• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပူတာအိုလေယာဉ်ကွင်း KIA ပစ်ခတ်

by ဧရာဝတီ
1 June 2021
in သတင်း
A A
ပူတာအိုလေဆိပ်  / Foursquare

ပူတာအိုလေဆိပ် / Foursquare

19.8k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ပူတာအိုလေယာဉ်ကွင်းကို ယနေ့ မနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း သတင်းရသည်။

ပူတာအိုမြို့နယ်တွင် KIA၏ တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားပြီး ၎င်းတို့က ယနေ့မနက် ၄ နာရီဝန်းကျင် တွင် ပူတာအိုလေယာဉ်ကွင်းအနီးကို လက်နက်ကြီး ၃လုံး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
60
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
51
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
663

KIA၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ပူတာအို လေယာဉ်ကွင်းကို အဝေးကနေ လက်နက်ကြီး ကနေ ပစ်တယ်ဆိုတဲ့ သတင်းက ရပါတယ်။ ဒါပေမယ့် အောက်ခြေက သတင်းကတော့ မရသေးပါဘူး။ အခုချိန်မှာ စစ်ကောင်စီတပ်တွေကို နေရာတကာမှာ နေရာမရွေးမှာ ပစ်တာရှိပါတယ်။ အဲဒါကြောင့် ပူတာအိုဘက်မှာလည်း ပစ်တာ နေမှာပါ”ဟု ပြောသည်။

KIA ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် လေယာဉ်ကွင်း နယ်နိမိတ်အတွင်း ကျရောက်ပေါက်ကွဲသော်လည်း လေယာဉ်ပြေးလမ်းပေါ်သို့ ကျရောက်ပေါက်ကွဲခြင်း မရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပူတာအိုဒေသခံ ဦးဘွမ်ရှဂေါင့်က “လေယာဉ်ကတော့ ဆင်းတယ်၊ ၂နာရီခွဲလောက်မှာ ဆင်းပြီး ၃ နာရီလောက်မှာ ထွက် သွားပြီ။ အဲ့ဒါက ပုံမှန်ခရီးသည်တင်တဲ့ လေယာဉ်ပဲ။ ဘယ်လေကြောင်းလိုင်းတော့ ကျနော် အတိအကျ မသိဘူး။ ဒါပေမယ့် အင်္ဂါဆိုတော့ မြန်မာ့လေကြောင်း ဖြစ်လိမ့်မယ်”ဟု ပြောသည်။

လေယာဉ်ကွင်းပစ်ခတ်ခံရပြီးနောက် မြို့တွင်း အခြေအနေ တည်ငြိမ်နေသော်လည်း နေ့လည် ၄ နာရီခွဲခန့်တွင် ပူတာအို အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သည် လုံးစွပ်ရပ်ကွက်ရှိ စစ်ဘေးရှောင် စခန်းသို့ ရောက်လာပြီး မသင်္ကာမှုဖြင့် လာရောက်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။

ပူတာအိုမြို့နယ်တွင်း စစ်ကောင်စီနှင့် KIAကြား စစ်ရေးအခြေအနေမှာ တင်းမာနေသည့် အခြေအနေ မဟုတ်သော်လည်း မေလအတွင်း၌ စစ်ကောင်စီ၏ တပ်ရင်းအမှတ် ၄၆ ကို KIA က လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်ခြင်း၊ လုံရှာယန်ကျေးရွာနှင့် ဆွန်ပီယန်ကျေးရွာကြားတွင် ပစ်ခတ်ခြင်းများ ရှိခဲ့သည်ဟု KIA ဗိုလ်မှူးကြီးနော်ဘူထံမှ သိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် များ၊ တိုက်လေယာဉ်များကို တိုက်ပွဲဖြစ်နေစဉ်အတွင်း နေ့စဉ်နီးပါး အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက် ရှိသည်။

ပူတာအိုမြို့နယ်တွင်း ဗုံးကြဲတိုက်ခိုက်ခြင်း မရှိသေးသော်လည်း ကချင်ပြည်နယ်အတွင်းရှိ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန် မြို့နယ်ခွဲနှင့် တနိုင်းမြို့နယ်တို့အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များကို အသုံးပြုထားသည်။

စစ်ကောင်စီသည် မေလအတွင်း ပူတာအိုမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် ဒေသခံများကို တင်းတင်းကြပ်ကြပ် စစ်ဆေးခြင်း၊ အခြားဒေသမှ ပြန်လာပါက စစ်သင်တန်းတတ်ပြီး ပြန်လာသူများဖြစ်နိုင်သည်ဟူသည့် သံသယဖြင့် ဖမ်းဆီး စစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိသည်။

ပူတာအိုမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံများ၏ ပြောဆိုချက်အရ ပူတာအို- မြစ်ကြီးနား ဆက်သွယ်ထားသည့် လမ်းတလျှောက်တွင်လည်း နှစ်ဖက်တပ်များ လှုပ်ရှားမှုရှိနေပြီး စစ်ရေးအခြေအနေ မတည်ငြိမ်သဖြင့် မြို့ပြင် သွားလာ ခြင်းများကိုလည်း ဒေသခံများက သတိထားနေရသည်ဟု ဆိုသည်။

ပူတာအိုမြို့နယ်တွင်း နေထိုင်သည့် ဒေသခံတဦးက “မေ၃၀ရက်ကလည်း မွန်းလွဲပိုင်း ၁၂နာရီနဲ့ ၁ နာရီကြား ပူတာအို ကနေ ၂၈ မိုင်အကွာ တန်ဂျာကျေးရွာအနီးမှာ လက်နက်ကြီးသံတွေ ကြားရတယ်။ အရပ်သားတွေ ခဏတဖြုတ် ရှောင်နေ တာတွေလည်း ရှိတယ်။ အားလုံးက စိုးရိမ်ကြပြီး အခြေအနေစောင့်ကြည့်နေကြတယ်။ ရိက္ခာ၊ဆေးဝါးတွေ စုဆောင်းနေကြတာလည်း ရှိတယ်”ဟု ပြောသည်။

ဒေသခံများအနေဖြင့် စစ်ကောင်စီနှင့် KIA ကြား စစ်ရေးအခြေအနေကိုလည်း စောင့်ကြည့်နေကြပြီး အခြားဒေသ များကဲ့သို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များ ပေါ်လာပြီး စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်မည်ကိုလည်း စိုးရိမ်နေကြသည်ဟု ပြောဆိုကြသည်။

ပူတာအိုခရိုင်အတွင်း ခေါင်လန်ဖူးမြို့နယ်နှင့် နောင်မွန်မြို့နယ်တို့တွင်လည်း ခေါင်လန်ဖူးဌာနေပြည်သူ့စစ်နှင့် ရဝမ် စာပေနှင့်ယဉ်ကျေးမှုအသင်း၊ နာကယတို့က ပူးပေါင်းကာ ဒေသခံများ မိမိဒေသကို ကာကွယ်ရေးအတွက် အခြေခံစစ် သင်တန်း တတ်ထားပြီး အသင့်ပြင်ထားကြရန် ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် လိုက်လံစည်းရုံး ဟောပြောခြင်းများ ပြလုပ်ထားသည်။

ခေါင်လန်ဖူးဌာနေပြည်သူ့စစ်၊ ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းက လိုက်လံစည်းရုံးရာတွင် KIA နှင့် ဒေသတွင်း စစ် သင်တန်းတက်ပြီး ပြန်ဝင်လာမည့် PDF အဖွဲ့များကို တန်ပြန်တိုက်ခိုက်နိုင်ရန်အတွက်ဟူ၍ပြောဆို စည်းရုံးမှုများ ပြုလုပ် ထားသည်။

You may also like these stories:

ပူတာအို မြို့အဝင်ဂိတ်များတွင် နေရပ်ပြန် လူငယ်များအား ဖမ်းဆီးစစ်ဆေး

ပူတာအို ဒေသခံများ စစ်ရေးပြင်ဆင်ရန် စစ်ကောင်စီ၏ ရဝမ်ပြည်သူ့စစ် လှုံ့ဆော်

စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ တော်လှန်ရင်း သွေးစွန်းခဲ့ရတဲ့ ကချင်မြေ

Your Thoughts …
Tags: KIAပူတာအိုလေယာဉ်ကွင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
33.9k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.1k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.2k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

Next Post
ယခုနှစ် မတ်လက မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားထိပ်တွင် မြန်မာနိုင်ငံဘက်ကို ပြန်ရန် တန်းစီနေကြသည့် ရွှေ့ပြောင်းလုပ်သားများ  / ကျော်ခ / ဧရာဝတီ

ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ နေရပ်ပြန်ရန် အခက်တွေ့နေ

အဆိုတော် ရန်ရန်ချမ်း  / Yan Yan Chan's Facebook

စားနပ်ရိက္ခာ ခက်ခဲတဲ့ ပြည်သူတွေအတွက် လှူဒါန်းဖို့ ရန်ရန်ချမ်း တိုက်တွန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate