုးမျိုး ဖိအားပေး ခြိမ်းခြောက်မှုများကြောင့် တချို့ CDM မှ Non CDM ဖြစ်သွားသော်လည်း ပညာရေးဝန်ထမ်းများ၏ CDM လှုပ်ရှားမှုက အားကောင်းနေဆဲ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် မေလ ၅ ရက်တွင် စစ်ကောင်စီက နိုင်ငံတဝှမ်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များဖွင့်ရန် ကြိုးပမ်း ခဲ့မှုသည် အောင်မြင်မှု မရှိသလို လာမည့် ဇွန် ၁ ရက်တွင် အခြေခံပညာကျောင်းများ ပြန်ဖွင့်ရန် စစ်ကောင်စီ၏ အစီအစဉ် သည်လည်း အောင်မြင်မှု ရှိနိုင်မည် မဟုတ်ကြောင်း CDM ဆရာ၊ ဆရာမများက ပြောဆိုသည်။
စစ်ကောင်စီဘက်ကတော့ လုံခြုံရေးပေးပြီး ကျောင်းများ ပြန်ဖွင့်မည်ဟု ကြေညာထားသလို ဆရာ၊ ဆရာမ များရော ကျောင်းသားများပါ ကျောင်းပြန်တက်ရန် ၎င်း၏ ဝါဒဖြန့် မီဒီယာများမှတဆင့် နည်းမျိုးစုံဖြင့် တိုက်တွန်း နှိုးဆော် လျက် ရှိသည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ် ၁၂ သန်းခန့် ၁ နှစ်ကျော် စာကောင်းကောင်း မသင်နိုင်ဘဲ ဖြစ်နေခြင်းသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို ထိခိုက်စေကြောင်းနှင့် စာသင်ကျောင်းများ ဘေးကင်းရေး လုပ်ဆောင်ပေးရန် UNESCO၊ UNICEF နှင့် Save the Children အဖွဲ့ ၃ ဖွဲ့က ပြီးခဲ့သည့် မေ ၂၁ ရက်တွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။
ထို့ပြင် စာသင်ကျောင်းများနှင့် ဆရာ၊ဆရာမများအပေါ် တိုက်ခိုက်နေခြင်းများ၊ ကျောင်းပရိဝုဏ်ထဲ စစ်တပ်ဝင်ရောက် နေ ရာယူခြင်းများမှာ လက်ခံနိုင်စရာ မရှိကြောင်းနှင့် စာသင်ကျောင်းများသည် ကလေးငယ်များ ဘေးအန္တရာယ် ကင်းကင်းဖြင့် ဖွံ့ဖြိုးမှုရှိအောင် သင်ယူလေ့လာနိုင်သည့် နေရာဖြစ်သောကြောင့် ယင်းနေရာများတွင် ပဋိပက္ခများ၊ ဆူပူများ မရှိအောင် အကာကွယ်ပေးရန်လည်း တောင်းဆိုထားသည်။
You may also like these stories:
ရန်ကုန်တိုင်း ပညာရေး အရာရှိ ၇ ဦးကို စစ်ကောင်စီက တာဝန်မှ ရပ်စဲ
ယူနီဖောင်းဝတ်ထားတဲ့အချိန် ရွံရှာတဲ့ အကြည့်တွေကို ကျနော်တို့ မခံနိုင်တော့ဘူး
မြန်မာဒုက္ခသည်များ ပြန်မောင်းမထုတ်ဟု ထိုင်းဝန်ကြီးချုပ် ပြော