• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထီးချိုင့်ဒေသခံများကို စစ်တပ်က ဖမ်းဆီး

by ဧရာဝတီ
23 December 2022
in သတင်း
A A
ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက တည်တောရွာ မီးရှို့ခံရမှု အိမ် ၃၅ လုံး လောင်ကျွမ်းပြီး စပါးတိုက် ၁၅ လုံး ပြာကျခဲ့  / Tigyaing Revolution -TR

ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက တည်တောရွာ မီးရှို့ခံရမှု အိမ် ၃၅ လုံး လောင်ကျွမ်းပြီး စပါးတိုက် ၁၅ လုံး ပြာကျခဲ့ / Tigyaing Revolution -TR

26.1k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် ဒီဇင်ဘာ ၁၆ ရက်မှ စတင်ကာ တပတ်အတွင်း ဒေသခံ ၁၅ ဦးကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဒေသတွင်း သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ ဖမ်းဆီးခံရသူများတွင် ဆန်စက်လုပ်ငန်းရှင်၊ စပါးပွဲစား၊ ကုန်သည်၊ ကုန်စုံဆိုင်ပိုင်ရှင်များ၊ ဆေးဆိုင်ပိုင်ရှင်၊ အဖျော်ယမကာဆိုင် ပိုင်ရှင်များလည်း ပါဝင်ပြီး မည်သည့် အကြောင်းပြချက်မှ မရှိဘဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထီးချိုင့်ဒေသခံတဦးက “ထီးချိုင့်မြို့မှာ အစောပိုင်းကတည်းက ငွေကြေးချမ်းသာတဲ့သူတွေကို ဖမ်းပြီး ငွေညှစ်ပြီးတော့မှ ပြန်လွှတ်ပေးတာမျိုးတွေ ရှိတယ်။ တယောက်စ နှစ်ယောက်စ လောက်ပဲ။ အခုက အုံနဲ့ကျင်းနဲ့ ချမ်းသာတဲ့သူ အကုန်နီး ပါးပဲ။ အဖမ်းခံရတဲ့ ၁၅ ယောက်မှာ ထီးချိုင့်အနေနဲ့ ချမ်းသာတဲ့စာရင်းဝင် ၁၃ လောက်ထိ ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ထီးချိုင့်မြို့နယ်အတွင်း နိုဝင်ဘာ ၂၅ ရက်မှ စတင်ကာ စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၄၁၅ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးသန်းဇော်ဝင်း ဦးဆောင်သော စစ်ကြောင်း အပါအဝင် စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်း ထိုးနေပြီး နေအိမ်များနှင့် စပါးကျီ၊ စပါးတိုက်များအတွင်း သိုလှောင်ထားသော ဆန်၊ စပါးများအား မီးရှို့ ဖျက်ဆီးခြင်း၊ လယ်ယာသုံး စက်ယန္တရားများ၊ ယာဉ်များ၊ ကျွဲ၊ နွား စသည့် အိမ်မွေးတိရစ္ဆာန်များကိုလည်း ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ တပ်မ ၈၈ လက်အောက်ခံ ခမရ (၄၁၅) စစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က နိုဝင်ဘာ ၂၇ တွင် အလယ်တောတောင်ရိုးရှိ ဘုရားကုန်း၊ နိုဝင်ဘာ ၂၈ ရက်တွင် လေသာ၊ အင်းတိန်းကျေးရွာများနှင့် ဒီဇင်ဘာ ၁ ရက်တွင် လေသာ၊ အလယ်တောကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

ထိုသို့ ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခိုက်ခြင်းနှင့် စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေသလို မြို့ပေါ်တွင်လည်း ငွေကြေးပြည့်စုံချမ်းသာသူများ အပါအဝင် ဒေသခံများကို စစ်ဆေး ဖမ်းဆီးခြင်းများ ယခုနောက်ပိုင်း ဆက်တိုက် ပြုလုပ်လာနေခြင်း ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက တည်တောရွာ မီးရှို့ခံရမှု အိမ် ၃၅ လုံး လောင်ကျွမ်းပြီး စပါးတိုက် ၁၅ လုံး ပြာကျခဲ့ / Tigyaing Revolution -TR

ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှ တာဝန်ရှိသူတဦးကလည်း “အခု အဖမ်းခံရတဲ့သူတွေက ကျနော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ မပတ်သက်တဲ့သူတွေဗျ။ ဖမ်းခံရတဲ့သူတွေ အားလုံးနီးပါးက မြို့ပေါ်မှာ ငွေကြေးပြည့်စုံပြီး ချမ်းသာတဲ့သူတွေပဲ ဖြစ်နေတယ်။ အဲဒီသူတွေ အားလုံးက ကျနော်တို့အဖွဲ့တွေကို ထောက်ပံ့တာ၊ ကူညီတာမျိုး လုံးဝမရှိတဲ့ သူတွေ။ ကျနော် တဦးတည်းရဲ့ ယူဆချက်ကတော့ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲ နီးလာလို့ တမင်ငွေညှစ်ချင်တာ ကြောင့် အခုလို ဖမ်းတာလို့ပဲ မြင်တယ်။ ပြီးတော့ လမ်းတွေပေါ်မှာလည်း စစ်ဆေးဖမ်းဆီးပြီး မထင်ရင်မထင်သလို ဒဏ် ရိုက်တာမျိုးတွေလည်း လုပ်နေကြတယ်” ဟု ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူများအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရဘဲ သက်ဆိုင်ရာ မိသားစုများထံ တိတ်တဆိတ် ဆက်သွယ်၍ ငွေကြေးဖြင့် ပြန်ရွေးခိုင်းသည်ဟု ကြားသိရကြောင်းလည်း ဒေသသတင်းရင်းမြစ်များကို ကိုးကားပြီး ၎င်းက ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
230
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

၎င်းက ဆက်၍ “ဒီနေ့ ၃ ယောက် ပြန်လွတ်လာတယ်လို့ သိရတယ်။ ဘယ်လို ပုံစံမျိုးနဲ့ ပြန်လွတ်လာတယ် ဆိုတာ တော့ မသိရသေးဘူး။ အဖမ်းခံကြရတာက အကြောင်းပြချက် မရှိဘူး။ ကြားရတဲ့ သတင်းတွေအရတော့ ငွေကြေးကြွယ်ဝမှု အပေါ် မူတည်ပြီး တယောက်ကို သိန်း ၃၀၊ သိန်း ၅၀၊ သိန်း ၁၀၀ ထိ တောင်းတယ်လို့ သိရတယ်။ အခု ဖြစ်စဉ်အပေါ်တော့ သီးခြားမှတ်ချက်ပေးစရာ မရှိပါဘူး။ ကျနော်တို့ အနေနဲ့ကတော့ NUG ကို တင်ပြပြီးတော့ ညွှန်ကြားလာမယ့် သဘောထား အတိုင်း ဆက်လက် ဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်” ဟု ဆိုသည်။

ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ဒီဇင်ဘာ ၈ ရက်ထိ ကျေးရွာ ၁၈ ရွာမှ အိမ်ခြေ ၆၇၄ လုံး မီးလောင်ပျက်စီးခဲ့သလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ယနေ့အချိန်ထိလည်း ရွာစဉ်ပတ်ပြီး စစ်တပ်က မီးရှို့နေ ခြင်းများကြောင့် ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း၊ လက်ရှိအချိန်ထိ ကျေးရွာ ၁၁ ရွာမှ ဒေသခံ ၇ ထောင်ခန့် စစ်ဘေးရှောင်နေရကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက တည်တောရွာ မီးရှို့ခံရမှု အိမ် ၃၅ လုံး လောင်ကျွမ်းပြီး စပါးတိုက် ၁၅ လုံး ပြာကျခဲ့ / Tigyaing Revolution -TR

ထီးချိုင့်မြို့နယ်အတွင်း စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “ထီးချိုင့် နယ်ထဲဖြစ်တဲ့ တိုက်ပွဲတွေမှာ သူတို့ဘက် အထိနာ၊ အသေအပျောက်တွေ များလာတော့ မြေပြင်မှာ ယှဉ်မတိုက်ရဲကြတော့ လေယာဉ်ပစ်ကူတွေနဲ့ ဖောက်ထွက်ဖို့ လုပ်ခဲ့ကြတာမျိုးပေါ့။ ဒါတောင် သူတို့တွေက ၆၀ မမလို လက်နက်ကြီးတွေကို တော်တော်များများ သုံးပြီးမှ ရွာတွေကို ဝင်စီးရဲကြတာမျိုး။ သူတို့က ကသာနယ်ဘက်ကနေ ထီးချိုင့်နယ်ထဲကို ဝင်လာ ကြတာ” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီဘက်ကမူ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူများ၏ နေအိမ်များအား မီးရှို့ခြင်း မရှိကြောင်း အမြဲ ငြင်းဆိုလေ့ရှိပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက မီးရှို့ခြင်းသာ ဖြစ်ကြောင်း စွပ်စွဲထုတ်ပြန်လေ့ ရှိသည်။

You may also like these stories:

ထီးချိုင့်၌ တပတ်အတွင်း ရွာ ၇ရွာ မီးရှို့ခံရ၊ အိမ် ၄၅၀ ကျော်နှင့် စပါးတင်း ထောင်ချီ ဆုံးရှုံး

ဒီပဲယင်းတွင် ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီ ဖမ်းကာ လူသားဒိုင်းလုပ်နေ

ဒီပဲယင်းက ရွာ ၁၉ ရွာကို စစ်တပ် မီးရှို့၊ ဒေသခံ ၃၀ ကျော် ဖမ်းထား

Your Thoughts …
Tags: စစ်ကောင်စီစစ်ကြောင်းထိုးစစ်ဘေးရှောင်တပ်မ ၈၈ထီးချိုင့်ဗုံးကြဲမီးရှို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၉ ခုနှစ်က မန္တလေးတိုင်း မိထ္တိလာမြို့နယ် မုံတိုင်ဒေသတွင် ပြုလုပ်သည့် ပူးတွဲစစ်ရေးလေ့ကျင့် မှုတခု / CINCDS

ကုန်းသာတိုက်ပွဲ အလိမ်အညာသတင်း နောက်ကွယ်

မောင်မှိုင်းလွင်(အင်းဝ) သို့ လွမ်းချင်း

မောင်မှိုင်းလွင်(အင်းဝ) သို့ လွမ်းချင်း

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved