• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်တော်မှ စစ်ရှောင်စခန်း ၃ခု မတ်လကုန် ပိတ်သိမ်းမည်

by ဧရာဝတီ
24 March 2023
in သတင်း
A A
ကျောက်တော်မြို့

ကျောက်တော်မြို့

4.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ စစ်ရှောင်စခန်း ၅ ခုအနက် ၃ခုအား ယခုလကုန်တွင် ပိတ်သိမ်းရန် စီစဉ်နေပြီး စခန်း တွင်းနေထိုင်သူများကို နေရပ်ပြန်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက စခန်းတာဝန်ခံများအား ခေါ်ယူ ပြောဆိုကြောင်း စစ်ရှောင်ရွာသားများထံမှ သိရသည်။

ကျောက်တော်မြို့တွင် ညောင်ချောင်း၊ ရထားဘူတာ၊ မဟာမုနိ၊ သိမ်ကျောင်း၊ ရှမ်းရွာ စသည့် စစ်ရှောင်စခန်း ၅ ခုရှိသည့် အနက် မဟာမုနိ၊ သိမ်ကျောင်းနှင့် ရှမ်းရွာ စခန်း ၃ ခုကို ပိတ်မည်ဟု သိရပြီး ယင်းစခန်းများတွင် စစ်ရှောင် ၃၀၀၀ နီးပါး ရှိကြောင်း သိရသည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
320
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.2k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
2.7k

မဟာမုနိ စစ်ရှောင်စခန်းမှ ကျေးရွာသားတဦးက “တနေ့က မြို့နယ်ထွေ အုပ်ရုံးကို ခေါ်ပြီးတော့ စစ်ရှောင်စခန်းတွေကို ပိတ် သိမ်းတော့မယ်။ စခန်း အကုန်လုံးတော့ မဟုတ်ဘူး။ ပထမသုတ်အနေနဲ့ စခန်း ၃ ခုကို ရွာပြန်ပို့တာလို့ပြောတယ်။ တချို့က တော့ ပြန်ချင်တဲ့သူတွေလည်း ရှိတယ်။ အများစုကတော့ မပြန်ချင်ဘူး။ ဒါပေမယ့်လည်း သူတို့ ပိတ်သိမ်းတော့မယ်ဆို တော့ ကျနော်တို့လည်း မတတ်နိုင်ဘူး။ ပြန်ရတော့မှာပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ မဟာမုနိစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၃၀၀ ကျော် ၊ လူဦးရေ ၁၅၀၀ ရှိပြီး အများစုမှာ ကျောက်တော် မြို့နယ် အတွင်းမှ မျောက်တောင်၊ သာစည်၊ ရွှေပြည်၊ တင်းမ စသည့် ကျေးရွာများနှင့် ပလက်ဝမြို့နယ်အတွင်းမှ ရခိုင်တိုင်းရင်းသား ကျေးရွာများမှ ဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် နေရပ်ပြန်မည့် စစ်ရှောင်ကျေးရွာသားများအား အိမ်ထောင်စုတစုလျှင် ငွေကျပ် ၆သိန်း ဆန်တအိတ်နှင့် အသုံးအဆောင်ပစ္စည်းတချို့လည်း ထောက်ပံ့ပေးမည်ဟု ပြောဆိုထား ကြောင်း စစ်ရှောင်ကျေးရွာသားများက ပြောသည်။

ရှမ်းရွာစခန်းမှ ကျေးရွာသားတဦးက “၂၉ ရက်နေ့ စပြီး အိမ်အသုံးအဆောင် ပစ္စည်းတချို့ ကို ပေးမယ်။ ၃၀ ရက်နေ့ဆိုရင် စပြီးတော့ ပြန်ကြပေါ့။ သူတို့ပြောတဲ့ ပုံစံကတော့ အနုနည်းနဲ့ ဖိအားပေးတာပေါ့။ ပြန်ခိုင်းတဲ့အချိန် ပြန်ရင် ထောက်ပံ့ငွေ ရမယ်။ နောက်မှ ပြန်မယ်ဆိုရင်တော့ တပြားမှ ရမှာ မဟုတ်ဘူးဆိုတဲ့ သဘောမျိုးပြောတယ်။ စခန်းက လူတွေလည်း အနေဆင်းရဲ အစားဆင်းရဲဆိုတော့ အများစုကတော့ ပြန်ဖို့ စဉ်းစားနေကြတယ် ” ဟု ပြောသည်။

ကျောက်တော်မြို့ပေါ်ရှိ ရှမ်းရွာနှင့် သိမ်ကျောင်း စစ်ရှောင်စခန်းတို့တွင် လူဦးရေ ၄၀၀ ကျော်ရှိပြီး စခန်းတွင် ခိုလှုံနေကြ သူများမှာ ကုလားတန်မြစ် အရှေ့ဘက်ကမ်းနှင့် အနောက်ကမ်းရှိ ကျေးရွာများမှ ဖြစ်သည်။

ကျောက်တော်မြို့ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက “စစ်ရှောင်စခန်းက လူတွေလည်း အစား ဆင်းရဲ အနေဆင်းရဲ ဖြစ်နေကြတာ ကြာပါပြီ အရင်လို အလှူရှင်တွေလည်း မရောက်ကြတော့ဘူး။ နိုင်ငံတကာအဖွဲ့တွေ ကလည်း ထောက်ပံ့မှု မရှိသလောက် ဖြစ်လာတဲ့အခါ တချို့ဆို ထမင်းတောင် ငတ်ကြတယ်။ အကြွေးတွေ ပတ်လည် ဝိုင်းပြီးတော့ ဖြစ်လာကြတဲ့အခါ သူတို့ကလည်း ပြန်ခိုင်းတဲ့အချိန် အရဲစွန့်ပြီး ရွာပြန် လုပ်ကိုင်စားသောက်မယ်ဆိုပြီး စဉ်းစားလာကြတာ ဖြစ်မယ် ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီမှ နေရပ်ပြန်ဖို့ ဖိအားပေးသော်လည်း အဆိုပါ စခန်း ၃ ခုတွင် ခိုလှုံနေသည့် ကုလားတန် အရှေ့ကမ်းမှ တင်းမ၊ မုန့်သန်းပြင်၊ ပြိုင်တိုင်းကျေးရွာမှ ဒေသခံများမှာမူ ရွာလုံးကျွတ်မီးရှို့ခံခဲ့ရပြီး နေစရာအိမ်မရှိသည့်အတွက် အခြားစစ်ရှောင် စခန်း သို့ ပြောင်းရွေ့နေထိုင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီအတွင်းက စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ သက်သက်ခိုင် ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင် နှင့် စစ်ကောင်စီခန့် ရခိုင် ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်းတို့သည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်များသို့ သွားရောက်ကာ စစ်ရှောင်များကို နေရပ်ပြန်ရန် တိုက်တွန်းခဲ့ပြီးနောက် ယခုလို စစ်ရှောင်စခန်းများ ပိတ်သိမ်းမည်ဟု ဖိအားပေး ပြောဆိုလာခြင်း ဖြစ်သည်။

ရက္ခိုင့်တပ်တော် ( AA ) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက လုံခြုံမှု မရှိဘဲ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေသော လက်ရှိအခြေနေတွင် စစ်ကောင်စီက စစ်ရှောင်ကျေးရွာသားများအား နေရပ်ပြန်ခိုင်းနေခြင်းမှာ စစ်ရှောင်ကျေးရွာသားများ ကို ပိုမိုဒုက္ခရောက်စေရန် လုပ်ဆောင်ခြင်းမျိုးသာ ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

လက်ရှိအခြေအနေတွင် နှစ်ဖက်တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ရခိုင် ပြည်နယ်အတွင်း စစ်ရှောင်အရေအတွက် ၇၀၀၀၀ သောင်းကျော် နေရပ် မပြန်နိုင်သေးဘဲ ဆက်လက် ရှိနေသေးကြောင်း ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် အရေး ကူညီပေးနေသော ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ၏ ကောက်ယူထားသော စာရင်းများအရ သိရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့သည် ၂၀၁၈ ခုနှစ်က တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ၂၀၂၀၊ နိုဝင် ဘာလဆန်းပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး အထူးသံတမန် မစ္စတာ ဆာဆာကာဝါ ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ပထမအကြိမ် အပစ်ရပ်ခဲ့သည်။

ထိုနောက် အာဏာသိမ်းကာလအတွင်း တိုက်ပွဲများ ငြိမ်သက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် သြဂုတ်လဆန်းပိုင်းတွင် စစ်ကောင်စီနှင့် AA တို့သည် မြန်မာ- ဘင်္ဂလား- အိန္ဒိယ နယ်စပ်တို့တွင် တကျော့ပြန် တိုက်ပွဲများ ပြန် လည် ဖြစ်ပွားခဲ့ကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဒုတိယအကြိမ် အပစ်ရပ်ခဲ့ကြသည်။

ထိုသို့ အပစ်ရပ်စဲသော်လည်း စစ်ကောင်စီနှင့် AA တို့အကြား ခိုင်မာသည့် သဘောတူညီချက် တစုံတရာ မရှိသောကြောင့် နောက်တကြိမ် တိုက်ပွဲဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

You may also like these stories:

ကျောက်တော်ရှိ စစ်ရှောင်စခန်းများကို စစ်တပ်မှပစ်ခတ် ခြိမ်းခြောက်

မြောက်ဦးမြို့ စစ်ရှောင်စခန်းများကို တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့ စစ်ဆေးမည်

ပလက်ဝမှ စစ်ဘေးရှောင်များ ကျောက်တော် ဘက်သို့ ပြေးရ

ALP အကွဲအပြဲ ဘယ်ကိုဦးတည်နေသလဲ

Your Thoughts …
Tags: ကျောက်တော်စစ်ကောင်စီစစ်ရှောင်စခန်းရခိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လက်ရှိကြုံနေရတဲ့ အထွေထွေအကျပ်အတည်းတွေက လူကုန်းကူးမှုကို မြင့်တက်လာဖို့ အကြောင်းရင်းဖြစ်လာ / EU

ဝမ်းရေးအကျပ်အတည်းက လူကုန်ကူးမှုသားကောင် ပိုများလာသလား

ကယားပြည်နယ်အတွင်းရှိ တောတောင်များတွင် စစ်ရှောင်နေရသည့် ဒေသခံတချို့ / ကရင်နီပြည် စစ်ရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်

ပြည်ထောင်စုသားချင်း စာနာထောက်ထားမှု ပြကြပါ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

7 days ago
3.9k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 day ago
3.6k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate