• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နယ်စပ်ဖြတ်ကျော်ခွင့်ဖြင့် ထိုင်းသို့ လာသူများ ရက်လွန်နေထိုင်ပါက အရေးယူမည်

by ဧရာဝတီ
24 February 2023
in သတင်း
A A
ကိုဗစ်ကြောင့် သုံးနှစ်ကြာပိတ်ထားသည့် ထိုင်း- မြန်မာနယ်စပ် တာချီလိတ်- မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် ၁ကို  ၂၀၂၃ ဖေဖေါ်ဝါရီ ၂၀ရက် မနက်က ပြန်လည်ဖွင့်လှစ်စဉ် / Narong Chaitarak

ကိုဗစ်ကြောင့် သုံးနှစ်ကြာပိတ်ထားသည့် ထိုင်း- မြန်မာနယ်စပ် တာချီလိတ်- မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် ၁ကို ၂၀၂၃ ဖေဖေါ်ဝါရီ ၂၀ရက် မနက်က ပြန်လည်ဖွင့်လှစ်စဉ် / Narong Chaitarak

3.9k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ၃ နှစ်ကြာ ပိတ်ထားခဲ့သည့် ထိုင်း-မြန်မာနယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ပြီး နောက် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် ဝင်လာသည့် မြန်မာနိုင်ငံသားများ အနေဖြင့် သတ်မှတ်ရက် အတွင်း ပြန်ကြရန် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတိပေး ထုတ်ပြန်လိုက်သည်။

သတ်မှတ်ရက်အတွင်း ပြန်မထွက်ခွာပါက ထိုင်းဥပဒေအရ ပထမဆုံးအကြိမ်တွင် ထောင်ဒဏ် ၁ လခွဲ (သို့မဟုတ်) ၁ ရက်လျှင် ငွေဒဏ် ဘတ် ၂၀၀ ပေးဆောင်ရမည်ဖြစ်ပြီး ဒုတိယအကြိမ် ဖြစ်ပါက ထောင်ဒဏ်နှင့်ငွေဒဏ်ကို တပါတည်း ကျခံရမည် ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင် အမှတ်(၁) တံတားမှ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်(Border Pass)စာအုပ် အစိမ်းဖြင့် ၆ ညအိပ် ၇ ရက် မယ်ဆိုင်ဘက်ခြမ်းထဲ ဝင်ရောက်ပြီးနောက် ပြန်မထွက်ဘဲ တရားမဝင် နေထိုင်နေမည်ကို စိုးရိမ်သဖြင့် ထိုင်းအစိုးရက ယခုလို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများ အရေး ဆောင်ရွက်သူ များ က ဆိုသည်။

မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ကိုင်ဆောင်ထားတဲ့လူတွေက မြန်မာဘက်အခြမ်းကို မပြန်ကြလို့၊ ထိုင်းနယ်နိမိတ် အတွင်းမှာပဲ ဆက်နေကြလို့၊ အဲဒီအတွက် ၇ ရက်ကျော်သွားရင် ထိုင်းဥပဒေအတိုင်း အရေးယူမှုတွေ ပြုလုပ်မယ်လို့ သတိပေးလိုက်တာပါပဲ” ဟု ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရှားပါးမှုကြောင့် တချို့က ယခုကဲ့သို့ တရားဝင် နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် ထိုင်း နိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီးနောက် လက်မှတ်များအား ဖျောက်ဖျက်၍ အလုပ်ရှာပွဲစားများဖြင့် ချိတ်ဆက်ကာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဆက်လက် နေထိုင်ကြသူများ ရှိနေကြောင်း သိရသည်။

အဆိုပါ ၃ နှစ်နီးပါးကြာ ပိတ်ထားခဲ့သည့် တာချီလိတ်-မယ်ဆိုင် အမှတ်(၁) တံတားကို ယခုလ ဖေဖော်ဝါရီ ၂၀ ရက်က ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား ခရီးသွားလာရေး အဆင်ပြေစေရန်အတွက် ရည်ရွယ်ကြောင်း ထိုင်း အာဏာပိုင်များက ပြောဆိုထားသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
372
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
51

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်ကလည်း မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကို ဖွင့်လှစ်ခဲ့ပြီး Border Pass ဖြင့် ဝင်ရောက်ပြီးနောက် ရက်ပြည့်သော်လည်း ဆက်လက် နေထိုင်နေခြင်းများ ရှိနေသည့်အတွက် သတ်မှတ်ရက် ၇ ရက် အတွင်း ပြန်ထွက်ရန် ထိုင်းဘက်က သတိပေး ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်-၁၉ ကြောင့် တံတားမပိတ်ခင် ၂၀၂၀ ခုနှစ်အတွင်းက Border Pass ဖြင့် ဝင်ရောက်လာပြီး ထိုင်းဘက် တွင် သောင်တင်နေသူများ အနေဖြင့်လည်း ဖေဖော်ဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အတွင်း ထွက်ခွာပြီး အသစ် ပြန်လည် ဝင်ရောက်လာကြရန် သတိပေးထားကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာများနှင့် ပတ်သက်၍ လူမှုရေးလုပ်ငန်းများ ကူညီနေသူ မယ်ဆိုင်မြို့နေ ဦးထွန်းက “တံတား မပိတ်ခင်က ဝင်လာပြီး ရုတ်တရက် တံတားပိတ်လိုက်တော့ ယာယီ တံတားကူးလက်မှတ်နဲ့ ပိတ်မိတဲ့လူတွေ ရှိတယ်။ တချို့ကလည်း ပြန်သွားကြတယ် သတ်မှတ်တဲ့အချိန်မှာ။ တချို့ကျတော့လည်း မယ်ဆိုင်မှာ အဲဒီ လက်မှတ်ကိုင်ပြီး ဆက်နေနေကြတယ်။ အခု တံတားပြန်ဖွင့်ပြီ ဆိုတော့ သက်တမ်းကုန်နေတာတွေကို ပြန်ထွက်ကြပါ။ ပြီးမှ အသစ် ဝင်ကြပါ လို့ ပြောတာပါ” ဟု ပြောသည်။

အဆိုပါ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားများမှတဆင့် ဝင်ရောက်မည်ဆိုပါက မှတ်ပုံတင် (သို့မဟုတ်) အိမ်ထောင်စု စာရင်းနှင့်အတူ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးလက်မှတ် ပြသရမည် ဖြစ်ပြီး မြန်မာဘက်သို့ ငွေကျပ် ၂၀၀၀ နှင့် ထိုင်းဘတ်သို့ ဘတ် ၄၀ ပေးဆောင်ပြီး Border Pass လျှောက်ထားနိုင်ကြောင်း သိရသည်။

ယင်း ချစ်ကြည်ရေးတံတားများ မဖွင့်လှစ်မီက မြန်မာနိုင်ငံသားများ အနေဖြင့် နေ့စဉ်နှင့်အမျှ တရားမဝင် လမ်းကြောင်း များမှတဆင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ကြရာ မကြာခဏ ဖမ်းဆီးခံရမှုများ ရှိနေပြီး ယခု တံတားများ ပြန်လည် ဖွင့် လှစ်ချိန်တွင် အများစုသည် ကိုဗစ်ကာကွယ်ဆေး လက်မှတ်များ အမြန်ဆုံးပြုလုပ်၍ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက် လျက် ရှိကြောင်း သိရသည်။

You may also like these stories:

ထိုင်း-မြန်မာကုန်သွယ်ရေး ဆက်တိုက် ကျဆင်း

တိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ် ထီးခီးကုန်သွယ်ရေးဂိတ် ယာယီပိတ်လိုက်ရ

အာရှလမ်းပိတ်ထား၍ မြဝတီနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်

Your Thoughts …
Tags: Border Passတာချီလိတ်-မယ်ဆိုင်ထိုင်း- မြန်မာနယ်စပ်ထိုင်းအစိုးရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

by ဧရာဝတီ
27 November 2023
18.8k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

by ဧရာဝတီ
28 November 2023
14.3k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

မြဝတီကို KNLA ပူးပေါင်းတပ်များ ထိန်းချုပ်

မြဝတီကို KNLA ပူးပေါင်းတပ်များ ထိန်းချုပ်

by ဧရာဝတီ
6 April 2024
10.3k

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် ကရင်ပြည်နယ်၊ မြဝတီမြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူပေါင်းတပ်များက ထိန်းချုပ်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

by ဧရာဝတီ
9 July 2025
9k

အကြောင်းက ၎င်းတို့နှစ်ဦး ပြီးခဲ့သည့် ဧပြီ ၃ ရက်က ဘန်ကောက်သို့ BIMSTEC အစည်းအဝေး လာတက်သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြရန်ပြင်နေချိန် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးနောက် အမှု ၇ မှုဖြင့် တရားစွဲခံရသောကြောင့်ဖြစ်သည်။

သူဌေးကျွန်း ဟိုတယ်ပိုင်ရှင်၏ ညီ စစ်ကြောရေး၌ သေဆုံး

သူဌေးကျွန်း ဟိုတယ်ပိုင်ရှင်၏ ညီ စစ်ကြောရေး၌ သေဆုံး

by ဧရာဝတီ
12 February 2024
7.8k

၎င်းသည် ဖေဖေါ်ဝါရီ ၂ ရက်နေ့အထိ ရန်ကုန်မြို့တွင် ရှိနေပြီး မိတ်ဆွေများက ကော့သောင်းသို့ မပြန်ရန် ပြောသော်လည်း ယင်းအမှုကိစ္စမှာ ၎င်းနှင့် သက်ဆိုင်ခြင်းမရှိဟု ယုံကြည်သလို တနင်္သာရီဒေသ၌ လုပ်ငန်းရှင် မြို့မျက်နှာဖုံးတဦးအဖြစ် လူသိများကာ အုပ်ချုပ်ရေးပိုင်းနှင့်လည်း သင့်မြတ်သဖြင့်...

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

by ဧရာဝတီ
29 November 2023
7.1k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

Next Post
၂၀၂၂ ဒီဇင်ဘာလက စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကောလင်းခရိုင်အတွင်းရှိ ပြည်သူ့နေအိမ်များ / ကောလင်းမြို့နယ် ပကဖ

ကောလင်းဒေသခံ ၁၈ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

လွေးနွန်ခန်းနှင့် မိခင် / ရွှေဖီမြေ

ရန်ကုန်ရှိ သီလရှင်ကျောင်းမှ တအာင်းမိန်းကလေးငယ်များ ညှဉ်းပန်းနှိပ်စက်ခံထားရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved