• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို

by ဧရာဝတီ
2 June 2021
in သတင်း
A A
၂၀၁၂ ခုနှစ်က ကချင်ပြည်နယ် KIA ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် တပ်သားသစ်များ သင်တန်းပေးနေစဉ် / ဧရာဝတီ

၂၀၁၂ ခုနှစ်က ကချင်ပြည်နယ် KIA ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် တပ်သားသစ်များ သင်တန်းပေးနေစဉ် / ဧရာဝတီ

59.8k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်တွင် စစ်ကောင်စီကို တိုက်ခိုက်ရန် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များ ဖွဲ့စည်းမည်ဆိုပါက ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) ၏ လက်အောက်တွင်သာ ဖွဲ့စည်းလှုပ်ရှားရမည်ဟု KIA က ပြောသည်။

KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “KIO အုပ်ချုပ်နယ်မြေမှာ ဆိုရင်တော့ KIO ရဲ့လက် အောက်ခံပဲ ဖြစ်ရမှာ။ KIO နဲ့ ဆက်စပ်မှု ရှိရမှာ။ မရှိဘဲနဲ့ သူတို့ဘာသာ သူတို့ လှုပ်ရှားတာက အဆင်မပြေလောက်ပါဘူး။ PDF ဖွဲ့မယ်ဆိုရင်တော့ ကျနော်တို့ KIO လက်အောက်မှာပဲ ရှိရပါမယ်။ ဒါက KIO ရဲ့ မူကို ပြောတာပါ” ဟု ဆိုသည်။

ကချင်ပြည်နယ်အတွင်း လက်နက်ကိုင် တပ်ဖွဲ့သစ် တဖွဲ့ထပ်မံ ပေါ်ပေါက်လာပါက အနာဂတ်တွင် စစ်ရေးအရ၊ နိုင်ငံရေး အရ ပြဿနာများ ရှုပ်ထွေးလာနိုင်သဖြင့် PDF များ ဖွဲ့စည်းမည်ဆိုပါကလည်း KIO/KIA လက်အောက်ခံအဖြစ်သာ ဖွဲ့ စည်းရန် KIO ဗဟိုက မူချမှတ်ထားခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
141
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.3k
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
78

ဆက်လက်ပြီး ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့က ကချင်ပြည်နယ်ရဲ့လုံခြုံရေးအတွက် KIO/KIA ကပဲ အဓိက ဖြစ်ပါ တယ်။ အခြား လက်နက်ကိုင်တဲ့ အဖွဲ့တွေ ပိုထွက်လာရင် ကချင်နယ်မြေမှာ ပိုရှုပ်ထွေးသွားမှာကို ကျနော်တို့ စိုးရိမ်လို့ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံ တွင်း စစ်တိုင်း ၅ တိုင်းဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို မေ ၅ ရက်က ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာ ထားသည်။

KIA က ကချင်ပြည်နယ်တွင်း PDF ဖွဲ့မည်ဆိုပါက ၎င်းတို့လက်အောက်တွင်သာ ဖွဲ့စည်းရမည်ဖြစ်ကြောင်း မူချမှတ်ထားသည့် အပေါ်တွင် NUG ၏ သဘောထားအား မေးမြန်းရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

ကာကွယ်ရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကို ဧရာဝတီမှ သီးခြားရယူနိုင်ခြင်း မရှိသေးပါ။

ကချင်ပြည်နယ်တွင်း စစ်သင်တန်းတက်ပြီး နေရပ်သို့ ပြန်လာကာ PDF ဖွဲ့စည်းရန် စောင့်ဆိုင်းနေသည့် လူငယ်များလည်း ရှိနေသည်။

သို့သော် ယနေ့ထိ ကချင်ပြည်နယ်တွင်း PDF အဖြစ် တရားဝင် ဖွဲ့စည်းခြင်း မရှိသေးပါ။

ကချင်ပြည်နယ်တွင်း စစ်သင်တန်း တက်ထားသည့် လူငယ်တဦးက “ကျနော်တို့ထဲမှာ PDF ဖွဲ့စည်းရင် အဆင်သင့်ဖြစ်ဖို့ အတွက် သင်တန်းတက်ပြီး စောင့်ဆိုင်းနေတာတော့ ရှိတယ်။ ဒါပေမယ့် အခုထိ တရားဝင်ဖွဲ့ဖို့တွေ ဘာမှ အချိတ်အဆက် မရှိ ကြသေးဘူး။ ကျန်တာကတော့ လုံခြုံရေးအရ အများကြီး မပြောချင်ပါဘူး။ တကယ်လို့ လုပ်မယ်ဆိုလည်း ကျနော်တို့က ဖောက်ခွဲရေးလောက်ပဲ လှုပ်ရှားနိုင်မှာ။ သူတိုက် ကိုယ်တိုက် တိုက်ဖို့ကတော့ လက်နက်တွေ လိုတယ်” ဟု ပြောသည်။

ကာကွယ်ရေး ဝန်ကြီးဌာန၏ ကြေညာပြီးနောက်တွင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် PDF တပ်ဖွဲ့များ ပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားလျက် ရှိသည်။

နိုင်ငံတဝှမ်းရှိ ဒေသအသီးသီးမှ လူငယ်များသည် အာဏာသိမ်းစစ်တပ်ကို ပြန်တိုက်ခိုက်ရန် ရည်ရွယ်ကာ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေ အသီးသီးသို့ ဝင်ရောက် ခိုလှုံကာ စစ်သင်တန်းများ တက်ကြပြီး နေရပ်ရင်းသို့ ပြန်ဝင်လာကာ PDF အဖြစ် စုဖွဲ့မှုများ ပြုလုပ်လျက် ရှိသည်။

နယ်စပ်ဒေသအသီးသီးတွင် အခြေစိုက် လှုပ်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည်လည်း ၎င်းတို့ထံ ခိုလှုံ လာသည့် လူငယ်များကို စစ်သင်တန်းပေးခြင်းများ ပြုလုပ်လျက်ရှိသည်။

ကချင်ပြည်နယ်တွင်း၌လည်း KIA ထံတွင် စစ်သင်တန်း တက်ခြင်းများ ရှိသော်လည်း KIA က ကချင်လူငယ်များကိုသာ စစ် သင်တန်းပေးခြင်း ရှိပြီး NUG ၊ PDF နှင့် ပတ်သက်၍ စစ်သင်တန်းပေးခြင်းများ မရှိကြောင်း ငြင်းဆိုထားသည်။

မေ ၃၀ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဗန်းမော်-ကသာ လမ်းမတလျှောက်တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီကို တိုက်ခိုက်ရန် ကသာ PDF ဘက်မှ KIA တပ်မဟာ (၈) က ဝင်ရောက် ကူညီပေးခဲ့ခြင်းများ ရှိသည်။

ကသာ PDF သည် ၎င်းတို့ တပ်ဖွဲ့ထူထောင်ရာတွင် KIA နှင့် ဆက်သွယ်၍ စစ်ပညာသင်ယူခြင်း၊ လက်နက်အနည်းငယ်ကို အကူအညီရယူခြင်းများ ရှိကြောင်း ဧရာဝတီကို ပြောဆိုထားသည်။

ကသာ PDF ကို KIA က စစ်ရေးအရ အကူအညီပေးခြင်းများ ရှိသော်လည်း ကသာ PDF သည် စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှား နေသဖြင့် KIA ၏ လက်အောက်ခံ မဟုတ်ဘဲ သီးခြားလှုပ်ရှားနေသည့် တပ်ဖွဲ့ ဖြစ်သည်။

KIAသည် ၁၉၈၈ ခုနှစ် အရေးအခင်းကာလ၊ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို တော်လှန်တိုက်ခိုက်ရန်အတွက် မြို့ပေါ် ကျောင်း သားများ တောခိုကြရာတွင်လည်း ၎င်းတို့နယ်မြေတွင် လက်ခံပြီး စစ်သင်တန်းပေးကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းအဖွဲ့ကို ထူထောင်ပေးခဲ့သည်။

ABSDF မြောက်ပိုင်းအဖွဲ့သည် ယနေ့ထိ KIO ထိန်းချုပ်နယ်မြေအတွင်း ဌာနချုပ်စိုက်ထားဆဲ ဖြစ်သော်လည်း ABSDF သည် ကချင်ပြည်နယ်တွင်း သီးခြား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့အနေဖြင့် လှုပ်ရှားခြင်း မရှိဘဲ စစ်ရေးအရ KIO/KIA ၏ လက် အောက်တွင်သာ လှုပ်ရှားလျက် ရှိသည်။

၂၀၀၉ ခုနှစ်တွင်လည်း ရက္ခိုင်စစ်တပ် (AA) စတင် ထူထောင်နိုင်ရန်အတွက် စစ်သင်တန်းပေးခြင်း၊ ရိက္ခာထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ပြီး ယနေ့ထိလည်း AA ၏ စစ်သင်တန်းများ၊ အရာရှိသင်တန်းများသည် KIA ထိန်းချုပ် နယ်မြေအတွင်း ဖွင့်လှစ်ထား ဆဲ ဖြစ်သည်။

AA သည်လည်း ကချင်ပြည်နယ်တွင် တပ်ကို စတင်ထူထောင်ကာ ကချင်ပြည်နယ်တွင်း တိုက်ပွဲအချို့တွင် KIA နှင့် ပူးပေါင်း တိုက်ခိုက်ပေးနေသော်လည်း ကချင်ပြည်နယ်တွင်း သီးခြားလက်နက်ကိုင် အဖွဲ့တဖွဲ့အနေဖြင့် လှုပ်ရှားခြင်း မရှိဘဲ ရခိုင်ပြည် နယ်တွင်သာ ပြန်လည် ဝင်ရောက် အခြေစိုက် လှုပ်ရှားလျက် ရှိသည်။

၂၀၁၁ ခုနှစ်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြန်လည်ထူထောင်ဖွဲ့စည်းမည့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို စတင်ထူထောင်နိုင်ရန် စစ်သင်တန်းပေးခြင်းများကို KIA က ကူညီပေးခြင်းများ ရှိခဲ့သည်။

TNLA သည် KIA ထံတွင် စစ်သင်တန်း တက်ခဲ့သော်လည်း ကချင်ပြည်နယ်တွင်း လှုပ်ရှားခြင်း မရှိဘဲ ရှမ်းပြည်နယ် မြောက် ပိုင်းတွင်သာ သီးခြားလှုပ်ရှားလျက် ရှိသည်။

KIA သည် ၎င်းတို့ စစ်သင်တန်းပေးသည့် တပ်ဖွဲ့များကို သင်တန်းပေးသည့်အပြင် ထိုတပ်ဖွဲ့များ ကနဦးတပ် တည်ထောင်ခါစ တွင် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်း အထောက်အပံ့ အနည်းငယ်ကိုလည်း ပံ့ပိုးခဲ့သည်။

AA နှင့် TNLA သည် KIA ထံမှ ကနဦးတွင် အကူအညီများ ရယူသော်လည်း တပ်ဖွဲ့တွင်း လုံလောက်သည့် လက်နက် ခဲယမ်းနှင့် ရိက္ခာများ ရရှိရန်၊ တပ်ဖွဲ့ကြီးထွားလာစေရန်အတွက် ၎င်းတို့ခေါင်းဆောင်များ ကိုယ်တိုင်က တည်ဆောက်ခဲ့ကြခြင်း ဖြစ် သည်။

You may also like these stories:

ပူတာအိုလေယာဉ်ကွင်း KIA ပစ်ခတ်

ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်

ကသာ PDF ကို အာဏာသိမ်းတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကွတ်ခိုင်ရှိ စစ်တပ်စခန်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ဝင်တိုက်

Your Thoughts …
Tags: KIAKIOPDFကချင်စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post

“ဒလန်” တွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့လိုတယ် (ရုပ်/သံ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မှ ကျောင်းသားတချို့ကို ဇွန်လ ၁ ရက်နေ့က တွေ့ မြင်ရစဉ်  / ဧရာဝတီ

ကိုဗစ်ကာလ ရခိုင်တွင် ကျောင်းတက်သူ ကျောင်းသား/သူ ၃ သိန်းကျော် ရှိ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved