• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၆ နှစ်ပြည့် ထိုင်းရောက် MoU လုပ်သားများ မြန်မာသို့ပြန် သက်တမ်းတိုးရမည်

by ဧရာဝတီ
1 December 2022
in သတင်း
A A
နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ

နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ

3.4k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတွင် နှစ်နိုင်ငံ သဘောတူစာချုပ်စနစ် (MoU) ဖြင့် လုပ်ကိုင်နေသည့် အလုပ်သမားများ ၆နှစ်ပြည့်ပါက မြန်မာပြည်ပြန်၍ အလုပ်လုပ်ခွင့်ထပ်မံ လျှောက်ထားရမည်ဖြစ်ကြောင်း အလုပ်အကိုင် အေဂျင်စီနှင့် အလုပ်သမား များထံမှ သိရသည်။

MoU စနစ်အရ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃နိုင်ငံမှ အလုပ်သမားများအား ထိုင်းအစိုးရက ၂ နှစ် အလုပ်လုပ်ခွင့် အပြင် နောက်ထပ် ၂နှစ် သက်တမ်းတိုး ခွင့်ပြုသဖြင့် စုစုပေါင်း ၄ နှစ် ထိုင်းနိုင်ငံ၌ နေထိုင် အလုပ်လုပ်ခွင့်ရထားပြီး ယင်းသက်တမ်းပြည့်ပါက မိမိတို့ နေရပ်နိုင်ငံသို့ ပြန်၍ စာချုပ်အသစ် ထပ်မံ ချုပ်ဆိုကာပြန်လည် ခေါ်ယူခြင်း ဖြစ်သည်။

RelatedPosts

တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

24 June 2025
7
အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

24 June 2025
17
စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

24 June 2025
233

သို့သော် ၂၀၁၉ ခုနှစ်နောက်ပိုင်း ကမာ္ဘ့ကပ်ရောဂါ ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုများကြောင့် နယ်စပ်ဂိတ်များ ပိတ်ထား သဖြင့် နေရပ်သို့ မပြန်စေဘဲ ၂ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြုရာ စုစုပေါင်း ၆နှစ် နေထိုင်ခွင့်ရခဲ့သည်။

ယခုအခါ ၆နှစ်ပြည့်သွားသည့် အလုပ်သမားများကို ထိုင်းအစိုးရက အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (Work Permit) နှင့် ဗီဇာ မထုတ်ပေးတော့သဖြင့် မြန်မာအလုပ်သမားများမှာ နေရပ်ပြန် အလုပ်လုပ်ခွင့် လျှောက်ထားမည်ဆိုပါက လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကြောင့် ပြည်တွင်းတွင် အခက်အခဲများ ကြုံရနိုင်ကြောင်း အလုပ်သမားများ က ဆိုသည်။

ရွှေ့ပြောင်း လုပ်သားတဦးက “လက်ရှိအခြေအနေအရ မြန်မာနိုင်ငံက သာယာနေတဲ့ အခြေအနေ မဟုတ်ဘူးလေ။ အခက်အခဲတွေ အများကြီး ရှိတယ်။ မြန်မာပြည်ပြန် လုပ်ရမယ်ဆိုရင် အစအဆုံး ပြန်လုပ်ရမှာ။ ငွေကုန်ကြေးကျလည်း ရှိတယ်။ တဖက်နိုင်ငံကလည်း သူ့ ဥပဒေအတိုင်း လုပ်မှာဆိုတော့ ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားရမှာပေါ့” ဟု ပြော သည်။

လက်ရှိ မြန်မာပြည်တွင် အလုပ်အကိုင် ရှားပါးကာ ပြည်ပထွက်ခွာ အလုပ်လုပ်သည့် ဦးရေများလာခြင်း၊ လက်တွေ့၌ အလုပ်သမား စေလွှတ်မှု ကြန့်ကြာခြင်း၊ စာချုပ်ပါ လုပ်ငန်းများတွင် မလုပ်ကိုင်ရခြင်း၊ အလုပ်ရရှိရန် စောင့်ဆိုင်းရခြင်း၊ အလုပ်သမား စေလွှတ်ရာတွင် ဦးရေ အများအပြား မစေလွှတ်နိုင်သေးဘဲ ကြန့်ကြာမှုများ စသည့်တို့ ကြုံတွေ့ရလျက် ရှိကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် ရောက်ရှိလာသော်လည်း အလုပ် မရသည့် မြန်မာလုပ်သားလည်း ရာနှင့်ချီ၍ ရှိနေသဖြင့် သက်တမ်းကုန်၍ နေရပ်သို့ ပြန်မည်ဆိုပါက လက်ရှိ လုပ်ကိုင်နေဆဲ အလုပ်အကိုင်များပါ ဆုံးရှုံးသွားနိုင် ကြောင်း ၆နှစ်ပြည့်၍ နိုင်ငံသို့ ပြန်ရမည့် အလုပ်သမားများက စိုးရိမ်နေကြသည်။။

ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက “MoU သမားကတော့ အသစ်လုပ်ပြီး ပြန်လာဖို့ ဘယ်လိုမှ ကုန်ကျစရိတ်ရော အချိန်ရောက မလွယ်ဘူး။ မြန်မာပြည်ဘက်အခြမ်းမှာလည်း အခုဆိုရင် MoU လာဖို့ စောင့်နေတဲ့ အလုပ်သမားကလည်း သိန်းနဲ့ချီ စောင့်နေတယ် ကြားတယ်။ မလွယ်တော့ မလွယ်ဘူး။ အခက်အခဲတွေကတော့ အများကြီး ကြုံနိုင်တယ်” ဟု ပြောသည်။

ထိုကဲ့သို့ ထိုင်းအစိုးရက အလုပ်လုပ်ခွင့်နှင့် ဗီဇာ သက်တမ်း မတိုးပေးခြင်းမှာ ကိုဗစ်မတိုင်ခင်ကကဲ့သို့ MoU နည်း လမ်း အရ နေရပ်သို့ ပြန်၍ လုပ်ဆောင်သည့် စည်းမျဉ်းကို ပြန်လည်ကျင့်သုံးခြင်း ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံး သပ်သည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က “ကိုဗစ်ကြောင့် ဖြေလျှော့ ဥပဒေတွေနဲ့ ၂ နိုင်ငံ နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့အတွက် နေထိုင်ခွင့်ပြုထားတာပါ။ သူ့ရဲ့ ဥပဒေအရတော့ ၄ နှစ်ပြည့် ရင် လုံးဝ အိမ်ပြန်ရမှာ ဖြစ်ပါတယ်။ ထိုင်းအစိုးရ သုံးသပ်နေတာက သူ့နိုင်ငံရဲ့ ကိုဗစ်အခြေအနေက ကောင်းမွန်ပြီး ထိန်းချုပ်နိုင်နေတဲ့အတွက်ကြောင့် မူလရှိနေပြီးသား ဥပဒေအတိုင်း ပြန်လည် အသက်သွင်းပြီး လုပ်ဆောင်မှာ” ဟု ပြောသည်။

လက်ရှိတွင်လည်း ထိုင်းနိုင်ငံအတွင်းရှိ MoU စနစ်ဖြင့် လုပ်သား ခေါ်ယူထားသည့် စက်ရုံအများစုအနေဖြင့် ၎င်းတို့ စက်ရုံရှိ အလုပ်သမားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ကာ တရားဝင် စာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေကြ ကြောင်း သိရသည်။

ထိုင်းအစိုးရအနေဖြင့် ထိုသို့ သက်တမ်း တိုးမပေးခြင်းများကို တရားဝင် ထုတ်ပြန်ထားခြင်းမျိုး မရှိသော်လည်း သက်တမ်းကုန်၍ သွားရောက် ပြုလုပ်သူများမှာ ယခုလို ကြုံတွေ့နေကြရ ခြင်း ဖြစ်သည်။

အဆိုပါ အလုပ်သမားများ၏ အခက်အခဲများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ အလုပ်သမား သံအရာရှိရုံးများသို့ ဆက် သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေဆိုမှု မရှိခဲ့ပေ။

အလုပ်သမားအရေးဆောင်ရွက်နေသူများကမူ အလုပ်သမားများအနေဖြင့် ဆက်လက်နေထိုင် အလုပ်လုပ်ခွင့် ရရန် စုပေါင်း၍ အလုပ်ရှင်နှင့် အာဏာပိုင်များထံ တောင်းဆိုသင့်ကြောင်း တိုက်တွန်းထားသည်။

ယခုနှစ် မေလမှ စတင်ကာ အောက်တိုဘာလ ၁၆ ရက်အထိ ထိုင်း- မြန်မာနယ်စပ် မြဝတီ- မဲဆောက် အမှတ်၂ ချစ် ကြည်ရေး တံတားနှင့် ကော့သောင်း- ရနောင်း ရေလမ်းခရီးတို့မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ MoU မြန်မာလုပ်သား ၅၇,၀၅၉ ဦးတို့ကို ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများဖြင့် ချိတ်ဆက် စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ တရားဝင် ရွှေ့ပြောင်းလုပ်သား ၁ သန်း ၆ သောင်းကျော်ခန့် ရှိပြီး MoU စာချုပ်ဖြင့် အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားမှာ ၃ သိန်းကျော်ခန့်ရှိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာလ တွင် ထုတ်ပြန်ထားသည်။

You may also like these stories:

ထိုင်းအလုပ်ရှင်က ပတ်စ်ပို့များ ပြန်ပေးရန် ကတိပြုသော်လည်း အလုပ်သမားများ စိုးရိမ်နေဆဲ

ထိုင်းတွင် ပန်းရောင်လုပ်သားကတ်လုပ်ရာ၌ ငွေကြေး လိမ်လည်မှုများရှိနေ

Your Thoughts …
Tags: MoU လုပ်သားဗီဇာသက်တမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်း MoU လုပ်သားများအား လေကြောင်းဖြင့်ပို့မည်

ထိုင်း MoU လုပ်သားများအား လေကြောင်းဖြင့်ပို့မည်

by ဧရာဝတီ
25 January 2024
1k

MoU လုပ်သားများအား လေကြောင်းခရီးဖြင့် ပို့ဆောင်မည်ဆိုပါက ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ ဒွန်မောင်း လေဆိပ်၊ ထိုမှတဆင့် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီးပါက သက်ဆိုင်ရာလုပ်ငန်းခွင်များသို့ ပို့ဆောင်

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံရသည့် မြန်မာလုပ်သားများ / วันนี้ที่แม่สอด อ.แม่สอด

တရားမဝင်လမ်းမှ ပြည်ပထွက်သူပိုများလာတော့မည်

by ဧရာဝတီ
19 January 2023
4.2k

တရားဝင်နည်းလမ်းအရ အလုပ်သမားပို့ဆောင်မှု ရပ်ဆိုင်းလိုက်သည့်အတွက် တရားမဝင်လမ်းကြောင်း ကို ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး တရားမဝင် သွားရောက်မှုနှုန်ူး မြင့်လာနိုင်ကြောင်း အလုပ်သမား အေဂျင်စီ တချို့နှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက

ချွန်ဘူရီရှိ ကတ်ထူစက္ကူအမှုန့်ကြိတ်စက်ရုံ

ထိုင်း MoU လုပ်သား ၁၈၀ ကျော် လစာအပြည့် မရ၍ တောင်းဆိုရာမှ အလုပ်ထုတ်ခံရ

by ဧရာဝတီ
14 November 2022
20.2k

ချွန်ဘူရီရှိ ကတ်ထူစက္ကူအမှုန့်ကြိတ်စက်ရုံတခုတွင် နှစ်နိုင်ငံ သဘောတူစာချုပ် စနစ် (MoU) ဖြင့် အလုပ် လုပ်ကိုင်နေကြသည့် အလုပ်သမား ၁၈၀ ကျော် လုပ်ခလစာ အပြည့်ဝရရှိရန် တောင်းဆိုရာမှ အလုပ်ထုတ်ခံခဲ့ ရ

ကမ္ဘောဒီးယားရှိ နိုင်ငံခြား ခရီးသည်များ

ကမ္ဘောဒီးယားရှိ နိုင်ငံခြားသားများကို ဗီဇာသက်တမ်း တိုးပေးမည်

by ညီညီသူ
30 April 2020
35.5k

ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ အွန်လိုင်းကနေတဆင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်နိုင်တယ်လို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ကြေညာခဲ့ပါတယ်။

အခု ကြေညာချက်ထဲမှာ ဆိုက်ရောက်ဗီဇာအပြင် ဗီဇာ ကင်းလွတ်ခွင့်နဲ့ ဝင်ရောက်လာကြတဲ့ နိုင်ငံခြားသားတွေ အားလုံး ပါဝင်ပါတယ်။

ထိုင်းအစိုးရက နိုင်ငံခြားသားများကို ဇူလိုင်လကုန်အထိ ဗီဇာသက်တမ်း တိုးပေး

by ညီညီသူ
27 April 2020
13.5k

အခုအစီအစဉ်ဟာ နိုင်ငံခြားသားခရီးသွား လာခွင့်ကန့်သတ်ချက်များကို ကျော်လွှားနိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံခြားသားတွေကို ကူညီပေးတဲ့ အစီအစဉ်တခုလည်း ဖြစ်ပါတယ်။

Next Post
သေဒဏ် ချမှတ်ခြင်းခံရသော ဒဂုံတက္ကသိုလ် ကျောင်းသားများ  / ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ဦး သေဒဏ်ချမှတ်ခံရ

MNDAA ကသိမ်းဆည်းရမိသည့် စစ်ကောင်စီလက်နက်ခဲယမ်းများ  / The Kokang

MNDAA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အသေအဆုံးများ

No Result
View All Result

Recommended

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

5 days ago
8.8k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate