• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လုပ်ခတိုးရန် တောင်းဆိုသည့် ခေါင်းဆောင် ၇ ဦး အလုပ်ထုတ်ခံရ

by ဧရာဝတီ
14 June 2023
in သတင်း
A A
ပြဿနာဖြစ်ပေါ်နေသည့် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့်( Hosheng) အထည်ချုပ်စက်ရုံ / Myanmar labour News

ပြဿနာဖြစ်ပေါ်နေသည့် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့်( Hosheng) အထည်ချုပ်စက်ရုံ / Myanmar labour News

7.4k
VIEWS
Share on FacebookShare on Twitter

ZARA , Inditex စသည့် အမှတ်တံဆိပ်များကို ချုပ်လုပ်ပေးနေသည့် ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့် (Hosheng) အထည်ချုပ်စက်ရုံတွင် လုပ်အားခတိုးရန် တောင်းဆိုရာ ၌ ဦးဆောင်သည့် အလုပ်သမား ၇ ဦးအား အလုပ်မှ ထုတ်ပစ်လိုက်ပြီး တဦးအား စစ်တပ်မှ ရွှေပြည်သာစစ်ကြောရေးသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ အထည်ချုပ်စက်ရုံမှအလုပ်သမားများမှာ တရက်လုပ်ခ ၄၈၀၀ ကျပ်အစား ၅၆၀၀ ကျပ် ပေးရန်အတွက် ဇွန်လ ၈ ရက်နေ့တွင် တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ဇွန်လ ၁၀ရက်တွင် တောင်းဆိုမှုကို ဦးဆောင်ခဲ့သည့် အလုပ်သမားခေါင်းဆောင် ၇ ဦးအား အလုပ်မှ ထုတ်ပယ်သည်ဟု စက်ရုံမှ စာထုတ်ခဲ့ကြောင်း အလုပ်သမားများ သိရသည်။

ထို့သို့ အလုပ်သမားခေါင်းဆောင် ၇ဦးတို့အား အကြောင်းမဲ့ အလုပ်ထုတ်သည့် အတွက် စက်ရုံရှိအလုပ်သမား ၆၀၀ ကျော် မှ ယမန်နေ့ (ဇွန် ၁၄ )က လုပ်ငန်းခွင် မဝင်ဘဲ စက်ရုံရှိ ထမင်းစားဆောင်တွင် သပိတ်မှောက်ခဲ့ကြကြောင်း ၊ ဌာနဆိုင်ရာမှ တချို့နှင့် စစ်သားများရောက်ရှိလာပြီး အလုပ်သမား ၇ဦး အလုပ်ထုတ်ခံရခြင်းနှင့် ပတ်သက်၍ ယနေ့ (ဇွန် ၁၄) တွင် ညှိနှိုင်းပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ချိန်းဆိုခဲ့သည့်အတိုင်း ယနေ့တွင် အလုပ်သမားခေါင်းဆောင်များနှင့် ကူညီဆောင်ရွက်သူများက ရွှေပြည်သာရှိ ထွေအုပ်ရုံးသို့ သွားရောက်ခဲ့ရာ တိကျသည့် ဖြေရှင်းချက်ပေးခြင်းမရှိဘဲ အလုပ်သမားခေါင်းဆောင် ၇ ဦးထဲမှ အမျိုးသမီးတဦးကို ရွှေပြည်သာစစ်ကြောရေးသို့ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း သိရသည်။

အလုပ်သမားတဦးက “ဘယ်လိုခြိမ်းခြောက်လဲဆိုတော့ ကိုယ့်အလုပ်ကိုယ်လုပ်ပေါ့။ ကိုယ်ထိလက်ရောက် မလုပ်တာ ကလွဲလို့ အလုပ်သမားတွေအပေါ် ဆိုးဆိုးရွားရွား ပြောဆိုတယ်။ အလုပ်သမားခေါင်းဆောင်တွေ အတွက်ကတော့ အန္တရာယ်ရှိတယ်။ ဒီနေ့တောင် ရုံးချိန်းက ပြန်အထွက်မှာ အလုပ်သမားအမျိုးသမီးကို မေးစရာရှိလို့ ရဲစခန်းကို ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားရင်းနဲ့ စစ်ကြောရေးကို ရောက်သွားပါတယ်။ မေးမြန်းစစ်ဆေးစရာရှိလို့ပါဆိုပြီး ခေါ်သွားတယ်” ဟု ပြောသည်။

အဆိုပါ အလုပ်သမား ၇ ဦးမှာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၄ ဦးဖြစ်ပြီး စစ်ကြောရေးသို့ ခေါ်သွားခံရသည့် အမျိုးသမီးမှာ ခေါင်းဆောင်ကဲ့သို့ ဖြစ်နေသောကြောင့် စစ်မေးစရာရှိသည်ဟု ဆိုကာ ခေါ်သွားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ အဆိုပါ အမျိုးသမီးနှင့် အဆက်အသွယ် မရသေးကြောင်း သိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

Myanmar labour News မှ ထုတ်ပြန်ထားသည့် အဆိုပါ ပြဿနာများနှင့် ပတ်သက်၍ ဖြေရှင်းပေးသည့် အသံဖိုင်ထဲတွင် စစ်တပ်မှဟု ယူဆရသူတဦးက အလုပ်သမားများကို ကြိမ်းမောင်းပြောဆိုနေပြီး ယခုနယ်မြေသည် စစ်အုပ်ချုပ်ရေး နယ်မြေဖြစ်ကြောင်း၊ စစ်အုပ်ချုပ်ရေးအောက်တွင် ဘာသမဂ္ဂမှ မရှိဟု ခြိမ်းခြောက်ပြောဆိုသည်။

Hosheng စက်ရုံ၏ ထုတ်ပြန်ချက်တွင် အဆိုပါ အလုပ်သမား ၇ယောက်သည် စက်ရုံအတွင်း တည်ငြိမ်နေသည့် အနေအထားအား ဆူပူမှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ သွေးထိုးလှုံ့ဆော်ခြင်း ၊ စက်ရုံမှူးအား ခြိမ်းခြောက်ပြောဆိုခြင်း ၊ ကုန်ထုတ်လုပ်မှုကျဆင်းစေရန် တမင်လုပ်ဆောင်ခြင်းတို့ကြောင့် အလုပ်မှ ထုတ်ပယ်ကြောင်း ဖော်ပြထားသည်။

Hosheng စက်ရုံမှ အလုပ်သမားတဦးက “ဖြစ်စဉ်က ၈ရက်နေ့က ကျနော်တို့ လစာတိုးတောင်းဖို့အတွက် အလုပ်သမားတွေနဲ့ တိုင်ပင်တယ်။ ၉ရက်နေ့ကျတော့ အလုပ်သမားခေါင်းဆောင်တွေကို အလုပ်ထုတ်မယ်ဆိုပြီး သတင်းက ထွက်လာတယ်။ ၁၀ ရက်နေ့ကျတော့ ပုံမှန်အတိုင်း အလုပ်ဆင်းကြတယ်။ ၇ ယောက်မှာ ၆ ယောက်က အလုပ်ဆင်းတယ်။ အလုပ်ပြန်ချိန်ကျတော့ သူတို့ကို စက်ရုံ ရုံးခန်းကိုခေါ်တယ်။ အလုပ်ထုတ်စာနဲ့ အလုပ်ထုတ် လိုက်တယ်” ဟု ပြောသည်။

ထိုသို့ အလုပ်ထုတ်ခံရသည့် အလုပ်သမားများသည် စက်ရုံအတွင်း အမှား တစုံတရာ ပြုလုပ်ထားခြင်းမရှိဘဲ အကြောင်းမဲ့အလုပ်ထုတ်ခံရခြင်းဖြစ်သောကြောင့် ဖြေရှင်းချက်တစုံတရာ သိရှိလိုပြီး အလုပ်ထုတ်နစ်နာကြေးနှင့် လျော်ကြေးရရှိလိုခြင်းမဟုတ်ဘဲ လုပ်ငန်းခွင်တွင်သာ အလုပ်လုပ်ကိုင်လိုကြောင်း ပြောသည်။

အဆိုပါ Hosheng စက်ရုံသည် အလုပ်သမား ထောင်ချီဖြင့် လည်ပတ်နေသည့် စက်ရုံတရုံ ဖြစ်၍ ယခင်ကလည်း လုပ်ငန်းခွင်အငြင်းပွားမှုများ ရှိခဲ့ဖူးကြောင်း အလုပ်သမားများထံမှ သိရသည်။

အလုပ်သမားရေးဆောင်ရွက်သူတဦးက “ လုပ်ငန်းရှင်တွေဟာ အခုနိုင်ငံရေးအခြေအနေမှာ အမြတ်ထုတ်ဖို့လောက်ပဲ စဉ်းစားတဲ့ လုပ်ရပ်ဖြစ်တယ်။ စစ်တပ်ကလည်း အလုပ်သမားတွေရဲ့ ရပ်တည်မှုကိစ္စကို အသိအမှတ် မပြုဘူး ဆိုရင်လည်း မြေပြင်မှာ အသိအမှတ်မပြုတဲ့အကြောင်းပြောလို့ရတယ်။ နိုင်ငံတကာ မျက်နှာစာမှာကျတော့ အလုပ်သမားတွေကို အသိအမှတ်ပြုတယ်ပြောပြီး မြေပြင်မှာကျတော့ အသိအမှတ်မပြုတဲ့ အပြုအမူတွေကို လုပ်နေတာကို တွေ့ရတယ် “ ဟု သုံးသပ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းရှိ စက်ရုံတချို့သည် အလုပ်သမားများနှင့် အငြင်းပွားမှုများ ဖြစ်သည့်အခါ စစ်တပ်ကိုခေါ်ယူ၍ ဖိအားပေး ခြိမ်းခြောက်စေခြင်းမျိုး ပြုမူခြင်းများရှိလာကြောင်း အလုပ်သမားရေး ဆောင်ရွက်သူ များနှင့် အလုပ်သမားများက ပြောဆိုကြသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ လူဦးရေ ၁ ဒသမ ၆ သန်းသည် အလုပ်လက်မဲ့ဖြစ်သွားပြီး ၎င်းတို့အနက် အလုပ်သမား ၃ သိန်း ကျော်သည် အထည်ချုပ်အလုပ်သမားများဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၏ ကမာ္ဘလုံးဆိုင်ရာ အလုပ်သမားအခွင့်အရေး အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် ကမာ္ဘ့အဆိုးဆုံး ၁၀ နိုင်ငံစာရင်းတွင် ပါဝင်နေသည်။

You may also like these stories:

အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများကို Adidas ဖိနပ်ချုပ်စက်ရုံ အလုပ်ပြန်ခန့်

လုပ်ခတိုးရေး ဆန္ဒပြသည့် ခေါင်းဆောင်များ Adidas ဖိနပ်ချုပ်စက်ရုံက အလုပ်ထုတ်

အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးရွားလာ

Your Thoughts …
Tags: ခြိမ်းခြောက်စစ်ကြောရေးလုပ်အားခအထည်ချုပ်အလုပ်ထုတ်အလုပ်သမားခေါင်းဆောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

by ဧရာဝတီ
13 May 2024
8.7k

အဖွဲ့ဝင်အမျိုးသမီး ၂ ဦးထဲမှ ၁ ဦးအား မေလ ၉ ရက်နေ့ညက ရန်ကုန်မြို့ရှိ နေအိမ်အပြန်လမ်းတွင် ဖမ်းဆီးခဲ့ပြီးနောက် ၁ ဦးအား ယင်းနေ့ ညသန်းခေါင်အချိန် ၎င်းနေထိုင်ရာအဆောင်၌ ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း

၂၀၂၁ ခုနှစ်၊ မတ်လက ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ စစ်ထောက်လှမ်းရေး အစည်းအဝေး တက်ရောက်နေသည့် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး  / Cincds

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

by ဧရာဝတီ
11 October 2022
19.9k

စစ်ထောက်လှမ်းအဖွဲ့ဝင်များကဲ့သို့ပင် စရခ အဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများထံမှ သတင်းရယူရန် ညှဉ်းပန်းနှိပ်စက်သည့်နည်းကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။

ဆရာတော် ဦးသောဘိတ ပျောက်ဆုံးနေ (ရုပ်/သံ)

ဆရာတော် ဦးသောဘိတ ပျောက်ဆုံးနေ (ရုပ်/သံ)

by ယဉ်မွန်
5 July 2024
6.4k

စစ်တပ်နဲ့ အမျိုးဘာသာ၊ သာသနာ ထိမ်းသိမ်းစောင့်ရှောက်ရေး (မဘသ) အဖွဲ့တွေကို ဝေဖန်မိန့်ကြားလေ့ရှိတဲ့ ဆရာတော် ဦးသောဘိတ (အင်္လကာကြယ်) ပျောက်ဆုံးနေတာ တနှစ်ကျော်ရှိနေပါပြီ။

ခွာစစ်၊ ပြေးစစ်၊ ပြေးမဟာဗျူဟာနဲ့ ပြေးနိုင်မှ လွတ်မယ်

ခွာစစ်၊ ပြေးစစ်၊ ပြေးမဟာဗျူဟာနဲ့ ပြေးနိုင်မှ လွတ်မယ်

by ကြိုးကြာ
7 July 2024
6.2k

ရန်ကုန်မှာလည်း စီးပွားရေးသမားတွေကြား၊ ခရိုနီတွေကြား စစ်ကြောရေးမှာ နေနည်း၊ ဖြေနည်း၊ ချော့နည်းများ အပြင် ပြေးပေါက် ရှာနေကြသည်။

ဖမ်းဆီးခံ ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ အသက်အန္တရာယ် စိုးရိမ်ရ

ဖမ်းဆီးခံ ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ အသက်အန္တရာယ် စိုးရိမ်ရ

by စောလွင်
20 November 2024
3.2k

ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ ဖမ်းဆီးခံထားရသည့် ဖြစ်စဉ်ကို ကြားသိထားပြီး လောလောဆယ် မှတ်ချက်မပေးနိုင်သေးကြောင်း၊ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးအဖွဲ့နှင့် ဆက်သွယ်ပြီးနောက် ပြည့်ပြည့်စုံစုံ အကြောင်းပြန်ပေးမည်ဖြစ်ကြောင်း ပြောသည်။

Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

by ဧရာဝတီ
10 July 2025
2.5k

တရုတ်နိုင်ငံသားမှာ စက်ရုံသူဌေး၏ တူဟု သိရပြီး လုပ်ငန်းခွင်မှ အမျိုးသမီးများ၏ ဖုန်းများကို ထိကပါးရိကပါး စာများပို့ကာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ရှိနေကြောင်း၊ အထက်သို့ တင်ပြတိုင်ကြားထားသော်လည်း အရေးယူမှု တစုံတရာမရှိကြောင်း စက်ရုံအလုပ်သမများက ဆိုသည်။

Next Post
မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲမှု နှစ် ၃၀ ပြည့် အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီလက ပန်ဆန်းတွင် ကျင်းပစဉ် လုံခြုံရေးယူနေသည့် UWSA စစ်သားတဦး / AFP

ဝ အကြောင်းကို ကောင်းစွာနားလည်စေမည့် စာအုပ်

မြန်မာ့ ဆန်များ ပြည်ပတင်ပို့ရန် သင်္ဘော တင်နေစဉ် / ဧရာဝတီ

ပို့ကုန်ဝင်ငွေ ဆက်တိုက် ကျဆင်းသည့် အကြောင်းအရင်း စစ်ကောင်စီ မေးမြန်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved