• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျိုက်မရောထောင်မှ နိုင်/ကျဉ်း ၁ ဦး ဆေးကုသခွင့်မရ၍ သေဆုံး

by ဧရာဝတီ
15 January 2024
in သတင်း
A A
ကျိုက်မရောထောင်မှ နိုင်/ကျဉ်း ၁ ဦး ဆေးကုသခွင့်မရ၍ သေဆုံး

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်/ ဓာတ်ပုံ- BNI

626
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတဦးသည် စစ်ကြောရေး၌ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများအား လုံလောက်သည့် ဆေးကုသခွင့်မရ၍ သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ရက် (PPNM) က သိရသည်။

ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသား အသက် ၄၃ နှစ်အရွယ် ကိုရာရှင် (ခ) ဟာရှင် သည် စစ်ကြောရေးတွင်ရရှိခဲ့သည့် ဒဏ်ရာများကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ကျန်းမာရေး ဆိုးရွားလာခဲ့ပြီး ထောင်ဆေးရုံတွင် မကြာခဏ သွားရောက်ပြသခဲ့သော်လည်း လုံလောက်သည့် ဆေးကုသမှုများမရရှိခဲ့ကြောင်း PPNM မှ ကိုသိုက်ထွန်းဦးက ပြောသည်။

ကိုရာရှင်သည် ဝေဒနာများ မသက်သာသဖြင့် ဇန်နဝါရီလ ၁၁ ရက်က အရေးပေါ် ဆေးကုသခွင့် တောင်းခံခဲ့သော်လည်း ပြင်ပဆေးရုံသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးခြင်းမရှိဘဲ နောက်ကျမှသာ ပို့ဆောင်ပေးခဲ့သည့်အတွက် ဇန်နဝါရီ ၁၂ ရက်တွင် ပြင်ပဆေးရုံ၌ အသက်ဆုံးပါးသွားကြောင်း သိရသည်။

ကိုသိုက်ထွန်းဦးက “၁၁ လပိုင်းကနေစပြီး ဆေးဝါးစောင့်ရှောက်မှုပေးဖို့ တင်ပြတယ်။ သက်သာလိုက် အဆောင်မှာ ပြန်လာနေလိုက် ဆေးရုံသွားလိုက်နဲ့ပဲ။ အတွင်းကြေဒဏ်ရာတွေ ဖြစ်တယ်၊ အပြင်မှာ မမြင်ရဘူး။ ထောင်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရင်းနဲ့ ၁၁ ရက်နေ့လောက်မှာ အသည်းအသန် ဖြစ်လာတယ်။ ထောင်အာဏာပိုင်တွေက ပြင်ပ ဆေးရုံ မပို့ဘဲနဲ့ ထောင်ဆရာဝန်တွေနဲ့ပဲ ကုနေတာပေါ့။ မရတော့တဲ့အဆုံးမှ ပြင်ပဆေးရုံကို ပို့တယ်။ နောက်ရက် ၁၂ ရက်နေ့ မနက်အစောပိုင်းမှာပဲ ဆုံးသွားတယ်” ဟု ဧရာဝတီကို ပြောသည်။

အကျဉ်းထောင်သို့ မိသားစုဝင်များပေးပို့သည့် ပါဆယ်များထဲတွင် အခြေခံလိုအပ်သော အင်္ဂလိပ်ဆေးဝါးများကို စစ်ကောင်စီက ပို့ဆောင်ခွင့် မပြုခြင်း၊ အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း၊ အရေး ကြီးလူနာများအား ပြင်ပဆေးရုံသို့ ပို့ဆောင်ပေးခြင်းကို အချိန်နှင့်တပြေးညီ မပြုလုပ်ပေးသည့်အတွက် ၂၀၂၃ ခုနှစ် အတွင်း နိုင်ငံရေးအကျဉ်းသား/ အကျဉ်းသူ ၁၇ ဦးအထိ အသက်သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်၏ ကောက်ယူထားသည့်စာရင်းများအရ သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
377
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
52

ကိုသိုက်ထွန်းဦးက “စစ်ကြောရေးရဲ့ ရိုက်နှက်မှုတွေကလည်း သေဆုံးမှု တော်တော်များများရဲ့ တရားခံ ဖြစ်နေတတ် တယ်။ ရိုက်နှက်ခံရပြီးရင် အကျဉ်းထောင်တွေက လုံလောက်တဲ့ ဆေးကုသခွင့် မပေးနိုင်တဲ့အခါမှာ မသေသင့်ဘဲ သေ ဆုံးသွားတဲ့ ဖြစ်စဉ်တွေက တော်တော်လေးလည်း များလာပြီ။ တော်တော်လေး စိပ်လာပြီ” ဟု ပြောသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ်နှစ်ရှည်ချခံထားရသော နိုင်ငံရေးအကျဉ်းသား တေးရေးတေးဆို စံလင်းစံမှာ ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်၌ ညှဉ်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ရပြီး ဒီဇင်ဘာ ၃၁ ရက်တွင် ထောင်အာဏာပိုင်များက ဦးနှောက်ရေအိတ်တည်သည့် ရောဂါကြောင့် သေဆုံးသွားကြောင်း မိသားစုဝင်များထံ အကြောင်းကြားခဲ့သည်။

ထို့ပြင် အင်းစိန်‌ထောင်၌ ပုဒ်မ ၅၀ (ည) ဖြင့် အကျဉ်းကျနေသည့် အသက် ၂၃ နှစ်အရွယ် မချယ်ရီဝင်းဖြစ်ပြီး အပူချိန် အလွန်အမင်းတက်ခဲ့ပြီးနောက် လုံလောက်သည့်ဆေးကုသမှု အချိန်မီ မရရှိခဲ့သဖြင့် ဒီဇင်ဘာ ၂၁ ရက်တွင် သေဆုံးခဲ့ ကြောင်း သိရသည်။

အကျဉ်းထောင်များအတွင်း၌ ဖမ်းဆီးအကျဉ်းကျခံနေရသည့် နိုင်/ကျဉ်းများမှာ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ ထောင် အပြောင်းအရွှေ့တွင် သတင်းအစအန မရဘဲ ပျောက်ဆုံးခြင်းများလည်း ဖြစ်ပေါ်လျက်ရှိသည်။

၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် ဖမ်းဆီးခံရသူ ၂၅,၇၉၉ ဦးရှိပြီး ၎င်းတို့အနက် ၁၉,၉၁၁ ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများအရ သိရသည်။

You may also like these stories:

ကလေးထောင်မှ နိုင်ငံရေးအကျဉ်းသားများ ၂ နှစ်နီးပါးကြာ တိုက်ပိတ်ခံနေရ

ထောင်တွင်းနှိပ်စက်သည့် ဒဏ်ရာများကြောင့် တေးရေး၊တေးဆို စံလင်းစံ သေဆုံးဟုဆို

ထောင်တွင်း ဆေးကုသခွင့်မရ၍ သေဆုံးသည့် နိုင်ကျဉ်း ၁၆ ဦးခန့် ရှိလာ

Your Thoughts …
Tags: ကျိုက်မရောထောင်စစ်ကြောရေးဆေးဝါးကုသခွင့်နိုင်ငံရေး အကျဉ်းသား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

by ဧရာဝတီ
13 May 2024
8.7k

အဖွဲ့ဝင်အမျိုးသမီး ၂ ဦးထဲမှ ၁ ဦးအား မေလ ၉ ရက်နေ့ညက ရန်ကုန်မြို့ရှိ နေအိမ်အပြန်လမ်းတွင် ဖမ်းဆီးခဲ့ပြီးနောက် ၁ ဦးအား ယင်းနေ့ ညသန်းခေါင်အချိန် ၎င်းနေထိုင်ရာအဆောင်၌ ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း

၂၀၂၁ ခုနှစ်၊ မတ်လက ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ စစ်ထောက်လှမ်းရေး အစည်းအဝေး တက်ရောက်နေသည့် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး  / Cincds

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

by ဧရာဝတီ
11 October 2022
19.9k

စစ်ထောက်လှမ်းအဖွဲ့ဝင်များကဲ့သို့ပင် စရခ အဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများထံမှ သတင်းရယူရန် ညှဉ်းပန်းနှိပ်စက်သည့်နည်းကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။

ဆရာတော် ဦးသောဘိတ ပျောက်ဆုံးနေ (ရုပ်/သံ)

ဆရာတော် ဦးသောဘိတ ပျောက်ဆုံးနေ (ရုပ်/သံ)

by ယဉ်မွန်
5 July 2024
6.4k

စစ်တပ်နဲ့ အမျိုးဘာသာ၊ သာသနာ ထိမ်းသိမ်းစောင့်ရှောက်ရေး (မဘသ) အဖွဲ့တွေကို ဝေဖန်မိန့်ကြားလေ့ရှိတဲ့ ဆရာတော် ဦးသောဘိတ (အင်္လကာကြယ်) ပျောက်ဆုံးနေတာ တနှစ်ကျော်ရှိနေပါပြီ။

ခွာစစ်၊ ပြေးစစ်၊ ပြေးမဟာဗျူဟာနဲ့ ပြေးနိုင်မှ လွတ်မယ်

ခွာစစ်၊ ပြေးစစ်၊ ပြေးမဟာဗျူဟာနဲ့ ပြေးနိုင်မှ လွတ်မယ်

by ကြိုးကြာ
7 July 2024
6.2k

ရန်ကုန်မှာလည်း စီးပွားရေးသမားတွေကြား၊ ခရိုနီတွေကြား စစ်ကြောရေးမှာ နေနည်း၊ ဖြေနည်း၊ ချော့နည်းများ အပြင် ပြေးပေါက် ရှာနေကြသည်။

ဖမ်းဆီးခံ ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ အသက်အန္တရာယ် စိုးရိမ်ရ

ဖမ်းဆီးခံ ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ အသက်အန္တရာယ် စိုးရိမ်ရ

by စောလွင်
20 November 2024
3.2k

ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ ဖမ်းဆီးခံထားရသည့် ဖြစ်စဉ်ကို ကြားသိထားပြီး လောလောဆယ် မှတ်ချက်မပေးနိုင်သေးကြောင်း၊ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးအဖွဲ့နှင့် ဆက်သွယ်ပြီးနောက် ပြည့်ပြည့်စုံစုံ အကြောင်းပြန်ပေးမည်ဖြစ်ကြောင်း ပြောသည်။

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗယ်လ်နီ၏ နောက်ဆုံးရက်များ

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗယ်လ်နီ၏ နောက်ဆုံးရက်များ

by Andrew Roth နှင့် Pjotr Sauer
27 February 2024
2.3k

သူ ထောင်မှ အသက်ရှင်လျက် မထွက်ရနိုင်ကြောင်း မစ္စတာ နာဗယ်လ်နီ နားလည်သည်။

Next Post
တရုတ်ဖိအားအောက်က ဟိုင်ဂင် သဘောတူညီချက် ဘာလဲ ဘယ်လဲ

တရုတ်ဖိအားအောက်က ဟိုင်ဂင် သဘောတူညီချက် ဘာလဲ ဘယ်လဲ

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved