• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေး၌ ဆေးဝါးအချို့ ပြတ်လပ်နေ

by ဧရာဝတီ
16 September 2023
in သတင်း
A A
မန္တလေး၌ ဆေးဝါးအချို့ ပြတ်လပ်နေ

ဆေးကုမ္ပဏီနှင့် အရောင်းဆိုင်ကြီးအချို့ ပိတ်သဖြင့် ဆေးဝါးများ ဈေးတက်ကာ နာတာရှည်ရောဂါအတွက် သုံးစွဲရသည့်ဆေးဝါးများ ရှားပါးပြတ်လပ်နေကြောင်းသိရသည်။

1.5k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့တွင် ဆီးချို၊ နှလုံး၊ သွေးတိုး၊ ကျောက်ကပ်၊ အသည်း စသည့် နာတာရှည်ရောဂါများအတွက် သုံးစွဲနေရသည့် ဆေးဝါးနှင့်ထိုးဆေးများ ပြတ်လပ်မှုဖြစ်ပေါ်နေသလို ဈေးနှုန်းများမှာလည်း မြင့်လျက်ရှိကြောင်း မြို့ခံများထံမှ သိရသည်။

မန္တလေးမြို့ခံတဦးက “အသည်းနဲ့ပတ်သက်ပြီး သောက်ရတဲ့ ဆေးတမျိုးဆိုရင် စဝယ်တုန်းက တလစာပါ တပုလင်းကို ကျပ် ၂၂၀,၀၀၀ သိန်း ပေးရတယ်။ အခု အဲဒီဆေး က ၃၀၀,၀၀၀ ကျော်သွားပြီ။ ဆိုးတာက ဆေးစာမှာပါတဲ့ ဆေး ၇ မျိုးလုံး တဆိုင်တည်း မရတော့ဘူး။ ကုမ္ပဏီခွဲတောင် ရှာရခက်လို့ တမြို့ လုံးအနှံ့ဆေးဆိုင်တွေ ပတ်ရှာဝယ်နေရတယ်။ ဈေးတွေ ကတက်၊ ဆိုင်တွေမှာ ပစ္စည်းပြတ်နေတာမျိုး ဖြစ်နေတော့ တော်တော်များများ ကြိုဝယ်ထားရတယ်” ဟု ဧရာဝတီကို ပြောသည်။

အမေရိကန်ဒေါ်လာဈေးတက်ခြင်း၊ စစ်ကောင်စီ၏ ဒေါ်လာထိန်းချုပ်မှုနှင့် သွင်းကုန်ပါမစ်ရရှိရေး ကြန့်ကြာမှုတို့ကြောင့် ပြီးခဲ့သည့် ၂၀၂၂ ဇွန်လမှစတင်ပြီး ပြည်ပမှတင်သွင်းရသော ဆေးဝါးများ ဈေးမြင့်တက်ခဲ့ရာ လက်ရှိအချိန်ထိ ဆက်လက် မြင့်တက်နေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နိုင်ငံတို့မှ ဆေးဝါးများ အများဆုံး မှာယူတင်သွင်းနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မန္တလေးမြို့မှ လက်ကားဆေးဆိုင်ပိုင်ရှင်တဦးက “အဓိကတော့ ပြည်တွင်းမှာ ဒေါ်လာဈေးတွေတက်တော့ ဆေးတွေ ဈေးတက်တာပါ။ ကုမ္ပဏီတွေက လက်ရှိဈေးနှုန်းအတိုင်းရောင်းပေးပြီး ပြန်ဝယ်ရတဲ့အခါကျ ဈေးတွေက တက်သွားတာ ကြောင့် ဈေးကွက်ကိုထိန်းတာမျိုးပေါ့။ ဆေးတွေက ပြည်ပနိုင်ငံတွေကနေ ဒေါ်လာနဲ့ဝယ်ကြရတာဆိုတော့ ပြည်တွင်းငွေ ဈေးက ကျလာတဲ့အပြင် ဟိုဘက်မှာလည်း ဆေးဈေးတွေက တက်တာကြောင့် ယာယီအရောင်းပိတ်ကြတာမျိုးပါ” ဟု ရှင်းပြသည်။

ထိုသို့ ဆေးကုမ္ပဏီနှင့် ဆေးဝါးအရောင်းဆိုင်ကြီးအချို့ အရောင်းပိတ်ခြင်းများရှိလာရာ ဆေးဝါးများ ဈေးနှုန်းမြင့်တက်ခြင်း အပြင် နာတာရှည်ရောဂါအတွက် သုံးစွဲရသည့်ဆေးဝါးများ ရှားပါးပြတ်လပ်မှု ဖြစ်ပေါ်လာကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်နေ သွေးတိုးဝေဒနာရှင်တဦးက “ကျနော်က ၂၀၁၈ ကတည်းက သွေးတိုးစဝင်ခဲ့တာမို့ Amlong 5 ကို နေ့စဉ်သောက်နေရတာ။ ဖြစ်ကာစတုန်းက ၁၀ လုံးပါ တကတ်ကို ၃၀၀ လောက်ပဲ ရှိတာ။ အခုတော့ တကတ်ကို ၈၀၀ ဖြစ် သွားပြီ။ အဲဒီဆေး ပုံမှန်မသောက်ရင် အစားလေးနည်းနည်းမှားလိုက်တာနဲ့ သွေးတိုးလာပြီး နေလို့ထိုင်လို့မကောင်းတော့ ဘူး။ အဲဒါကြောင့် ဈေးတက်ပေမယ့်လည်း မသောက်လို့မရတော့ ဝယ်သောက်နေရတယ်” ဟု ဆိုသည်။

မန္တလေးဆေးဝါးဈေးကွက်အတွင်း သာမန် ဖျားနာ၊ ခေါင်းကိုက်ပါက သောက်သုံးလေ့ရှိသည့် ပါရာစီတမော၊ ဘိုင်အို ဂျက်ဆစ်၊ ဒီကိုဂျင်၊ အစာအိမ်လေဆေးတမျိုးဖြစ်သော Air-X၊ အန်နာဗွန်စီ ကဲ့သို့သော လူသုံးများသည့် အိမ်သုံး ဆေးဝါးများလည်း ၁၀ လုံးပါ ဆေးတကတ်လျှင် ကျပ် ၅၀၀ ခန့်ရှိခဲ့ရာမှ ယခုအခါ ကျပ် ၂,၀၀၀ ခန့်ထိ ရှိလာကြောင်း ဆေးဝါးနှင့်ဆေး ပစ္စည်းအရောင်းဆိုင်များထံမှ သိရသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
7
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
62
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
21

ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီ မန်နေဂျာတဦးက ဆေးဈေးကွက်နှင့် ပတ်သက်၍ “ပစ္စည်းရှိတယ် ဆိုပေမယ့် ထုတ် မရောင်းရဲကြဘူး။ ကုမ္ပဏီတွေက ဒေါ်လာနဲ့ဝယ် ပြည်တွင်းမှာ ကျပ်ငွေနဲ့ရောင်းရတာ။ ပြည်တွင်းမှာ ဒေါ်လာဈေးတွေက တက်လာတဲ့အပြင် ပြန်ဝယ်တဲ့အခါမှာ ဟိုဘက်ကလည်း ဆေးဈေးတွေပါ ထပ်တက်တော့ ဈေးတွေက ၂/၃ ဆထိ ဖြစ် သွားတာ။ ကျနော်တို့ ကုမ္ပဏီဆိုရင် ပြီးခဲ့တဲ့လကုန်ပိုင်းလောက်က အရောင်းပိတ်ခဲ့ရတာမျိုး ရှိတယ်။ ပြည်တွင်းရဲ့ ဒေါ်လာ ဈေးအခြေအနေကို စောင့်ကြည့်ပြီး တော့ ဒေါ်လာဈေးတွေတက်လာရင် အရောင်းတွေပိတ်ပစ်ကြလေ့ရှိတယ်” ဟု ပြော သည်။

ထို့ပြင် နာတာရှည်ရောဂါရှိသူများ သုံးစွဲနေရသည့် ဆီးချို၊ သွေးတိုးရောဂါ ဆေးများမှာလည်း ယခင်က လက်လီဈေးကွက် တွင် ကျပ် ၂,၀၀၀ မှ ၃,၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၈,၀၀၀ မှ ၉,၀၀၀ ကျော်ထိ ရှိကြောင်း၊ နှလုံး ရောဂါအတွက် သောက်သုံးရသည့် နှလုံးအားဆေး အပါအဝင် ဆေးဝါးများသည်လည်း တလစာ ကျပ် ၅၀,၀၀၀ ခန့်သာ ကုန်ကျခဲ့ရာမှ ယခုအခါ ကျပ် ၁၅၀,၀၀၀ ထိ မြင့်တက်လာနေကြောင်း ဆေးဝါးသုံးစွဲသူများထံမှ သိရသည်။

ယခုနှစ် သြဂုတ်လလယ်ပိုင်းမှစတင်ကာ ဆီးချိုရောဂါသည်များအတွက် အရေးပါသည့် အင်ဆူလင်ထိုးဆေးမှာလည်း ပြတ်လပ်နေကြောင်း ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီတစ်ခုမှ အမည်မဖော်လိုသည့် မန်နေဂျာတဦးက ဆိုသည်။

ချမ်းမြသာစည်မြို့နယ်မှ ဆေးဆိုင်ပိုင်ရှင် တဦးက “ဆေးဆိုင်တွေအနေနဲ့ ဈေးတွေက မတည်ငြိမ်တာမို့ အချို့ဆေးတွေကို မရှိဘူး၊ ကုန်နေတယ်ဆိုတာမျိုး ဖြစ်နေတာ။ ဈေးက အတက်ဈေးပဲဖြစ်နေလို့ ရှိပြီးသားဆေးတွေကို အရင်ဈေးနဲ့ပဲ ရောင်း လိုက်ရမလား။ ထိန်းထားရဦးမလား။ အတက်ဈေးနဲ့ပဲ ရောင်းရမလားဆိုတာ ဝေခွဲမရဖြစ်ကုန်တယ်။ ပြန်ဝယ်ရတဲ့အခါ ရောင်းလိုက်တဲ့ဈေးထက် နှစ်ဆလောက်ပေးနေရတာမို့ ကုမ္ပဏီတွေက အရောင်းပိတ်ထားတဲ့အပေါ်မှာ မူတည်ပြီး ထိန်းရောင်းပေးနေရတာမျိုး ဖြစ်နေတယ်” ဟု ပြောသည်။

ဆီးချိုရောဂါသည်များအနေဖြင့် ရောဂါအခြေအနေအပေါ်မူတည်ပြီး ပုံမှန်ဆေးသောက်ရသူနှင့် အင်ဆူလင်ထိုးဆေး‌ ပုံမှန် ထိုးရသူများရှိကြောင်း၊ သောက်ဆေးကို အစားထိုးဝယ်ယူနိုင်သေးသော်လည်း ထိုးဆေးများမှာ ဝယ်မရသည်အထိ ပြတ် လပ်နေကြာင်း၊ ဆေးပြတ်လပ်မှုကြောင့် ဆီးချိုသမားများအတွက် အခက်ကြုံနေရသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနေဖြင့် စက်မှုဝန်ကြီးဌာနလက်အောက်ခံ BPI ဆေးဝါးစက်ရုံမှ ဆေးဝါးထုတ်လုပ်ပေးမှုများ ရှိသော်လည်း ပြည်တွင်းလိုအပ်ချက်အတွက် ၁၅ ရာခိုင်နှုန်းခန့်သာ ဖြည့်ဆည်းပေးနိုင်သဖြင့် ပြည်ပနိုင်ငံများမှ တင်သွင်း နေရဆဲဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တဦးက “ပြည်ပကတင်သွင်းတဲ့ ဆေးဝါးတွေမပြောပါနဲ့ ပြည်တွင်းကထုတ်လုပ်နေတဲ့ တိုင်းရင်းဆေးတွေတောင် ဈေးတွေတက်ကုန်ပြီ။ အရင်က ၁ ထုပ်ကို ၁၀၀ လောက်ပဲ ရှိခဲ့တဲ့ လူသုံးများတဲ့ မတ္တရာဒေါ်ထူးထူးလို လျက်ဆားတောင် အခု ၃၅၀ ဖြစ်သွားပြီ” ဟု ပြောသည်။

You may also like these stories:

ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း

အဆမတန်တက်လာသည့် ဒေါ်လာဈေးကြောင့် ဆေးကုမ္ပဏီတချို့ အရောင်းရပ်

ဒေါ်လာနှင့် ရွှေဈေး ကျလာသော်လည်း ကုန်ဈေးနှုန်း မကျ

ဒေါ်လာဈေးကြောင့် ဆေးဝါးနှင့် စက်သုံးဆီဈေးများလည်း တက်လာ

Your Thoughts …
Tags: စစ်ကောင်စီဆေးဝါးဒေါ်လာဈေးနာတာရှည်မန္တလေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

တရုတ်၊ အိန္ဒိယနှင့် ရုရှား အားကိုးဖြင့် အာဆီယံကို မြန်မာ အာခံ

တရုတ်၊ အိန္ဒိယနှင့် ရုရှား အားကိုးဖြင့် အာဆီယံကို မြန်မာ အာခံ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved