• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဝမ်းရေးအကျပ်အတည်းက လူကုန်ကူးမှုသားကောင် ပိုများလာသလား

by ဧရာဝတီ
24 March 2023
in ဆောင်းပါး
A A
လက်ရှိကြုံနေရတဲ့ အထွေထွေအကျပ်အတည်းတွေက လူကုန်းကူးမှုကို မြင့်တက်လာဖို့ အကြောင်းရင်းဖြစ်လာ / EU

လက်ရှိကြုံနေရတဲ့ အထွေထွေအကျပ်အတည်းတွေက လူကုန်းကူးမှုကို မြင့်တက်လာဖို့ အကြောင်းရင်းဖြစ်လာ / EU

6.4k
VIEWS
Share on FacebookShare on Twitter

အသက် ၁၅နှစ်နဲ့ ၁၇ နှစ်အရွယ်အမျိုးသမီးငယ် ၂ ဦးကို ဘေးမှာထားကာ အမျိုးသားကြီးတဦးက“ဒါက သိန်း ၃၀ ပါ၊ ဒါကတော့ သိန်း ၄၀ ပါ။ ချောတယ်နော်၊ အပျိုစစ်စစ်ဖြစ်တယ် အသက် ၁၇၊ ၁၅” စသဖြင့် တယောက်ချင်းစီကို လက် ညှိုးထိုးကာ အမျိုးသမီးငယ်များကို ရောင်းကုန်ပစ္စည်းတခုလို ဈေးခေါ်နေသည့် ရုပ်သံတခု လူမူကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။

ဈေးခေါ်နေသူက ရွှေခေါင်းလောင်းဆရာတော်လို့ လူသိများတဲ့ ခရစ်ယာန်ဘာသာရေး ဆရာ ဦးစိုင်းအေး ဆိုသူဖြစ်ပြီး၊ အမျိုးသမီးငယ်တွေရဲ့ မျက်နှာတွေကို ကင်မရာနဲ့ အနီးကပ်ဆွဲရိုက်ပြကာ အသားအရည်ကအစ လှပကြောင်းနှင့် အပျို စစ်ကြောင်း သူက ညွှန်းဆိုနေပါတယ်။ ဘေးမှာကတော့ သက်ကြီးပိုင်း အမျိုးသား ၁ ဦး ထိုင်နေပြီး အဖေဖြစ်သူလို့ ဆိုပါတယ်။

အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့ အမျိုးသမီးငယ် ၁ ဦးကို ငွေကျပ် သိန်း ၃၀၊ အသက် ၁၇ နှစ်ရှိတဲ့ အမျိုးသမီးငယ် ၁ ဦးကို ကျပ်သိန်း ၄၀ နဲ့ ဝယ်လို့ရကြောင်းပြောဆိုကာ သူ့အနေနဲ့ အောင်သွယ်တော်လုပ်ပေးတာလို့ ဦးစိုင်းအေးက ဆိုလိုက်ပြီး တင်တောင်းတာ လို့လည်း ထပ်ပြီး သုံးနှုန်းထားပါတယ်။

လူ ၁ ဦး ၁ ယောက်ကို နှုန်းထားသတ်မှတ် ရောင်းဝယ်တဲ့ပုံစံဟာ လူကုန်ကူးတဲ့ အဓိပ္ပာယ်သက်ရောက်ပြီးတော့ နိုင်ငံ တကာရော၊ ပြည်တွင်းမှာပါ တားမြစ်ကန့်သတ်ထားတဲ့ လူကုန်ကူးမှုဥပဒေနဲ့ ငြိစွန်းနေပါတယ်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
22
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
25
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
625

လူတယောက်ကို အခြားလူတယောက်က သဘောတူချက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သိမ်းသွင်းစုဆောင်းတာ၊ သယ်ယူပို့ဆောင်တာ၊ လွှဲပြောင်းတာ၊ ရောင်းချ၊ ဝယ်ယူ၊ ငှားရမ်း၊ ငှားယူ၊ ခိုလှုံခွင့်ပေးတာ ဒါမှမဟုတ် လက်ခံတာတွေ ကို ဆိုလိုတယ်လို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။

ဒါပေမယ့် ဒီရုပ်သံကို တင်သူ ရွှေခေါင်းလောင်းဆရာတော် ဆိုသူကတော့ မိဘတွေ တင်ခိုင်းလို့ တင်ရတာလို့ ဧရာဝတီ ကို ပြောပါတယ်။

“ဒီမှာ သမီးရှိတယ် လိုချင် တင်တောင်းလို့ရတယ်ပြောလို့ မီဒီယာလုပ်ဖြစ်သွားတာ။ သူတို့ လုပ်နေကျ မဟုတ်ဘူး။ တခါမှ မလုပ်ဖူးဘူး၊ သိန်း ၃၀၊ ၄၀ ဆိုတာ မိဘကိုယ်တိုင်က တောင်းတာ။ နို့ဖိုးပေါ့။ သူတို့ ကိုယ်တိုင်သတ်မှတ်တာ” လို့ သူက ပြောပါတယ်။

မိဘတွေဟာ ဆင်းရဲနွမ်းပါးသူတွေ ဖြစ်တဲ့အတွက် သမီးတွေအတွက် တင်တောင်းကြေး တောင်း ဖြစ်တယ်လို့ လည်း သူကဆိုပါတယ်။ ဒါပေမယ့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေမှာတော့ ဒီလို ဘဝရပ်တည်မှု ခက်ခဲတဲ့ အခြေ အနေကို အကြောင်းပြလို့ မရပါဘူး။

အဲဒီ ဥပဒေမှာ အခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ဒါမှမဟုတ် ဘဝရပ်တည်ဖို့ ခက်ခဲနေတဲ့ အခြေအနေကို အလွဲ သုံးစားလုပ်ပြီး လူကုန်ကူးမှု ကျူးလွန်လို့ မရဘူး ဆိုတာကို ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့်လည်း လူကုန်ကူးမှုနဲ့ ငြိစွန်းတယ်ဆိုတာ သိလိုက်ရတာကြောင့် သူတင်ခဲ့တဲ့ရုပ်သံကို ဖျက်လိုက်ပြီး သူလည်း စစ်ဆေးခံရတယ်လို့ ရွှေခေါင်း လောင်းဆရာတော် ဆိုသူက ပြောပါတယ်။

“ကျနော့်ဆီ ကျိုင်းတုံ စစ်ထောက်လှမ်းရေးရော၊ လူကုန်တားရဲတပ်ဖွဲ့နဲ့ ကျိုင်းတုံရဲတပ်ဖွဲ့ကရော စစ်ဆေးမေးမြန်းတယ် လူ၊ ကားရော၊ ဖုန်းရော၊ ငွေကြေး ဝင်ထွက်တာရော။ လူကုန်ကူးလို့ သံသယရှိလို့ စစ်တာ။ ဘာမှမပြောဘူး၊ တိုင်တဲ့သူ ရှိလို့ စစ်ရတဲ့သဘောပဲ၊ စစ်လိုက်တော့ ဘာမှအမှားမရှိတော့ ပြန်လွှတ်လိုက်တာပေါ့” လို့ သူက ဆိုပါတယ်။

ရွှေခေါင်းလောင်းဆရာတော်ကိစ္စဟာ လူမြင်ကွင်းမှာ ထွက်ပေါ်လာတဲ့ ရုပ်သံမို့ အများက အာရုံစိုက်မိခဲ့ကြပေမယ့် ဒီလို လူကုန်ကူးမှု ဖြစ်စဉ်မျိုးတွေ နယ်စပ် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ရပ်ပေါင်းများစွာ ရှိနေပါတယ်။

ကိုဗစ်ကာလကတည်းက စီးပွားရေး ရပ်တန့်မှုတွေကြောင့် စားဝတ်နေရေး ကျပ်တည်းမှုတွေ ဖြစ်ပေါ်နေတဲ့ နိုင်ငံမှာ စစ်အာဏာသိမ်းမှု ထပ်မံဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ နိုင်ငံရေးပဋိပက္ခတွေနဲ့အတူ နိုင်ငံအနှံ့ စစ်မီးတောက် လောင် လာပါတယ်။

NLD အစိုးရလက်ထက်၂၀၁၉ ခုနှစ်က Grab နှင့် နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အဖွဲ့ အစည်းတစ်ခုဖြစ်သည့် Samaritan’s Purse တို့ ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်နေစဉ်

ဒီပဋိပက္ခတွေနဲ့အတူ စီးပွားရေး ကျဆင်းမှုတွေ၊ အထွေထွေအကျပ်အတည်းတွေကြောင့် ဝမ်းရေးအတွက်တောင် ရုန်းကန်ဖို့ ခက်ခဲလာကြတာက လူကုန်းကူးမှုတွေကို မြင့်တက်လာဖို့ အကြောင်းရင်းဖြစ်လာတယ်လို့ တိုင်းရင်းသား ဒေသတွေမှာ စောင့်ကြည့်နေကြတဲ့ အမျိုးသမီး အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။

ပအို့ဝ်အမျိုးသမီးသမဂ္ဂ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဖြစ်တဲ့ နန်းဇင်နွယ် က “အရင်အခြေအနေနဲ့ ပြန်ကြည့်ရင် လူကုန်ကူးခံရမှု ဖြစ်စဉ်တွေက ကိုဗစ်မတိုင်ခင် အများကြီး ရှိခဲ့တယ်။ အာဏာသိမ်းမှုပြီးတော့ ပိုဆိုးလာတယ်” လို့ ဆိုပါတယ်။

လူကုန်ကူးခံရတဲ့ ပုံစံတွေ မတူကြပေမယ့် အဓိက အများဆုံးဖြစ်ပွားနေတာကတော့၂ မျိုး ရှိပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံကို သားမယားအဖြစ် ရောင်းစားခံရတာနဲ့ လောင်းကစားရုံတွေ၊ တရားမဝင် ငွေကြေးလိမ်လည်မှုလုပ်ငန်း တွေမှာ ရောင်းစားခံရတဲ့ ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။

အမျိုးသမီးငယ်တွေကို တင်တောင်းတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျပ်သိန်း ၃၀ နဲ့ ၅၀ ကြား မိသားစုကို ငွေကြေးပေးခဲ့ သလို၊ မိသားစုကလည်း သားသမီးကို အိမ်ထောင်ရက်သား ချထားပေးလိုက်တယ်လို့ ယူဆပြီး လာရောက်ခေါ်ယူသူနဲ့ ထည့်ပေးလိုက်တဲ့ ဖြစ်စဉ်မျိုးတွေဟာ အများအပြား ဖြစ်ပွားခဲ့ဖူးပါတယ်။

လာခေါ်တဲ့ လူနောက်ကိုပါသွားတဲ့ သမီးနဲ့ အဆက်အသွယ်မရတော့မှသာ လူကုန်ကူးခံလိုက်ရပြီဆိုတာ သိရတဲ့ ဖြစ်စဉ်တွေ၊ အကူအညီလာတောင်းလေ့ရှိပြီး အထူးသဖြင့် တရုတ်နိုင်ငံကို ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့ ဖြစ်စဉ် တွေက ပိုများတယ်လို့လည်း ကချင်အမျိုးသမီးများ အစည်းအရုံး (ထိုင်းနိုင်ငံ) ကနေ သိရပါတယ်။

“ကျမတို့ဆီမှာက ရောင်းစားတယ် ဆိုတာထက် သူ့ကို ကောင်းကောင်းမွန်မွန် လာတင်တောင်းရင် မင်္ဂလာဆောင်ပေး လိုက်တယ်။ သူက ဟိုဘက် တိုင်းပြည်ကို ခေါ်သွားခံရတယ်။ အဲဒါကို ကချင် Community က ရောင်းစားခံရတယ် လို့ မယူဆဘူး။ သိလည်း မသိဘူး” လို့ ကချင်အမျိုးသမီးများ အစည်းအရုံး (ထိုင်းနိုင်ငံ) က အဖွဲ့ဝင်တဦးက ပြောပါ တယ်။

အဲဒီလို ဖြစ်စဉ်တွေဟာ တရုတ်နယ်စပ်နဲ့နီးတဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိပါတယ်။

အဲဒီဒေသတဝိုက် ရွာတွေက ၂၅ နှစ်အောက် အမျိုးသမီးငယ်တွေကို သားမယားအဖြစ် ရောင်းစားဖို့ ဦးတည်လေ့ရှိကြ ပြီး လူကုန်ကူးသူတွေဟာ ငွေကြေးကျပ်တည်းပြီး ဆင်းရဲနွမ်းပါးတဲ့မိသားစုက အမျိုးသမီးငယ်တွေကို ဦးတည် ပစ်မှတ် ထားလေ့ ရှိပါတယ်။

ဒါကြောင့် တင်တောင်းတယ်ဆိုတဲ့ ကိစ္စမျိုးတွေ၊ သမီးရည်းစားအယောင်ဆောင် လိမ်လည်လှည့်ဖျားခေါ်ယူတာတွေ၊ အလုပ်အကိုင် ရှာဖွေပေးမယ်ဆိုပြီး လိမ်လည်လှည့်ဖျား ခေါ်ယူခံရတာတွေလည်း ရှိနေပါတယ်။

ပညာအခြေခံ နည်းပါးတာ၊ စီးပွားရေး ကျပ်တည်းတာနဲ့ အလုပ်အကိုင် ရှားပါးတာတွေကြောင့် ငွေကျပ် သိန်း ၄၀ ၊ ၅၀ လောက်နဲ့ ရောင်းစားခံရသူတွေ များလာတယ်လို့ တိုင်းရင်းသားဒေသမှာ စောင့်ကြည့်မှုတွေ လုပ်နေတဲ့ အမျိုး သမီး အဖွဲ့တွေက ပြောပါတယ်။

ကချင်အမျိုးသမီးများ အစည်းအရုံး (ထိုင်းနိုင်ငံ) က အဖွဲ့ဝင်တဦးက “တရုတ်ပြည်ဘက်မှာ အလုပ်ရှိတယ်။ လခက ၆ လစာလောက် ပေးထားမယ်ဆိုပြီး ပွဲစားကနေပြီး မိန်းကလေး မိဘတွေကို ပေးထားခဲ့ပြီး ခေါ်သွားပြီး သွားရောင်းစားခံ ရတာမျိုးလည်း ရှိတယ်” လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် နယ်စပ် တိုင်းရင်းသားဒေသတွေမှာ နည်းလမ်းအမျိုးမျိုးနဲ့ လူကုန်ကူးခံရမှုတွေ မြင့်တက်လာ ပေမယ့် လုံလောက်တဲ့ သတင်းအချက်အလက်တွေ၊ ကိန်းဂဏန်းတွေနဲ့ သက်သေပြဖို့ ခက်ခဲလှပါတယ်။

ဘာကြောင့်လဲ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ ပေါ်ပေါ်တင်တင်ရပ်တည်ဖို့ ခက်ခဲလာသလို သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နိုင်မှု မရှိတာနဲ့၊ ဒီဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခ တွေ ဖြစ်ပွားနေတာတွေရယ်ကြောင့် ဖြစ်ပါတယ်။

အာဏာသိမ်းမှု မဖြစ်ခင်ကာလများဖြစ်တဲ့ ၂၀၁၉ ခုနှစ်မှာ ၁၄၁ မှု၊ ၂၀၂၀ ပြည့်နှစ်မှာ ၆၀ မှု ရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် မှာ ၃၆၊ ၂၀၂၂ ခုနှစ်မှာ ၁၃ မှုပဲ စာရင်းရောက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ဘက်က အခြေ အနေတွေကို စောင့်ကြည့်နေတဲ့ ကချင်အမျိုးသမီးများ အစည်းအရုံး (ထိုင်းနိုင်ငံ) က စာရင်းတွေအရ သိရပါတယ်။

“ဒီအခြေအနေ ဒီကာလမှာ အရပ်ဘက်အဖွဲ့တွေက လုံခြုံရေးအရရော ဌာနဆိုင်ရာတွေနဲ့လည်း ကိုဗစ်ပြီးကတည်းက အလုပ်တွဲလုပ်လို့ မရတော့တဲ့အခါကျတော့ သားကောင်တွေ ပိုများလာတယ်။ လုပ်တဲ့သူတွေကလည်း ပိုပြီး လုပ်လာ ကြတယ်။ ကျမတို့နိုင်ငံကလည်း Fail State/ Fail Law ဖြစ်နေပြီး။ တရားဥပဒေ စိုးမိုးမှုလည်း မရှိတော့ဘူး။ ဒီလုပ် စားတဲ့သူတွေက ဂွင်တွေ ပေါပြီး အခွင့်သာနေတဲ့ အနေအထားရှိတယ်” လို့ ပအို့ဝ်အမျိုးသမီးသမဂ္ဂ တွဲဖက် အထွေ ထွေအတွင်းရေးမှူး နန်းဇင်နွယ် က ဆိုပါတယ်။

နိုင်ငံမှာ ဥပဒေနဲ့ တရားရေးအဖွဲ့အစည်းတွေ အားနည်းလာတာကြောင့်လည်း အမျိုးသမီးတွေဟာ ပိုပြီး အကာကွယ်မဲ့ လာပါတယ်။

NLD အစိုးရလက်ထက်၂၀၁၉ ခုနှစ်က Grab နှင့် နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အဖွဲ့ အစည်းတစ်ခုဖြစ်သည့် Samaritan’s Purse တို့ ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်နေစဉ်

လူကုန်ကူးမှုတွေကို တားဆီး အရေးယူဖို့ ဆိုတာက ရဲတပ်ဖွဲ့နဲ့ အစိုးရရဲ့ တာဝန်ဖြစ်ပေမယ့် လက်ရှိမြန်မာနိုင်ငံအနေနဲ့ အစိုးရတရပ် ပီပီပြင်ပြင် မရှိနေသလို၊ ရဲတပ်ဖွဲ့ကလည်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တော်လှန်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးတာမျိုးနဲ့ စစ်တပ်အာဏာရေရှည်တည်တံ့ရေးလောက်ကိုသာ အာရုံစိုက်နိုင်တဲ့ အနေအထားဖြစ် နေပါတယ်။

ဒါတင်မက အဂတိလိုက်စားမှု မြင့်တက်လာတာတွေကလည်း ဥပဒေချိုးဖောက်တဲ့ လူကုန်ကူးသူတွေအတွက် အကာ ကွယ်တခု ဖြစ်လာတာကြောင့် လူကုန်ကူးမှုဖြစ်စဉ်တွေ ဆက်လက်များပြားလာမယ့် အခြေအနေ ရှိနေပါတယ်။

ရွှေခေါင်းလောင်း ဆရာတော်လို ကိစ္စမျိုးဟာ လူကုန်ကူးမှုကို မသိလို့ဘဲ ဖြစ်ဖြစ်၊ သိရက်နဲ့ပဲဖြစ်ဖြစ် ပေါ်ပေါ်ထင်ထင် ကျူးလွန်လာတဲ့ အခြေအနေ ရှိနေပါတယ်။

နိုင်ငံတွင်း အလုပ်အကိုင်ရှားပါးမှုနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် လူကုန်ကူးမှုဖြစ်စဉ်တွေဟာ နယ်စပ်ဒေသ တလျှောက်သာမကဘဲ နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့်ကူးစက်လာနေပါတယ်။

ထိုင်းနိုင်ငံအခြေစိုက်အဖွဲ့ဖြစ်တဲ့ Alliance Anti Trafic ရဲ့ မြန်မာပြည်ဆိုင်ရာအဖွဲ့ဝင်တဦးက “ရှမ်းပြည်တင်မက ကရင်၊ ကယား၊ ကချင်၊ ရန်ကုန်ကလူအစ နိုင်ငံခြားကိုသွားဖို့ နည်းမျိုးစုံနဲ့ Pressure တွေ ဖြစ်လာပြီးတော့မှ ထွက်ပေါက်ရှာ ကြတာပေါ့။ အဲဒီလိုနဲ့ လိမ်လည်လှည့်ဖျားတဲ့ လူကုန်ကူးပုံစံနဲ့ ကျရောက်သွားတာတွေ သိသိသာသာ ပိုများလာတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ၁ ဒသမ ၆ သန်းခန့်သော ပြည်သူများက နေရပ်စွန့်ခွာထွက်ပြေးနေရသလို၊ ၁၇ ဒသမ ၆ သန်းကျော် ပြည်သူများက လူသားချင်းစာနာမှု အကူအညီတွေ လိုအပ် နေတယ်လို့ နယူးယောက်အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၂၀ ရက်က ပြုလုပ်ခဲ့တဲ့ “၂၀၂၂ ခုနှစ် ကမာ္ဘ့လူ ကုန်ကူးမှု အစီရင်ခံစာ” မိတ်ဆက်တဲ့ အစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံ အခြေအနေကို တင်ပြခဲ့ပါတယ်။

အဲဒီလိုအခြေအနေတွေကြောင်း အမျိုးသမီးနဲ့ မိန်းမငယ်လေးများဟာ လူကုန်ကူးမှုအန္တရာယ်နဲ့ ကြုံတွေ့ရပြီး စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိနေကြောင်းနဲ့ တချို့မှာ လူကုန်ကူးမှုရဲ့သားကောင်များ ဖြစ်နေကြလျက်ရှိကြောင်း၊ ဒီလို အခြေ အနေတွေကို နိုင်ငံတကာအသိုက်အဝန်းနဲ့ သက်ဆိုင်ရာ UN အေဂျင်စီများ၊ ဒေသတွင်း အဖွဲ့အစည်းများအနေနဲ့ အနီးကပ် မျက်ခြေမပြတ် စောင့်ကြည့်ကာ ထိရောက်စွာ ဖြေရှင်းပေးဖို့ကိုလည်း သူက မေတ္တာရပ်ခံကြောင်း ပြောဆို သွားပါတယ်။

အာဏာသိမ်းမှု မတိုင်ခင်အခြေအနေကတော့ လူကုန်ကူးမှု ပပျောက်ရေးအတွက်ဆိုပြီး အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကြား ချိတ်ဆက်ပြီး လူကုန်ကူးမှုအဖြစ်များတဲ့ နေရာဒေသ တောရွာတွေအထိပါ ကွင်းဆင်း အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့် ပြန့် ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အာဏာသိမ်းပြီးနောက်မှာတော့ အလုပ်အကိုင်ရှားပါးမှုကြောင့် နိုင်ငံအနှံ့ လူငယ်တွေဟာ အနာဂတ် ပျောက်ဆုံးလာသလို ဝမ်းရေးအတွက် ရရာ၊ ကြုံရာအလုပ်ကို လုပ်ရတဲ့အချိန်မှာ ရောင်းစားခံရမှုတွေ၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရတဲ့ ပြဿနာတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေကို ဆိုးဆိုးရွားရွား ကြုံတွေ့လာရတာပဲ ဖြစ်ပါတယ်။

“တချို့ လူကုန်ကူးမှုဖြစ်စဉ်တွေဆိုရင် သူအရောင်းစားခံရပြီး ပြန်လာတယ်။ ဒါပေမယ့် ဒီဘက်မှာ သူဘာမှ လုပ်စရာ မရှိတော့ သူ့ကိုယ်သူ ပြန်ရောင်းစားဖို့ ပြန်ရွေးချယ်ပြီး ပြန်သွားတာမျိုးလည်း ရှိတယ်။ ကိုယ်က ဘယ်လောက် အသိပညာပဲ ပေးပေး တကယ့် အသိပညာ လက်ခံနိုင်ရင်တောင်မှ ဝမ်းစာ မဝတော့ နောက်ဆုံးတော့ ရွေးချယ်မှု တခုခု လုပ်လိုက်တာတွေက လွဲမှာပဲ စိုးတာ” လို့ Alliance Anti Trafic အဖွဲ့ရဲ့ မြန်မာပြည်ဆိုင်ရာအဖွဲ့ဝင်က ဆိုပါ တယ်။

အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဒီလို လူကုန်ကူးမှုတွေ မြင့်တက်လာတာကို လျော့ကျဖို့ နိုင်ငံရဲ့ အုပ်ချုပ်ရေးနဲ့ တရားရေးယန္တရားကို ခိုင်ခိုင်မာမာ ပြန်လည် တည်ဆောက်နိုင်မှသာ ဖြစ်မှာပါ။

ဒါပေမယ့်လည်း တော်လှန်ရေးအောင်နိုင်တဲ့ အခြေအနေအထိ စောင့်ဆိုင်းနေရင်တော့ ပိုပြီး ဆိုးရွားဖို့သာ ရှိတာ ကြောင့် ကိုယ့်ပတ်ဝန်းကျင်ကသူတွေကို လူကုန်ကူးမခံရအောင် ဝိုင်းဝန်း ကာကွယ်ပေးဖို့ လိုအပ်ပြီး အဲဒီလိုမှ မဟုတ် ရင် အမျိုးသမီးတွေဟာ လူကုန်ကူးမှု ဖြစ်စဉ်တွေမှာ သားကောင်တွေအနေနဲ့ ပိုပြီး ကျူးလွန်ခံရနိုင်တဲ့ အနေအထား တွေ ဖြစ်လာမယ့် အခြေအနေ ရှိနေတယ်လို့ အမျိုးသမီး အရေးဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

ဒီလိုဖြစ်စဉ်တွေကို ရပ်တန့်မသွားနိုင်ရင်တောင် အတတ်နိုင်ဆုံး လျှော့ချဖို့အတွက် ပြည်တွင်းထဲမှာ ရှိနေတဲ့ အဖွဲ့ အစည်းတွေ၊ ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ အမျိုးသမီး အရပ်ဘက်အဖွဲ့တွေက တိုက်တွန်းတောင်း ဆိုကြပါတယ်။

You may also like these stories:

စစ်ကောင်စီက စစ်ဘေးရှောင် အမျိုးသမီးများကိုပါ ပေါ်တာဆွဲနေ

ရန်ကုန်ရှိ သီလရှင်ကျောင်းမှ တအာင်းမိန်းကလေးငယ်များ ညှဉ်းပန်းနှိပ်စက်ခံထားရ

ဒုက္ခသည် အမျိုးသမီး ၄၀ ကျော် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုရမှာလား

အာဏာသိမ်း စစ်ကောင်စီ အမျိုးသမီး ၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့

Your Thoughts …
Tags: ရွှေခေါင်းလောင်းဆရာတော်လူကုန်ကူးမှုအကျပ်အတည်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

စောချစ်သူကို လမ်းပြခဲ့သူ

စောချစ်သူကို လမ်းပြခဲ့သူ

by စောနေတိုး
30 January 2025
16.7k

စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

by ဧရာဝတီ
9 December 2023
15.8k

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် မြန်မာဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဒေသဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတခု မတိုင်မီ ဘေဂျင်းတွင် တွေ့ဆုံသည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် တောင်းဆိုမှု ပြုလုပ်ခြင်းဖြစ်သည်။

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

by ဧရာဝတီ
3 January 2025
15k

ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာဆွေးနွေးပွဲကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တဦးဖြစ်သူ ဦးမြအေး အပါအဝင် စုစုပေါင်း ၃၉ ဦး...

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

by Thompson Chau
26 December 2023
13.8k

ရက္ခိုင့်တပ်တော် (AA), မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အပစ်အခတ်ရပ်စဲရေး သဘောတူရန် ဘေဂျင်းက တွန်းအားပေးသည်။

Next Post
ကယားပြည်နယ်အတွင်းရှိ တောတောင်များတွင် စစ်ရှောင်နေရသည့် ဒေသခံတချို့ / ကရင်နီပြည် စစ်ရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်

ပြည်ထောင်စုသားချင်း စာနာထောက်ထားမှု ပြကြပါ

ယခုအခါ အောက်ခြေစစ်သည်များ၏ သားသမီးများကို တပ်တွင်း လုံခြုံရေးသာမက မြို့တွင်းနှင့် အထက်လူကြီး လုံခြုံရေးတာဝန်များပါ ခိုင်းစေလာသည်

စစ်သား သားသမီးများကို တပ်ပြင် လုံခြုံရေးတာဝန် ခိုင်းစေလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved