• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကရင်နီစစ်ရှောင်များ ရေရှားမှုကြောင့် ကျန်းမာရေးပြဿနာများ ကြုံနေရ

by ဧရာဝတီ
23 February 2023
in သတင်း
A A
ကရင်နီပြည်က စစ်ဘေးရှောင်ပြည်သူများ / ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

ကရင်နီပြည်က စစ်ဘေးရှောင်ပြည်သူများ / ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

2.5k
VIEWS
Share on FacebookShare on Twitter

ကယား (ကရင်နီ) ပြည်နယ် ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများ၊ ဖရူဆိုမြို့နယ် မားခရော်ရှေ့အုပ်စု ကျေးရွာများမှ စစ်ဘေးရှောင်များ သောက်သုံးရေ ရှားပါးမှုနှင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ကြုံ နေရကြောင်း သိရသည်။

ရေရှားပါးမှုကြောင့် ပြည်နယ်အတွင်းနှင့် ရှမ်း-ကယားအစပ်ရှိ စစ်ဘေးရှောင်များမှာ ဝမ်းရောဂါနှင့် ရေဓာတ်ခန်းခြောက် ခြင်းကြောင့် အရေပြားရောဂါများ ဖြစ်ပွားနေရကြောင်း ကရင်နီ စစ်ဘေးရှောင်များအရေး ဆောင် ရွက်နေသူ ကီး (တော်လှန်ရေးနာမည်) က ဧရာဝတီကို ပြောသည်။

၎င်းက “ဖရူဆိုမှ မဟုတ်ဘူး။ ဒီမော့ဆို အနောက်ဘက်ခြမ်းတွေ တကျောလုံးက ရေရှားတဲ့ဧရိယာဖြစ်တော့ စစ်ရှောင် တွေအတွက် အခက်အခဲ ရှိတယ်။ ရေချိုးဖို့၊ လျှော်ဖွတ်ဖို့ မပြောနဲ့ စားဖို့သောက်ဖို့၊ ချက်ဖို့ပြုတ်ဖို့တောင် အခက်အခဲ ဖြစ်တယ်။ ဒီမှာရှိနေတဲ့ ရေလှူလို့ရနိုင်တဲ့ အဖွဲ့အစည်းတွေက လှူတယ်ဆိုပေမယ့်လည်း လွမ်းခြုံမှုမရှိတော့ အခက် အခဲ ဖြစ်တယ်။ ရေဓာတ်ခန်းခြောက်တာတွေကတော့ စစ်ဘေးရှောင်ပြည်သူတွေ တော်တော်များများ ခံစားနေရတဲ့ လက္ခဏာ တွေ့ရတယ်” ဟု ရှင်းပြသည်။

ယခုလအတွင်းမှ စတင်၍ ရေပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီး အပေါ့အပါးသွားသည့် နေရာများတွင် ရေအသုံးမပြုနိုင် သဖြင့် အနံ့အသက်များ ရှိနေ၍ ယင်ကောင် ပေါက်ဖွားမှုနှုန်းမြင့်ကာ ဝမ်းရောဂါ ဖြစ်ပွားခြင်းများ ရှိသလို ရေဓာတ်ခန်း ခြောက်ခြင်းကြောင့် အရေပြားရောဂါများ ဖြစ်နေကြောင်းလည်း သူကပြောသည်။

ကီးက “ဝမ်းရောဂါတွေ ဖြစ်တယ်။ အရမ်းကြီးဖြစ်တာ မဟုတ်ပေမယ့် စိုးရိမ်စရာလို့တော့ ကျနော်တို့ ပြောလို့ရတယ်။ နဂိုထဲက ရေရှားတဲ့ဒေသဆိုတော့ အခုထဲက ပြတ်နေပြီ။ နောက်လတွေမှာဆိုရင် တော်တော် ဆိုးဆိုးရွားရွား ဖြစ်နိုင် တယ်။ အခုက ရေထွက်ပေါက်ရှိတဲ့နေရာ ရှိနိုင်သေးပေမယ့် နောက်လတွေဆို ခန်းသွားနိုင်တယ်” ဟု ဆိုသည်။

လက်ရှိတွင် ကယားပြည်နယ်အတွင်းရှိ ရေရှားပါးသည့်ဒေသများ၌ ရေရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများမှာ တနေရာနှင့်တနေရာ သွားရောက် ဖြန့်ဖြူးရန်အတွက် လောင်စာဆီဈေး ကြီးမြင့်နေခြင်းကြောင့် ရေရရှိအောင် ဆောင်ရွက်ပေးနိုင်မှု နည်းပါးနေကြောင်း စစ်ဘေးရှောင်အရေး ဆောင်ရွက်သူများထံမှ သိရသည်။

ကယားပြည်နယ်တွင် လက်ရှိအချိန်၌ ဒီဇယ် ၁ ပေပါလျှင် ကျပ် ၆ သိန်းနှင့် ဓာတ်ဆီ ၁ ပေပါလျှင် ကျပ် ၅ သိန်း ၇ သောင်း ဝန်းကျင်ထိ ဈေးမြင့်တက်လျက်ရှိပြီး စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့်ဒေသ ဖြစ်သောကြောင့်လည်း လိုအပ် သည့်ပမာဏ ဝယ်ယူရရှိရေးအတွက် ခက်ခဲသည့် အခြေအနေ ဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။

ကရင်နီစစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူ အမျိုးသမီးတဦးကလည်း “ကျမတို့ဘက်ကတော့ နွေရာသီဆို ရေရှား တယ်။ အခုထိကတော့ ရေလာရောင်းတဲ့ကားတွေ ရှိတယ်။ တဂါလံကို ၁၂၀၀ ပေးရတယ်။ ကားတစီးဆို ၂ သောင်းခွဲ ကနေ ၄ သောင်းလောက်ထိ ရှိတယ်။ တတ်နိုင်တဲ့ စစ်ဘေးရှောင်တွေက ဝယ်နိုင်ပေမယ့် မတတ်နိုင်တဲ့သူတွေက များ တယ်။ အဲဒီတော့ ရေလှူတဲ့သူတွေ စောင့်ရတယ်။ နောက်ဆက်တွဲ ကျန်းမာရေး ပြဿာနာတွေကတော့ ရှိနေတာ ပဲ။ ရှမ်း-ကယားအစပ် ဖယ်ခုံဘက်မှာဆို ရှေ့ရက်က လသားအရွယ် ကလေးငယ်တယောက် ဆုံးတယ် ပြောတယ်။ ဝမ်းသွားလို့” ဟု ဧရာဝတီကို ပြောသည်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF Myanmar) ၏ ယခု လဆန်းပိုင်းက ထုတ်ပြန်ထားသည့် အချက် အလက်များအရ နိုင်ငံတဝန်းရှိ ကလေးငယ် ၃ သန်းကျော်မှာ သန့်ရှင်းသည့် သောက်သုံးရေ မရရှိခြင်းကြောင့် နောက် ဆက်တွဲ ကျန်းမာရေးအန္တရာယ်များကို ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ထားသည်။

ထို့အတွက် ရေရှားပါးသည့် ဒေသများတွင် နေထိုင်ရသည့် စစ်ဘေးရှောင်ပြည်သူများ အနေဖြင့် သောက်သုံးရေအဖြစ် ရေကောင်းရေသန့် မရနိုင်ပါက တွင်းရေ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင် ရေများကို အလွယ်တကူ မသောက်သုံးသင့်ဘဲ ရေ ကို ကျိုချက်ပြီးမှသာ သောက်သုံးသင့်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ထားသူ (CDM) ဆရာဝန်တဦးက အကြံပြုသည်။

၎င်းက “ရေကောင်းရေသန့် မရဘူးဆိုရင် ဝမ်းရောဂါတွေ ဖြစ်မယ်။ အစားသောက်၊ ပန်းကန်၊ အိုးခွက်တွေကို သန့်သန့် ရှင်းရှင်း မထားဘူးဆိုလည်း ဖြစ်တာပဲ။ နောက်ပြီး ရေဓာတ်ခန်းခြောက်လို့ အရေပြားရောဂါတွေ ဖြစ်တယ်။ အပူချိန် များမယ်။ အပူလွန်ကဲတဲ့ အချိန်မှာဆိုရင် ရေဓာတ်နည်းရင် သတိလစ်တာတွေ ဖြစ်နိုင်တယ်” ဟု ပြောသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ့ (ISP) ၏ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဖော်ပြချက်အရ ကယားပြည်နယ်သည် စစ်ဘေးဒုက္ခသည် တတိယ အများဆုံး ဖြစ်ပြီး လူဦးရေ ၁ သိန်း ၆ သောင်းကျော်မှာ စစ်ဘေး ရှောင်နေရကြောင်း သိရသည်။

ကယားပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာပင် စစ်ဘေးရှောင်လူဦးရေ ၅ သောင်းဝန်းကျင် စာရင်းကောက်ယူ ရရှိထားကြောင်း စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများကလည်း ဆိုသည်။

ထိုသို့ စစ်ဘေးရှောင်ဦးရေ များပြားသလို ကယားပြည်နယ်သည် စစ်ရေးပြင်းထန်နေသည့် ဒေသတခုလည်းဖြစ်ရာ ပြည်နယ်အတွင်းက စစ်ဘေးရှောင်များ အနေဖြင့် သောက်သုံးရေသာမက စားနပ်ရိက္ခာနှင့် ဆေးဝါးရရှိမှု အခက်အခဲ များပါ ကြုံတွေ့ရမည့် အနေအထား ဖြစ်နေကြောင်း သိရသည်။

ကယားပြည်နယ်နှင့် ကရင်ပြည်နယ် အနှံ့အပြားမှ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေး ပိုမို တင်းကျပ်ထားသောကြောင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် ဝေးလံခေါင်သီသည့် ဒေသများ၌ နေထိုင်ကြရသည့် စစ်ရှောင်ပြည်သူများထံ ရောက်ရှိ အကူအညီပေးနိုင်ရေး အခက်အခဲများ ရင်ဆိုင်နေရကြောင်းလည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ထားသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
38
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
57

You may also like these stories :

ဒီးမော့ဆို စစ်ရှောင်စခန်းတွင် ကလေး ၃၀ ကျော် ရေကျောက်ရောဂါ ဖြစ်ပွားနေ

ကလေးသန်းပေါင်းများစွာ အသက်အန္တရာယ် စိုးရိမ်ရဖို့ ရှိတယ်

စစ်တပ်ကြောင့် ကယားပြည်နယ်တွင် ရပ်ကွက်နှင့် ကျေးရွာ ၈၀ ကျော် ပျက်စီး

မိုးဗြဲအနီး တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးအခြေအနေ တင်းမာ

Your Thoughts …
Tags: ကရင်နီစစ်ဘေးရှောင်ရေဓာတ်ခန်းခြောက်ရေရှားပါးမှုရှမ်း-ကယားနယ်စပ်ဝမ်းရောဂါ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေကုက္ကိုလ် ဝမ်းရောဂါကြောင့် အရေးပေါ်ကာကွယ်မှု ထိုင်းပြုလုပ်

ရွှေကုက္ကိုလ် ဝမ်းရောဂါကြောင့် အရေးပေါ်ကာကွယ်မှု ထိုင်းပြုလုပ်

by ဧရာဝတီ
23 December 2024
1.3k

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲရှိ ရွှေကုက္ကိုလ်မြို့တွင် ကာလဝမ်းရောဂါ ပျံ့နှံ့ဖြစ်ပွားနေသဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

by ဧရာဝတီ
1 December 2023
981

ကရင်နီ (ကယား) ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော ထောင်နှင့်ချီသည့် စစ်ရှောင်များအား ထိုင်းအာဏာပိုင်များက နေရပ်ပြန်ပို့သည့်အတွက် အခက်အခဲများကြုံနေရကြောင်း ကရင်နီစစ်ရှောင်များက ဆိုသည်။

အိန္ဒိယ-မြန်မာ နယ်စပ်၌ ဝမ်းပျက်ဝမ်း‌လျှောကြောင့် စစ်ဘေးရှောင် အပါအဝင်  ၇ ဦး သေဆုံး

အိန္ဒိယ-မြန်မာ နယ်စပ်၌ ဝမ်းပျက်ဝမ်း‌လျှောကြောင့် စစ်ဘေးရှောင် အပါအဝင် ၇ ဦး သေဆုံး

by ဧရာဝတီ
14 November 2025
289

ဝမ်းရောဂါဖြစ်ပွားနေသောကျေးရွာများကို အသွား အလာ ကန့်သတ်ရန် လောင်တလိုင်အာဏာပိုင်များမှ အမိန့်ထုတ်ထားပြီး ခရိုင် ကျန်းမာရေးမှူးများသည် ကျေးရွာများသို့ သွားရောက် ကုသပေးနေသလို ဖြစ်ပွားသည့် အကြောင်းအရင်းအား သိရှိရန် စစ်ဆေးမှုများပြုလုပ်နေကြောင်း

သောက်သုံးရေရှားပါးမှု ကြောင့် ရေပေးဝေနေရ  /  အောင်ဆန်း / ပင်လောင်း

တိုင်းနှင့် ပြည်နယ် ၁၀ ခုတွင် သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေ

by လဲ့လဲ့
26 April 2019
11.1k

ပြည်နယ်နှင့်တိုင်း ၁၀ ခုတွင် သောက်သုံးရေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ရေရရှိရေး ဌာနက ဧရာဝတီသို့ ပြောသည်။ ရေရှားပါးမှုကို ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊...

စက်တင်ဘာ ၁၆ ရက်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၄ ဦး ထိမှန်သေဆုံးခဲ့ / CJ

မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီတပ်များ စီးနင်းဝင်ရောက်နေ

by ဧရာဝတီ
20 September 2022
5.1k

ရှမ်း-ကယားနယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုးဗြဲမြို့ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ ဝင်ရောက်စီးနင်းထားပြီ ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

မိုးဗြဲ ပီဒီအက်ဖ်တပ်ဖွဲ့ / MBPDF

မိုးဗြဲမှာ စစ်ကောင်စီတပ် ဘာကြောင့်ထိုးစစ်ဆင်နေသလဲ

by ဧရာဝတီ
23 February 2022
21.4k

စစ်ကောင်စီ ဒုဥက္ကဋ္ဌ ခရီးစဉ်နှင့် ယခုထိုးစစ်သည် ဆက်စပ်မှုရှိနိုင်ကြောင်းဆိုသည်။

Next Post
၂ နှစ်နီးပါး ကြာမြင့်လာသည့်အခါ မြန်မာလူထု၏ ရုန်းကန်မှု၊ စွန့်လွှတ်စွန့်စားမှုတို့နှင့်အတူ နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်ကို အမေရိကန်က အသိမှတ်ပြုလာခဲ့သည်

အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၄ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီတွင် Victory Day ချီတက်ပွဲမတိုင်မီ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ စစ်သားများ နိုင်ငံတော်အလံကို သယ်ဆောင်လာစဉ် / AFP

ရုရှားကို တရုတ် စစ်ရေးထောက်ပံ့မှာလား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved