• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းဘုရင် လွတ်ငြိမ်းချမ်းသာခွင့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ မပါသေး

by ဧရာဝတီ
29 August 2022
in သတင်း
A A
ဗြိတိနိုင်ငံသား ၂ ဦးအား သတ်မှုဖြင့် ထောင်ဒဏ် တသက် တကျွန်းကျနေသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း

ဗြိတိနိုင်ငံသား ၂ ဦးအား သတ်မှုဖြင့် ထောင်ဒဏ် တသက် တကျွန်းကျနေသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း

11.9k
VIEWS
Share on FacebookShare on Twitter

ထိုင်းဘုရင်နှင့် ၎င်း၏မယ်တော်ကြီး မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ အကျဉ်းထောင်များအတွင်းရှိ အကျဉ်း သား ၁ သိန်းကျော်အား လွှတ်ပေးခြင်း/ ပြစ်ဒဏ်များ လျှော့ပေါ့ပေးနေသည့်အထဲတွင် လိပ်ကျွန်း လူသတ်မှုဖြင့် ထောင်ဒဏ် တသက်တကျွန်း ကျခံနေရသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ မပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ ပြီးခဲ့သည့် ဇူလိုင်၂၈ ရက်က ကျရောက်သည့် နှစ် ၇၀ ပြည့်မွေးနေ့ အထိမ်းအမှတ်နှင့် ဩဂုတ်လ ၁၂ ရက်တွင် ကျရောက်သည့် ၎င်း၏ မယ်တော်ကြီး မွေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ အကျဉ်း ထောင်များရှိ အကျဉ်းသား ၁ သိန်းကျော်အား ဆောလျင်စွာ လွှတ်ပေးရန်နှင့် ပြစ်ဒဏ်များ လျှော့ပေါ့ပေးမည်ဟု ဩဂုတ်လ ၁၃ ရက်က ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြခဲ့သည်။

ယခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်တွင် ထောင်ထဲမှ အပြီးတိုင် ထွက်ခွင့်ရသူ ၂၂၈၂၂ ဦး၊ ပြစ်ဒဏ်လျှော့ပေါ့ခွင့်ရသူ ၈၀၇၉၁ ဦးရှိပြီး စုစုပေါင်း ၁၀၃၆၁၃ ဦးကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ယခုအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ရသည့် အရေအတွက်မှာ ယခင်ကထက် နည်းပါးကြောင်းနှင့် ယခုနှစ်ထဲတွင် ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပေါ်သည့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို တင်းကျပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

လွတ်ငြိမ်းချမ်းသာခွင့်ရသူများမှာ တရားရုံးမှ အမှု ပြီးပြတ်စီးရင်ပြီးသူများ၊ လွတ်ငြိမ်းချမ်းသာ တကြိမ်တခါမျှ မရရှိဖူး သူများ၊ ပြစ်ဒဏ်၏ ၃ ပုံ ၁ ပုံအား ခံယူပြီးသူ ပါဝင်ပြီး လွတ်ငြိမ်းချမ်းသာ ပါဝင်သူများကို ယခုဩဂုတ်လမှ စတင်ကာ လွတ်မြောက်ခွင့် ပေးလျက်ရှိကြောင်း သိရသည်။

လိပ်ကျွန်း လူသတ်မှုဖြင့် သေဒဏ်မှ ထောင်ဒဏ်တသက်တကျွန်း ကျခံနေရသည့် မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနှင့် ဇော်လင်း တို့ ၂ ဦးမှာ သေဒဏ်မှ ထောင်ဒဏ် တသက်တကျွန်းထိ လျှော့ပေးခံထားရခြင်းမှာ မကြာသေးကြောင်းနှင့် ထောင်ကျနေသည်မှာ ၈ နှစ် မပြည့်ခြင်း တို့ကြောင့် ယခုတခေါက် လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျုံးမဝင်ကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

၎င်းက “ကျနော်တို့ သိသလောက်တော့ လွတ်ငြိမ်းထဲမှာ မပါသေးဘူး။ ဒါပေမယ့် ထောင်ထဲမှာနေတဲ့ စည်းမျဉ်းစည်း ကမ်းတွေ အပေါ် မူတည်ပြီးတော့ သူတို့ လျှော့ရက်တွေတော့ ရနိုင်တယ်လို့ ရှေ့နေက ပြောပါတယ်။ ၂၀၁၉ တုန်းက လိုပေါ့။ ဘုရင်ကြီးမွေးနေ့တုန်းက သေဒဏ်ကနေ တသက်တကျွန်းကို လျှော့ပေးတဲ့သဘောပေါ့။ နှစ်အလိုက် လျှော့ ပေးတဲ့ သဘောပေါ့။ ဘယ်လောက် ရာခိုင်နှုန်း လျှော့မလဲ ဆိုတာကိုတော့ မသိသေးဘူး။ လျှော့ရက်ကတော့ ရနိုင် လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
527
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
45
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
92

လွတ်ငြိမ်းချမ်းသာတွင် မပါဝင်ခဲ့သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ထံ ၎င်းတို့ မိခင်များ ထောင်ဝင်စာ လာရောက် တွေ့ခွင့်ရရန်အတွက် စီစဉ်နေကြောင်း ဦးထူးချစ်က ဆိုသည်။

၎င်းက ဆက်၍ “ကျနော်တို့ဆီက ဝန်ထမ်းတွေက ရခိုင်မှာရှိတဲ့ သူတို့ မိဘတွေဆီကို သွားတွေ့နေတာ ရှိတယ်။ ဝင်းနဲ့ ဇော်ဆီ သူ့မိဘတွေ ထောင်ဝင်စာ လာတွေ့ဖို့ စီစဉ်နေတာရှိတယ်။ အစောပိုင်းကတော့ ကိုဗစ်ဖြစ်နေတုန်းက တွေ့ခွင့်ရဖို့ ခက်ခဲတယ်။ အဲဒီတုန်းကတောင် ကျနော်တို့ အွန်လိုင်းကနေ တွေ့ဖို့ စီစဉ်ခဲ့တယ်။ အဆင်မပြေခဲ့ဘူး။ အခုတော့ ဝင်လို့ ထွက်လို့က အရင်ကထက် ပိုအဆင်ပြေနေပြီလို့ သိရတော့ သူ့မိဘတွေကို ဆွေးနွေး ညှိနှိုင်း နေတယ်” ဟု ပြောသည်။

ယခင် ကိုဗစ်မတိုင်ခင် အချိန်ကာလများက ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား ၎င်းတို့ မိဘများမှ ထောင်ဝင်စာ ၂ ကြိမ် လာရောက် တွေ့ဆုံခဲ့ဖူးပြီး ထိုင်းနိုင်ငံအတွင်းရှိ တသက်တကျွန်း ကျခံနေရသည့် လူငယ်များမှာ စိတ်ခံစားချက် များအရ ထောင်ဝင်စာလာရောက် တွေ့ဆုံစေချင်သည့်အတွက် အစိုးရများအနေဖြင့် ထောင်ဝင်စာ တွေ့ခွင့်ပေးရန် မျှော်လင့်ကြောင်း ဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်သည့် မြန်မာအလုပ်သမားများဖြစ်ကြသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့သည် ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရမှုတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလုယူမှု အပါအဝင် အမှု ၇ မှုဖြင့် ထိုင်းရဲတပ်ဖွဲ့၏ တရား စွဲဆိုခြင်းကို ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင် သေဒဏ် ချမှတ်ခံခဲ့ရသည်။

မြန်မာ ရွှေ့ပြောင်း လုပ်သား ၄ သောင်းခန့် အလုပ် လုပ်ကိုင်လျက်ရှိသည့် လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လူသတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ လူသတ်မှုအတွက် ဝင်းနှင့် ဇော်တို့ ၂ ဦးသည် အစောပိုင်းတွင် ဝန်ခံခဲ့ သော်လည်း နောက်ပိုင်းတွင် ရဲများ၏ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ကြ ကြောင်း သိရသည်။

အမှုများအတွက် အယူခံ အဆင့်ဆင့် တက်ခဲ့သော်လည်း ၎င်းတို့၏ နောက်ဆုံး အယူခံသည် ၂၀၁၉ ခုနှစ် ဩဂုတ်လ တွင် ရှုံးနိမ့်ခဲ့သည်။၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် ထိုင်းဘုရင်ထံ သနားခံစာ တင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် ထိုင်းဘုရင် မွေးနေ့ အထိမ်းအမှတ်အဖြစ် ၎င်းတို့ ၂ ဦးအား သေဒဏ်မှ ထောင်ဒဏ် တသက်တကျွန်းအဖြစ် ပြစ်ဒဏ် လျှော့ချပေးခဲ့သည်။

You may also like these stories:

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာ ၂ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်

ဝင်းနှင့်ဇော် အတွက် ထိုင်းဘုရင်ထံ အသနားခံစာ ယခုလ ၂၁ ရက်၌ တင်ရန် စီစဉ်

Your Thoughts …
Tags: ထိုင်းဘုရင်လိပ်ကျွန်းလူသတ်မှုလွတ်ငြိမ်းချမ်းသာဝင်းနှင့်ဇော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်းဆန္ဒပြပွဲတွေထဲ ရွှေ့ပြောင်းလုပ်သားတွေမပါဖို့ သတိပေး (ရုပ်/သံ)

ထိုင်းဆန္ဒပြပွဲတွေထဲ ရွှေ့ပြောင်းလုပ်သားတွေမပါဖို့ သတိပေး (ရုပ်/သံ)

by ဧရာဝတီ
29 June 2025
129

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လက်ရှိထိုင်းအစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ် နေချိန် ဇွန်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံသား ၇ ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံ၏ ဘုရင် မဟာ ဗာဂျီရာလောင်ကွန်း / Reuters

ကြင်ရာတော်ကို ထိုင်းဘုရင် ဘာကြောင့် ဘွဲ့ပြန်သိမ်းသလဲ

by ဧရာဝတီ
29 October 2019
88k

ဘုရင်က အမျိုးသမီး ၂ ဦးကြားမှ တင်းမာမှုများကို ဖြေ လျှော့ရန် ကြိုးစားခဲ့သည်။ အလုပ်မဖြစ်ခဲ့သည့် အသွင်ရှိသည်။

ဗုဒ္ဓဟူးနေ့ တော်ဝင်ထိမ်းမြားပွဲတွင် တွေ့ရသော ထိုင်းဘုရင်မင်းမြတ်နှင့် စုသီတာမိဖုရား/Reuters / Reuters

နန်းတော်လုံခြုံရေးမှူးချုပ်ကို ထိုင်းဘုရင်က မိဖုရားမြှောက်

by ဧရာဝတီ
3 May 2019
26.5k

ရုပ်သံထုတ်လွှင့်မှုတွင် ဘုရင်သည် အဖြူရောင် ဝတ်စုံနှင့် မင်းမြှောက်တန်ဆာတို့ကို ဆင်မြန်းထားပြီး သတို့သမီးမှာ ပန်းရောင် ထိုင်းရိုးရာဝတ်စုံဖြင့် တွေ့ရသည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို ဗဟိုတရားရုံး (High Court) တွင်ရုံးထုတ်လာစဉ်  / Reuters

မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းပေးရန် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတောင်းဆို

by ဧရာဝတီ
14 December 2021
17.3k

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့သည် မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းပေးရေးနှင့် မိဘများနှင့် တွေ့ဆုံနိုင် ရန် အကူအညီ တောင်းခံထားကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က...

ထိုင်းဘုရင် မဟာဝိဇယ လောင်ကွန်း / File

ထိုင်းဘုရင်သစ် Siam Commercial Bank ၏ အဓိက ရှယ်ယာရှင်ဖြစ်လာ

by ဧရာဝတီ
10 October 2017
8.1k

ထိုင်းဘုရင် မဟာဝိဇယ လောင်ကွန်းသည် ဘုရင့်နန်းတော် ဘဏ္ဍာတော်ထိန်းဌာနက ထိုင်းကူးသန်း ရောင်းဝယ်ရေး ဘဏ် (SCB)၌ ထည့်ဝင်ထားသည့် အစုရှယ်ယာ အမေရိကန်ဒေါ်လာ သန်း၅၀၀ဖိုး လက်ခံရရှိပြီးနောက်၊ ယင်းဘဏ်၏ အဓိကကျ သည့် ရှယ်ယာရှင်တဦးဖြစ်လာကြောင်း Nikkei Asian...

ထိုင်းနိုင်ငံရှိ ဝင်းနှင့်ဇော်တို့ကို အကျဉ်းထောင်တွင် တွေ့ ရစဉ် / တပ်မတော်

ထိုင်းနိုင်ငံရှိ ဝင်းနှင့်ဇော်တို့အတွက် လိုအပ်ချက်များကို တပ်မတော် ကူမည်

by ဧရာဝတီ
6 November 2020
42.8k

ထိုင်းနိုင်ငံ၊ Bang Kwang အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား ၂ ဦး ဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့နှစ်ဦး၏ နေရေး၊ စားရေး၊ ကျန်းမာရေးနှင့် အခြား လိုအပ်ချက်များကို တပ်မတော်က

Next Post
တိုင်းပြည်စီးပွားရေး အောက်သို့ ထိုးဆင်းနေသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုကမူ စီးပွားရေးအင်ပါယာချဲ့ထွင်နေသည်

တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ

ထိုင်းနိုင်ငံ၊ ရနောင်းမြို့နယ် ရေလုပ်ငန်းခွင်ထဲက မြန်မာလုပ်သားများ / ဧရာဝတီ

ထိုင်းအစိုးရက အနိမ့်ဆုံး လုပ်အားခများ တိုးပေးမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved