• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဦးစားပေးလုပ်ဆောင်ရန် CRPH နှင့် KPICT တို့ ဆွေးနွေး

by ဧရာဝတီ
15 November 2021
in သတင်း
A A
နိုဝင်ဘာ ၁၃ ရက်နေ့က အွန်လိုင်းဆွေးနွေးပွဲတွင် တွေ့ရသည့် CRPH နှင့် KPICT ကိုယ်စားလှယ်များ  / CRPH

နိုဝင်ဘာ ၁၃ ရက်နေ့က အွန်လိုင်းဆွေးနွေးပွဲတွင် တွေ့ရသည့် CRPH နှင့် KPICT ကိုယ်စားလှယ်များ / CRPH

5.7k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် Kachin Political Interim Coordination Team (KPICT) တို့အကြား နွေဦးတော်လှန်ရေး ကာလအတွင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အဓိကလုပ်ဆောင်ရန် ရည်မှန်း ဆွေးနွေးခဲ့ကြောင်း ယင်းအစည်းအဝေးတက်ရောက်ခဲ့သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

အစည်းအဝေးကို နိုဝင်ဘာလ ၁၃ ရက်တွင် အွန်လိုင်းမှ တဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အစည်းအဝေး တက်ရောက်သူ တဦးက “နွေဦးတော်လှန်ရေးရဲ့ အရေးကြီးတဲ့ စစ်ရေးဆိုင်ရာ ဦးစားပေးတဲ့ အချိန်အတွင်းမှာ ရှုပ်ထွေးစေမယ့် နိုင်ငံရေး ကိစ္စများကို ဦးစားမပေးဘဲ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို အဓိကလုပ်ဆောင်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
219

အဆိုပါဆွေးနွေးပွဲတွင် KIO ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်ဂွန်မော်လည်း KPICT ခေါင်းဆောင်များနှင့် အတူ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ CRPH ဘက်ကမူ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ဦးဆောင်သည့် အတွင်းရေးမှူးအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။

KPICT သည် နွေဦးတော်လှန်ရေး အစအချိန်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ CRPH ခေါင်းဆောင်များနှင့် ၄-၅ ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့မနက်ပိုင်းတွင် အချက် ၃ ချက်ပါ သဘောတူညီချက် တရပ် လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ ၃ ချက်တွင် “ကြားကာလ ကချင်ဒေသ အစိုးရဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကို KPICT နှင့် CRPH တို့ဆွေးနွေး ညှိနှိုင်းမည်”၊ “ကချင်ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကို KIO မှ တာဝန်ယူပြီး လိုအပ်သည်များကို CRPH နှင့် ညှိနှိုင်းဆောင်ရွက်မည်”၊ “ဤသဘောတူညီချက်တွင် မပါရှိသော အခြားအရေးကြီး ကိစ္စရပ်များကိုလည်း KPICT နှင့် CRPH တို့ ဆွေးနွေးဆောင်ရွက်မည်” ဟု ဖြစ်သည်။

KPICT ကို ကြားကာလ (နွေဦးတော်လှန်ရေးကာလ) တခုလုံးအတွက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်းတို့တွင် “ကြားကာလအတွင်း အခက်အခဲများကို ကျော်ဖြတ်နိုင်ရေး ကိစ္စနှင့် အနာဂါတ်နိုင်ငံတည်ဆောက်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများ ကြိုတင်ဆောင်ရွက်ရန်” လုပ်ငန်းစဉ် ၂ ခုချမှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးကလည်း လက်ရှိအချိန်တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသာ တိုင်းပြည်အတွက် အရေးကြီးနေသဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကိုသာ အဓိကထား လုပ်ဆောင်သင့်ကြောင်း သုံးသပ်သည်။

၎င်းက “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးဆိုတဲ့ ကိစ္စကလည်း အကျေအလည်မဆွေးနွေးနိုင်ဘူးပေါ့။ အဲဒါကလည်း နွေဦးတော်လှန်ရေးပြီးမှ ဆွေးနွေးရမှာ။ ရေရှည်နိုင်ငံရေးပြဿနာတွေ နဲ့ ပတ်သက်ပြီး ဒီနေ့ကာလမှာ ဆွေးနွေးရင် နွေဦးတော်လှန်ရေးအရဲ့ အရှိန်ကို ကန့်သတ်လိုက်သလိုဖြစ်သွားနိုင်တယ်။ အဲဒီကိစ္စတွေက ခဏဘေးဖယ်ထားတာ ကောင်းမယ်ထင်တယ်။ အရေးကြီးတာက ဒီကနေ့မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေကို တိုက်ခိုက်ဖို့က အရေးကြီးဆုံးဖြစ်တယ်” ဟု ဆိုသည်။

သဘောထားအမြင်ဆွေးနွေးပြောဆိုမှုများသည် ယေဘုယျအားဖြင့် အပြုသဘောတိုးတက် ကောင်းမွန်သော်လည်း ဆွေးနွေးမှုများမှ တဆင့် သဘောထားကွဲလွဲမှုများ ကြီးကျယ်လာပါက စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး ရည်မှန်းထားသည့် နွေဦးတော်လှန်ရေးအပေါ် ဆိုးကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

You may also like these stories:

လက်နက်ကိုင်ခုခံများကို သုံးလအတွင်း ရှင်းလင်းပစ်ရန် စစ်ကောင်စီ ရည်မှန်း

စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့ဖို့ ထောက်ခံတင်ပြခြင်း

စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်

Your Thoughts …
Tags: CRPHKIOKPICT
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

by ဝေမင်းထွန်း
26 August 2023
11.3k

မြန်မာစစ်တပ်တွင် မူမရှိချေ။ ၎င်းတို့တွင် အကျိုးစီးပွားသာရှိကြ၏။ ၎င်းတို့ အာဏာခိုင်မြဲရေးကိုသာ ရှေးရှုကြ၏။

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

by အေးချမ်းဆု
11 April 2024
11.2k

ကရင်စစ်မျက်နှာရှိ ဖာပွန်၊ မြဝတီ စစ်နယ်နှစ်ခုအနက် တခုကိုသာ ထိုးစစ်ဝင်နိုင်သည်။

စစ်အာဏာသိမ်း ၃ နှစ်ပြည့် NUG သို့ အိတ်ဖွင့်ပေးစာ

စစ်အာဏာသိမ်း ၃ နှစ်ပြည့် NUG သို့ အိတ်ဖွင့်ပေးစာ

by ဉာဏ်လင်း
27 January 2024
10.9k

တော်လှန်ရေးတရပ်သည် စစ်ရေးချည်းသက်သက်ဖြင့် အလုပ်မဖြစ်နိုင်ပေ။ စစ်ရေးနှင့် နိုင်ငံရေး “မျှခြေ” ရှိရန် လိုအပ်ပါသည်။

မြန်မာပြည် လွတ်လပ်မှု၊ အချုပ်အခြာနှင့် အောက်မှ အထက်သို့ ဖက်ဒရယ်စနစ်

မြန်မာပြည် လွတ်လပ်မှု၊ အချုပ်အခြာနှင့် အောက်မှ အထက်သို့ ဖက်ဒရယ်စနစ်

by Ashley South
10 March 2025
9.8k

ဗဟိုချုပ်ကိုင်သော မြန်မာနိုင်ငံတော်သည် ပို၍ ပို၍ တစစီ ပြိုကွဲလာနေပြီး မည်သည့် စစ်အစိုးရ သို့မဟုတ် ဒီမိုကရေစီအစိုးရ အောက်တွင်မှ စုစည်းညီညွတ်မှု ပြန်လည် ရရှိတော့မည် မဟုတ်ပေ။

KIO က မြန်မာ့ “မူဖာဆာ” ဖြစ်မလား

KIO က မြန်မာ့ “မူဖာဆာ” ဖြစ်မလား

by Joe Kumbun
28 August 2025
9.6k

ဒု ဗိုလ်ချုပ်ကြီး ဂွန်မော်က မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုအနေဖြင့် သွေးခွဲမှုကို ဖြတ်ကျော်ပြီး ဘုံခြိမ်းခြောက်မှုကို ဆန့်ကျင်ရန် ညီညွတ်ရေး နှိုးဆော်သည်။

Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်  / ဧရာဝတီ

လုံခြုံရေးအဖွဲ့သုံး ဆက်သွယ်ရေးစက်အမှု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထွက်ဆိုမည်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုဇုန်ကို တွေ့ရစဉ် / ဧရာဝတီ

မန္တလေး​တွင် မီတာခ မဆောင်သော လုပ်ငန်းများကို လျှပ်စစ်မီးဖြတ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved