လာမည့် နိုဝင်ဘာလအထိ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို မည်သူကိုယ်စားပြုသင့်သည်ကို ဆုံးဖြတ်ရန် ဆိုုင်းငံ့ထားခြင်းသည် မြန်မာနိုင်ငံမှ ဒီမိုကရေစီလိုလားသူများအတွက် တစိတ်တပိုင်း အောင်ပွဲဖြစ်သည်။ သို့သော် ထိုဆုံးဖြတ်ချက်ကြောင့် စစ်ကောင်စီက ခန့်အပ်သူသည် ယခုလ ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည်ကို တားဆီးလိုက်မည်ဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စုက တရုတ်အပါအဝင် အခြားနိုင်ငံများနှင့် သဘောတူညီချက်သည် လက်ရှိ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကိုလည်း ထိန်းလိုက်သော အမိန့်နှင့်တူနေသည်။
အမေရိကန် ကမ္ဘာ့ရေးရာစာစောင်ဖြစ်သော Foreign Policy စာစောင်တွင် စက်တင်ဘာလ ၁၃ ရက်နေ့က ဖေါ်ပြသော သတင်းအရ ဖြုတ်ချခံ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော ယခင်အစိုးရက ခန့်အပ်ထားသည့် ကိုယ်စားလှယ်ဖြစ်သော ဦးကျော်မိုးထွန်းသည် အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားသောအခါ ထိန်းထိန်းသိမ်းသိမ်းပြောဆိုရမည်ဟု ဆိုသည်။ ထို အလွတ်သဘောတူညီချက်အရ သူသည် ယခုနှစ်အစောပိုင်းက သူပြောခဲ့သည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ပြင်းထန်သော စကားများကို ရှောင်ရှားရမည်ဟု ဆိုသည်။
ယခုအခါ ကုလသမဂ္ဂသည် မည်သူသည် မြန်မာနိုင်ငံ၏ မှန်ကန်သော ကိုယ်စားလှယ်ဖြစ်သည်ကို ဆုံးဖြတ်ပေးမည့် ကိုယ်စားလှယ် အရည်အချင်းစိစစ်ရေး ကော်မတီကို ခန့်အပ်လိုက်ပြီးဖြစ်သည်။ ထိုကော်မတီကို ဆွီဒင်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ဘူတန်၊ ဘဟားမား၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီယာလီယွန်၊ တောင်အာဖရိကနှင့် အမေရိကန်ပြည်ထောင်စုတို့မှ ကိုယ်စားလှယ်များ ပါဝင်သည်။
ယေဘုယျစည်းမျဉ်းမှာ မြို့တော်ကို ထိန်းချုပ်ပြီး ပိုင်နက်ကို ထိန်းချုပ်ထားသော အစိုးရသည်သာ ကုလသမဂ္ဂတွင် ထိုနိုင်ငံကို ကိုယ်စားပြုမည်ဖြစ်သည်။ သို့သော် ခြွင်းချက်ရှိသည်။
နိုဝင်ဘာလတွင် မည်သို့ဖြစ်မည်ကို မှန်းဆရုံသာ မှန်းဆနိုင်သေးသော်လည်း ယေဘုယျစည်းမျဉ်းမှာ မြို့တော်ကို ထိန်းချုပ်ပြီး ပိုင်နက်ကို ထိန်းချုပ်ထားသော အစိုးရသည်သာ ကုလသမဂ္ဂတွင် ထိုနိုင်ငံကို ကိုယ်စားပြုမည်ဖြစ်သည်။ သို့သော် ထိုင်ဝမ်မှ တရုတ်သမ္မတနိုင်ငံကဲ့သို့သော ခြွင်းချက်မျိုးရှိသည်။ ထိုင်ဝမ်မှ တရုတ်သမ္မတနိုင်ငံသည် ၁၉၇၁ ခုနှစ်အထိ တရုတ်တနိုင်ငလုံးကို ကိုယ်စားပြုခဲ့သည်။ ၁၉၇၁ ခုနှစ်ရောက်မှသာ ဘေ့ဂျင်းအစိုးရက ထိုကိုယ်စားလှယ်နေရာကို ရရှိခြင်းဖြစ်သည်။ ၁၉၇၈-၇၉ နှစ်သစ်ကူးက ကမ္ဘောဒီးယားတွင် ဗီယက်နမ်ကြားဝင်စွက်ဖက်မှုအပြီး ဒီမိုကရက်တစ်ကမ်ပူချား ဟု ခေါ်သည့် ဖြုတ်ချခံအစိုးရသည် ထိုင်းနယ်စပ်မှ ဝေးကွာသောနေရာတွင် အခြေစ်ိုက်နေသော်လည်း ကုလသမဂ္ဂတွင် နိုင်ငံကို ဆက်လက်က်ိုယ်စားပြုခဲ့သည်။
သို့သော် ဒီမိုကရက်တစ်ကမ်ပူးချားသည် ဗီယက်နမ်တို့ဖြုတ်ချခဲ့သည့် လူသတ် ခမာနီအစိုးရ၏ အမည်ဖြစ်သောကြောင့် ကွန်မြူနစ်မဟုတ်သည့် မင်းသားကြီး နိုရိုးဒွန် သီဟာနု ဦးဆောင်သည့် အုပ်စုနှင့် ဝန်ကြီးချုပ်ဟောင်း ဆွန်ဆန် ဦးဆောင်သည့် အုပ်စုစသည့် အုပ်စု ၂ ပါဝင်သော ညွန့်ပေါင်းအစိုးရတခုကို ဖွဲ့စည်းခဲ့ရသည်။ ဒီမိုကရက်တစ်ကမ်ပူးချား၏ ပိုမိုကျယ်ပြန့်သော ထိုညွန့်ပေါင်း အစိုးရကို ကုလသမဂ္ဂနေရာ ထိန်သိမ်းခွင့်ပြုခြင်းမှာ အဓိကအားဖြင့် အနောက်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့က ဗီယက်နမ်ကျူးကျောက်စွက်ဖက်ခြင်းကို ဆန့်ကျင်သောကြောင့်ဖြစ်သည်။
ထိုညွန့်ပေါင်းအစိုးရကို ၁၉၉၀ ခုနှစ်များအစောပိုင်းတွင် ကုလသမဂ္ဂက ကမ္ဘောဒီးယားတွင် ကြားဝင်သောသောအခါ ရွေးကောက်ပွဲများကျင်းပပြီးနောက် ဖနွမ်းပင်တွင် အပြည့်အဝတရားဝင်သော အစိုးရတက်လာသောအခါ ဖျက်သိမ်းခဲ့သည်။
အလားတူအခြေအနေမျိုး ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ဟေတီတွင် ရွေးကောက်ခံ သမ္မတ ယန်ဘာထရန် အရစ္စတိုက်ကို ဖြုတ်ချပြီး အာဏာသိမ်းသောအခါကလည်း ဖြစ်ပွားခဲ့သည်။ အောက်တိုလာလ ၁၁ ရက်နေ့တွင် အထွေထွေညီလာခံသည် ထိုစစ်အာဏာသိမ်းမှုကို ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို ချမှတ်ပြီး သမ္မတ အရစ္စတိုက်၏ တရားဝင်အစိုးရကို ပြန်လည်ထူထောင်ရန်နှင့် လူ့အခွင့်အရေး အပြည့်အ၀ လိုက်နာရန် တောင်းဆိုသည်။ ကုလသမဂ္ဂသည် ထိုနိုင်ငံတွင်လည်း ကြားဝင်ဆောင်ရွက်ပြီး နောက်တနှစ်ကြာသောအခါ ဟေတီသည် အထွေထွေညီလာခံတွင် စနစ်တကျ ကိုယ်စားပြုခွင့်ရသည်။
၁၉၉၇ ခုနှစ် အောက်တိုဘာလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆီယာလီယွန်မှ စစ်အစိုးရကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီး ရွေးကောက်ခံအစိုးရကို ပြန်လည်ထိန်းသိမ်းရန် တောင်းဆိုသည်။ ရွေးကောက်ခံအစိုးရသည် ၁၉၉၈ ခုနှစ်ဖေဖေါ်ဝါရီလတွင် ပြန်တက်လာသည်။ ကုလသမဂ္ဂ အရည်အချင်းစိစစ်ရေးကော်မတီကလည်း မည်သည့်ဆုံးဖြတ်ချက်မျှ မချမှတ်ဘဲ နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းထားခဲ့သည်။ ၁၉၉၆ ခုနှစ်က အာဖဂန်နစ္စတန်တွင် တာလီဘန်တို့သိမ်းယူသောအခါနှင့် ၁၉၉၇ ခုနှစ်က ကမ္ဘောဒီးယားတွင် အာဏာသိမ်းသောအခါ နိုင်ငံကို မည်သူကိုယ်စားပြုသည်မှာ မရေရာဖြစ်နေသောကြောင့် ထိုအတိုင်းပင် လုပ်ဆောင်သည်။
အားလုံးသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတွင် ဖြစ်ပျက်နေသည်များနှင့် လုံး၀ မတူညီပေ။ မြန်မာစစ်ကောင်စီတွင် တရုတ်နှင့် ရုရှားအပါအဝင် ပြည်ပမဟာမိတ်များနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်းမှ မိတ်ဆွေများ ရှိနေသည်။
သို့သော် ထိုကိစ္စများအားလုံးသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတွင် ဖြစ်ပျက်နေသည်များနှင့် လုံး၀ မတူညီပေ။ ထိုင်ဝမ်နှင့် ကမ္ဘောဒီးယားသည် အနောက်နိုင်ငံများ၏ လုံခြုံရေးအစီအစဉ်တွင်ထိပ်ဆုံးမှပါသော ကိစ္စများဖြစ်နေပြီး ဟေတီနှင့် ဆီယာလီယွန်တွင် အာဏာသိမ်းသူများသည် ပြည်ပမိတ်ဆွေ လုံးဝမရှိဘဲ ဒီမိုကရေစီ တစုံတရာ ပြန်လည်ထိန်းသိမ်းသည် အထိ ၎င်းတို့အားအပြစ်ပေးခြင်းကို ကန့်ကွက်မည့်သူ မရှိပေ။
အာဖဂန်တွင် ဝါရင့်သံတမန်တဦးဖြစ်သူ ရာဗန် အေဂျီ ဖာဟဒီကို ၁၉၉၃ ခုနှစ်တွင် ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီး ၂၀၀၆ ခုနှစ် နိုင်ငံကို ကိုယ်စားပြုသည်။ အကြမ်းဖက်ကွန်ရက်များမှအပ ပြည်ပမိတ်ဆွေ အနည်းငယ်သာရှိသော နောက်ထပ်အဖွဲ့အစည်းတခုဖြစ်သည့် တာလီဘန်သည် ၁၉၉၆ ခုနှစ်မှ အမေရိကန်ဝင်ရောက် စွက်ဖက်သည့် ၂၀၀၁ ခုနှစ်အထိ မြို့တော်နှင့် နိုင်ငံအစိတ်အပိုင်းအများအပြားကို ထိန်းချုပ်ထား သော်လည်း ကုလသမဂ္ဂတွင် နိုင်ငံကို ကိုယ်စားပြုနိုင်ခြင်း မရှိပေ။
သို့သော် မြန်မာစစ်ကောင်စီတွင် တရုတ်နှင့် ရုရှားအပါအဝင် ပြည်ပမဟာမိတ်များနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်းမှ မိတ်ဆွေများရှိနေသည်။ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်သော ရုရှားသည် နေပြည်တော်မှ စစ်ကောင်စီကို ဝိုင်းကျဉ်ရန် ဆန္ဒမရှိပေ။ ထို့အပြင် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂုက ရုရှားအစိုးရသည် အပြန်အလှန်နားလည်းမှု၊ လေးစားမှုနှင့် နှစ်နိုင်ငံအကြား တည်ဆောက်ထားပြီး ဖြစ်သော ယုံကြည်မှုကို အခြေခံကာ စစ်ဘက်ဆက်ဆံရေး ခိုင်မာအောင်လုပ်ရန် ဆုံးဖြတ်ထားကြောင်း စစ်ကောင်စီနှင့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇွန်လက မော်စကိုသို့ သွားရောက်စဉ်ပြောသည်။
ရုရှားနှင့်မြန်မာအကြား ကာကွယ်ရေးဆက်ဆံရေးသည် မကြာသေးမီ နှစ်များအတွင်း တိုးတက်လာနေပြီး ရုရှားကမြန်မာစစ်တပ်ကို လေ့ကျင့်သင်တန်းပေးကာ စစ်သားထောင်ပေါင်းများစွာကို ပညာသင်ဆုများပေးသကဲ့သို့ အနောက်န်ိုင်ငံများက အမည်ပျက် စာရင်းထည့်ထားသော စစ်တပ်ကို လက်နက်များလည်း ရောင်းနေကြောင်း ထိုစဉ်က Reuters သတင်းက ဖေါ်ပြသည်။
ရုရှားသည် မင်းအောင်လှိုင်၏ အာဏာသိမ်းအစိုးရက ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသည်ကို ပိုမိုလိုလားသည်မှာသေချာပြီး အရှေ့တောင်အာရှနိုင်ငံများအသင်းက အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ဆက်ဆံရေး ထူထောင်ရန်မှာ လွန်စွာ မဖြစ်နိုင်ပေ။
ရုရှားသည် မင်းအောင်လှိုင်၏ အာဏာသိမ်းအစိုးရက ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသည်ကို ပိုမိုလိုလားသည်မှာသေချာပြီး အရှေ့တောင်အာရှနိုင်ငံများအသင်းက စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသည့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားသူများနှင့် ဖွဲ့စည်းထားသည့် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ဆက်ဆံရေး ထူထောင်ရန်မှာ လွန်စွာ မဖြစ်နိုင်ပေ။ မင်းအောင်လှိုင်၏ စစ်ကောင်စီကို တရုတ်က အစိုးရအဖြစ် ရည်ညွှန်းသုံးစွဲသည်ကို အများသတိပြုမိမည်ဖြစ်ပြီး အနောက်နိုင်ငံများက ချမှတ်သည့် အရေးယူပိတ်ဆို့မှုများသည် မသင့်တော်ကြောင်းပြောသောကြောင့် မြန်မာပြည်သူအများအပြားကို ပိုမိုဒေါသထွက်စေခဲ့သည်။
အမေရိကန်အဆိုပြုချက်ကို ထောက်ခံခြင်းသည် ထို ခံစားချက်များကို ပြေလျှော့စေနိုင်သည်ဟု ခေါင်းဆောင်များ စဉ်းစားကောင်း စဉ်းစားနိုင်သည်။ ယခင်စစ်အုပ်စုကို ပုံအောထောက်ခံပြီး ကြက်ဥများအားလုံးကို ခြင်းတခုထဲတွင်သာ ထည့်ထားခဲ့သည့် အတိတ်က အမှားမျိုးကို တရုတ်ကလည်း ထပ်မမှားလိုတော့ပေ။ မြန်မာနိုင်ငံက အနောက်နိုင်ငံများကို တံခါးဖွင့်ခဲ့ပြီး ၂၀၁၁ ခုနှစ်ကဖြစ်ခဲ့သည့် ထိုစဉ်က အမေရိကန် သမ္မတ ဘားရက်အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် အနောက် နိုင်ငံများမှ အခြားခေါင်းဆောင်များကဲ့သို့သော ပြည်ပဧည့်သည်များကို မြန်မာက ဆွဲဆောင်လိုက်သောအခါ တရုတ်လုံခြုံရေး စီမံသူများ အငိုက်မိသွားကြသည်။ ထိုအပြောင်းအလဲများကို ပြန်လည်ချိန်ညှိပြီး မြန်မာအစိုးရသစ်ကို ပြန်လည်ဆွဲဆောင်ရန် ဘေ့ဂျင်းသည် အချိန် တနှစ်ယူခဲ့ရသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အိန္ဒိယ သမုဒ္ဒရာသို့ အထိုက်အလျှောက် လုံခြုံသော လမ်းကြောင်းပေးသည့် တခုတည်းသော အိမ်နီချင်းနိုင်ငံဖြစ်သောကြောင့် သေနင်္ဂဗျူဟာအရ လွန်စွာအရေးပါသည်။ တရုတ်သည် မြန်မာနိုင်ငံတွင် ထိပ်တန်း ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ကမ္ဘာတဝှမ်း ဒေါ်လာထရီလီယံများစွာ ကုန်ကျမည့် ရပ်ဝန်းနှင့်လမ်းအစီအစဉ်အရ မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အအုံစီမံကိန်းအများအပြားလည်း ရှိနေသည်။ ထိုအကြောင်းကြောင့်ပင် တရုတ်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် အသွင်အမျိုးမျိုးဆောင်နေသည်။ အစိုးရချင်း ဆက်ဆံသည့် အဆင့်တွင် တရုတ်သည် နေပြည်တော်တွင် အာဏာရနေသူ မည်သူကိုမဆို ဆက်ဆံမည်ဖြစ်သည်။
ထိုနောက် ပါတီချင်းဆက်ဆံရေးရှိပြီး အာဏာရ တရုတ်ကွန်မြူနစ်ပါတီသည် အစိုးရကိုသာမက စစ်တပ်ကိုပါ ထိန်းချုပ်ထားသောကြောင့် ထူးဆန်းသောအချက်ဖြစ်နေသည်။ သို့သော် ထိုသို့လုပ်ကိုင်သောကြောင့် ဘေ့ဂျင်းမှ အုပ်ချုပ်သူများသည် အစိုးရများနှင့်သာမက ပါတီမျိုးစုံနှင့်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း ဆက်ဆံနိုင်သည်။ တရုတ်နိုင်ငံသည် ယခုကွယ်ပျောက်သွားပြီဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီကို နှစ်ပေါင်းများစွာ ထောက်ခံမှု အကြီးအကျယ်ပေးခဲ့ပြီး ထိုစဉ်က မြို့တော် ရန်ကုန်မှ နေဝင်းအစိုးရနှင့်လည်း ရင်းနှီးသောဆက်ဆံရေးရှိသည်။
အလားတူစွာပင် ယနေ့တွင်လည်း တရုတ်လုံခြုံရေးဌာနများသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံရေးထောက်ခံမှုပေးကြပြီး တရုတ်လက်နက်များ ရရှိအောင်ဆောင်ရွက်ပေးသည်။ ဇူလိုင်လ ၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ထူထောင်သည့် ရာပြည့်အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပို့လိုက်သောအခါ မြန်မာနိုင်ငံမှ ၎င်း၏ပါတီချင်း မိတ်ဆွေထံသို့ ကျေးဇူးတင်ကြောင်း အကြောင်းပြန်သည်။
တရုတ်နိုင်ငံအတွက် ရွေးချယ်စရာ လမ်းကြောင်းအားလုံးကို ဖွင့်ထားခြင်းသည် ပညာရှိရာရောက်သော်လည်း နိုဝင်ဘာလ နောက်ပိုင်းသို့ရောက်သောအခါ တရုတ်က ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံနေပါက လွန်စွာအံ့သြစရာကောင်းမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ လတ်တလော ဖရိုဖရဲအခြေအနေများသည် တရုတ်နိုင်ငံအတွက် အကျိုးမရှိဘဲ အနာဂတ် တွင် မည်သည်တို့ဖြစ်ပျက်မည်ကိုလည်း မည်သူမျှမသိပေ။ ထို့ကြောင့် တရုတ်နိုင်ငံအတွက် ရွေးချယ်စရာ လမ်းကြောင်းအားလုံးကို ဖွင့်ထားခြင်းသည် ပညာရှိရာရောက်သော်လည်း နိုဝင်ဘာလ နောက်ပိုင်းသို့ရောက်သောအခါ တရုတ်က ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံနေပါက လွန်စွာ အံ့သြစရာကောင်းမည်ဖြစ်သည်။ ထိုသို့သော ဆုံးဖြတ်ချက်သည် မင်းအောင်လှိုင်၏ စစ်ကောင်စီကို ဒေါသထွက်စေပြီး မြန်မာနိုင်ငံမှ တရုတ် စီမံကိန်းများ ဒုက္ခရောက်မည်မှာ သေချာသည်။
ယူနန်မှ ဘင်္ဂလားပင်လယ်အော်အထိ ချိတ်ဆက်မည့် စီးပွားရေးအရသာမက သေနင်္ဂဗျူဟာအရလည်း အရေးပါသော တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အတွက် အခက်အခဲများ ဖြစ်သွားစေနိုင်သည်။
စစ်ကောင်စီနောက်တွင် အခြေခံအားဖြင့် ရပ်တည်ပြီး တရုတ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပါတီချင်းဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်သည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် နိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း အဆင့် အလွန်နိမ့်ပြီး လျှို့ဝှက် သတိထားသော ဆက်ဆံရေးကို ထားရှိနိုင်သည်။ မည်သည့် အနောက်တိုင်း နိုင်ငံမျှ ထိုသို့သော သြဇာရှိသည့် နိုင်ငံခြားရေးမူဝါဒကို ယှဉ်နိုင်မည်မဟုတ်ဘဲ ထို့ကြောင့်ပင် တရုတ်နိုင်ငံသည် မြန်မာပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုများတွင် သြဇာအကြီးမားဆုံး ပြည်ပနိုင်ငံဖြစ်နေသည်။
သို့သော် နောက်ဆုံးတနေ့တွင် ၎င်းတို့နိုင်ငံ၏ အနာဂတ်ကို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပုံဖေါ်ပေးမည်မှာ မြန်မာပြည်သူများသာ ဖြစ်သည်။
(ဘာတေးလ်လစ်တနာသည် အာရှအကြောင်း ဆယ်စုနှစ် လေးခုကြာ ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာအတိုင်ပင်ခံဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ UN Ambassador Saga Spotlights China’s Cautious Approach to Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး
ဦးကျော်မိုးထွန်းကို ယာယီဆက်ခန့်ထားရေး တရုတ်ဘာကြောင့် သဘောတူသလဲ
မြန်မာ့သံတမန်ရေးသင်္ချိုင်းမှာ ကျဆုံးတော့မယ့် နောက်ထပ်အထူးသံတမန်တဦး
တရုတ် ရင်းနှီးမြှုပ်နှံမှုကို တာလီဘန် ကော်ဇောနီဖြင့် ကြိုဆို