• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံရေးအကျဉ်းသားပါဝင်မှုမရှိသည့် စစ်ကောင်စီလွတ်ငြိမ်း ယောင်ပြသက်သက်ဟု ဆို

by ဧရာဝတီ
3 August 2023
in သတင်း
A A
နိုင်ငံရေးအကျဉ်းသားပါဝင်မှုမရှိသည့် စစ်ကောင်စီလွတ်ငြိမ်း ယောင်ပြသက်သက်ဟု ဆို

သြဂုတ်လ ၁ ရက်က လွတ်ငြိမ်းသတင်းကြောင့် အင်းစိန် အကျဉ်းထောင်ရှေ့ စောင့်မျှော်နေကြသည့် မိသားစုဝင်များ (ဓာတ်ပုံ- IRW/CJ)

1k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက ခံဝန်ဖြင့်လွတ်ငြိမ်းခွင့်ပြုလိုက်သည့် အကျဉ်းသား ၇ ထောင်ကျော်ထဲတွင် နိုင်ငံရေးမှုဖြင့် အကျဉ်း ကျနေသူ ၂၀၀ ခန့်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက် ဝါဆိုလပြည့် ဓမ္မစကြာနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်း ထောင်အသီးသီးမှ အကျဉ်း ကျခံနေရသူ ၇,၇၄၉ ဦးကို ခံဝန်လက်မှတ်ဖြင့် စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ ယနေ့နံနက်ပိုင်း အထိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ဝန်းကျင်သာပါကြောင်း AAPP ၏ အတည်ပြုချက် အရ သိရသည်။

လွတ်ငြိမ်းတွင် နိုင်ငံရေးခေါင်းဆောင်ပိုင်းများနှင့် နာမည်ကျော်ကြားလူသိများသူများ ပါဝင်လာခြင်း မရှိဘဲ ထောင်မှ လွတ်ရက်နီးသူများ၊ လွတ်ရက်စေ့သူများသာ ပါဝင်မှု များကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရ သည်။

စစ်ကောင်စီသည် နိုင်ငံအေးချမ်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် လွှတ်ပေးခြင်းမျိုးမဟုတ်ဘဲ ပြည်တွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် မျက်နှာပန်းလှရုံလုပ်ဆောင်ခြင်းဖြစ်ကြောင်း AAPP မှ တာဝန်ရှိသူတဦးက သုံးသပ်သည်။

“နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းထားတယ်ဆိုတာက နိုင်ငံတကာ ကစားပွဲတွေမှာ သူတို့ လိုရင်လိုသလို သုံးဖို့ဆိုပြီး ဓားစာခံအဖြစ်နဲ့ ဖမ်းထားတာ ဖြစ်တယ်။ အကြမ်းဖက်စစ်အုပ်စုသည် ပြန်ပေးသမားတွေနဲ့ အတူတူပဲ။ တကယ် စိတ် စေတနာကောင်းကောင်းနဲ့ လွှတ်ပေးတာ မဟုတ်ဘူး။ တိုင်းပြည် ငြိမ်းချမ်းရေးကို လိုချင်လို့၊ တိုင်းပြည်အပြောင်းအလဲ ကို လိုချင်လို့ လွှတ်ပေးနေတာမျိုး မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများသည် မတရား ဖမ်းဆီးခံထားရသူများသာဖြစ်ပြီး မည်သည့်အခါမှ ဖမ်းဆီးသင့်သူများမဟုတ်ကြောင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လ ၁ လတည်းတွင် နိုင်ငံသား ၁၀၁ ဦးကို သတ်ဖြတ်ပြီး ၁၄၄ ဦးဖမ်းဆီးခြင်းကို ကြည့်ခြင်းအားဖြင့် စစ်အုပ်စုသည် ပြည်သူများကို အကြမ်းဖက်ခြောက်လှန့်နေဆဲသာ ဖြစ်ကြောင်း AAPP က ဆိုသည်။

အာဏာသိမ်းထားသည့် စစ်အုပ်စုသည် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ပြီး အကျဉ်းထောင်ထဲ၌ အကျဉ်းသားတဦး ရသင့်ရထိုက်သည့် မည်သည့်အခွင့်အရေးကိုမျှ ပေးခြင်းမရှိသည့်အပြင် ယခုကဲ့သို့ လွတ်ငြိမ်းတွင် အကျဉ်းသားလွှတ် ပေးမှု နည်းပါးခြင်းကလည်း စစ်အုပ်စု၏ သဘောထားကို ပေါ်လွင်စေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက လည်း သုံးသပ်ပြောဆိုသည်။

၎င်းက “နိုင်ငံရေး အကျဉ်းသားဘဝကို ဖြတ်သန်းချိန်မှလည်း ရသင့်ရထိုက်တဲ့ ဘယ်လိုအခွင့်အရေးကိုမှ မရဘူး။ လွှတ်ပေးတယ်ဆိုပြီး အမြင်ကောင်းအောင် အပြကောင်းအောင် လုပ်ရုံက လွဲလို့ ဘာမှ မရှိဘူး။ ရိုးသားမှု မရှိဘူး၊ စေတနာ မရှိဘူး။ ပြည်တွင်းကိုရော နိုင်ငံတကာကိုပါ အမျိုးမျိုးလှည့်စားပြီး သွားနေတာ။ လုပ်ရပ်မှန်သမျှက စေတနာ ပါတယ်လို့ မယူဆဘူး။ ဘာမှ ကျေးဇူးတင်စရာလည်း အကြောင်း မရှိဘူး” ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့် အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပြုရာတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ အား ကိုင်စွဲကာ “နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုနေ့တွင်ပင် ဖမ်းဆီးအကျဉ်းချခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ကို ပြစ်ဒဏ်ကျခံရန် အမိန့်ချထားပြီးဖြစ်သောအမှုတချို့မှ ပြစ်ဒဏ်များကို လျှော့ပေါ့လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှု ၁၉ ခုမှ အမှု ၅ ခုတို့အား ထောင်ဒဏ်လျှော့ပေါ့ပြီး သမ္မတ ဦးဝင်းမြင့် အား ချမှတ်ထားသော အမှု ၅ မှ အမှု ၂ ခုတို့ ထောင်ဒဏ်လျှော့ခဲ့ခြင်းကြောင့် သမ္မတ ဦးဝင်းမြင့်သည် အမှု ၂ ခု အတွက်၂ နှစ်သာ လျှောပေါ့ခံရကာ ထောင်ဒဏ် ၁၀ နှစ် ဆက်လက်ကျခံရမည်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အမှု ၅ ခုအတွက် ၆ နှစ်သာ လျှော့ပေါ့ခံရကာ ထောင်ဒဏ်၂၇ နှစ် ဆက်လက်ကျခံရမည် ဖြစ်သည်။

ထို့ပြင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအနက်မှ ရက္ခိုင့်တပ်တော် (AA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA)၊ ရှမ်းပြည်တိုး တက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSPP/SSA) အဖွဲ့အစည်း ၄ ဖွဲ့နှင့် ဆက်စပ်၍ ထောင်ဒဏ်ကျခံနေ ရသော၂၂ ဦးအား ပြန်လည်လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။

ထိုကဲ့သို့ လွတ်ငြိမ်းပေးသည့်နေ့က အကျဉ်းသားလွတ်မည်ဆိုသည့်သတင်းကြောင့် နိုင်ငံရေးပုဒ်မများဖြင့် ထောင်ချခံ ထားရသော အကျဉ်းသားမိသားစုဝင်များ အပါအဝင် အကြောင်းအမျိုးမျိုးဖြင့် အကျဉ်းကျနေသူများ၏ မိသားစုဝင်များ က အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းခဲ့ကြသည်။

နိုင်ငံရေး အကျဉ်းသားများနှင့် နီးစပ်သူ တဦးက “လွတ်ငြိမ်းရှိတယ်ဆိုတိုင်း မျှော်တာ ကိုယ်မှ မဟုတ်ဘူး။ သတင်းစ သိရပြီဆိုတာနဲ့ မိုးမလင်းခင်ကတည်းက အင်းစိန်ထောင်ဝရှေ့ သွားစောင့်နေတဲ့ လူတွေရှိတယ်။ မိုးရွာရွာ၊ နေပူပူ ကြားထဲကပဲ တနေကုန် ည ၆ နာရီ ၇ နာရီအထိ စောင့်ကြတဲ့ မိသားစုဝင်တွေ ရှိတယ်။ ကျမရဲ့ သူငယ်ချင်းတွေဆိုရင် လွတ်မယ့်ရက်က ပြည့်နေပြီ။ လွတ်ငြိမ်းရှိတိုင်း ပါမလာမလား မျှော်ပေမယ့် အခုထိ ပါမလာဘူး။ မျှော်လင့်ချက်က ရိုက်ချိုးခံရတယ်ပေါ့” ဟု ဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
508
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
40
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
85

ထိုသို့ စစ်ကောင်စီက အကျဉ်းသားများကို လွတ်ငြိမ်းဖြင့် အကြိမ်ကြိမ်လွှတ်ပေးသော်လည်း နိုင်ငံရေးအကျဉ်းသား ပါဝင်မှု နည်းပါးသလောက်ရှိကြောင်း လွတ်ရက်စေ့သည့်သူများလောက်ကိုသာ ပြန်လွှတ်ပေးလေ့ရှိကြောင်း အကျဉ်း ကျခံနေရသည့် မိသားစုဝင်များက ပြောဆိုသည်။

ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် မိသားစုဝင်တဦးက “အဲဒီလို လွတ်ငြိမ်းနဲ့အကြိမ်ကြိမ် လွှတ်တိုင်း အစကတော့ ပါမလားလို့ မျှော်နေမိပေမယ့် နောက်ပိုင်းတော့ ကိုယ့်လူကိုလည်း မမျှော်ဖို့ နားချရတယ်။ ကိုယ်တွေ လည်း မမျှော်တော့ဘူး။ လွတ်ရက်စေ့မှပဲ မျှော်တော့မယ်” ဟု ပြောဆိုသည်။

You may also like these stories:

စစ်ကောင်စီက အရေးပေါ်ကာလသက်တမ်း ၄ ကြိမ်မြောက် တိုး

သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံထားရ

Your Thoughts …
Tags: AAPPနိုင်ငံရေးအကျဉ်းသားလွတ်ငြိမ်းသက်သာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

by ဧရာဝတီ
3 January 2025
15k

ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာဆွေးနွေးပွဲကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တဦးဖြစ်သူ ဦးမြအေး အပါအဝင် စုစုပေါင်း ၃၉ ဦး...

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

by ဧရာဝတီ
8 July 2024
9.4k

ယခုတကြိမ်သည် ထိုတာဝန်ရှိသူများက သူ့ကို အသံတိတ်သွားစေရန် ကြိုးစားသည့် ဒုတိယအကြိမ် ဖြစ်ကြောင်း ဧရာဝတီသို့ ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ်၊ မတ်လက ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ စစ်ထောက်လှမ်းရေး အစည်းအဝေး တက်ရောက်နေသည့် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး  / Cincds

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

by ဧရာဝတီ
11 October 2022
19.9k

စစ်ထောက်လှမ်းအဖွဲ့ဝင်များကဲ့သို့ပင် စရခ အဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများထံမှ သတင်းရယူရန် ညှဉ်းပန်းနှိပ်စက်သည့်နည်းကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။

Next Post
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်လျှော့ပေါ့ခြင်း “ဘာမှမဟုတ်”ဟု သားဖြစ်သူပြော

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်လျှော့ပေါ့ခြင်း "ဘာမှမဟုတ်"ဟု သားဖြစ်သူပြော

မြန်မာ့စီးပွားရေးဘဏ်များတွင် စစ်တပ်အရာရှိများကို ခန့်

မြန်မာ့စီးပွားရေးဘဏ်များတွင် စစ်တပ်အရာရှိများကို ခန့်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved