• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ဖြစ်လာ

by ဧရာဝတီ
2 May 2023
in သတင်း
A A
KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း(ဧရာဝတီ)

KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း(ဧရာဝတီ)

6.8k
VIEWS
Share on FacebookShare on Twitter

ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ၁၇ကြိမ်မြောက် ကွန်ဂရက်က လက်ရှိ ဒုဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းအား ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင် မြှောက်လိုက်ကြောင်း သိရသည်။

အဆိုပါ ကွန်ဂရက်ကို ဧပြီ ၂၄ရက်က စ၍ အွန်လိုင်းနှင့် လူကိုယ်တိုင်တက်ရောက်မှု ဆိုသည့် ပုံစံ ၂ မျိုးပေါင်းစပ်ကာ ကျင်းပနေခြင်း ဖြစ်ပြီး မေလ ၁ ရက်က KNU ၏ အမြဲတမ်း ဗဟိုကော်မတီဝင် ၄၅ ဦး ကို ရွေးချယ်တင်မြှောက်ခဲ့ပြီးနောက် ယနေ့တွင် ပဒိုစောကွယ်ထူးဝင်းအား ဥက္ကဋ္ဌအဖြစ် ဗဟိုကော်မတီဝင်များက မဲပေး ရွေးကောက် တင်မြှောက်လိုက်ခြင်း ဖြစ်ကြောင်း၊ မေလ ၃ ရက်တွင် KNU ဒုဥက္ကဌ ၊ အထွေထွေအတွင်းရေးမှူး ၊ အတွင်းရေးမှူး ၁ ၊ အတွင်းရေးမှူး ၂ နှင့် တရားသူကြီးချုပ်ကို ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း KNU သတင်းရင်းမြစ်တဦးက ဧရာဝတီကို ပြောသည်။

သို့သော်လည်း KNU ဥက္ကဌရွေးချယ်ရာတွင် KNU တပ်မဟာ ၂ နှင့် တပ်မဟာ ၅ က ရွေးကောက်တွင် မဲမပေးခဲ့သလို ဝင်ရောက်အရွေးခံခြင်းလည်းမရှိကြောင်း အဆိုပါ KNU သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားဟောင်း ပဒိုစောကွယ်ထူးဝင်းသည် ၁၉၉၀ ခုနှစ် မှ ၂၀၁၂ ဝန်းကျင်အထိ KNU မြိတ်-ထားဝယ်ခရိုင် (တပ်မဟာ ၄) ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ၁၅ ကြိမ်မြောက်ကွန်ဂရက်တွင် KNU အထွေထွေအတွင်း ရေးမှူးအဖြစ် ရွေးကောက်ခံရသူဖြစ်သည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် ပြုလုပ်သည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို KNU က လက်မှတ်ထိုးသောအခမ်းအနားတွင် ပဒိုကွယ်ထူးဝင်းသည် အထွေထွေအတွင်းရေးမှူးရာထူးဖြင့် အခမ်းအနားတက်ခဲ့သည်။

၁၆ ကြိမ်မြောက် KNU ကွန်ဂရက်တွင် ပဒိုကွယ်ထူးဝင်းသည် KNU ဒုတိယဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ယခုအခါ KNU၏ ၁၀ဦးမြောက် ဥက္ကဌ ဖြစ်လာခြင်းဖြစ်သည်။

အသက် ၉၁နှစ်ရှိ လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးမှာ KNU အဖွဲ့၏ ဖွဲ့စည်းပုံဥပဒေအရ ထပ်မံရွေးချယ်ခံခွင့် မရှိသဖြင့် ဥက္ကဋ္ဌ ရာထူးမှ အနားယူရတော့မည်ဖြစ်သည်။

တဖက်တွင်လည်း ပဒိုကွယ်ထူးဝင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ KK Park ဟု လူသိများပြီး တရုတ်ရာဇဝတ်ဂိုဏ်းများ ပါဝင် နေသော ဟွမ်ယာ တရုတ်မြို့သစ်စီမံကိန်းအား KNU နယ်မြေ မော်ထိုတလေးတွင် ခွင့်ပြုထားသည့် ကိစ္စ၌ ပါဝင်ပတ်သက်မှု ရှိနိုင်ကြောင်း ကရင်နိုင်ငံရေးလေ့လာသူအချို့က ပြောသည်။

အမည်မဖော်လိုသည့် ကရင်နိုင်ငံရေးလေ့လာသူတဦးက “ကျနော်တို့ စိုးရိမ်တာက ဒီစီမံကိန်း ခွင့်ပြုခဲ့မှုမှာ လက်မှတ်သက် သေ အထောက်အထားပါနေတဲ့ ခေါင်းဆောင်တွေက တကယ်လို့ ရွေးကောက်ပွဲမှာ ထိပ်သီးခေါင်းဆောင်နေရာပြန်ရ မယ် ဆိုရင် ဒီကိစ္စကို အရေးယူဖို့ သူတို့ကိုင်တွယ်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စတွေမှာသူတို့ကိုယ်တိုင် ပါနေ တာဆိုတော့ KNU အတွင်းမှာ တပ်မဟာ ၅ နဲ့ ဗဟိုဆက်ဆံရေး အများကြီးရှုပ်ထွေးလာနိုင်တဲ့အနေအထား ရှိတယ်။ အခြားတပ်မဟာတွေမှာလည်းရှိလာနိုင်တယ်။ အထူးသဖြင့် ဗဟိုရဲ့ ဦးဆောင်မှုကို တပ်မဟာတွေက မယုံကြည်ကြ တော့ဘူးဆိုရင် တခြားပြဿနာတွေ ဖြစ်လာနိုင်တယ်” ဟုဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
91

ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း KK Park စီမံကိန်းများတွင် ပါဝင်ပတ်သက်နေသည့် KNU ထိပ်ပိုင်းခေါင်းဆောင် အချို့ အား အရေးယူရန်ပျက်ကွက်နေသည့်အတွက် ဗဟိုအလုပ်အမှုဆောင်တဖွဲ့လုံး နှုတ်ထွက်ပေးရန် ကမာ္ဘတဝှမ်းမှ ကရင်အဖွဲ့အစည်း ၆၈ ဖွဲ့က KNU ခေါင်းဆောင်များထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ဖူးသည်။

ကရင်အမျိုးသားအစည်းအရုံးတွင် ကာကွယ်ရေးဌာန၊ ပြည်ထဲရေးနှင့် သာသနာရေးဌာန၊ တရားရေးဌာန၊ သစ်တောဌာန အပါအဝင် ဌာနကြီး ၁၄ ခုဖြင့် ဖွဲ့စည်းထားသည်။

You may also like these stories:

KNU ၏ ၁၇ ကြိမ်မြောက်ကွန်ဂရက် ပြန်လည်ကျင်းပ

ရာဇဝတ်ဂိုဏ်း၊ စစ်ကောင်စီတို့နှင့် ပတ်သက်သူများကို KNU ခေါင်းဆောင် မရွေးရန် တိုက်တွန်း

နာမည်ဆိုးထွက်နေတဲ့ KK Park က KNU ထိန်းချုပ်နယ်မြေတွင် ဖြစ်

တရုတ်ပစ်မှတ် ဖြစ်လာသည့် ကရင်လက်နက်ကိုင် လှုပ်ရှားနယ်မြေများ

BGF နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံမှု ကရင်အရပ်ဘက်အဖွဲ့များ ဝေဖန်

Your Thoughts …
Tags: KK ParkKNUကွန်ဂရက်ဖဒိုစောကွယ်ထူးဝင်းဥက္ကဌ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

by ဧရာဝတီ
27 November 2023
18.8k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

by ဧရာဝတီ
28 November 2023
14.3k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

by Alastair McCready & Allegra Mendelson
1 August 2023
13k

"ဒီမှာနေရတာ စက္ကန့်တိုင်းက ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ"

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား

တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား

by Alastair McCready နှင့် Allegra Mendelson
12 August 2023
7.5k

မလေးရှား၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ကင်ညာနှင့် နီပေါမှ ထောင်ပေါင်းများစွာသော သူများ သွေးဆောင်ဖျားယောင်းခံရသည်။

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

by ဧရာဝတီ
29 November 2023
7.1k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

Next Post
မတ်လအတွင်းက မူဆယ်မြို့တွင် တွေ့ရသည့် ဖရဲသခွားရောင်းဝယ်ရေးကားမျာ / ဧရာဝတီ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျဆင်း

KNU ခေါင်းဆောင်တချို့ ပါဝင်ပတ်သက်သည်ဆိုသော KK Park စီမံကိန်းမှ အဆောက်အအုံများ / The Standard

တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်သူ ၅ ဦးကို အရေးယူမည်ဟု KNU ဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved