သတင်း

ကျိုင်းတုံမှာ ICE မူးယစ်ဆေး ၁ တန်ကျော်ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ကျပ် ၂၂ ဘီလီယံကျော်(ကျပ်သိန်းပေါင်း နှစ်သိန်းကျော်) တန်းဖိုးရှိသည့် ICE မူးယစ် ဆေး ၁၁၁၃ ကီလိုဂရမ်အား ဩဂုတ် ၄ ရက်နေ့မနက်က ဖမ်းမိခဲ့ကြောင်း မူး/ယစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ကျိုင်းတုံ-ဝမ်တာပုံကားလမ်း၊ ၁၃ မိုင်အနီးတွင် မနက် ၄ နာရီခန့်က ဝမ်တာပုံဘက်မှ ကျိုင်းတုံဘက်သို့ မောင်နှင်လာသည့် ယာဉ်တ စီးအား စစ်ဆေးရန်တားဆီးရာတွင် ကားအား လမ်းဘေးလယ်ကွင်းထဲသို့ မောင်းနှင်ကာ ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွား ခဲ့ပြီး ကားပေါ်မှ မူးယစ်ဆေးများအား ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ကလည်း ကျိုင်းတုံ-တာချီလိတ်ကားလမ်းပေါ်တွင် ကျပ် ၃၄ ဘီလီယံကျော်တန်ဖိုးရှိသည့် ICE မူးယစ်ဆေး ၁၇၁၀ ကီလိုဂရမ် ဖမ်းမိခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းထားသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ငါးလတာအတွင်း အမေရိကန်ဒေါ်လာ ၁၉၃ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းမိခဲ့ကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင် ဇူလိုင်လအတွင်းက ဖော်ပြခဲ့သည်။

အဆိုပါ ငါးလအတွင်း ဖမ်းမိမှုအနေဖြင့် ဘိန်းဖြူ ၁ တန်ကျော်၊ စိတ်ကြွဆေးဆေးပြား ၉၉.၄၇ သန်းကျော်၊ ICE မူးယစ်ဆေး ၆.၃ တန်ကျော်နှင့် အခြားဆက်စပ်ပစ္စည်းများ၊ လက်နက်များလည်း ဖမ်းမိထားကြောင်း သိရသည်။

You may also like these stories:

မန္တလေး သယ်လာမယ့် ကျပ် ၃၂ ဘီလီယံခန့် တန်ဖိုးရှိ ICE မူးယစ်ဆေးများ ဖမ်းမိ

မလေးရှားပို့မည့် အိုက်စ် မူးယစ်ဆေး ၁ တန်ခွဲခန့် တနင်္သာရီပင်လယ်ပြင်တွင် ဖမ်းမိ

တိုက်ပွဲများကြားမှ ကျောက်စိမ်းအမြတ်အစွန်းကို စစ်ကောင်စီထိန်းချုပ်ထား

 

Loading