• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ကျဆင်း

by ဧရာဝတီ
29 February 2024
in သတင်း
A A
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ကျဆင်း

၂၀၂၃ ၊ ဩဂုတ်လအတွင်း အာရှလမ်းမြေပြို၍ မြဝတီ ကော့ကရိတ်လမ်းတွင် သွားလာနေသော ကုန်တင်ကားနှင့် ခရီးသည်တင်ကားများအား ပြည်သူ့ကာကွယ်ရေးတပ် -ကျားဖြူတပ်ခွဲ ၄ က စစ်ဆေးနေစဉ်/Albino Tiger Company-4

1.3k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ပြီးခဲ့သည့် ၂၀၂၂ – ၂၃ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်လျှင် ယခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ ၆၀၃ ဒသမ ၁၉၉ သန်း လျော့ကျသွားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

၂၀၂၂ – ၂၃ ဘဏ္ဍနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၄၆၀၃ ဒသမ ၃၆၉ သန်းရှိရာမှ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အလားတူကာလတွင် ဒေါ်လာ ၄,၀၀၀ ဒသမ ၁၇၀ သန်းသာ ရှိ သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ထိုင်း-မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်၏ အာရှလမ်းမကြီး တလျှောက် စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား တိုက်ပွဲများ မကြာခဏဖြစ် နေသဖြင့် လမ်းပိုင်းများပျက်စီးပြီး ကုန်သွယ်ရေး နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေသလို စစ်ကောင်စီ၏ မူဝါဒ အပြောင်းအလဲများကြောင့်လည်း ကုန်သွယ်မှုကျဆင်းနေခြင်း ဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

အလားတူ မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခများကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ၁၁ ဒဿမ ၁ ရာခိုင်နှုန်း လျော့ကျနေ ကြောင်း ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ် (FTI) ဒုဥက္ကဋ္ဌ မွန်ထရီမဟာပလပ်ပွန်က ဘန်ကောက်ပို့စ် သတင်းတွင် ပြောထားသည်။

ဒေါ်လာလိုအပ်ချက် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် ပို့ကုန်ရငွေနှင့် သွင်းကုန်များကို ထိန်းချုပ်ရန် ကြိုးစားခဲ့ရာ ပို့ကုန်တင်ပို့သူများသည် ယခင်က ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ဈေးဖြင့် လဲလှယ်ရ သည်။

ထို့နောက် ကုန်သည်များ တောင်းဆိုမှုကြောင့် ၂၀၂၃ ဒီဇင်ဘာ ၆ ရက်တွင် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်ပေါက်ဈေးဖြင့် ဖြတ်ယူပြီး ကျန် ၆၅ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးဖြင့် လဲလှယ်နိုင်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ထုတ်ပြန်သော်လည်း လက်ရှိ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို တဒေါ်လာလျှင် ကျပ် ၃၁၀၀ နှင့် ၃၂၀၀ ကြားတွင် သာ အရောင်းအဝယ်လုပ်ရပြီး လက်ရှိပြင်ပပေါက်ဈေးမှာ ၃,၆၀၀ ကျော်ဖြစ်နေသည်။

ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သော နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီသည်လည်း အလုပ်လုပ်ကိုင်ရာတွင် နှေးကွေးမှုများ ရှိနေပြီး လိုင်စင်ရရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုများရှိကြောင်း သိရသည်။

မြဝတီနယ်စပ် ကုန်သည်ကြီးတဦးက “ကုန်သွယ်မှုကကျတယ်။ ဗိုလ်ချုပ် မြထွန်းဦး ဦးဆောင်တဲ့ တချို့အဖွဲ့တွေက အဆင် မပြေတာတွေ ရှိတယ်။ ပို့ကုန်ပိုင်းမှာ အခုထိ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ ရာခိုင်နှုန်းနဲ့ လဲရတာရှိတယ်၊ ၆၅ ရာခိုင်နှုန်း ကို ပြင်ပပေါက်ဈေးနဲ့ လွှဲရပေမယ့် သွင်းကုန်သွင်းဖို့ လိုင်စင်ရလို့ ငွေလွှဲတဲ့အခါ ကော်မတီခွင့်ပြုချက် လိုပြန်ရော ပို့ကုန်လုပ် မှ သွင်းကုန်လုပ်ရမယ်ဆိုပေမယ့် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်တောင် လိုင်စင်ချ မပေးတာ ရှိတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေး တံတားမှ တဆင့် မြန်မာနိုင်ငံဘက်သို့ ကုန်ပစ္စည်းပို့ဆောင်မည့်ကားများ / ကျော်ခ / ဧရာဝတီ

ယင်းအခြေအနေများကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် နှေးကွေးကြန့်ကြာမှုများ ရှိနေပြီး၊ တရားမဝင်ကုန်သွယ်ရေး ပိုမို ကြီးထွားလာကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်သွယ်မှုပမာဏမှာ ဆက်တိုက် ကျဆင်းလာ ကြောင်း ၎င်းကပြောသည်။

ဆက်လက်၍ ၎င်းက “အလုပ်လုပ်ရတာ အရမ်းနှေးတယ်။ သူတို့ဘာသာ အပေါ်ကနေ သွင်းကုန်လျှော့ချရေးပဲ လုပ်လုပ် ဘယ်လိုပဲ ပြောပြော ပြည်တွင်းမှာက ဒီဟာတွေနဲ့ အခုလက်ရှိ သွင်းနေတဲ့ပစ္စည်းတွေက အစားထိုးနိုင်တဲ့ အနေအထား မရှိဘူး။ အဲ့ဒီတော့ ကုန်သွယ်မှုက တရားဝင်ထက် တရားမဝင် လမ်းကြောင်းက ပိုပြီး ကြီးထွားလာနေတယ်” ဟု ဆိုသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ကုန်သွယ်ရေးတွင် ပို့ကုန်ရငွေနှင့် ညီမျှသည့် ပမာဏအတိုင်းသာ သွင်းကုန်ကို တင်သွင်းခွင့်ပေးခြင်း၊ ပို့ကုန်သွင်းကုန် လိုင်စင်များ ဦးစားပေး အဆင့်များ သတ်မှတ်ကာ အကန့်အသတ်နှင့် ထုတ်ပေးခြင်း၊ FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန) ထောက်ခံချက်များ တောင်းခံလာခြင်း၊ လိုင်စင်တစောင်ကျရန် လနှင့်ချီ စောင့်ဆိုင်းရခြင်း၊ နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုများကို ဒေါ်လာ(သို့မဟုတ်) ဘတ်ဖြင့်သာ ပေးချေခိုင်းခြင်း၊ ဘဏ်စနစ်သာ ခွင့်ပြုခြင်းတို့ဖြင့် ကန့်သတ်ထားသည်။

ထို့ပြင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းတလျှောက် တိုက်ပွဲများ ဖြစ်ပွားနေ၍ အာရှလမ်းမကြီး ပိတ်ထားခြင်း၊ နယ်မြေလုံခြုံမှု မရှိခြင်း၊ လတ်တလောသုံးနေသည့် လမ်းခရီးတလျှောက် ပေးရသည့် လမ်းကြေး၊ တံတားကြေး၊ ဂိတ်ကြေး များပြားခြင်း အစရှိသည့် အခက်အခဲများကြောင့်လည်း ကုန်သွယ်မှုကို ထိခိုက်စေကြောင်း ကုန်သည်များထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စ၍ တိုက်ကြောင့် မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးတလျှောက် ပိတ်ထား ရသည်မှာ လက်ရှိအချိန်ထိ ဖြစ်ပြီး လမ်းမကြီးပေါ်ရှိ ကော့ကရိတ်မြို့၏ ထက်ဝက်ကျော်ကို တော်လှန်ရေးပူးပေါင်းတပ်များ က သိမ်းယူထားနိုင်ကြောင်း တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တပ်ဖွဲ့မှူး အောင်စံရှား က ဧရာဝတီသို့ အတည်ပြုပြောသည်။

ယင်းသို့ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးမှာ တိုက်ပွဲများနှင့် လမ်းပိတ်ထားသည့် အခြေအနေများကြောင့် အခြားသော တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်း များတွင် ပြောင်းလဲ ကုန်သွယ်မှု ပြုလုပ်နေကြောင်း ကုန်သည်များက ပြောသည်။

မြဝတီလမ်းကြောင်း ပိတ်ထားသည့်အတွက် တချို့သော ကုန်ပစ္စည်းများမှာ မယ်ဆိုင်- တာချီလိတ်လမ်းကြောင်းမှ ကုန်သွယ်မှု တချို့ ရှိသော်လည်း ပြီးခဲ့သည့် လပိုင်းက တာလေတံတား အက်သွားသဖြင့် အကန့်အသတ်ဖြင့်သာ သွားလ နိုင်သလို ရှမ်းပြည်တောင်ပိုင်းလမ်းပိုင်းများတွင် တိုက်ပွဲများဖြစ်နေ၍ လမ်းပိတ်ဆို့မှု ယာယီဖြစ်ခဲ့သေးသည်။

တနင်္သာရီတိုင်းဒေသရှိ ကုန်သည်ကြီးတဦးက “ထီးခီးဘက်ကျတော့ နယ်မြေတည်ငြိမ်မှု မရှိဘူး။ တိုက်ပွဲတွေက ဖြစ်နေ တယ်။ အဲဒီဘက်ကတော့ ကုန်သည်တွေ သိပ်မသွားကြဘူး။ ကျနော်တို့ မြိတ်ဘက်ကတော့ ပုံမှန် ကုန်သွယ်မှု ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးကို အဓိအားဖြင့် တာချီလိတ်၊ မြိတ်၊ မောတောင်၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှသာ ကုန်သွယ်မှု ပြုလုပ်နေကြောင်း ကုန်သည်များထံမှ သိရသည်။

ရန်ကုန်မြို့မှ မောတောင်နယ်စပ်ကုန်သွယ်ရေး စခန်းအထိ ကုန်ကားတစီးလျှင် ကျပ်သိန်း ၇၀ ခန့် ကုန်ကျစရိတ်ရှိပြီး လမ်းတွင် ဂိတ်ကြေးများ ပေးဆောင်ရသည့် စရိတ်မှာ ၁၀ သိန်း ဝန်းကျင်ရှိကြောင်း မောတောင်နယ်စပ် ကုန်သည်ကြီး တဦးက ပြောသည်။

၎င်းက “သွင်းကုန်တွေလည်းရှိပါတယ်။ အရင်ထက်တော့ နည်းနည်းများတယ်။ မြဝတီလမ်းကြောင်း ပြတ်တာ ပါတာပေါ့။ အခုလတ်တလော သွင်းနေတာက သစ်သီးတွေ ရှိမယ်။ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကြွေပြားတွေ ရှိမယ်။ ကျန်တာ တော့ အများကြီးမရှိဘူး”ဟုပြောသည်။

မောတောင်နယ်စပ်ကုန်သွယ်ရေးမှတဆင့် ထိုင်းဘက်သို့ တင်ပို့နေသော ကုန်ပစ္စည်းများမှာ ရေထွက်ကုန်၊ ငရုတ်သီး၊ ကြက်သွန်နီ စသည်တို့ ဖြစ်သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
10
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ပုံမှန်အားဖြင့် မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သော ပြောင်း၊ ရာဘာ၊ ငရုတ်၊ ပဲ၊ အားလူး၊ ကြက်သွန်နှင့် ရေထွက်ကုန်ဖြစ်သော ငါး၊ ပုဇွန်၊ ဂဏန်းများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ပြီး ထိုင်းနိုင်ငံ ဘက်မှ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးဂက်စ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး အိမ်ဆောက်ပစ္စည်းများ၊ အထည်ချုပ် (CMP) လုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်များ တင်သွင်းလျက် ရှိသည်။

စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြဝတီနယ်စပ် ကုန်သွယ်ရေးတွင် ၂၀၂၃ ခု ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၅ရက် အထိ ပို့ကုန်မှာ အမေရိကန်ဒေါ်လာ သန်း ၄ ဒသမ ၄၆၀၊ သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇၀၅သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅ဒသမ ၁၆၅ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

You may also like these stories:

မြဝတီကုန်သွယ်ရေး၌ သယ်ယူပို့ဆောင်စရိတ် အဆမတန် မြင့်၍ ကုန်ဈေးနှုန်းတက်လာ

အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း မြေပြိုမှုကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်

မြဝတီနယ်စပ် ကုန်သွယ်ရေး ကျဆင်းနေ

Your Thoughts …
Tags: ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးပို့ကုန်ရငွေမြဝတီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.3k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
20k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

by ဧရာဝတီ
14 May 2024
15.8k

ဗိုလ်မှူးကြီးစိုးမင်းထက်သည် တပ်မ ၄၄ တပ်မမှူးအဖြစ် ၂ လခန့်တာဝန်ယူပြီးနောက် ဧပြီလတွင် မဲဆောက်-မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ရာထူးမှအနားပေးကာ ဗိုလ်မှူးကြီးညီညီဦးအား တပ်မမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

Next Post
မြောက်ဦးတွင် အချုပ်သား ၇ ဦးကို ပစ်သတ်ရန် အမိန့်ပေးခဲ့ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝန်ခံ

မြောက်ဦးတွင် အချုပ်သား ၇ ဦးကို ပစ်သတ်ရန် အမိန့်ပေးခဲ့ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝန်ခံ

စစ်တွေမြို့ပေါ် လက်နက်ကြီးကျ၊ ၁၂ ဦးသေဆုံး ၃၀ ကျော်ဒဏ်ရာရ

စစ်တွေမြို့ပေါ် လက်နက်ကြီးကျ၊ ၁၂ ဦးသေဆုံး ၃၀ ကျော်ဒဏ်ရာရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved