• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ဦး သေဒဏ်ချမှတ်ခံရ

by ဧရာဝတီ
1 December 2022
in သတင်း
A A
သေဒဏ် ချမှတ်ခြင်းခံရသော ဒဂုံတက္ကသိုလ် ကျောင်းသားများ  / ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ

သေဒဏ် ချမှတ်ခြင်းခံရသော ဒဂုံတက္ကသိုလ် ကျောင်းသားများ / ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ

5.5k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ ကမာ္ဘ့ရတနာဘဏ်မန်နေဂျာ အသတ်ခံရမှုနှင့် ပတ်သက်၍ ဒဂုံတက္ကသိုလ် မှ ကျောင်းသား ၇ဦးအား ယမန်နေ့က စစ်ခုံရုံးမှ သေဒဏ်ချမှတ်ခဲ့ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂတာဝန်ရှိသူတဦးက ဧရာဝတီ သို့ ပြောသည်။

သေဒဏ်ချမှတ်ခံခဲ့ရသူများမှာ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး ၊ ကိုခန့်လင်းမောင်မောင် တို့ဖြစ်ပြီး ၎င်းတို့သည် ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းများနှင့် ကျောင်း တက်နေဆဲ အသက် ၂၄ မှ ၁၈ နှစ်အတွင်း လူငယ်များဖြစ်ကြသည်။

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့က ကမာ္ဘ့ရတနာဘဏ်အား ဓားပြတိုက်ရန် ရောက်လာပြီး မန်နေဂျာဦးစောမိုးဝင်းကို သေနတ် ပစ်ခတ်သတ်ဖြတ်သည်ဆိုကာ အဆိုပါ လူငယ် ၇ဦးကို ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ကမ္ဘာ့ရတနာဘဏ်သည် ယခင်က မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်ပြောင်းလဲထားခြင်းဖြစ်ပြီး သေဆုံးသူ မန်နေဂျာ ဦးစောမိုးဝင်းမှာ ဒုဗိုလ်မှူကြီး ဟောင်း တဦးဖြစ်ကြောင်း သိရသည်။

ထိုအမှုနှင့် ပတ်သက်၍ အဆိုပါ လူငယ်များ ဖမ်းဆီးပြီးနောက် မည်သည့်နေရာတွင် ရှိသည်ကို မသိရဘဲ အဆက်အသွယ် ပြတ်နေရာ ယခုအခါ အင်းစိန်ထောင်တွင်း အကျဉ်းကျနေပြီး လူသတ်မှု ပုဒ်မ ၃၀၂ (၁) (က)ဖြင့် သေဒဏ်ချမှတ် ခံခဲ့ရ ခြင်းဖြစ်သည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူတဦးက “တောင်ဒဂုံ ကမာ္ဘ့ရတနာဘဏ်က မန်နေဂျာအသတ်ခံရတဲ့ ကိစ္စမှာ စွပ်စွဲဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ သူတို့ကို တပ်တဲ့ပုဒ်မကတော့ ၃၀၂ (၁) (က) / ၃၄ လို့သိရတယ်။ အဲဒီအမှု နဲ့ ပဲ မနေ့က စစ်ခုံရုံးကနေ သေဒဏ်ချမှတ်လိုက်ရတာပါ ”ဟု ပြောသည်။

တရားလွှတ်တော် ရှေ့နေတဦးက ၎င်းတို့အား တပ်သည့် ပုဒ်မ ၃၀၂ (၁) (က )မှာ သေဒဏ်ချနိုင်သော ပုဒ်မဖြစ်ကြောင်း၊ ရာဇသတ်ကြီး ဥပဒေတွင် ယင်း ပုဒ်မကို ပုဒ်မခွဲ ၃ခု ထပ်ဖွင့်ထားကြောင်း၊ ပုဒ်မ ၃၀၂ (က)မှာ ထောင်ဒဏ် နှစ် နှစ်ဆယ် စီရင်ခြင်းခံရသည့်အတွင်း သို့မဟုတ်၊ (ခ) တင်ကူးကြံရွယ်ချက် သို့မဟုတ် (ဂ) ဤရာဇသတ်ကြီးအရ ၇နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်း ခံထိုက်သော ပြစ်မှုကို ကျူးလွန်နေစဉ် လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်ဟုဆိုသည်။

၎င်းက ဆက်လက်၍ “ရှေ့နေငှားခွင့်ရှိမရှိ မူတည်တယ်။ စစ်ခုံရုံးမှာစစ်စစ် မစစ်စစ် ရှေ့နေပါလား။ ရှေ့နေတော့ပါရတယ်။ ပါရင်ရော ဘယ်လိုမေးခွန်းတွေ မေးခွင့်ရခဲ့လဲ။ ဘယ်လိုသက်သေတွေ တင်ပြခွင့်ရခဲ့လဲ။ တရားလိုဘက်က သက်သေတွေ ကို စစ်ပေးရတယ်။ ဒါတွေကို တင်ပြခွင့်ရခဲ့လား။ တရားမျှတခွင့်ရှိခဲ့လားဆိုတာကို ဘယ်လိုစစ်ခဲ့လားဆိုတာ အရေးကြီး တယ်။ စစ်ခုံရုံးတွေမှာ စစ်ဗိုလ်တွေကပဲ တရားစီရင်တာ ချလိုက်တာပဲ ပြီးရော”ဟု ဆိုသည်။

ယခုကဲ့သို့ သေဒဏ်ချမှတ်ခံခဲ့ရသည့်အပြင် ကျန်အမှု ၃ မှုအတွက်လည်း ဆက်လက်တရားရင်ဆိုင်ရန် ရှိကြောင်းလည်း သိရသည်။

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူက “နောက်ထပ် ၃မှုလည်းကျန်သေးတယ်လို့ သိရတယ်။ ဘာအမှုလဲ တော့ မသိရသေးဘူး။ ဒါကလုံးဝမဖြစ်သင့်တဲ့ ကိစ္စတွေပါပဲ။ သူတို့အနေနဲ့ သူတို့တပ်ချင်တဲ့ ပုဒ်မတွေတပ်တယ်။ စွပ်စွဲချင် တဲ့သူကို စွပ်စွဲတယ်။ မတရားဖမ်းဆီးတယ်။ အဲဒီမှာမှ အမြင့်ဆုံး ပြစ်ဒဏ်လို့ပြောလို့ရတဲ့ သေဒဏ်ကိုလည်း သူတို့စစ်ခုံရုံး ကပဲ ချမှတ်တယ်ဆိုတော့ လုံးဝမဖြစ်သင့်တဲ့ကိစ္စပဲ” ဟု ပြောသည်။

ယမန်နေ့က စစ်ခုံရုံးမှ သေဒဏ်ချမှတ်ခဲ့သူများမှာ ၎င်းတို့အပါအဝင် ၁၂ ဦးဖြစ်ပြီး ကျန်သူများကို အတည်မပြုနိုင်သေး ကြောင်းသိရသည်။

သေဒဏ်ချမှတ်ခံခဲ့ရသူများ၏ မိသားစုဝင်များအနေဖြင့်လည်း ဝမ်းနည်းပူဆွေးနေရပြီး အသနားခံစာတင်သွင်းရန် စီစဉ် နေကြကြောင်းလည်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သေဒဏ်ချမှတ်ခံထားရသည့် ဒဂုံတက္ကသိုလ်ကျောင်းသား ၈ ဦးထိရှိပြီး ဖမ်းဆီးခံထားရ သည့် ကျောင်းသားဦးရေ ၄၀ ဦးခန့်ရှိကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ယခုနှစ် ဇူလိုင်လအတွင်းကလည်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ဦးကို သေဒဏ်ချမှတ်ပြီး ကြိုးပေးစီရင်ခဲ့သည်။

သုတေသန အဖွဲ့တခုဖြစ်သော မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) စာရင်းအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဒဏ်ချမှတ်ခံရသူအရေအတွက်မှာ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ၈၆ဦးရှိပြီး ယခု ချမှတ်လိုက်သည့် ၁၂ ဦးပါဝင်ပါက စုစုပေါင်း ၉၈ ဦးထိ ရှိလာပြီဖြစ်သည်။

၎င်းတို့အနက် ၄၇ဦးမှာ ဖမ်းဆီးချုပ်နှောင်ပြီးနောက် သေဒဏ် ချမှတ်ခံရခြင်းဖြစ်ပြီး ၃၉ဦးမှာ မျက်ကွက်သေဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။ ယင်းကဲ့သို့ သေဒဏ်ချမှတ်ခံရသူများကို စစ်ကောင်စီ၏ စစ်ခုံရုံးများတွင် ရာဇသတ်ကြီးပုဒ်မ ၃၄၊ပုဒ်မ ၁၁၄၊ပုဒ်မ ၃၀၂၊ပုဒ်မ ၃၉၆၊ပုဒ်မ ၃၉၇ အစရှိသည်တို့ဖြင့် အမှုဖွင့် စစ်ဆေး စီရင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

You may also like these stories:

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်ကို ကွပ်မျက်ရန် စစ်ခေါင်းဆောင် ဆုံးဖြတ်

သေဒဏ်ချ ကွပ်မျက်မည့် စစ်ခေါင်းဆောင်ဆုံးဖြတ်ချက် ပြည်တွင်း/ ပြည်ပ ကန့်ကွက် ရှုတ်ချ

ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ထိခိုက်

အာဏာသိမ်းမှုနောက်ပိုင်း သေဒဏ်ပေးမှု လွန်စွာမြင့်မား

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
227
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

နိုင်ငံတကာ အနေနဲ့ ကြည့်မနေဖို့ ကိုဖြိုးဇေယျာသော် ဇနီးတောင်းဆို

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက်ခံနေရ

Your Thoughts …
Tags: ကမာ္ဘ့ရတနာဘဏ်စစ်ခုံရုံးစွပ်စွဲဒဂုံတက္ကသိုလ်ကျောင်းသား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

by ဧရာဝတီ
31 October 2023
26.6k

ဒီအမှုမှာစစ်မယ်ဆိုရင် ကစထမှူး (ဒုဗိုလ်ချုပ်ကြီး တေဇကျော်) ထိ ပါဝင်ပတ်သက်မှုရှိမှာပေါ့။ ဒါပေမယ့် မင်းအောင်လှိုင်က ဘယ်လောက်မှာပဲ ဖြတ်လိုက်ဆိုတော့ တိုင်းမှူးနဲ့ အောက်ကအရာရှိတွေပဲ အရေးယူခံရတာ

စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ

စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ

by ဝေမင်းထွန်း
16 August 2024
12.6k

ထို့ပြင် မင်းအောင်လှိုင်သည် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ကဲ့သို့ အရှင်ထွက် ထွက်နိုင်သည့် အရည်အချင်း မရှိပေ။ သူ့အတွက် အသေထွက် ထွက်ဖို့သာရှိ၏။

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၁

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၁

by အေးချမ်းဆု
28 May 2024
11.1k

စစ်ရေးအရ ရှုံးနိမ့်မှု အကျိုးဆက်အဖြစ် စစ်ကောင်စီသည် တနိုင်ငံလုံးအနှံ့ မြို့ပေါင်း ၆၀ ကျော်ခန့် လက်လွှတ်ခဲ့ရပြီဖြစ်၏။

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၂

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၂

by အေးချမ်းဆု
30 May 2024
9.9k

အခြေအနေအား ကုစားနိုင်ရန် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး တပ်သားသစ် စုဆောင်းရေးကို အတင်းအဓမ္မ ပြုလုပ်နေသည်ကို တွေ့ရသည်။

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

by စွယ်တော်
10 July 2025
5.9k

ထို့သို့သော အခြေအနေတွင် စစ်တပ်အရာရှိကြီးများသည် ရှေ့တန်းတွင် ‘သေမင်း’ နှင့် နောက်တန်းတွင် ‘စစ်ခုံရုံး’ တို့အကြားတွင် ရပ်တည်လုပ်ကိုင်နေရ၏။

အင်းတော်စစ်ခုံရုံးမှ သေဒဏ်ချမှတ်ခံရသူ ၄ ဦးအနက် ၂ ဦးပျောက်နေ

အင်းတော်စစ်ခုံရုံးမှ သေဒဏ်ချမှတ်ခံရသူ ၄ ဦးအနက် ၂ ဦးပျောက်နေ

by ဧရာဝတီ
29 August 2023
4.4k

အင်းတော်မြို့အဝင်၌ စစ်ကောင်စီ၏ တပ်မ ၇၇ လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြင့် တပ်စွဲကာ အထိုင်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားကြောင်း၊ စစ်အုပ်ချုပ်ရေး ကြေညာပြီးကတည်းက မြို့နယ်တရားရုံးအား ပိတ်ထားပြီး အထိုင်ချ တပ်စွဲထားသောကုန်းမှာပင် စစ်ဖက်ဆိုင်ရာတရားရုံးဖွင့်လှစ်၍ တရားစီရင်ရေးများ လုပ်ဆောင်နေခြင်း

Next Post
MNDAA ကသိမ်းဆည်းရမိသည့် စစ်ကောင်စီလက်နက်ခဲယမ်းများ  / The Kokang

MNDAA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အသေအဆုံးများ

ခုခံတော်လှန်ရေး ရှေ့တန်းစခန်းတနေရာကို အလည်အပတ်ရောက်ရှိနေသော NUG ခေတ္တသမ္မတ ဒူဝါ လရှီးလ

မျှော်လင့်ချက်အမှားများ မပေးရန် NUG ဝန်ကြီးများကို သမ္မတ သတိပေး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved