• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ယင်းမာပင်တွင် အရပ်သားများ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရ

by ဧရာဝတီ
22 July 2022
in သတင်း
A A
ယင်းမာပင်မြို့နယ် လယ်ငေါက်ရွာအား အာဏာသိမ်းတပ်က ဇွန်လ ၂၇ ရက်နေ့တွင် မီးရှို့ဖျက်ဆီးမှု  / တေဇ၊ ဧရာဝတီ

ယင်းမာပင်မြို့နယ် လယ်ငေါက်ရွာအား အာဏာသိမ်းတပ်က ဇွန်လ ၂၇ ရက်နေ့တွင် မီးရှို့ဖျက်ဆီးမှု / တေဇ၊ ဧရာဝတီ

5.6k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး (ရွာမ) တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့များက ဒေသခံ အရပ်သား ၆၀ ဝန်းကျင်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံ သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။

ဘန့်ဘွေးရွာမတွင် ၅ လကြာ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး တပ်ဖွဲ့ဝင်များသည် ဘန့်ဘွေးရွာမ အတွင်းမှ ပြည်သူအချို့အပြင် ယင်းရွာအနီးရှိ ဘန့်ဘွေးထန်းဇဉ်နှင့် လက်ပံကျေးရွာ တို့မှ ဒေသခံ ပြည်သူများကို ဇူလိုင်လ ၁၄ ရက်နေ့ကစပြီး ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံထားရသူများတွင် ရွာခံစစ်ရှောင်များသာမကဘဲ စစ်ကောင်စီနှင့် ပူးပေါင်း လှုပ်ရှားနေကြသည့် ပျူစောထီးများ၏ မိသားစုဝင်များပါ ပါဝင်နေကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ရှင်းပြသည်။

ပျူစောထီး မိသားစုဝင် အိမ်များ ဖျက်ဆီးခြင်း၊ ဖမ်းဆီးခြင်း ခံရမှုသည် ပျူစောထီးများ အကြား သဘောထားကွဲလွဲမှုနှင့် ပုဂ္ဂိုလ်ရေး အားပြိုင်မှုများကြောင့် ဖြစ်ကြောင်း ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

ဒေသခံ တဦးက “ပုဂ္ဂိုလ်ရေးတွေကြောင့်လည်း ပါတယ်။ သူတို့ချင်း သစ္စာဖောက်တဲ့ ကိစ္စတွေလည်း ရှိတယ်။ နောက်ပိုင်းမှာ အမြင်မှန်ရပြီးတော့ ပျူကနေ ပြောင်းလဲသွားတာ တချို့လည်းရှိတယ်။ အဓိကကတော့ သူတို့ချင်း သစ္စာဖောက် ကုန်ကြလို့ နောက်ပိုင်း အခုလို ပြန်ဖမ်းတာတွေ လုပ်ကုန်ကြတာ။ သူတို့ ပျူအချင်းချင်း ပြန်ဖမ်းတဲ့ ကိစ္စမျိုးတွေသည် သစ္စာပြန်ဖောက်တာတွေ မသင်္ကာစရာတွေ တွေ့တဲ့ ပုံစံမျိုးတွေကြောင့် ပြန်ဖမ်းထားတဲ့ သဘောပဲ” ဟု ပြောသည်။

ဘန့်ဘွေးရွာမအား အာဏာသိမ်းတပ်နှင့် ပျူစောထီးများ မီးရှို့ဖျက်ဆီးမှု (ဓာတ်ပုံ – CJ)

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ကျေးရွာကို မွှေနှောက် ဖျက်ဆီးရာတွင်လည်း အရပ်သား အိမ်များသာမကဘဲ ပျူစောထီးမိသားစုဝင်များ၏ နေအိမ် ၂၀ ခန့်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသလို နေအိမ်ရှိ အဖိုးတန် ပစ္စည်းများနှင့် အိမ်မွေးတိရစ္ဆာန်များကိုပါ ဖမ်းဆီးယူငင်သွားခြင်း ခံခဲ့ရကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
111
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
34
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

ဖမ်းဆီးမှုကို ကိုယ်တိုင်တွေ့ရှိခဲ့သူ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “ပျူစောထီး မိသားစု တသိုက်ကို ပြည်သူအနေနဲ့ သုံးမယ်။ ဒီလို သုံးရင် ကျနော်တို့ PDF တွေ အနေနဲ့က မတိုက်ဘူး ဆိုတာကို သူတို့က သိထားတော့ ဒါကို သုံးတာ။ ဘန့်ဘွေးရွာထဲကပဲ။ မိန်းကလေးတွေလည်း ပါတယ်။ ဝက်တွေကအစ တင်သွားတာ” ဟု ပြောသည်။

ဘန့်ဘွေးရွာမအား အာဏာသိမ်းတပ်နှင့် ပျူစောထီးများ မီးရှို့ဖျက်ဆီးမှု (ဓာတ်ပုံ – CJ)

ဓားစာခံများအဖြစ် ဖမ်းဆီးခံထားရသည့် အရပ်သားများကို ဘန့်ဘွေးရွာမရှိ ဘုန်းကြီးကျောင်းတွင် ချုပ်နှောင်ထားပြီး ထိုအထဲမှ တချို့မှာ နှိပ်စက်ညှင်းပန်းမှု ခံနေရသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အာဏာသိမ်း စစ်တပ်နှင့် ပျူစောထီးများက ယင်းကဲ့သို့ အရပ်သားများကို လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားခြင်းကြောင့် ဒေသခံ ကာကွယ်ရေးတပ်များအနေဖြင့် စစ်ကောင်စီတပ်ကို တိုက်ရန် အခက်အခဲရှိနေသည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြောသည်။

ယင်းမာပင်မြို့နယ် လယ်ငေါက်ရွာအား အာဏာသိမ်းတပ်က ဇွန်လ ၂၇ ရက်နေ့တွင် မီးရှို့ဖျက်ဆီးမှု (ဓာတ်ပုံ – တေဇ၊ ဧရာဝတီ)

ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “NUG က ချမှတ်ထားတဲ့ စစ်သည်တော် ကျင့်ဝတ်တွေရယ်၊ တပ်ရင်းက ချမှတ်ထားတဲ့ ကျင့်ဝတ်တွေရယ်ကြောင့် ကျနော်တို့က ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ရမှာ ဆိုတဲ့ အတွက် ပြည်သူလူထု ဖြစ်နေရင် ပစ်မှာ မဟုတ်ဘူး။ ဒါကို သူတို့က ကောင်းကောင်းသိတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ဘန့်ဘွေးရွာမသည် ပျူစောထီးရွာဟု ယင်းမာပင်မြို့နယ်တွင် နာမည်ကြီးပြီး ၎င်းနှင့် နီးစပ်ရာ ကျေးရွာများက ဒေသခံများပင် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသ ဖြစ်သည်။

ဒေသခံ တဦးက “တစ်ခါတလေ လမ်းသွားတဲ့ လူလည်း ရမ်းသမ်းပြီးတော့ ပစ်ချင်ပစ်သတ်နေတာ။ ဒီလိုလည်း သေနေကြတာပဲ။ အဲဒီနားကတော့ ခဏတိုင်း ခံနေရတာ။ ဘန့်ဘွေးရွာမနဲ့ အနီးရွာတွေက ကိုယ့်အိမ်ကို မနေရဲကြဘူး။ သူတို့နဲ့ ဝေးမယ့် နေရာတွေမှာ ရှောင်ပုန်းနေကြရတာ လပေါင်းများခဲ့ပြီ။ ယောကျာ်းတွေ အနည်းငယ်လောက်ပဲ ရွာကို ကင်းစောင့်ရင်း နေရတယ်” ဟု ပြောသည်။

အာဏာသိမ်း စစ်တပ်နှင့် ပျူစောထီးများ ရန်မှ လွတ်ရန် ထွက်ပြေးကြသည့် ယင်းမာပင် ဒေသခံများ (ဓာတ်ပုံ – CJ)

အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသည့် ဘန်းဘွေးရွာမသည် ယင်းမာပင်မြို့နယ်၏ အရှေ့မြောက်ခြမ်းတွင် ရှိပြီး ချင်းတွင်းတံတားနှင့် ၄ မိုင်အကွာတွင် ရှိသည်။

အဆိုပါရွာသည် အာဏာမသိမ်းခင် ကာလက ရွာခံ ၇၅ ရာခိုင်နှုန်းခန့်သည် စစ်တပ်က ကျောထောက်နောက်ခံ ပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ထောက်ခံခဲ့သူများ ဖြစ်သည်။

၂၀၂၁ ခုနှစ် ၁၁ လပိုင်းမှ စကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များပေါ်ပေါက်လာပြီးနောက် PDF များကို ဟန့်တားနိုင်ရန် စစ်တပ်က တန်ပြန်ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ် အမည်ခံ ပျူစောထီး အဖွဲ့များ လှုပ်ရှားလာသည့် အခါ ဘန့်ဘွေးရွာမကို ပျူစောထီးရွာဟု ဒေသခံရွာများက သတ်မှတ်ထားကြသည်။

အာဏာသိမ်း စစ်တပ်နှင့် ပျူစောထီးများ ရန်မှ လွတ်ရန် ထွက်ပြေးကြသည့် ယင်းမာပင် ဒေသခံများ (ဓာတ်ပုံ – CJ)

ယင်းမာပင်မြို့နယ် ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “ဘန့်ဘွေးရွာထဲမှာ မြေကတုတ်ကျင်းတွေ အကျအနယူ၊ လက်နက်ကြီးရှယ်ဆင်ထားပြီးတော့ နမခက တပ်တွေ ဝင်လာပြီး တပ်ရင်းကြီး တခု တည်ထောင်ထားသလို ပြင်ဆင်ထားတာ။ ဗျူဟာကောင်းကောင်းနဲ့ chain of command အောက်ရောက်မှ ဒါက အပြီးတိုက်လို့ ရမယ်” ဟု ဆိုသည်။

ယင်းမာပင်မြို့နယ် ချင်းပုန်းရွာတွင်လည်း ဘန့်ဘွေးရွာမ ဖြစ်စဉ်ကဲ့သို့ ဓားစာခံ ဖမ်းဆီးခံရမှုများ ရှိခဲ့သေးသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချင်းပုန်းရွာသို့ ဝင်ရောက်စီးနင်းပြီး မူကြိုကျောင်းနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းကျောင်းများမှ မူကြိုအရွယ် ကလေးငယ် ၈၀ ကျော်နှင့် ၁၈ နှစ်အောက် ကလေးငယ်များ၊ ဆရာ၊ ဆရာမများ အပါအဝင် ဒေသခံ ၂၀၀ ခန့်ကို ၂ ရက်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့သည်။

ဖမ်းဆီးခံရသူအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ထိုအထဲမှ ၉ ဦးအား စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

Your Thoughts …
Tags: ဓားစာခံပျူစောထီးဘန့်ဘွေးရွာမယင်းမာပင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

by စွယ်တော်
23 May 2025
20k

ထိုမကျေနပ်မှုကြောင့် မိတ္ထီလာပြည်သူ့စစ်က ရုပ်သံကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပြီး မေလ ၂၂ ရက်တွင် မိတ္ထီလာပြည်သူ့စစ် ၁၇ ဦး နုတ်ထွက်တော့မည့်အကြောင်းလည်း ထွက်ပေါ်လာသည်။

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

by ဧရာဝတီ
28 July 2023
17k

ဒေသ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေ စိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထား လာကြတာလည်း ဖြစ်ပါတယ်။

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

by ဝတ်ရည်ခိုင်မာ
7 February 2025
12.5k

တကယ်တမ်းတွင် လက်ရှိ မြန်မာပြည်၌ ကျားဖြန့်များ ရှိနေသည်မှာ စစ်တပ် အုပ်ချုပ်နေသည့် နေရာများဖြစ်၏။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

Next Post
ငွေကြေးဈေးကွက်တွင် တွေ့ရသည့် အမေရိကန်ဒေါ်လာများ  / ဧရာဝတီ

စစ်ကောင်စီ၏ ပြည်ပမှ ဆေးတင်သွင်းခွင့် ကြေညာချက်ကြောင့် ဒေါ်လာဈေး ပိုမိုမြင့်လာနိုင်

၂၀၂၀ ခုနှစ်အတွင်းက တွေ့ရသည့် AA တပ်ဖွဲ့ဝင်တဦး  / ဧရာဝတီ

စစ်ရေး အရေးနိမ့်နေသည့် စစ်ကောင်စီ လူထုအပေါ် ရှုံးမဲမဲနေဟု AA ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved