စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်သည် ကျပ်ငွေ ၅ ဒသမ ၆ ထရီလီယံတန် (အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ) တန်သည့် စစ်ရေးအသုံးစရိတ်ကို ယခုနှစ်တွင် စတင်သည့် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုလိုက်သောကြောင့် လွန်ခဲ့သောနှစ်က ကျပ်ငွေ ၃ ဒသမ ၇ ထရီလီယံထက် သိသိသာသာ တက်လာသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့တွင် ခုခံတော်လှန်ရေးလှုပ်ရှားမှုကို ချေမှုန်းရန် ကတိပြုခဲ့သည်။ သို့သော် စစ်ကောင်စီတပ်၏ တရားလက်လွတ် အင်အားအဆမတန်သုံးပြီး စစ်ဆင်နှိမ်နင်းနေမှုက အရပ်သားထိခိုက်မှု အထူးသဖြင့် ပဋိပက္ခဒေသတွင်းနေ ကလေးနှင့် အမျိုးသမီးများ အရေအတွက် တိုးလာနေသည်။
စစ်ကောင်စီသည် ကျပ်ငွေ ၂၀ ထရီလီယံရှိသည့် စုစုပေါင်းအသုံးစရိတ်ကို ခွင့်ပြုထားသည်။
လွန်ခဲ့သောနှစ်က မြန်မာစစ်သုံးစရိတ်သည် စုစုပေါင်း ကျပ်ငွေ ၄ ထရီလီယံရှိပြီး လွန်ခဲ့သော ဒီဇင်ဘာလတွင် ကျပ်ငွေ ၄၄၀ ဘီလီယံ ထပ်တိုးခဲ့သည်။
ပညာရေးအသုံးစရိတ်မှာ ကျပ်ငွေ ၂ ထရီလီယံရှိပြီး ကျန်းမာရေးအသုံးစရိတ်သည် ကျပ်ငွေ ၈၀၀ ဘီလီယံသာ ရှိသည်။ လျှပ်စစ်ဓာတ်အားအတွက် ကျပ်ငွေ ၆၈၀ ဘီလီယံသာ ချထားပြီး ပုံမှန်လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများသည် ပြည်သူလူထုဘဝကို ဆက်လက် အကျပ်အတည်းဖြစ်စေသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူများအနေဖြင့် စွမ်းအင်၊ လောင်စာနှင့် စားသုံးဆီ ချွေတာရန် တိုက်တွန်းထားသည်။
သို့သော် စစ်ကောင်စီက ရန်ကုန်သို့ လျှပ်စစ်ဓာတ်အားဖြန့်ချိရန် ဘတ်ဂျက်ငွေအပြင် ကျပ်ငွေ ၁ ဒသမ ၁ ထရီလီယံ ထပ်မံချထားပေးသည်။
မြန်မာစစ်တပ်သည် ယခင်က ကာကွယ်ရေးအသုံးစရိတ်အတွက် ယခုဖြုတ်ချခံလိုက်ရပြီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရထံမှ လွှတ်တော်၏ အတည်ပြုချက်ရယူရသည်။
စစ်ကောင်စီသည် လက်နက်အချို့ ထုတ်လုပ်သော်လည်း ပိုမိုအဆင့်မြင့်သော လက်နက်များကို တရုတ်နှင့် ရုရှားထံမှ ဝယ်ယူနေသည်။ မကြာသေးမီက စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက စစ်သားများအနေဖြင့် လက်နက်များကို ပိုမိုထိရောက်စွာ အသုံးပြုရန်တိုက်တွန်းသည်။
စစ်ကောင်စီသည် ကရင်ပြည်နယ်၊ ထိုင်းနယ်စပ် မြဝတီမြို့နယ်တွင် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားနေသည်။
စစ်ကောင်စီခေါင်းဆောင်သည် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မဟာမိတ် ခုခံတော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ချေမှုန်းရန် ကြိမ်းဝါးထားသည်။
၂၀၂၃ ခုနှစ်သည် တော်လှန်ရေးအတွက် အရေးပါသောနှစ်ဖြစ်သည်ဟု NUG က ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြောကြားထားသည်။
စစ်ကောင်စီသည် စစ်မျက်နှာအမျိုးမျိုးတွင် တိုက်ခိုက်နေပြီး နိုင်ငံ၏ ထက်ဝက်ခန့်ကိုသာ ထိန်းချုပ်နိုင်တော့ကြောင်း ဝန်ခံထားသည်။
You may also like these stories:
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး
ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှ လွတ်မြောက်လာသူနှင့် မေးမြန်းခြင်း
ကန့်ဘလူ လေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာ ပြစ်တင်ရှုတ်ချ
NLD ကို ဖျက်သိမ်းကြောင်း ကြေညာပြီးနောက် ပါတီရုံးများ ဆက်တိုက် ဖျက်ဆီးခံရ
ပြည်သူ့အလှူငွေဖြင့် စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှု ရပ်တည်နေ
ပြည်သူ့ ချွေးနှဲစာများ နှင့် ပြည်တွင်းစစ်