• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွေးကောက်ပွဲပြီးလျှင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းပြန်ပြီး အဖမ်းခံမည်

by ဧရာဝတီ
30 March 2023
in သတင်း
A A
ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ် / AFP

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ် / AFP

6.2k
VIEWS
Share on FacebookShare on Twitter

လာမည့် အထွေထွေရွေးကောက်ပွဲရလဒ် မည်သို့ရှိသည်ဖြစ်စေ သူ့ဘဝ လက်ကျန်အချိန်များတွင် မိသားစုနှင့် နေထိုင်ခွင့်ပေးပါက ထိုင်းနိုင်ငံတွင် ကျခံရမည့် ထောင်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်က မတ်လ ၂၄ ရက်နေ့တွင် ပြောသည်။

တိုကျိုသို့ သွားရောက်သည့် ခရီးတခုအတွင်း ကျိုဒိုသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် မစ္စတာ သက်ဆင်က သူသည် ပြည်ပတွင် အဝေးရောက်နေထိုင်နေပြီးနောက် ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ပြန်ရန် အခွင့်အလမ်းကို စိတ်ရှည်လက်ရှည် စောင့်နေကြောင်း ပြောသည်။ သူ့ကို စစ်တပ်က ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုတွင် ဖြုတ်ချလိုက်ပြီးနောက် ထောင်ဒဏ်များကို ရှောင်ရှားရန် ၂၀၀၈ ခုနှစ်တွင် နိုင်ငံမှ ထွက်လာခဲ့သည်။

“သူတို့က ကျနော့်ကို ကျနော့်မိသားစုနဲ့ အတူပေးမနေတော့ ကျနော်အခု ထောင်အကြီးမှာ ထောင်ကျနေတာ ၁၆ နှစ်ရှိပြီ” ဟု မစ္စတာ သက်ဆင်က မိခင်နိုင်ငံ၏ အဝေးတွင်နေရသည့် သူ့ဘဝကို ရည်ညွန်းပြောကြားသည်။ “ကျနော် မခံစားနိုင်တော့ဘူး။ ထောင်အသေးမှာ ထောင်ကျရမယ်ဆိုရင်လည်း ရပါတယ်” ဟု ၎င်းကပြောသည်။

“အဲဒါက တကယ်တော့ ကျနော်ပေးဆပ်ရမယ့်တန်ဖိုး မဟုတ်ဘူး။ ဒါပေမယ့် ကျနော့်မြေးတွေနဲ့အတူနေရဖို့ ကျနော် ပေးဆပ်လိုက်မယ်။ ကျနော့်ဘဝ လက်ကျန်အချိန်တွေမှာ သားသမီး မြေးမြစ်တွေနဲ့ နေသင့်တယ်” ဟုလည်း အသက် ၇၃ နှစ်ရှိပြီဖြစ်သော မစ္စတာ သက်ဆင်က ပြောသည်။

၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့သည့် လူထုထောက်ခံသော ဘီလျံနာသူဌေး မစ္စတာ သက်ဆင်က သက်ဆင်မိသားစုမဟာမိတ် အတိုက်အခံ ဖွေထိုင်းပါတီသည် မေလ ၁၄ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အောက်လွှတ်တော် နေရာအများစုကို အနိုင်ရမည်ဟု ယုံကြည်ကြောင်း ပြောသည်။

သူ၏ ဒုတိယနှင့် အငယ်ဆုံးသမီး ပေတောင်တန် ရှင်နာဝပ်သည် ဖွေထိုင်းပါတီမှ ဝန်ကြီးချုပ်လောင်း သုံးဦးအနက် တဦးဖြစ်လာမည်ဟု မျှော်လင့်ရသည်။

ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် အောက်လွှတ်တော်ကို မတ်လ ၂၀ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။ ဖွေထိုင်းပါတီ ဦးဆောင်သည့် အရပ်သားအစိုးရကို ၂၀၁၄ ခုနှစ်တွင် ဖြုတ်ချပြီး ပထမဆုံး အာဏာရာလာသည့် အာဏာသိမ်းခေါင်းဆောင် ပရာယွတ်သည်လည်း ရွေးကောက်ပွဲအပြီးတွင် ဝန်ကြီးချုပ်ဖြစ်ရေး ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ဝန်ကြီးချုပ်ဟောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီး မစ္စတာ သက်ဆင်သည် ကိုယ်ကျိုးစီးပွားပဋိပက္ခ အမှုတခုအတွက် ဗဟိုတရားရုံးက သူ့ကို မျက်ကွယ်တွင် ထောင် နှစ်နှစ်မချမီ ၂၀၀၈ ခုနှစ်၊ သြဂုတ်လတွင် နိုင်ငံမှ ထွက်ခွာသွားခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် ဖွေထိုင်းပါတီ အနိုင်ရလျှင်ပင် ပါလီမန်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် ကြိုးစားမည်မဟုတ်ကြောင်း မစ္စတာ သက်ဆင်က ပြောသည်။

“ပါတီက ကျနော့်အတွက် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ တွန်းအားမပေးအောင် ကျနော့်သမီးကို ကျနော်ပြောထားတယ်၊ ကျနော့်ကို ဆန့်ကျင်တဲ့သူတွေ စိတ်ချမ်းသာမှာ မဟုတ်လို့ အဲဒီလိုလုပ်ဖို့ မလိုဘူး” ဟု ၎င်းကပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
25
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
22
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
38

ထောင်ဒဏ်ကျခံရန် မိခင်နိုင်ငံသို့ ပြန်ခြင်းသည် သက်ဆင်လိုလားသော ပါတီများကို မဲပေးခြင်းနှင့် လူထုဆန္ဒပြပွဲများ ဆင်နွှဲခြင်းဖြင့် သူ့ကိုယ်စား တိုက်ပွဲဝင်နေသည့် ထောက်ခံသူများကို သစ္စာမဲ့ခြင်း မဟုတ်ကြောင်း မစ္စတာ သက်ဆင်က ပြောသည်။

“ဒါက ကျနော် အမှားအယွင်းလုပ်ခဲ့တယ် ဆိုတာကို လက်ခံတာ မဟုတ်ဘူး” ဟု သက်ဆင်က ပြောကြားပြီး သူ့အပေါ် အာဃာတထားသည့် စနစ်ကို အပြစ်တင်သည်။

ထိုင်းနိုင်ငံသားများသည် ပရာယွတ် အုပ်ချုပ်ရေးကို စိတ်ကုန်နေသောကြောင့် လာမည့်ရွေးကောက်ပွဲတွင် ဖွေထိုင်းပါတီသည် လွှတ်တော်နေရာ ၅၀၀ အနက် အနည်းဆုံး ထက်ဝက်ကို အနိုင်ရမည်ဖြစ်ကြောင်း၊ နေရာပေါင်း ၃၁၀ အထိ အနိုင်ရနိုင်ကြောင်း သက်ဆင်က ကြိုတင်ဟောကိန်းထုတ်သည်။

ဖွေထိုင်းပါတီ ရွေးကောက်ပွဲနိုင်လျှင် အခြားပါတီများနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့ရမည်ဖြစ်ကြောင်း မစ္စတာ သက်ဆင်က ပြောသည်။ သို့သော် ဖွေထိုင်းပါတီသည် စစ်တပ်လိုလားသည့် ပလန် ပရာချာရက်ပါတီ ကဲ့သို့သော နိုင်ငံရေးရန်သူများနှင့် ပူးပေါင်းရန် အလှမ်းဝေးကြောင်း ၎င်းကပြောသည်။

“အဲဒါက နောက်ဆုံးရွေးချယ်မှုပဲ ဖြစ်လိမ့်မယ်။ ပထမဦးစားပေး ရွေးချယ်မှု မဟုတ်ဘူး” ဟု ပြောသည်။

အထွေထွေ ရွေးကောက်ပွဲပြီးလျှင် အဖွဲ့ဝင် ၂၅၀ ရှိသော အထက်လွှတ်တော်နှင့် အဖွဲ့ဝင် ၅၀၀ ရှိသော အောက်လွှတ်တော်တို့သည် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ရမည်ဖြစ်သည်။ အထက်လွှတ်တော်အမတ် ၂၅၀ ကို စစ်တပ်က ခန့်အပ်သည်။

နောက်ဆုံးကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ဖွေထိုင်းပါတီသည် အောက်လွှတ်တော် နေရာအများစုကို အနိုင်ရသည်။ သို့သော် ပန်လန် ပါရာချာရက်ပါတီမှ ဝန်ကြီးချုပ်လောင်း မစ္စတာ ပရာယွတ်သည် ထောက်ခံမဲ ၂၄၄ မဲသာရသည့် အတိုက်အခံ ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲ ၅၀၀ ဖြင့် အနိုင်ယူပြီး ဝန်ကြီးချုပ် ဖြစ်လာသည်။

အသက် ၆၉ နှစ်ရှိပြီဖြစ်သော မစ္စတာ ပရာယွတ်သည် ယခုတကြိမ်တွင် အခြားပါတီတခုမှ ဝန်ကြီးချုပ်ဖြစ်လာရန် ကြိုးစားနေသည်။ ဖွေထိုင်းပါတီသည် စစ်တပ်လိုလားသည့် ပလန် ပရာချာရက်ပါတီ၏ အကူအညီ မလိုနိုင်ကြောင်း သက်ဆင်ကပြောပြီး အထက်လွှတ်တော်အမတ် ဒါဇင်ပေါင်းများစွာသည် လွတ်လပ်ပြီး နိုင်သည့်ပါတီကို ထောက်ခံမည် ဖြစ်ကြောင်းလည်း ပြောသည်။

သူ၏သမီး မစ္စ ပေတောင်တန်သည် ငယ်စဉ်ကပင် သူ့ထံမှ နိုင်ငံရေး လေ့လာထားသောကြောင့် နိုင်ငံရေးဘဝကို စတင်ရန် အသင့်ရှိကြောင်း မစ္စတာ သက်ဆင်က ပြောသည်။ သူ့သမီးသည် သူ့ထက်တော်သည့် ဝန်ကြီးချုပ်ဖြစ်လာမည်ဟုလည်း ပြောသည်။

“သူက ကျနော့်ထက် တော်နိုင်တယ်” ဟု ၎င်းကပြောသည်။ “သူက ကျနော့်ထက် တည်ငြိမ်ပြီး စိတ်ရှည်တယ်လို့ ထင်တယ်။ အရမ်းလည်း သိမြင်တယ်” ဟု ပြောသည်။

မစ္စ ပေတောင်တန်သည် ကလေးတဦး၏ မိခင်ဖြစ်ပြီး ဒုတိယကလေးကို ကိုယ်ဝန်လွယ်ထားသည်။ သူရွေးကောက်ခံရပါက နိုင်ငံတွင် အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာမည် ဖြစ်သည်။ ထိုင်းတက္ကသိုလ်များက ကောက်ယူသည့် စစ်တမ်းများအရ သူသည် လူကြိုက်အများဆုံး ဝန်ကြီးချုပ်လောင်း ဖြစ်သည်။

ကိုးကား ။ ။ Khaosod English သတင်း Ex-PM Thaksin Vows to Return to Thailand Post-election, Face Jail Time

You may also like these stories:

ထိုင်းရွေးကောက်ပွဲက မြန်မာ့ဒီမိုကရေစီတိုက်ပွဲအပေါ် ရိုက်ခတ်နိုင်

ထိုင်းဝန်ကြီးချုပ်ရာထူး သက်ဆင်သမီး အပြတ်အသတ် ရေပမ်းစားနေ

ထိုင်း ရွေးကောက်ပွဲမှာ ဆေးခြောက်က ပြဿနာဖြစ်လာ

ကြေကွဲစရာ ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံရေးတွင် သေနတ်နှင့် မူးယစ်ဆေးပြဿနာ ထိပ်တန်းရောက်လာ

Your Thoughts …
Tags: စစ်အာဏာသိမ်းမှုထိုင်းနိုင်ငံရေးပရာယွတ် ချန်အိုချာပေတောင်တန် ရှင်နာဝပ်ဖွေထိုင်းပါတီရွေးကောက်ပွဲလွတ်ငြိမ်းချမ်းသာခွင့်ဝန်ကြီးချုပ်လောင်းသက်ဆင်ရှင်နာဝပ်အောက်လွှတ်တော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
စစ်ကြောင်းထိုးမှုကြောင့် ပခုက္ကူမြို့နယ်အတွင်းမှဒေသခံများ ထွက်ပြေးနေရ / CJ

ပုဂံ-ညောင်ဦးတဖက်ကမ်းရှိ ၁၅ ရွာခန့်မှဒေသခံများ ထွက်ပြေးနေရ

စစ်ကောင်စီအတွက် လောင်စာဆီ နှင့် စက်လက်နက်ပစ္စည်း ကိရိယာများရရှိမှုကို ဖြတ်တောက်ရန် အနောက်နိုင်ငံများက ပိတ်ဆို့ကန့်သတ်လာသည်

အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု အမှန်တကယ် ထိရောက်ရဲ့လား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved