• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြဝတီနယ်စပ် ကုန်သွယ်ရေး ကျဆင်းနေ

by ဧရာဝတီ
8 October 2023
in သတင်း
A A
မြဝတီနယ်စပ် ကုန်သွယ်ရေး ကျဆင်းနေ

မြဝတီ ကုန်သွယ်ရေးဇုန်/ ဧရာဝတီ

760
VIEWS
Share on FacebookShare on Twitter

ထိုင်း- မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးဇုန်မှ ၅လတာ ကုန်သွယ်မှု တန်ဖိုးပမာဏမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ဒေါ်လာ ၃၆၃ ဒသမ ၀၃၄ သန်း လျော့သွားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

ဝန်ကြီးဌာန၏ စာရင်းများအရ ယခင်ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ၂၉ ရက်အထိ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁၄၅ ဒသမ ၆၇၈ သန်းရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် ကာလတူနှိုင်းယှဉ်ပါက ဒေါ်လာ ၇၈၂ ဒသမ ၆၄၄ သန်းသာ ရှိရာ ထိုသို့ဖြစ်ရခြင်းမှာ စစ်ကောင်စီ၏ ကုန်သွယ်ရေး မူဝါဒ အပြောင်းအလဲ မြန်ဆန်ခြင်း၊ သွင်းကုန်လိုင်စင် လျှောက်ထားရာ၌ ကြန့်ကြာခြင်း၊ အာရှလမ်း ပိုင်း စစ်ဆေးရေး ပိုမိုတင်းကျပ်မှုများကြောင့် ဆက်တိုက် ကျဆင်း နေခြင်းဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ ပို့ကုန်အဖြစ် ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ကြက်သွန်နီနှင့် ရေထွက်ကုန်များ ပို့သော် လည်း ယခုအချိန်မှာ ပြောင်းတင်ပို့မှု အခွန်ကင်းလွတ်ခွင့် ရာသီကုန်ပြီ ဖြစ်၍ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ငရုတ်သီး၊ ကြက်သွန်နီ တို့ကိုသာ တင်ပို့နိုင်ပြီး ပြောင်းမှုန့်နှင့် ဆန်မှုန့်တို့မှာ ကုန်သည်များ တွက်ချေမကိုက်သဖြင့် တင်ပို့နိုင်ခြင်းမရှိပေ။

သွင်းကုန်မှာ CMP လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ၊ လူသုံးကုန်၊ စားသောက်ကုန်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ ကားအပိုပစ္စည်း၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း အစရှိသည့်ကုန်ပစ္စည်းများကို တင်သွင်းလျက်ရှိပြီး လက်ရှိတွင် သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ကြန့်ကြာခြင်း၊ မရရှိခြင်းတို့ကြောင့် တင်သွင်းမှာလည်း ကျဆင်းနေ ကြောင်း ကုန်သည်များက ပြောသည်။

မြဝတီကုန်သွယ်ရေး ကျဆင်းရခြင်းနှင့် ပတ်သက်၍ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တဦးက “ကုန်သွယ်ရေးကျတာတော့ မူဝါဒတွေကြောင့်ပဲလေ။ နိုင်ငံရေးအရ ကုန်သွယ်ရေးမူဝါဒတွေက အမျိုးမျိုး ပြောင်းလဲတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ က ဒီဘက်မှာ အခက်အခဲတခုဖြစ်ပြီဆိုရင် တဖက်ဝယ်လက်က ဈေးချတာမျိုး၊ အပြောင်းအလဲလုပ်တာမျိုးတွေ ရှိ တယ်။ ဒီတော့ မြန်မာကုန်သည်တွေက သူတို့ပေးတဲ့ ဖြစ်တဲ့ဈေးနဲ့ပဲ ရောင်းရသလို ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိကာလမှာလည်း ပြောင်းဆံတင်ပို့သည့် ရာသီကုန်သွားပြီဖြစ်ပြီး ရာသီမကုန်မီကလည်း ပြောင်းတင်ပို့သည့် ကုန်သည်များ အပေါ် စစ်ကောင်စီက မူဝါဒအမျိုးမျိုးထုတ်ပြန် ကန့်သတ်သလို အဖမ်းအဆီးများ ရှိခဲ့သဖြင့် တင်ပို့မှု နည်းပါးသည့်အတွက်ကုန်သွယ်မှုကျဆင်းရခြင်းလည်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မြန်မာဘက်က ကိုယ့်ကုန်သည်ကို ကုန်သွယ်မှု လျင်မြန်အောင် လုပ်ပေးတာ၊ လမ်းမှာ သယ်ယူပို့ဆောင်မှု လျင်မြန် အောင် လုပ်ပေးတာတွေ မရှိဘူး။ တဖက်ကို ရောင်းတဲ့အခါ အားသာမှုရှိအောင် ပံ့ပိုးတာ မရှိဘူး။ လမ်းခရီးမှာ ပေးရတဲ့ စရိတ်တွေက များတယ်။ မူဝါဒတွေက မငြိမ်ဘူး။ ဒီနေ့ အမိန့်ထုတ်၊ နက်ဖြန်အသက်ဝင် ဒါတွေလည်း ရှိတယ်။ လမ်းမှာ ဖမ်းတာဆီးတာ တွေကြောင့်လည်း ဆုံးရှုံးရတာတွေရှိတယ်။ အခု ပြောင်းပို့ ရာသီကုန်လို့ ပြောင်းအမှုန့်ရော၊ ဆန်အမှုန့် ရော ပို့ဖို့ လုပ်ကြပေမယ့် တွက်ချေမကိုက်တော့ ဘယ်သူမှ မတင်ပို့နိုင်ဘူး။ ကုန်သည်စကားအရဆို ပို့ရင်အနှုတ် ပြနေ တယ်” ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
52
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
42
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
272

ယခုလို ပြောင်းမှုန့်၊ ဆန်မှုန့် တင်ပို့နိုင်ခြင်းမရှိခြင်းမှာ ရန်ကုန်၊ မန္တလေး၊ ရှမ်းမြောက်၊ ရှမ်းတောင် အစရှိသည်ဖြင့် ဒေသ များမှ မြဝတီသို့အရောက် တင်ပို့သည့် ကုန်သွယ်မှုစရိတ်ကြီးမြင့်ခြင်း၊ လမ်းခရီးတွင် အဖွဲ့များက ခေါင်းစဉ် အမျိုးမျိုးနှင့် ပေးရသည့် ကုန်ကျစရိတ်များပြားခြင်း အစရှိသည်များနှင့် ထိုင်းဘက်မှ ပေးနိုင်သည့် ပြောင်းအမှုန့်ဈေးမှာ တွက်ခြေ မကိုက်သောကြောင့် တင်ပို့မှုလျော့ကျလာခြင်း ဖြစ်ကြောင်း သိရသည်။

မြဝတီမြို့မှ လုပ်ငန်းရှင်တဦးက “ကုန်သွယ်မှုကျတာတော့ သွင်းကုန်ဘက်အခြမ်းက လိုင်စင်ရှိမှ လုပ်လို့ ရမှာပေါ့။ အဲဒီတော့ လိုင်စင် အခက်ရှိတယ်။ တချို့ လိုင်စင်တွေက အဆင့်ဆင့်တင်ပြရတာရှိတယ်။ နောက်တချက်ကတော့ လိုင်စင်မရတဲ့ အပိုင်းရှိတယ်။ ကြန့်ကြာတယ်၊ ခက်တယ်။ ဒါတွေကြောင့်လည်း ကျတယ်။ ပုံမှန် ကားအစီးရေ ၅၀ လောက်တင်သွင်းတဲ့ နေရာမှာ ၁၀ စီးလောက်ပဲ တင်သွင်းနိုင်တယ်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်သည် ပြောင်းရာသီ ကုန်သွားပြီဖြစ်သောကြောင့် ပို့ကုန်အနေဖြင့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ် အစရှိသည့် အသီးအနှံ တင်ပို့သည့် ကားများ သွားနေသလို သွင်းကုန်အနေနှင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို တင်သွင်းလျက်ရှိကြောင်း ၎င်းက ဆိုသည်။

လမ်းပန်းဆက်သွယ်ရေးတွင် အာရှလမ်း ပိတ်ဆို့မှုကြောင့် လမ်းခရီးတွင် ညအိပ်ရပ်နားရခြင်းများ ရှိသောကြောင့် ကုန်ကားတစီးလျှင် အနည်းဆုံးကျပ်သိန်း ၅၀၊ ကျပ်သိန်း ၄၀ အစရှိသည်ဖြင့် ဈေးတက်သွားခြင်းများလည်း ကုန် သွယ်မှုတွင် ထိခိုက်မှုများ ရှိကြောင်း သိရသည်။

ကုန်ကား ပိုင်ရှင်တဦးက “အခု ရက်ပိုင်းကတော့ ကုန်စည်တင်ရတာ ပါးတယ်။ ကုန်တွေက ပျောက်လိုက်၊ ပေါ်လိုက်ပဲ၊ အရောင်းအဝယ်လဲ ပါးတယ်။ အဲဒီတော့ ကားသမားတွေလည်း အလုပ် မကောင်းဘူးပေါ့၊ ခရီးမှာတော့ တောင်းတာ တွေက အမျိုးမျိုးပါပဲ။ ဒေသဖွံ့ဖြိုးရေးဆိုပြီး အကြောင်းပြတောင်းတာတွေလည်း ရှိတယ်” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။

ထို့ပြင် မြဝတီနယ်စပ်ကုန်သွယ်ရေးတွင် ထိုင်း-မြန်မာ ကုန်စည်များ အဓိက ဖြတ်သန်းရာ မြဝတီအမှတ် ၂ ချစ်ကြည် ရေး တံတားတွင်လည်း သက်ဆိုင်ရာ တံတားတာဝန်ရှိသူများအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ညွှန်ကြား ချက်ဖြင့် အစစ်အဆေး တင်းကျပ်ထားကြောင်း ကုန်သည်လုပ်ငန်းရှင်များထံက သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ပုံမှန်အားဖြင့် မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သော ပြောင်း၊ ရာဘာ၊ ငရုတ်၊ ပဲ၊ အားလူး၊ ကြက်သွန်နှင့် ရေထွက်ကုန်ဖြစ်သော ငါး၊ ပုဇွန်၊ ဂဏန်းများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ပြီး ထိုင်းနိုင်ငံ ဘက်မှ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးဂက်စ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး အိမ်ဆောက်ပစ္စည်းများ၊ အထည်ချုပ် (CMP) လုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်များ တင်သွင်းလျက် ရှိသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၉ ရက်ထိ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးအပါအဝင် ပင်လယ် ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးတို့မှ ကုန်သွယ်မှုပမာဏမှာ စုစုပေါင်း ကန်ဒေါ်လာ ၁၅၉၈၆ ဒသမ ၀၅၄ သန်း ရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်ကာလတူတွင် ကုန်သွယ်မှု စုစုပေါင်း ဒေါ်လာ ၁၆၉၈၈ ဒသမ ၉၇၇ သန်းရရှိခဲ့သောကြောင့် ကာလတူ နှိုင်းယှဉ်ပါက ဒေါ်လာ ၁၀၀၂ ဒသမ ၉၂၃ သန်း လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

You may also like these stories:

စပါးခင်းများ ရေမြုပ်သဖြင့် အထွက်နှုန်းကျနိုင်

အွန်လိုင်းဈေးရောင်းသူများ အောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်ရမည်

စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း

Your Thoughts …
Tags: နယ်စပ်ကုန်သွယ်ရေးပြောင်းမူဝါဒမြဝတီအာရှလမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.3k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
20k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

Next Post

ပွဲတော်များ ပြန်လည်ကျင်းပနိုင်ရေး စစ်ကောင်စီ ပြင်ဆင်နေ

ပုလောမြို့နယ်တွင် စစ်ရှောင် ၁ သောင်းကျော်ထိ တိုးလာ

ပုလောမြို့နယ်တွင် စစ်ရှောင် ၁ သောင်းကျော်ထိ တိုးလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

23 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved