• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင် ALP ပါတီ အကွဲအပြဲ ညှိနှိုင်း အဖြေရှာဖို့ အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

by ဧရာဝတီ
18 January 2022
in သတင်း
A A
၂၀၁၆ ခုနှစ်က တွေ့ရသည့် ALP တပ်ဖွဲ့ဝင်များ

၂၀၁၆ ခုနှစ်က တွေ့ရသည့် ALP တပ်ဖွဲ့ဝင်များ

16.3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ခေါင်းဆောင်ပိုင်းများအနေဖြင့် အကွဲအပြဲ ဖြစ်နေသည့်အပေါ် တွေ့ဆုံ ဆွေး နွေးရေး လမ်းကြောင်းဖြင့် ညှိနှိုင်း အဖြေရှာကြရန် ရခိုင်ပြည်နယ် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ကော်မတီ အဖွဲ့က တောင်းဆိုလိုက်သည်။

အဆိုပါ ရခိုင်ပြည်နယ် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ကော်မတီအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော ALP ပါတီ၏ ခေါင်းဆောင်ပိုင်း သဘောထားကွဲလွဲမှုနှင့် ပတ်သက်ပြီး ညီညွတ်ရေး ပြန်တည်ဆောက်ရာ၌လည်း လိုအပ်ပါ က ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
7
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
13

ရခိုင်ပြည်နယ် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ကော်မတီမှ ဒေါ်ညိုအေး “ALP ပါတီ ခေါင်းဆောင်တွေ အနေနဲ့ ဆုံရပ်တခုကို ရှာဖွေပြီးတော့ စေ့စပ်ညှိနှိုင်းပြီး သူတို့အဖွဲ့ကို ကျစ်ကျစ်လစ်လစ် ပြန်လည် ဖွဲ့စည်းပြီး နိုင်ငံရေး ၊ တော်လှန်ရေး လမ်းခရီးကို လျှောက်လှမ်းတာကို မြင်ချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

မည်သည့် အဖွဲ့စည်းမဆို ပြည်သူ့ ထောက်ခံမှုကို မရရှိဘဲ မရပ်တည်နိုင်သည့်အတွက် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ခေါင်းဆောင်များအနေဖြင့် ပြည်သူ့ဆန္ဒကို အလေးနက်ထား ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဒေါ်ညိုအေး က ဆက်လက် ပြောဆိုသည်။

ကျောက်ဖြူမြို့ အခြေစိုက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး စင်တာမှ ဦးထွန်းကြည်ကလည်း လက်ရှိ အခြေအနေတွင် ပြည် နယ်တခုလုံးအတွက် ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် (ULA/AA) မှ စစ်ရေး၊ နိုင်ငံရေးကိုများကို မဟာဗျူဟာကျကျ ဆောင် ရွက်အကောင်ထည်ဖော် လုပ်ကိုင်နေသည့်အတွက် ALP အနေဖြင့် မည်သည့် နိုင်ငံရေး အခင်းအကျင်းဖြင့် သွားမည် ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ပြောသည်။

ဦးထွန်းကြည်က “လက်ရှိမှာ ULA / AA က ရခိုင်ပြည်နယ်မှာ စစ်ရေးရော၊ အုပ်ချုပ်ရေးရော အားလုံး လွှမ်းခြုံပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ရှိတယ်။ အခု ALP ကလည်း လက်နက်ကိုင် တိုက်ပွဲ ဝင်မယ်ဆိုပြီး ထုတ် ပြန်ထားတာ တွေ့ရတယ်။ ဆိုတော့ AA ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်နဲ့ မဟာဗျူဟာပေါ်မှာ ALP ပါတီက ဘယ်လို မဟာဗျူဟာနဲ့ ပူးပေါင်း ဆောင်ရွက်မလဲ ဆိုတာ စောင့်ကြည့်ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ALP ပါတီ ခေါင်းဆောင်များသည် ပြီးခဲ့သော ဒီဇင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ စစ်တွေမြို့တွင် အစည်းအဝေး တရပ် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ခေါင်းဆောင်ပိုင်း သဘောထား ကွဲလွဲမှု ဖြစ်ပေါ်ခဲ့သည့်အတွက် အစည်းအဝေး ကို ရပ်နားခဲ့ရကြောင်း သိရသည်။

ထိုအစည်းအဝေးအပြီး နောက်ပိုင်းတွင် ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်ကြသည့် ခိုင်ရဲခိုင် ဦးဆောင်သော အဖွဲ့နှင့် ခိုင်စိုးနိုင်အောင် ဦးဆောင်သော အဖွဲ့တို့ နှစ်ခြမ်းကွဲကာ ဇန်နဝါရီလ ၆ ရက်နှင့် ဇန်နဝါရီလ ၁၂ ရက်တို့တွင် တခုတည်း သော ပါတီတံဆိပ်ကို အသုံးပြုကာ အပြိုင်အဆိုင် ကြေညာချက်များလည်း အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

အစည်းအဝေးတွင် NCA လမ်းကြောင်းပေါ်တွင် အခြေခံကာ သဘောထား ကွဲလွဲမှု ဖြစ်ပွားခဲ့သော်လည်း အဓိက ခေါင်း ဆောင်ပ်ိုင်း နှစ်ခြမ်းကွဲခြင်းမှာ ပုဂ္ဂိုလ်ရေးအပါအဝင် အုပ်စုဖွဲ့မှုသာ ဖြစ်ကြောင်း ပါတီခေါင်းဆောင်ပိုင်းများထံက စုံစမ်း သိရှိရသည်။

ပါတီခေါင်းဆောင် ဦးခိုင်ရဲခိုင် အဖွဲ့မှာ ပြောရေးဆိုခွင့်ရှိသူ ခိုင်အောင်စိုးသန်းက “ပြဿနာက ပါတီမှာ ငြိမ်းချမ်းရေး အဖွဲ့ဆိုတာ ရှိပါတယ်။ ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် ဦးဆောင်ပါတယ်။ ပါတီက ထိန်းချုပ်လို့ မရတဲ့အဆင့်ကို ရောက်နေ တယ်။ အဲဒါနဲ့ ကျနော်တို့ကတော့ ထပ်ပြီးတော့ ပေါင်းစည်းသွားဖို့ မရှိဘူး။ သူတို့မှာက လူ ၃ / ၄ ယောက်လောက်နဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းမှာ လုပ်ပြီး စားကွက်ရှာတဲ့သူတွေ ဖြစ်နေကြတဲ့အတွက် ကျနော်တို့ ညီညွတ်တဲ့ လူတွေနဲ ပြန်တည်ဆောက်တဲ့ သဘောပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဦးခိုင်စိုးနိုင်အောင် ခေါင်းဆောင်သည့်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်ကတော့ ပါတီဖွဲ့ စည်းပုံ အတိုင်း ပြန်လည်ဖွဲ့စည်းရေးနှင့် တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းကို လက်ခံထားပြီး ၎င်းတို့အဖွဲ့အား အရေးယူမည် ဆိုသည့် ပြောဆိုချက်မှာ အဓိပ္ပာယ် မရှိကြောင်း ပြောသည်။

၎င်းက “အရေးယူမယ်ဆိုပြီး သူတို့ဘက်က လေသံ ပစ်နေတာရှိတယ်။ အရေးယူမယ် ဆိုတာက ဘယ်ဟာကို အရေး ယူမလဲ။ အဲဒါက ဟာသပါ။ အခုအနေအထားမှာ ကိုယ်တို့ ဘယ်အနေအထားမှာ ရှိလဲဆိုတာ သူတို့ဟာ သူတို့ပြန် သုံးသပ်ဖို့ လိုတယ်။ သူတို့ဟာ သူတို့ ခေါင်းမာနေရင် သူတို့အပိုင်းပဲ။ ကျနော်တို့က ခေါင်းမမာဘူး။ ညှိနှိုင်း ရေးကို အချိန်မရွေး လက်ခံပါတယ်။ သို့သော် သူတို့က လက်မခံတဲ့ အနေအထားမှာ ရှိနေတယ်။ သူတို့ လုပ်တာသည်ပင် အခိုုင်အမာ ဖြစ်တယ်လို့ ခံယူထားတဲ့အတွက်နဲ့ ပြဿနာကတော့ ကြီးကျယ်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ကော်မတီမှ ကိုညိုမင်းခိုင်က “နှစ်ဖက် သဘောထားကွဲတဲ့အပေါ်မှာ သူ့ဘက်က မှန်တယ်။ ကိုယ့်ဘက်မှန်တယ် ဆိုတာထက် ကျနော်တို့ကတော့ နှစ်ဖက်လုံးက ငြိမ်းငြိမ်းချမ်းချမ်း ဖြစ် အောင် တွေ့ဆုံ ညှိနှိုင်းပြီး ဖြေရှင်းစေချင်တယ်။ လူထုကိုယ်စားပြု အဖွဲ့အစည်းအနေနဲ့ ပါတီ ခေါင်းဆောင်ပိုင်းတွေ ကလည်း လက်ရှိ နိုင်ငံရေး အခြေအနေ၊ ပြည်နယ်ရဲ့ အခြေအနေနဲ့ လူထုရဲ့ အသံတွေကို နားထောင်စေချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ALP ၏ ဇန်နဝါရီလ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဥက္ကဋ္ဌ ခိုင်ရဲခိုင်၊ ဒုဥက္ကဋ္ဌ အဖြစ် ဒေါ်စောမြရာဇာလင်းတို့ ခေါင်းဆောင်ပိုင်း နေရာကို ရယူထားပြီး ရခိုင့်ကံကြမ္မာ၊ ရခိုင်တို့ ဖန်တီးနိုင်ရေး အမျိုးသား ဘုံပန်းတိုင်းမှာ လက်ရှိ အခြေအနေတွင် မရောက်နိုင်သောကြောင့် ရခိုင်တော်လှန်ရေး အဖွဲ့အစည်း အပါအဝင် နိုင်ငံရေးပါတီများနှင့် ပူးပေါင်း ကာ တိုက်ပွဲဝင်မည်ဟု ဖော်ပြထားသည်။

တဖန် ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဥက္ကဋ္ဌအဖြစ် ခိုင်စိုးနိုင်အောင်၊ ဒုဥက္ကဋ္ဌ အဖြစ် ဗိုလ်မှူးကြီး ခိုင်မာယုနှင့် ဗိုလ်မှူးကြီး ခိုင်ထွန်းဝင်း တို့ ခေါင်းဆောင်ပိုင်းနေရာကို ရယူထားပြီး ပထမထုတ်ပြန်ချက်မှာ ခေါင်းဆောင်ပိုင်းတချို့ က ပါတီဖွဲ့စည်းပုံနှင့်မညီဘဲ တရားမဝင် ထုတ်ပြန်ချက်ဖြစ်သည့်အတွက် ပါတီတွင်း သဘော ထားကွဲလွဲမှု မဖြစ်ပေါ်စေရန် နိုင်ငံရေး ဦးဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ALP သည် ၂၀၁၂ ခုနှစ်တွင် စစ်တွေမြို့၌ ပဏာမ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို လက် မှတ် ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက် မှတ်ထိုးခဲ့သည်။

ALP ပါတီကို ၁၉၆၇ ခုနှစ်တွင် မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ထိန်းချုပ်ရာ ကရင်ပြည်နယ် တွင် စတင် ဖွဲ့စည်းခဲ့သည်။

You may also like these stories:

ရခိုင်လက်နက်ကိုင် ALP အဖွဲ့ နှစ်ခြမ်းကွဲ

မောင်တော ဘူးသီးတောင် ခွဲထွက်မယ် ဆိုတာ ကလေးကလား စကားတွေပါ

စစ်တပ်က ရခိုင်နဲ့ ဗမာကို ရန်တိုက်ပေးသလား

Your Thoughts …
Tags: ALP ပါတီညှိနှိုင်းအဖြေရှာရခိုင်အကွဲအပြဲအရပ်ဘက်အဖွဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.2k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.5k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12.1k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

by ဧရာဝတီ
5 March 2024
11.2k

ရခိုင်စစ်မျက်နှာတွင် အထိနာနေသည့် စစ်ကောင်စီသည် လက်လွှတ်ခဲ့ရသည့် မြို့များ၊ စခန်းများမှ တပ်ဖွဲ့ဝင်များအား စစ်တွေနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတို့တွင် ပြန်လည်စုစည်းမှုများ ပြုလုပ်ကာ ခံစစ်ပြင်နေသည့်အခြေအနေဖြစ်ကြောင်း

Next Post
ဆရာကျောင်း စင်တင်ပေးခဲ့တဲ့ ဂျော်နသန်ကျော်သောင်း

ဆရာကျောင်း စင်တင်ပေးခဲ့တဲ့ ဂျော်နသန်ကျော်သောင်း

သတ်ဖြတ်ခံရသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ  / CJ

မုံရွာတွင် PDF ၄ ဦးကို စစ်ကောင်စီတပ် ပစ်သတ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved