• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ချုပ်ထားခြင်းက လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်

by ဧရာဝတီ
20 September 2021
in သတင်း
A A
၂၀၁၅ ခုနှစ် ဩဂုတ်လအတွင်း ရန်ကုန်တိုင်း သံလျင်မြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ် / ဧရာဝတီ 

၂၀၁၅ ခုနှစ် ဩဂုတ်လအတွင်း ရန်ကုန်တိုင်း သံလျင်မြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ် / ဧရာဝတီ 

22.7k
VIEWS
Share on FacebookShare on Twitter

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ ထံမှ ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းယူပြီးနောက် လူထုထောက်ခံသောခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားသည်မှာ ၇ လကျော်ပြီဖြစ်သည်။

အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို စစ်ကောင်စီက ထုတ်ဖေါ်ပြောဆိုခြင်း မပြုပေ။ သူသည် မည်သည့်နေရာတွင် ဖမ်းဆီးထားခံရသည်ကို မသိကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ၏ ရှေ့နေများကို ပြောသည်။

“သူဘယ်မှာ နေနေရတယ်ဆိုတာ သူမပြောနိုင်လို့ ကျနော်တို့လည်း မပြောနိုင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးခင်မောင်ဇော်ပြောသည်။

စစ်ကောင်စီသည် နိုင်ငံ၏ လူထုထောက်ခံမှုရရှိသော ခေါင်းဆောင်ကို မဖေါ်ပြသောနေရာတခုတွင် ဖမ်းဆီးထားခြင်းဖြင့် လူ့အခွင့်အရေး ချိုးဖေါက်နေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ရှေ့နေများ ပြောသည်။

ထို့အပြင် နိုင်ငံ၏ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း မြန်မာနိုင်ငံတွင် လူထုထောက်မှု အရဆုံး နိုင်ငံရေးသမားဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာတွင် ဖမ်းထားသည်ကို မသိသောကြောင့် သူ၏ ဘဝအခြေအနေ အထူးသဖြင့် ကျန်းမာရေးနှင့် သူ၏ရုပ်ပိုင်းဘ၀ လုံခြုံရေး အတွက် စိုးရိမ်စရာဖြစ်နေသည်။ စစ်ကောင်စီသည် မည်သည့်အခါမျှ မျှော်လင့်မရနိုင်သည့် ပြည်တွင်းပြည်ပထောက်ခံမှုများနှင့် ၎င်းတို့ကို နိုင်ငံရေးမှ ဖယ်ထုတ်ရန် ကြိုးစားအားထုတ်မှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးနေရာ ယခု သူတို့လက်ထဲ ရောက်နေပြီဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံ၏ လူထုထောက်ခံမှုရရှိသော ခေါင်းဆောင်ကို မဖေါ်ပြသောနေရာတခုတွင် ဖမ်းဆီးထားခြင်းဖြင့် လူ့အခွင့်အရေး ချိုးဖေါက်နေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ရှေ့နေများ ပြောသည်။

ဖမ်းဆီးခံထားရသူများသည် ၎င်းတို့ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို သိခွင့်ရှိကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူနှင့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းပြောသည်။ အလားတူစွာပင် ဖမ်းဆီးခံထားရသူများ၏ မိသားစုများနှင့် ရှေနေများသည်လည်း သိခွင့်ရှိသည်။

“သူတို့ကို တရားမျှစွာ သို့မဟုတ် တရားမျှတမှု ကင်းမဲ့စွာ ချုပ်နှောင်ထားသလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ဘယ်နေရာမှ ဖမ်းထားတယ်ဆိုတာကို သိဖို့လိုတဲ့အတွက် ဒီကိစ္စက အရေးကြီးပါတယ်” ဟုလည်း သူပြောသည်။

“သူတို့ကို ဘယ်မှာ ဖမ်းထားတယ်ဆိုတာကို မသိရင် သူတို့ကို ဖမ်းဆီးမှု အသေးစိတ်ကို သိရှိဖို့ သူတို့ရဲ့ အခွင့်အရေးကို ချိုးဖေါက်ရာရောက်တယ်။ အခုဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အခြေအနေက အဲဒီအခြေအနေပဲ” ဟုလည်း သူဆက်ပြောသည်။

နေအိမ်တွင် နောက်တကြိမ် ဖမ်းဆီးခံရခြင်း

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက်စောစောတွင် နေပြည်တော် ဇေယျသိဒ္ဓိရပ်ကွက် မြနန်းဘုံသာလမ်း အမှတ် ၃၃(က) ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ စစ်သားများရောက်လာသည်။ မကြာမီ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အရာရှိများသည် နေအိမ်တွင် အဖမ်းခံလိုက်ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံးအကြိမ် နေအိမ်တွင် ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်သည်မှာ ၁၁ နှစ် ကြာပြီဖြစ်သည်။

အပတ်စဉ် တရားရုံးကြားနာမှု မတိုင်မီ မိနစ်အနည်းငယ်မျှ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေများနှင့်သာ တွေ့ခွင့်ပေးသောကြောင့် ထိုရှေ့နေများသည် သူနှင့် ပြည်သူလူထုအကြား အဆက်အသွယ်ဖြစ်နေသည်။

ထိုနောက် ဒေါ်အောင်ဆန်းစုကြည်ကို မည်သူမျှမသိသောနေရာသို့ ရွှေ့ပြောင်းလိုက်သည်။ ထိုသို့ပြောင်းရွှေ့ခြင်းကို မေလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု ယူဆရသည်။ နောက်တနေ့တွင် နေပြည်တော်ရှိ အထူးတရားရုံး တခုသို့ ပထမဆုံးအကြိမ် လူကိုယ်တိုင်လာရောက်ပြီး ရှေ့နေအဖွဲ့နှင့် ပထမဆုံးအကြိမ်တွေ့ဆုံစဉ်က ပြောချက်အရ ထိုသို့ယူဆရခြင်းဖြစ်သည်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက် ၁၀ ခုဖြင့် စွဲဆိုသည်။ အပတ်စဉ် တရားရုံးကြားနာမှု မတိုင်မီ မိနစ်အနည်းငယ်မျှ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေများနှင့်သာ တွေ့ခွင့်ပေးသောကြောင့် ထိုရှေ့နေများသည် သူနှင့် ပြည်သူလူထုအကြား အဆက်အသွယ်ဖြစ်နေသည်။

၁၉၈၉ ခုနှစ် ဇူလိုင်လမှ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်လွတ်မြောက်သည်အထိ ယခင် ၁၅ နှစ်တာ နေအိမ်တွင် ဖမ်းဆီးခံထားရစဉ်အတွင်း ကမ္ဘာက ဒေါ်အောင်ဆန်းစုကြည် မည်သည့်နေရာတွင် ဖမ်းဆီးခံ ထားရသည်ကို သိကြရသည်။ သူ့ကို ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ သူ၏ နေအိမ်တွင် ဖမ်းဆီးထားခြင်းဖြစ်သည်။ ထိုစဉ်က သူ့ကို ဖမ်းဆီးထားသူများမှာ လက်ရှိဖမ်းဆီးသူ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှ်ိုင်၏ အထက်အရာရှိများဖြစ်သည်။

ယခုတကြိမ် ဖမ်းဆီးသောအခါတွင်မူ သူ့ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို အများပြည်သာမက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်ပင် မသိရသောကြောင့် အခြေအနေများသည် လွန်စွာကွဲပြားခြားနားနေသည်။ နိုင်ငံတော်အတိုင်ပင်ခံ၏ ယခင်နေအိမ်ကို ရှင်းလင်းထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ပရိဘောဂများနှင့် ပစ္စည်းများကို ဖယ်ရှားရှင်းလင်းထားကြောင်း နေပြည်တော်မှ စစ်ကောင်စီအရာရှိတဦးက ဧရာဝတီသတင်းဌာနသို့ပြောသည်။ ယခုအခါ ထိုပစ္စည်းများကို မည်သည့် နေရာတွင် ထားသည်ကိုလည်း မသိရပေ။

စွပ်စွဲခံရသူများသည် ၎င်းတို့ကို မည်သည်နေ့ရာတွင် ဖမ်းထားသည်ကို သိပ်ိုင်ခွင့်ရှိပြီး မိသားစုကိုလည်း ဆက်သွယ်ခွင့်ရှိသည်။

သို့သော် ကောလာဟလ သတင်းများကမူ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တိုင်း စစ်ဌာနချုပ် အတွင်းရှိ ဒုတိုင်းမှုး၏ နေအိမ်တွင် ထားသည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပိုစတာတချို့/ ဧရာဝတီ

နိုင်ငံရေးသမားများကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသည်မှာ ၁၉၆၀ ခုနှစ်များမှ ၂၀၁၀ ခုနှစ် အစောပိုင်းအထိနှင့် ယခုနှစ်ဦးမှ စတင်သည့် စစ်တပ် ထိန်းချုပ်မှုအောက်မှ မြန်မာနိုင်ငံတွင် ထူးဆန်းသော ကိစ္စမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်သော ဦးခင်မောင်ဇော်က ပြောသည်။

အခြားနိုင်ငံရေးအရ အဖမ်းခံရသူများ ယခုတကြိမ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးသမားများသည် ထိုသို့ မကြာခဏကြုံရတတ်သောကြောင့် ထိုကိစ္စသည် မြန်မာနိုင်ငံတွင် မထူးဆန်းကြောင်း သူပြောခြင်းဖြစ်သည်။

ပြီးခဲ့သည့် အပတ်အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးမကောင်းသောကြောင့် ကြားနာစစ်ဆေးမှုကို ဖျက်လိုက်ရသည်။ ထိုသတင်းပျံ့နှံ့သွားသောအခါ လူထုက သူ၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး လွန်စွာစိုးရိမ်ကြသည်။

စစ်အာဏာသိမ်းသောနေ့တွင် သမ္မတဦးဝင်းမြင့်၊ အစိုးရအဖွဲ့ဝင်များနှင့် အခြား အဆင့်မြင့် NLD ခေါင်းဆောင်များလည်း ဖမ်းဆီးခံကြရသည်။

“ဒါပေမယ့် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့တော့ မကိုက်ညီဘူး” ဟု သူ ဆက်ပြောသည်။

စွပ်စွဲခံရသူများသည် ၎င်းတို့ကို မည်သည်နေ့ရာတွင် ဖမ်းထားသည်ကို သိပ်ိုင်ခွင့်ရှိပြီး မိသားစုကိုလည်း ဆက်သွယ်ခွင့်ရှိကြောင်း သူပြောသည်။

“သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာကိုလည်း မိသားစုတွေက မေးပိုင်ခွင့်ရှိတယ်။ အဲဒီမှ မဟုတ်ရင်တော့ စွပ်စွဲခံရသူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖေါက်လိုက်တာပဲဖြစ်တယ်”ဟုလည်း ဦးခင်မောင်ဇော် ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
388
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
54

ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိခြင်းသည် သူ၏ ကျန်းမာရေးနှင့် လုံခြုံရေးအတွက်လည်း သက်ရောက်မှုများ ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားသည့်နေရာကို စစ်ကောင်စီကို လျှို့ဝှက်ထားခြင်းသည် လူတိုင်းလူတိုင်း အတွက် စိုးရိမ်စရာဖြစ်ကြောင်း ထိုရှေ့နေကြီးက ပြောသည်။

“လျှို့ဝှက်ဖမ်းဆီးထားသည့်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးယိုယွင်းရင် ဘာဖြစ်မလဲ။ သူ့ အသက်ကို ခြိမ်းခြောက်တဲ့ အန္တရာယ် ရင်ဆိုင်ရင် ဘာဖြစ်မလဲ။ ဒါမျိုးဖြစ်လာရင် အင်မတန် ပြင်းထန်တဲ့ အကျိုးဆက်တွေဖြစ်လာမယ်” ဟု သူသတိပေးသည်။

ပြီးခဲ့သည့် အပတ်အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးမကောင်းသောကြောင့် ကြားနာစစ်ဆေးမှုကို ဖျက်လိုက်ရသည်။ ထိုသတင်းပျံ့နှံ့သွားသောအခါ လူထုက သူ၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး လွန်စွာစိုးရိမ်ကြသည်။ မည်သူမျှမသိသောနေရာတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် မကောင်းသည့် တစုံတခုဖြစ်သလားဟု လူထုက မေးခွန်းထုတ်ကြသည်။ (နောက်တနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် တရားရုံးသို့ လာနိုင်လောက်အောင် ပြန်လည်ကျန်းမာလာသည်။)

ဒေါ်အောင်ဆန်းစုကြည်ကို လူထုနှင့် မထိတွေ့အောင် ထားခြင်းသည် ဖမ်းဆီးထားသူ စစ်ကောင်စီအတွက် အပေါ်စီးရစေကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းပြောသည်။

“ပြည်သူလူထုမြင်ကွင်းပြင်ပ သူတို့လက်ထဲရောက်နေတော့ သူတို့ကြိုက်တာလုပ်လို့ရတယ်” ဟု သူပြောသည်။ လတ်တလောတွင် စစ်ကောင်စီသည် ကြီးမားပြင်းထန်သော အရပ်သားလက်နက်ကိုင် ခုခံမှုကို ရင်ဆိုင်နေရပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် အဓိက ဖွဲ့စည်းထားသည့် စင်ပြိုင်အစိုးရ ကလည်း စစ်ကြေညာထားသည်။ ကုလသမဂ္ဂတွင် စစ်ကောင်စီက နိုင်ငံကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းသူကိုလည်း ဆိုင်းငံ့ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာခံသည့် လက်ရှိသံအမတ်ကိုသာ ထိုနေရာတွင် ဆက်လက်ထားရှိသည်။

သူတို့ခေါင်းဆောင်က လူမိုက်စကားပြောထားတော့ အခု စစ်ကောင်စီလက်ထဲရောက်နေသူ အားလုံးအတွက် ကျနော်တို့ အရမ်းကို စိုးရိမ်နေတယ်

“ဒေါ်အောင်ဆန်းစုကြည်ကို လူမသိသူမသိနေရာမှာထားတဲ့ စစ်ကောင်စီရဲ့ ယုတ်မာတဲ့အကြံအစည်အတွက် ကျနော်တို့စိတ်ပူတယ်” ဟုလည်း သူပြောသည်။

ယခင်စစ်အုပ်စုများသည် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၆ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်များက ကိုယ်ထိလက်ရောက် တိုက်ခိုက်ရန်ကြိုးစားခဲ့သောကြောင့် NUG လူ့အခွင့်အရေးဝန်ကြီးအနေဖြင့် စိုးရိမ်မည်ဆိုက စိုးရိမ်သင့်ပေသည်။ ထိုဖြစ်ရပ်များတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပွတ်ကာသီကာ လွတ်မြောက်ခဲ့သည်။

NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေဘုန်းလတ်က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီပြောခဲ့သောစကားကို မှတ်မိနေဆဲဖြစ်သည်။ ရွေးကောက်ပွဲ မသမာမှုဖြစ်ပါက သူ့ကို အားကိုးမည်ဆိုသည့် နိုင်ငံရေးပါတီများကို အာမခံချက်ပေးရာတွင် စစ်ကောင်စီအကြီးအကဲက သူ မလုပ်ရဲသောအရာ ဘာမျှမရှိကြောင်းပြောခဲ့သည်။

“သူတို့ခေါင်းဆောင်က လူမိုက်စကားပြောထားတော့ အခု စစ်ကောင်စီလက်ထဲရောက်နေသူ အားလုံးအတွက် ကျနော်တို့ အရမ်းကို စိုးရိမ်နေတယ်” ဟု သူပြောသည်။

ကြာသပတေးနေ့အထိ စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်လူပေါင်း ၆၅၇၂ ဦးကို ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ သိရသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Violating Daw Aung San Suu Kyi’s Rights by Holding Her in Secret Location: Legal Experts ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီက ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား

တင်းမရွာသား ၁၈ ဦးအမှု အမြန်ဆုံးဖြေရှင်းပေးရန် မိသားစုဝင်များ တောင်းဆို

ပဲခူး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို သရုပ်ခွဲလေ့လာခြင်း

မြစ်ငယ် CDM မီးရထားဝန်ထမ်း ၁၀၀၀ ကျော် ရာထူးမှထုတ်ပယ်ခံရ

Your Thoughts …
Tags: စစ်ကောင်စီဒေါ်အောင်ဆန်းစုကြည်လူ့အခွင့်အရေးချိုးဖေါက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လာမည့် နိုဝင်ဘာလအထိ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက် အသိအမှတ်ပြုခဲ့သည် 

ဦးကျော်မိုးထွန်းကိစ္စ တရုတ်က မြန်မာ့အရေးကို သတိထား ကိုင်တွယ်နေကြောင်း ပြသ

တနင်္သာရီတိုင်း ပုလောမြို့ / Wikipedia

ပုလောမြို့နယ်တွင် PDF နှင့် ပတ်သက်သည်ဆိုကာ လူ၃ ဦးအား စစ်ကောင်စီ ဖမ်းဆီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved