• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တွေ့ဆုံဆွေးနွေးရေးလမ်းကို ရွေးရန် KIO ကြေညာချက်ထုတ်

by ဧရာဝတီ
24 August 2021
in သတင်း
A A
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ  / ဧရာဝတီ

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ / ဧရာဝတီ

35.7k
VIEWS
Share on FacebookShare on Twitter

တိုက်ပွဲကြီးများ ဖြစ်လာလျှင် တိုင်းပြည်အတွက် အကျိုးမရှိသဖြင့် စစ်ရေးပဋိပက္ခများကို ရှောင်လွဲနိုင်ရေး သက်ဆိုင်ရာ အဖွဲ့များ တွေ့ဆုံဆွေးနွေးကြရန် တိုက်တွန်းပါသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဗဟို ကော်မတီက သဘောထား ကြေညာချက် တစောင်ထုတ်ပြန်လိုက်သည်။

KIO ဗဟိုကော်မတီသည် အချက် ၅ ချက် ပါရှိသည့် ထုတ်ပြန်ချက်တစောင်ကို ယနေ့ညနေပိုင်းက ထုတ်ပြန်လိုက် ခြင်း ဖြစ်ပြီး ထုတ်ပြန်ချက်၏ အမှတ် ၄ နှင့် ၅ တွင် စေ့စပ်ညှိနှိုင်းရေး ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ရေးသား ထားခြင်း ဖြစ်သည်။

ထုတ်ပြန်ချက် အမှတ် ၄ တွင် ကိုဗစ်-၁၉ ရောဂါနှင့် စစ်အာဏာသိမ်းခြင်းကြောင့် တိုင်းပြည်၌ကြီးမားသည့် စိန်ခေါ်မှု များ ရင်ဆိုင်နေရချိန်တွင် တိုက်ပွဲကြီးများ ဖြစ်လာလျှင် တိုင်းပြည်အတွက် အကျိုးမရှိသဖြင့် တိုက်ပွဲများ၊ တိုက်ခိုက်မှု များကို ရှောင်လွဲနိုင်ရန် သက်ဆိုင်သည့် အဖွဲ့အစည်းများက တွေ့ဆုံဆွေးနွေးကြရန် တိုက်တွန်းပါသည်ဟု ရေးသားထားသည်။

ထုတ်ပြန်ချက် အမှတ် ၅ တွင် KIO ဗဟိုကော်မတီအနေဖြင့် စစ်ပွဲကြီးများကို ရှောင်လွဲပြီး နိုင်ငံရေးပြဿနာကို မှန်ကန် သည့် နည်းဖြင့် ဖြေရှင်းသွားရန် မျှော်လင့်ပါသည်ဟု ရေးသားထားခြင်း ဖြစ်သည်။

KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ ဗိုလ်မှူးကြီးနော်ဘူက “ဒီနေရာမှာ ကျနော်တို့ တိုက်ပွဲတွေကို အတတ်နိုင် ဆုံး ရှောင်ရှားဖို့ ကျနော်တို့လည်း လိုလားပါတယ်။ စစ်ရေးနဲ့ဖြေရှင်း တာက စစ်မှန်တဲ့ အဖြေမှန်တွေ ထွက်လာမယ်လို့ ကျနော်တို့ ယုံကြည်ချက် မရှိဘူး။ အဲ့တာကြောင့် ဆွေးနွေးသင့်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖြေရှင်းမှ သာလျှင် ပြဿနာကို ဖြေရှင်းလို့ရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်” ဟု ပြောသည်။

ဆွေးနွေးသင့်သည့် သက်ဆိုင်ရာ အဖွဲ့အစည်းများဆိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် စစ်ကောင်စီတို့ အားလုံးကို ဆိုလိုခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီအနေဖြင့် KIO ဗဟိုကော်မတီက စာထုတ်ပြန်သည့်အပေါ်တွင် စိတ်သဘောထားပြောင်းလဲလာပြီး တွေ့ဆုံဆွေးနွေးရေးဖြင့် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းလာစေရန်လည်း KIO က မျှော်လင့်သည်ဟု ဆိုသည်။

KIO/KIA သည် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် လူထုနှင့် အတူရပ်တည်မည်ဟု ပြောဆိုကာ လူထုကို သွေးထွက်သံယိုဖြစ်အောင် မလုပ်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ ဖေဖော်ဝါရီလတွင်း စကားပါးခဲ့သည်။

မတ် ၈ ရက်တွင် မြစ်ကြီးနားမြို့၌ စစ်အာဏာသိမ်းမှုကို ဆန္ဒပြနေသည့် လူထုကို ပစ်ခတ်ရာ အရပ်သား ၂ဥ ီး သေဆုံးပြီး ၅ ဦးထက်မနည်း ကျည်ထိမှန်ဒဏ်ရာများ ရရှိပြီးနောက် ၃ ရက်အကြာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ KIA တပ်များသည် စစ်ကောင်စီနှင့် ရဲကင်းစခန်းများကို တိုက်ခိုက်မှုများ စတင် လုပ်ဆောင်ကြသည်။

စစ်တပ်က အာဏာမသိမ်းခင်ကာလတွင် KIA သည် ပဏာမအပစ်ရပ်စာချုပ် တစောင် ချုပ်ဆိုနိုင်ရန် ဆွေးနွေးနေခဲ့ သဖြင့် ကချင်ပြည်နယ်တွင် ၂ နှစ်ခန့် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားခဲ့သည်။

ယခုအခါ KIA နှင့် စစ်ကောင်စီသည် ကချင်ပြည်နယ်တွင်း၌ ဗန်းမော်၊ ရွှေကူ၊ မိုးမောက်၊ တနိုင်း၊ ဖားကန့်၊ ဝိုင်းမော်၊ နမ္မတီးနှင့် ပူတာအိုမြို့နယ်များတွင် တိုက်ခိုက်မှုများ ဖြစ်ပွားထားသည်။

ယနေ့ညနေပိုင်းတွင် KIO ဗဟိုကော်မတီက တွေ့ဆုံဆွေးနွေးအဖြေရှာရန် တိုက်တွန်းကြောင်း စာကို ထုတ်ပြန်သော် လည်း ထိုစာကြောင့် ကချင်ပြည်နယ်တွင်း စစ်ရေးအခြေအနေ နှင့် တိုက်ခိုက်မှုများပေါ် တစုံတရာ သက်ရောက်မှု ရှိမည် မဟုတ်ဟု သိရသည်။

ဗိုလ်မှူးကြီးနော်ဘူက “သူတို့ ထိုးလာရင် တိုက်ပွဲတွေဆင်နွှဲလာရင် ခုခံတိုက်ပွဲကတော့ ကျနော်တို့လည်း တိုက်ရမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေက လျော့သွားမှာလား ပိုဆိုးမှာလား ဆိုတာကတော့ ကျနော်တို့ ဒီထုတ်ပြန်ကြေငြာချက်နဲ့ တိုက်ရိုက်ပတ်သတ်မှု ရှိမယ်လို့ ကျနာ် မထင်ပါဘူး။ အဓိက စစ်ကောင်စီဘက်က ကျနော်တို့ထုတ်ပြန်ကြေငြာချက်ကို လက်ခံပြီးမှ တကယ့်တရားသော နည်းလမ်းကို ရှာပြီး ဆွေးနွေးလာရင်တော့ တိုက်ပွဲက လျော့သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုအတွက်လည်း အကျိုးရှိမယ်လို့ ကျနော်ထင်ပါတယ်” ဟု ဆိုသည်။

KIO ဗဟိုကော်မတီ၏ ထုတ်ပြန်စာ နံပါတ် ၁ တွင် စစ်တပ်၏ အာဏာသိမ်းလိုက်သည့် လုပ်ရပ်ကြောင့် တိုင်းပြည်က အမှောင်ကျနေပြီဖြစ်ကြောင်း၊ နံပါတ် ၂ တွင် ကိုဗစ်-၁၉ ရောဂါဘေး ကြောင့် လူထု၏ ဒုက္ခရောက်နေမှုကို KIO က စိတ်မကောင်းကြောင်း၊ နံပါတ် ၃ တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသနိုင်ရန် အိမ်နီးချင်းနိုင်ငံကြီးနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ အဖွဲ့အစည်းများက ကူညီပေးသည်ကို အထူးကျေးဇူးတင်ကြောင်း နှင့် ဆက်လက် ကူညီပေးရန်လည်း ပြောဆိုကြောင်း ရေးသားထားခြင်း ဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
180
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
108
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

KIO ၏ စာထဲတွင် အိမ်နီးချင်းနိုင်ငံကြီးဟု ထည့်သွင်းရေးသားထားသည်မှာ တရုတ်နိုင်ငံကို ဆိုလိုခြင်း ဖြစ်သည်။

KIO/KIA သည် မြန်မာ-တရုတ် နယ်စပ်တွင် စစ်ဌာနချုပ်အခြေစိုက်ပြီး KIA ၏ မြို့များဖြစ်သည့် လိုင်ဇာ၊ မိုင်ဂျာယန် မြို့များသည်လည်း တရုတ်နယ်စပ်တွင် တည်ရှိကာ စီးပွားရေးနှင့် အခြေခံ နေ့စဉ် စားသောက်ကုန်များ၊ ဆက်သွယ်ရေး လိုင်းများ အသုံးပြုနိုင်ရေးအတွက် တရုတ်နိုင်ငံကို မှီခိုထားရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်နေချိန်တွင်လည်း KIO/KIA သည် ၎င်း၏ မြို့များတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၊ ကာကွယ်ရေးနှင့် ကုသရေးများ လုပ်ဆောင်ရန် တရုတ်၏ အကူအညီကို ရယူခဲ့ရသည်။

တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးသည့် စက်များ၊ ရောဂါကုသရေးဆိုင်ရာ ဆေးသင်တန်းများ အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုပါ KIA အား အခမဲ့ ကူညီခဲ့သည်။

တရုတ်သည် စစ်ကောင်စီကို ကျောထောက်နောက်ခံပြုနေသည့် နိုင်ငံကြီး ဖြစ်ပြီး စစ်တပ်၏ စစ်အာဏာသိမ်းခြင်း လုပ်ရပ်ကို နိုင်ငံတကာက စောင့်ကြည့်ကာ စစ်ကောင်စီကို အစိုးရတရပ်အဖြစ် အသိအမှတ်မပြုသေးသော်လည်း တရုတ်သည် စစ်ကောင်စီကို အစိုးရအဖြစ် ပထမဆုံး အသိအမှတ်ပြု ဆက်ဆံခဲ့သည့် နိုင်ငံဖြစ်သည်။

မြန်မာပြည်သူလူထုသည် စစ်ကောင်စီကို ကျောထောက်နောက်ခံပြုပေးနေသည့် တရုတ်နိုင်ငံကို ဆန့်ကျင်ဆန္ဒပြမှုများ ရှိနေပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီနှင့် မတ် အတွင်း လမ်းမပေါ်ထွက်ကာ လူဦးရေ သိန်းနှင့်ချီ ဆန္ဒပြရာတွင်လည်း တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံသံရုံးပါ ဆန္ဒပြခံခဲ့ရသည်။

You may also like these stories:

မင်းတပ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေ

ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံနေရသည့် ကချင်အရပ်သားများ

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကယားတွင် အရပ်သား နှစ်ဦး ဒဏ်ရာရ

Your Thoughts …
Tags: KIOတွေ့ဆုံဆွေးနွေးရေးဗိုလ်မှူးကြီးနော်ဘူ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

by ဧရာဝတီ
18 November 2023
13.5k

လတ်တလော အရှိန်မြင့်လာတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ

စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ

by ဗညားအောင်
21 February 2024
11.8k

သတင်းစာများပေါ်တွင် စစ်ကောင်စီခေါင်းဆောင်များ ဟန်မပျက် ပွဲတက်ပြနေသော်လည်း စစ်တပ်၏ စစ်ရေးအကျပ်အတည်းမှာ ကြီးမား၏။

မြန်မာပြည် လွတ်လပ်မှု၊ အချုပ်အခြာနှင့် အောက်မှ အထက်သို့ ဖက်ဒရယ်စနစ်

မြန်မာပြည် လွတ်လပ်မှု၊ အချုပ်အခြာနှင့် အောက်မှ အထက်သို့ ဖက်ဒရယ်စနစ်

by Ashley South
10 March 2025
9.8k

ဗဟိုချုပ်ကိုင်သော မြန်မာနိုင်ငံတော်သည် ပို၍ ပို၍ တစစီ ပြိုကွဲလာနေပြီး မည်သည့် စစ်အစိုးရ သို့မဟုတ် ဒီမိုကရေစီအစိုးရ အောက်တွင်မှ စုစည်းညီညွတ်မှု ပြန်လည် ရရှိတော့မည် မဟုတ်ပေ။

KIO က မြန်မာ့ “မူဖာဆာ” ဖြစ်မလား

KIO က မြန်မာ့ “မူဖာဆာ” ဖြစ်မလား

by Joe Kumbun
28 August 2025
9.6k

ဒု ဗိုလ်ချုပ်ကြီး ဂွန်မော်က မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုအနေဖြင့် သွေးခွဲမှုကို ဖြတ်ကျော်ပြီး ဘုံခြိမ်းခြောက်မှုကို ဆန့်ကျင်ရန် ညီညွတ်ရေး နှိုးဆော်သည်။

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

by ဧရာဝတီ
14 March 2024
8.9k

တောင်နှင့်မြောက်ဘက်တို့တွင် မြေပြင်လမ်းကြောင်းများ တစိတ်တပိုင်း ဖြတ်တောက်ခံထားရသည့် ဗန်းမော်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ရေကြောင်းမှတဆင့် စစ်ကူ၊ ရိက္ခာဖြည့်တင်းနိုင်သည့် အခြေအနေ ရှိသော်လည်း ထိုရေလမ်းသည် PDF များအားကောင်းရာ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့နယ်တို့အား ဖြတ်သန်းရမည်

ညီနောင် ၃ ဖွဲ့ အပစ်ရပ်သော်လည်း ရှမ်းမြောက်၌ KIA ဆက်လက်စစ်ဆင်

ညီနောင် ၃ ဖွဲ့ အပစ်ရပ်သော်လည်း ရှမ်းမြောက်၌ KIA ဆက်လက်စစ်ဆင်

by စောရယ်
29 January 2024
7.2k

မိုးမိတ်နှင့် မဘိမ်းမြို့တို့သည် စစ်ကိုင်းတိုင်းထဲရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များထံ ခဲယမ်းနှင့် လက်နက်များ ပို့ဆောင်နိုင်ရေးတွင် အရေးပါသော လမ်းကြောင်းတခုဖြစ်ပြီး တွင်းထွက်သယံဇာတများ ထွက်ရှိသည့်နေရာဖြစ်သဖြင့် စစ်ရေးအတွက်သာမက စီးပွားရေးအရပါ အရေးပါသော မြို့များဖြစ်ကြောင်း

Next Post
စစ်ရေး ပဋိပက္ခ ရှောင်လွှဲဖို့ KIA ဘာ့ကြောင့် ထုတ်ပြန်ခဲ့သလဲ (ရုပ်/သံ)

စစ်ရေး ပဋိပက္ခ ရှောင်လွှဲဖို့ KIA ဘာ့ကြောင့် ထုတ်ပြန်ခဲ့သလဲ (ရုပ်/သံ)

တပ်ထဲမှာ အုပ်စု ၃ အုပ်စုကွဲနေတယ် (ရုပ်/သံ)

တပ်ထဲမှာ အုပ်စု ၃ အုပ်စုကွဲနေတယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved