• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မ ၉၉ ဒုတပ်မမှူး ဗိုလ်မှူးကြီး သန်းနိုင်စိုး လာဘ်စား၍ အဖမ်းခံရခြင်းဖြစ်ဟု NUG ပြော

by ဧရာဝတီ
10 May 2023
in သတင်း
A A
၂၀၂၂ ခုနှစ် ဒီဇင်ဘာလက မိတ္ထီလာမြို့၌ ကျင်းပသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားတွင် တွေ့ရသည့်တပ်မ ၉၉ ဒုတပ်မမှူး ဗိုလ်မှူးကြီး သန်းနိုင်စိုး (ဓာတ်ပုံ- MNP)

၂၀၂၂ ခုနှစ် ဒီဇင်ဘာလက မိတ္ထီလာမြို့၌ ကျင်းပသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားတွင် တွေ့ရသည့်တပ်မ ၉၉ ဒုတပ်မမှူး ဗိုလ်မှူးကြီး သန်းနိုင်စိုး (ဓာတ်ပုံ- MNP)

26.5k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း၊ မိတ္တီလာခရိုင် တပ်နယ်မှူးနှင့် တပ်မ ၉၉ ဒုတပ်မမှူး တာဝန်ယူထားသော ဗိုလ်မှူးကြီး သန်းနိုင်စိုးနှင့် စစ် ဘက်အရာရှိ ၅ ဦးတို့အား မေလ ၅ ရက်တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) များက နေပြည်တော်သို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ထံမှ သိရသည်။

NUG ကာကွယ်ရေး ဝန်ကြီးဌာန ဒု အတွင်းဝန် ဦးမောင်မောင်ဆွေက “တပ်တွင်းမှာလည်း သူတို့အချင်းချင်း အာဏာပါဝါ လုနေကြတယ်။ အချင်းချင်း ပွတ်တိုက်မှုများပြီး သူတိုင်ကိုယ်တိုင် တိုင်ကြတာ။ ဒီလူ့ကိုလည်း တိုင်ကြတာပေါ့။ မတည့်တာ နေရာလုတာ၊ အာဏာလွန်ဆွဲတဲ့ ပြဿနာကနေ အတိုင်ခံရလို့ ဖမ်းတာ။ တိုင်စာထဲမှာ သန်းနိုင်စိုးက မိတ္တီလာ- မလှိုင် တကြောက သူဌေးတွေကို နိုင်ငံရေး ပုဒ်မအမျိုးမျိုးတပ်ပြီး ပိုက်ဆံ တောင်းတယ်။ ပိုက်ဆံပေးရင် လွှတ်ပေးတယ် ငွေညှစ် တယ်ပေါ့၊ အကြီးစား လုပ်တာပေါ့” ဟု မြို့တော် သတင်းဌာနသို့ ဖြေဆိုထားသည်။

အဆိုပါ တိုင်စာကို ဦးမောင်မောင်ဆွေက ရရှိထားပြီး ယင်းစာထဲတွင် ဗိုလ်မှူးကြီး သန်းနိုင်စိုးသည် ဖရဲသီး (သတင်းပေး) ဖြစ်ပြီး နိုင်ငံရေးသမားများအား လွှတ်ပေးနေသူဟု တိုင်ကြားထားသော်လည်း ဖရဲသီး မဟုတ်ဘဲ အကြီးအကျယ်လာဘ် စားသူသာ ဖြစ်ကြောင်း ဆိုသည်။

မိတ္တီလာခရိုင် တပ်နယ်မှူးအဖြစ် တာဝန်ယူထားသော ဗိုလ်မှူးကြီး သန်းနိုင်စိုးသည် ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိနှင့် သာ စည်မြို့နယ် လည်ပင်ရွှေတူးဖော်ရေးလုပ်ငန်းများတွင် တရားမဝင် ရွှေတူးဖော်ခြင်းလုပ်ငန်းများအား ငွေကြေးရယူကာ ခွင့်ပြု ထားကြောင်းလည်း ရမည်းသင်းဒေသခံတဦးက ဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် တိုင်းနှင့် မြို့နယ်ခရိုင်များတွင် သက်ဆိုင်ရာဒေသရှိ တပ်ရင်းတပ်မနှင့် စစ်ဌာနချုပ်မှ အရာ ရှိကြီးများမှာ သက်ဆိုင်ရာ အရပ်ဘက်အုပ်ချုပ်ရေးမှူးများနှင့်ပေါင်းကာ စီမံခန့်ခွဲရေးကော်မတီများတွင် ပါဝင်ဆောင်ရွက် လျက်ရှိသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
131
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
60

CDM ဗိုလ်မှူးတဦးက “မိတ္တီလာခရိုင်မှာဆိုရင် တပ်မ ၉၉ ရှိတယ်။ တပ်မမှူး ရှေ့တန်းသွားတာပဲဖြစ်ဖြစ် သင်တန်းသွားတာ ပဲဖြစ်ဖြစ် အဲဒီအချိန်မှာ ဒုတပ်မမှူး အဲဒီနယ်ရဲ့ တပ်နယ်မှူးပဲ။ ဘယ်သူကို ဖမ်းမယ် လွှတ်မယ်ဆိုတာ သူ အဓိကပဲ။ ဒီကာလ မှာတော့ တပ်နယ်မှူးတွေက အရပ်ဘက်မှာ ပိုက်ဆံရှာလို့ အကောင်းဆုံး အချိန်ပေါ့” ဟု ဆိုသည်။

စစ်တပ်အာဏာသိမ်းသည့် အစပိုင်းတွင် တပ်တွင်း၌ အမိန့်မနာခံသူ၊ ပေးအပ်သည့် တာဝန်အား ကျေပွန်စွာမထမ်းဆောင် သူနှင့် စစ်ဆင်ရေး တာဝန်များအား ရည်မှန်းချက်ပြည့်မှီအောင် မဆောင်ရွက်နိုင်သည့် အရာရှိကြီးများကို ဖမ်းဆီအရေးယူ ထောင်ချမှုများ ရှိခဲ့သည်။

ထိုကဲ့သို့ ဖမ်းဆီးအရေးယူခံရသူ များလာပြီး တပ်တွင်း စည်းလုံးညီညွတ်မှု ပြိုကွဲမည်ကို စိုးရိမ်သဖြင့်၂၀၂၂ ခုနှစ် နောက် ပိုင်း တာဝန်ကျေပွန်စွာ မထမ်းဆောင်သူနှင့် အမိန့်မနာခံသူများအား စစ်ဘက်ရာထူးမှ အနားပေးပြီးနောက် စစ်တပ်ပိုင် လုပ်ငန်းများဖြစ်သော ဦးပိုင်နှင့် MEC ဌာနများသို့ ရွှေ့ပြောင်းတာဝန်ပေးခြင်းများ လုပ်ဆောင်လာခဲ့သည်။

ထို့ပြင် တပ်တွင်းစည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် စစ်ကောင်စီ ဥက္ကဋ္ဌနှင့် ဒု စစ်ခေါင်းဆောင်တို့သည် တပ် နယ်များသို့ လိုက်လံ စည်းရုံးရေးလုပ်ငန်းများ ခပ်စိပ်စိပ်လုပ်ဆောင်လာသည်ကို မြင်တွေ့ရသလို ပြည်သူအများပြား ရှိရာ နေရာများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သည့် ဖြစ်စဉ်များအတွင်း အဓိက တာဝန်ရှိသူများကိုလည်း ဂုဏ်ပြုဆုချီးမြှင့်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိသည်။

ယခုနှစ် သင်္ကြန်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီ၏ ရှေ့တန်းစစ်စခန်းများမှနေ ထွက်ပြေးလာပြီး ပြည်သူ့ဘက်သို့ ခိုလှုံ လာသည့် စစ်သားဦးရေမှာလည်း ပိုတိုးလာခဲ့ပြီး၊ ထပ်မံ၍ CDM ပြုလုပ်လိုသည့် သူများစွာလည်း တပ်တွင်း၌ ရှိနေ သေးကြောင်း CDM လုပ်ဆောင်လာသူများက ပြောဆိုကြသည်။

You may also like these stories :

ထင်သည်ထက် အင်အားနည်းပြီး ပြိုကွဲမြန်နေသည့် စစ်ကောင်စီတပ်

လေတပ်ကို မှီ၍ ပိုချမ်းသာလာကြသည့် စစ်ဗိုလ်ချုပ် အနွယ်တော်များ

သင်္ကြန်အပြီး စစ်ကောင်စီတပ်မှ CDM ဝင်သူ များလာ

တိုက်ပွဲပြင်းထန်ခြင်းနှင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် စစ်အရာရှိသေဆုံးမှု မြင့်တက်

Your Thoughts …
Tags: ဗိုလ်မှူးကြီး သန်းနိုင်မိတ္တီလာခရိုင် တပ်နယ်မှူးလာဘ်စားမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

စစ်အာဏာသိမ်းကာလ ရာထူးတိုးလာသည့် “ဒွေး” မောင်နှမ

စစ်အာဏာသိမ်းကာလ ရာထူးတိုးလာသည့် “ဒွေး” မောင်နှမ

by ဧရာဝတီ
22 August 2024
13.3k

ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး စစ်ဥပဒေချုပ်ဖြစ်သည့်အချိန်တွင် လာဘ်စားမှုဖြင့် နာမည်ကြီးသည်။

မင်းအောင်လှိုင် ဘယ်လမ်းရွေးမလဲ

မင်းအောင်လှိုင် ဘယ်လမ်းရွေးမလဲ

by စွယ်တော်
27 August 2024
9.9k

ကျနော် ဉာဏ်မီသလောက် တွေးရမည်ဆိုလျှင် နံပါတ် ၁ အနေဖြင့် မင်းအောင်လှိုင် ပြေးလိမ့်မည်ဟု အဖြေထွက်သည်။

ထောင်ကျနေသော ပြည်ထဲရေးဝန်ကြီးဟောင်းအား အိမ်အကျယ်ချုပ် ပြန်ထား

ထောင်ကျနေသော ပြည်ထဲရေးဝန်ကြီးဟောင်းအား အိမ်အကျယ်ချုပ် ပြန်ထား

by ဧရာဝတီ
9 February 2024
9.5k

ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးတာဝန်ယူစဉ်က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးကိစ္စ လာဘ်ငွေယူခြင်းနှင့် ဝန်ကြီးဌာနသက်သာရန်ပုံငွေများအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်း မရှိသည့်အတွက် စစ်တရားရုံးဖြင့် စစ်ဆေးကာ နိုဝင်ဘာ ၁၀ ရက်က ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။

ကျားဖြန့်၊  အောက်ဆိုက်ဝင်ငွေနဲ့ အကျင့်ပျက် စစ်တပ်

ကျားဖြန့်၊ အောက်ဆိုက်ဝင်ငွေနဲ့ အကျင့်ပျက် စစ်တပ်

by စွယ်တော်
22 February 2025
8.4k

လောက်ကိုင်ရှိ ကျားဖြန့်များကို မြောက်ပိုင်း သုံးဖွဲ့က နှိမ်နင်းကြောင်း ကြေညာပြီး စစ်ဆင်ခဲ့သည့် ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် ကျားဖြန့်သည် ပြည်တွင်း၌ အခိုင်အမာ ရောက်ရှိနေပြီ ဖြစ်သည်။

Next Post
အင်ဒိုနီးရှားနိုင်ငံ၊ လာဘူရန် ဘာဂျိုမြို့တွင် ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့က ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး / AFP

မြန်မာအကြမ်းဖက်မှု အရှေ့တောင်အာရှခေါင်းဆောင်များ "အလေးအနက် စိုးရိမ်ပူပန်"

အမရပူရမြို့နယ်ရှိ ဒေါက်တာဇော်မြင့်မောင် မိသားစုပိုင်နေအိမ် / MDY image (Telegram)

ဒေါက်တာဇော်မြင့်မောင် မိသားစုပိုင်အိမ်ဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved