• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

AA နှင့် စစ်တပ် အပစ်ရပ်သော်လည်း တပ်မရုပ်

by ဧရာဝတီ
28 November 2022
in သတင်း
A A
ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ

12.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲများဆင်နွဲကာ စခန်းသိမ်းတိုက်ပွဲများ၊ အပြန်အလှန်ပိတ်ဆို့မှုများဖြင့် တိုက်ပွဲအရှိန်မြင့်လာချိန်တွင် ရုတ်တရက် နှစ်ဘက်သဘောတူညီပြီး အပစ်ရပ်စဲလိုက်မှု အပေါ် ဝေဖန်မှုများလည်း ဖြစ်ပေါ် လျက်ရှိသည်။

မည်သည့် သဘောတူညီမှု တစုံတရာမရှိဘဲ တိုက်ပွဲ ရပ်စဲခြင်းမှာ ရေရှည် ငြိမ်းချမ်းရေးအကျိုးတစုံတရာ ဖြစ်ထွန်းလာနိုင်သည့် အခြေအနေ မရှိသည့်အတွက် အာဏာသိမ်း စစ်တပ်ကို အသက်ရှုုခွင့် ပေးသည့်သဘော သက်ရောက်နေကြောင်း အင်တာနက်လူမှုကွန်ရက်များတွင် ဝေဖန်နေကြသည်။

AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက လက်ရှိဖြစ်ပွားနေသော တကျော့ပြန်တိုက်ပွဲကာလအတွင်း ပြည်သူလူထု၏ လူမှုစီးပွား အကျပ်အတည်းကို ကျော်လွားနိုင်ရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ရပ်စဲလိုက်ခြင်းသာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
1
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
14
စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

9 January 2026
3

“အပစ်ရပ်လိုက်တာက အချိန်ကာလ အကန့်အသတ်မရှိပါဘူး။ ရခိုင်ပြည်သူတွေရဲ့ အကျိုးကို ဦးထိပ်ထားပြီးတော့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ကျနော်တို့ အလွတ်သဘော လုပ်တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သော သြဂုတ်လဆန်းပိုင်းက ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့အကြား တကျော့ပြန် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီသည် ရခိုင်ပြည်မြောက်ပိုင်းမြို့နယ်များကို လမ်းကြောင်းများ ပိတ်ဆို့ထားသဖြင့် ဒေသတွင်း ဆေးဝါးများ ဖြတ်လတ်ခြင်း ၊ ကုန်ဈေးနှုန်းများ အဆမတန်မြင့်မားခြင်း ၊ ကျေးရွာများကို နေ့ရော ညပါ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် လယ်သမားများ စပါးမရိတ်နိုင်ခြင်း စသည့် ဘက်ပေါင်းစုံ အကျပ်ရိုက်မှုများ ဖြစ်ပေါ်နေသည်။

ရသေ့တောင်မြို့နယ် မယူကမ်းဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးမောင်စောဝင်းက “ တိုက်ပွဲရပ်စဲတဲ့အပေါ် ဝေဖန်နေတဲ့ လူတွေက တကယ့်မြေပြင်မှာ နေတဲ့ လူတွေမဟုတ်ဘူး။ မြေပြင်မှာ နေတဲ့ လူတွေက ဒီမှာ ဖွတ်ဖွတ်ညက်ညက်ကြေနေပြီ။ လမ်းတွေလည်း ပိတ်ဆို့ထားတယ်။ ဗမာပြည်ဘက်က ကုန်တွေကိုဆိုရင် ဘယ်ကုန်ပစ္စည်းမှ တင်ခွင့်မပြုဘဲ ပိတ်ထားတော့ ဒေသတွင်းမှာ အလွန်ကို ဒုက္ခဆင်းရဲနဲ့ ကြုံတွေ့နေရတာ။ AA ကလည်း အဲဒါကို ဖြေရှင်းဖို့ သဘောတူလိုက်တာဖြစ်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကျောက်ဖြူအခြေစိုက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးစင်တာမှ ကိုထွန်းကြည်ကလည်း စစ်ကောင်စီတပ်၏ ဆိုးဝါးသည့် ပိတ်ဆို့မှုဒဏ်ကို ရခိုင်ပြည်သူများ ခါးစည်းခံနေရသည့်အတွက် AA အနေဖြင့် ယာယီ အပစ်ရပ်စဲရန် သဘောတူလိုက်ခြင်းသာ ဖြစ်နိုင်ကြောင်း ပြောသည်။

“ပြည်သူတွေ အဘက်ဘက်က ဒုက္ခရောက်နေကြတယ်ဆိုတော့ မဟော်သဓာ သား တရားစီရင်ခန်းလို ဘီလူးမနဲ့ မိခင် သားလုပွဲမှာ မိခင်ဖြစ်သူက လက်လျှော့ပေးလိုက်တဲ့သဘောဖြစ်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်အတွင်း လတ်တလော ဖြစ်ပွားနေသော တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း တို့ ကြောင့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မောင်တော မြို့နယ်တို့တွင် အရပ်သား ပြည်သူ ၄၀ ကျော်သေဆုံးပြီး ဒဏ်ရာ ရရှိသူ ၆၀ ကျော်အထိ ရှိခဲ့သည်။

နှစ်ဘက်အရပ်ပစ်ပြီးသည့်နောက်ပိုင်း စစ်ကောင်စီသည် နှစ်လ ကျော်ကြာ ပိတ်ထားသည့် စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ရေလမ်းကို ပြန်လည်ဖွင့်ပေးပြီး အမြန်ရေယာဉ်များကို ပြန်လည် ပြေးဆွဲရန် ညွန်ကြားထားသလို မောင်တောမြောက်ပိုင်းတွင်လည်း ကားလမ်းတချို့ကို ပြန်လည် ဖွင့်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

သို့သော်လည်း စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းနှင့် စစ်တွေ-မြောက်ဦး-မင်းပြား ရေလမ်းများကို လက်ရှိအချိန်အထိ စစ်ကောင်စီက ဖွင့်ပေးထားခြင်း မရှိသလို စစ်တွေမြို့ဝင် တပ်ထိန်းစစ်ရေးဆေးဂိတ်ကိုလည်း ပြန်လည်ဖွင့်ပေးထားခြင်း မရှိပေ။

ယင်းအပြင် ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းနှင့် ရသေ့တောင်-မောင်တောမြို့နယ်သို့ ဆက်သွယ်ထားသည့် မောင်တော တောင်ပိုင်းက အငူမော်ကားလမ်းကိုလည်း စစ်ကောင်စီတပ်က ဆက်လက် ပိတ်ဆို့ထားဆဲ ရှိသေးသည်။

စစ်ကောင်စီခေါင်းဆောင်များသည် ပုဏ္ဏားကျွန်း- စစ်တွေ ကားလမ်းတလျှောက် အနီးဝန်းကျင်တွင် ရောက်ရှိနေသော AA တပ်ဖွဲ့ဝင်များ ရုတ်သိမ်းပေးရန်နှင့် မောင်တောမြောက်ပိုင်းရှိ ပိတ်မိနေသော တောင်ပြိုဗျူဟာနှင့် ခမောင်းဆိပ်ဗျူဟာသို့ သွားရောက်သည့် လမ်း ကြောင်းများကို ပြန်လည်ဖွင့်ပေးခြင်းကို အဆိုပါ ပိတ်ထားဆဲ လမ်းကြောင်းများ ပြန်ဖွင့်ပေးခြင်းဖြင့် အပေးအယူ သဘောမျိုး ကမ်းလှမ်းနေကြောင်း AA နှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

“နှစ်ဘက် အပစ်ရပ်စဲရေး သဘောတူညီချက်ဆိုတာက နှစ်ဘက်တပ်ဖွဲ့ဝင်တွေ ရောက်နေတဲ့ နေရာက သေနတ်မဖောက်ပဲ ရပ်ထားဖို့ပဲ၊ AA က လက်ရှိရောက်နေတဲ့ နေရာကတော့ တလက်မမှ ဆုတ်ပေးမှာ မဟုတ်ဘူး။ အဲဒီနယ်မြေတွေက စစ်တိုက်ပြီး သွေးနဲ့ ရင်းထားရတာဆိုတော့ ရှေ့ဆက် ဘယ်လိုညှိနိုင်းကြမလဲ ဆိုတာတော့ စောင့်ကြည့်ရမယ်” ဟု ULA/AA နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

လတ်တလောအခြေအနေတွင် စစ်တပ်နှင့် AA တို့ ယာယီအပစ်ရပ်ထားကြသော်လည်း နှစ်ဘက် တပ်များ ရောက်ရှိနေသည့်နေရာမှ ဆုတ်ခွာ ရုပ်သိမ်းမှု မရှိကြသေးပေ။

You may also like these stories:

စစ်တွေမြို့ကို စစ်ကောင်စီ ပိတ်ထား၍ ကူးသန်းသွားလာရေး အခက်အခဲများဖြစ်

စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းကို AA ထိန်းချုပ်ထားပြီလား

ရခိုင် စစ်မျက်နှာ ရီဗျူး ၁

ရခိုင် စစ်မျက်နှာ ရီဗျူး ၂

Your Thoughts …
Tags: တကျော့ပြန်တိုက်ပွဲနှစ်ဘက်သဘောတူညီရက္ခိုင့်တပ်တော် (AA)ရုတ်တရက်အပစ်ရပ်အာဏာသိမ်း စစ်ကောင်စီတပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်တွေမြို့အဝင် ကျောက်တန်းစစ်ဆေးရေးဂိတ် / ရခိုင်တိုင်မ်းသတင်းဌာန

ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့

by ဧရာဝတီ
23 September 2022
7.6k

မြို့တော်စစ်တွေကို ဗဟိုပြုကာ ပြည်နယ်အတွင်းဆက်သွယ်ထားသည့် စစ်တွေ-ကျောက်တော်-မြောက်ဦး-မင်းပြား ကားလမ်း၊ ရေကြောင်းလမ်းများနှင့် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်သို့ ဆက်သွယ်သည့် အငူမော် ကားလမ်း၊ ပုဏ္ဏား ကျွန်း -ရသေ့တောင်ကားလမ်းတို့ကို စစ်ကောင်စီတပ်က စစ်ရေး ဂိတ်များ အထပ်ထပ် ဖွင့်လှစ်ကာ ပိတ်ဆို့ထားခြင်းဖြစ်...

စစ်တွေ ရေယာဉ် ဆိပ်ကမ်း / ဧရာဝတီ

ရခိုင်မြောက်ပိုင်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့ထား

by ဧရာဝတီ
21 October 2022
3.9k

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် ( AA ) တို့အကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက် သြဂုတ်လအတွင်းမှစ၍ ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင်မြို့နယ်များကို ကုန်းလမ်း ရေလမ်းများ ပိတ်ထားလိုက် ရာမှ ယမန်နေ့ကမူ စစ်တွေ-ပေါက်တော၊...

Next Post
အစိုးရများက အင်တာနက်ပိတ်ခြင်းများသည် ပုံစံအမျိုးမျိုးရှိသည်

အင်တာနက် ဘယ်လိုပိတ်လဲ၊ ဘယ်လို ပြန်တိုက်ဖျက်သလဲ

နေပြည်တော်တွင် နိုင်ဝင်ဘာလ ၂၁ ရက်နေ့က အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ဗီနေး မိုဟန် ကွာထရာနှင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးစဉ် /  Cincds

စိတ်အနှောင့်အယှက်ဖြစ်စရာ မြန်မာစစ်ကောင်စီနှင့် အိန္ဒိယ၏ ဆက်ဆံရေး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved