• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုးကုတ်တွင် စစ်တပ်နှင့် TNLA တိုက်ပွဲ အရှိန်ပိုမြင့်လာ

by ဧရာဝတီ
18 September 2023
in သတင်း
A A
မိုးကုတ်တွင် စစ်တပ်နှင့် TNLA တိုက်ပွဲ အရှိန်ပိုမြင့်လာ

၂၀၁၉ ခုနှစ်က တွေ့ရသည့် TNLA တပ်ဖွဲ့များ(ဧရာဝတီ)

5.6k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တို့ စက်တင်ဘာ ၁၀ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားနေရာ စစ်ရှိန်ပိုမြင့်လာကြောင်း သိရသည်။

TNLA တပ်ဖွဲ့ဝင်များရှိရာ မိုးကုတ်မြို့တောင်ဘက်ရှိ ကုန်းစံရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် TNLA တပ်မဟာ၂ ၏ တပ်များနှင့် အထက်ညောင်ကုန်း၊ ကုန်းစံ (ပလောင်) စသည့် ရွာများဝန်းကျင်၌ တိုက်ပွဲဖြစ်နေခြင်း ဖြစ် ပြီး၊ ထိုတိုက်ပွဲတွင် TNLA ဘက်မှ ထိခိုက်သေဆုံးမှု မရှိသော်လည်း စစ်ကောင်စီဘက်က စစ်ကား ၁ စီး ထိခိုက်ပြီး ချောက်ထဲ ကျသွားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနဘက်က ဆိုသည်။

TNLA ပြောရေးဆိုခွင့်ရှိ သူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က “၁၀ ရက်နေ့ကတည်းက စဖြစ်တာပေါ့။ ၁၀ ရက်နေ့လည်း၂ ကြိမ်ပေါ့။ ၁၅ ရက်လည်း ၂ ကြိမ်ပေါ့။ မနေ့ (စက်တင်ဘာ ၁၇ ရက်) ကလည်း ၂ ကြိမ် အားလုံးပေါင်း ၆ ကြိမ် တိုက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ ဖြစ်တယ်” ဟု ဆိုသည်။

စက်တင်ဘာ ၁၇ ရက် တိုက်ပွဲတွင် ကုန်းစံ (ပလောင်) နှင့် အထက်ညောင်ကုန်းရွာများအား မိုးကုတ်မြို့ အနီးရှိ အဖြူရောင် ရွာမှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၁၁ ကြိမ် ပစ်ကူပေးခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြား ရေးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်မ ၄၄ လက်အောက်ခံ ခမရ-၁၀၂ ၊ ခမရ – ၁၀၄၊ မန္တလေးရှိ အလယ်ပိုင်းတိုင်း စစ် ဌာနချုပ် (လပခ) လက်အောက်ခံ ခလရ-၁၄၈ တပ်များ ပါဝင်တိုက်ခိုက်နေသလို TNLA ဘက်က မိုးကုတ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဗျူဟာ လက်အောက်ခံ တပ်ရင်းအချို့ ပါဝင်ကြောင်း မြေပြင်နှင့် နီးစပ်သူများက ဆိုသည်။

ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ကမူ တိုက်ပွဲတွင် အခြားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှု မရှိကြောင်း ဧရာဝတီကို ပြောသည်။

မိုးကုတ် PDF ဗျူဟာ ကို PDF- ၁၂၂၁၊ ၁၂၂၂ နှင့် ၁၂၂၃ ဆိုသည့် တပ်ရင်း ၃ ရင်းဖြင့် ဖွဲ့ထားခြင်း ဖြစ်ပြီး ၎င်းတို့၏ Facebook Page တွင် မိုးကုတ်မြို့ဝန်းကျင်၌ TNLA နှင့် ပူးပေါင်း၍ စစ်ဆင်ရေး ဆောင်ရွက်နေကြောင်း၊ အချို့စစ်ဆင်ရေး များတွင် ပြည်သူ၏ အသက်အန္တရာယ်ကို ထိခိုက်နိုင်သဖြင့် နောက်ဆုတ်ခဲ့ရကြောင်း စက်တင်ဘာလ ၁၇ ရက်က ရေးထားသည်။

မိုးကုတ်မြို့အနီးတဝိုက် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ယခုနှစ် မေလက တွေ့ရစဉ် (ဓာတ်ပုံ- Red Wolves Of Mogok)

TNLA နှင့် ပူးပေါင်းဆောင်ရွက်သည့် စစ်ဆင်ရေးကို မိုးကုတ် PDF ဗျူဟာက မိုးလုံးမှိုင်း စစ်ဆင်ရေးဟု အမည်ပေးထားပြီး
ပြည်သူများအနေဖြင့် အသွားအလာဆင်ခြင်ပေးရန်နှင့် စစ်ကောင်စီတပ်နှင့် နီးကပ်စွာနေခြင်းမပြုဘဲ ရှောင်ရှားရန် အနူးအညွတ် တောင်းဆိုကြောင်း မိုးကုတ် PDF ဗျူဟာက ဆိုသည်။

အမည်မဖော်လိုသည့် မိုးကုတ်မြို့ခံကလည်း မိုးကုတ်မြို့ဝန်းကျင်တွင် တိုက်ပွဲဖြစ်နေသည်မှာ ရက်သတ္တတပတ် ပတ်ဝန်းကျင်ရှိပြီဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်နေ့ကဖြစ်ပွားသည့် တိုက်ပွဲသည် ပိုမိုပြင်းထန်ပုံရကြောင်း ဆိုသည်။

၎င်းက “တိုက်ပွဲကတော့ အရင်ရက်တွေထဲက ဖြစ်နေတာမှာ မနေ့ကတော့ ညနေ ၃ နာရီလောက်မှာ တော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်တယ်။ ဂျက်ဖိုက်တာနဲ့ လာကြဲတယ်။ ဒီနေ့ကတော့ ဘာမှ ထပ်မကြားဘူး။ မြို့ပေါ်မှာက‌တော့ ပုံမှန်ပဲ။ ကျောင်းလည်း ဖွင့်တယ်။ ဈေးလည်း ဖွင့်တယ်။ ဖြစ်တဲ့နေရာက မြို့နဲ့ မိုင် ၂၀ လောက်တော့ ဝေးတယ်” ဟု ဆိုသည်။

စစ်ရေးလေ့လာသည့် သုတေသီတဦးကမူ TNLA ဘက်က သတင်းထုတ်ပြန်မှု မရှိသော်လည်း မိုးကုတ်အနောက်ဘက်ရှိ ကျပ်ပြင်ရွာကို TNLA နှင့် PDF က စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့သည်ဟု ကြားရကြောင်း ဆိုသည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
36
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
903
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
58

ထို့ပြင် ကျပ်ပြင်ရွာကို တောင်ဘက်မှ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်းသည်လည်း လမ်းတွင် ဖြတ်တိုက်ခံရသည် ဟု ကြားရကြောင်း ပြောသည်။

မိုးကုတ်မြို့နယ်သည် စစ်ကောင်စီတပ်၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တို့၏ စစ်ရေးအရ ဆက်စပ်သော နယ်မြေဖြစ်ပြီး မိုးကုတ်တွင် စစ် ကောင်စီ၏ အခြေချစစ်ဗျူဟာ တခုရှိ သလို မိုးကုတ်၏ အရှေ့မြောက်ဘက်ရှိ မိုးမိတ်နှင့် အရှေ့တောင်ဘက်ရှိ နောင်ချိုမြို့ တွင်လည်း အခြေချ စစ်ဗျူဟာများရှိသည်။

ထို့ကြောင့် မိုးကုတ်ဂွင်သည် စစ်မျက်နှာကျယ်သည့် ဂွင်ဖြစ်ပြီး TNLA နှင့် PDF ဘက်က ရှေ့တိုးလာပါက စစ်ရှိန်မြင့်ကာ တိုက်ပွဲ ပိုဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း ၎င်းက မှတ်ချက်ပေးသည်။

You may also like these stories:

စစ်ကိုင်း၌ စစ်ကြောင်းထိုးနေသော စစ်တပ် ဒေသခံ ၄ ဦးကို သတ်ဖြတ်

တနင်္သာရီ၌ စစ်ကောင်စီက ရေတပ်အသုံးပြု တိုက်ခိုက်လာ

နမ်ဆန်ယန်သို့ စစ်ကူလာသည့် စစ်ကြောင်း အတိုက်ခံရပြီး ပြန်ဆုတ်ခွာ

Your Thoughts …
Tags: PDFTNLAစစ်ကောင်စီတိုက်ပွဲမိုးကုတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved