• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆန္ဒပြမှုအပြီး မော်လူးဒေသခံတို့အား တလအခွန်လွတ် သစ်ထုတ်ခွင့်ပြု

by ဧရာဝတီ
28 March 2024
in စီးပွားရေး, သတင်း
A A
ဆန္ဒပြမှုအပြီး မော်လူးဒေသခံတို့အား တလအခွန်လွတ် သစ်ထုတ်ခွင့်ပြု

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ်အတွင်းရှိ သစ်စခန်းတခုကို ၂၀၁၄ ခုနှစ်အတွင်းက မြင်ရစဉ် / Reuters

1.3k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း မော်လူးဒေသ သစ်ထုတ်လုပ်ခွင့်နှင့် ပတ်သက်၍ နယ်မြေခံများက ၄ရက်ဆက်တိုက် ဆန္ဒပြခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တလ အခွန်ကင်းလွတ်ခွင့်ဖြင့် သစ်ထုတ်လုပ်ခွင့် ပြုလိုက်သည်။

တိုက်နယ်အဆင့်ရှိ မော်လူးမြို့ကို ယမန်နှစ် ဒီဇင်ဘာလဆန်းကတည်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံ တော်လှန်ရေးတပ်များက သိမ်းပိုက်ထားခြင်းဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့များက နယ်မြေခံများအား တနိုင်တပိုင် သစ် ထုတ်ခွင့်မပြုသော်လည်း တရုတ်သို့ တင်ပို့မည့် သစ်ကားကြီးများကိုမူ ဖြတ်သန်းသယ်ယူခွင့်ပေးနေသဖြင့် ဒေသခံများက မတ်လ ၁၇ ရက်မှစ၍ ၄ရက် ဆက်တိုက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။

ထို့အတွက် မော်လူးဒေသ ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူ တချို့က ဆန္ဒပြခေါင်း ဆောင်များနှင့် မတ်လ ၁၈ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် ဒေသခံလုပ်ငန်းရှင်များအား မတ်လ ၂၂ မှ ဧပြီ ၂၂ ရက် တိုင် ၁လတိတိ အခွန်လွတ် လုပ်ကိုင်ခွင့်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက တရားဝင်စာထုတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

မော်လူး ဒေသခံတဦးက “အခုဝင်နေတဲ့ လောပန်တွေက တရုတ်တွေ၊ ၁၂ ဘီးကားတွေ အကုန်လုံးက တရုတ်ဘက်ကို သွားတာ။ မတ် ၂၄ ရက်က ၈ စီးတွေ့တယ်။ ဗန်းမော်ဘက်မှာ လမ်းကြောင်း ပိတ်လို့ဆိုပြီး ရဲစခန်းထဲမှာ ၈ စီး ရှိနေ တယ်။ အခုတော့ ဒေသခံတွေကို ရွှေကျောက်ဆည် စားသောက်ဆိုင်မှာ အစည်းအဝေးလုပ်တော့ အခွန်မဲ့ တလလုပ်ခွင့်ပေးမယ် လို့ ပြောတယ်။ ဒါပေမယ့် တလကျော်ရင် ဘာဆက်လုပ်မယ်။ မူဝါဒ ဘယ်လိုပြောင်းမယ် ဆိုတာ မပြောသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဟုမ္မလင်း၊ ဗန်းမောက်ဒေသတို့မှ မော်လူးမြို့ကို ဖြတ်လာသည့် တရုတ်သစ်ကား ၃၈ စီးအနက် ၅ စီး ကို ဒေသခံများက ဖမ်းဆီးရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြန်လွှတ်ပေးသဖြင့် ၎င်းတို့အား သစ်ထုတ်လုပ်ခွင့် မပေး သော် လည်း တရုတ်သစ်ကားများကိုမူ အခွန်ယူ လွတ်ပေးနေသည်ဆိုကာ မကျေမနပ်ဖြစ်၍ ဒေသခံရာနှင့်ချီ ဆန္ဒပြခဲ့ သည်။

ဟုမ္မလင်း၊ ဗန်းမောက်ဒေသထွက် သစ်များ တရုတ်သို့ တင်ပို့ပါက မော်လူးဒေသကို ဖြတ်ရပြီး၊ ဗန်းမောက်- မော်လူး -ကသာ- မိုးတားကြီး- မိုးတားလေး- ဗန်းမော်လမ်းကြောင်းကို သုံးကြောင်း၊ လက်ရှိတွင်လည်း သစ်ကား ၄၀နီးပါး ဖြတ်သန်း ရန် ကျန်နေသဖြင့် စိတ်ကျေနပ်မှုရစေရန် ယခုလို လုပ်ငန်းလုပ်ခွင့် ခေတ္တပြန်ပေးခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်သည်။

ဒေသခံတဦးက “အခုတော့ တလ လုပ်စားပိုင်ခွင့်ပေးထားတယ်။ တလကုန်သွားရင် တရုတ်တွေလုပ်တဲ့နေရာက အခုလို မျိုးထွက်နေပြီး ဒေသခံတွေကို ပြန်ပိတ်မယ်ဆိုရင် အခုဖြစ်နေတဲ့ ပြဿနာအတိုင်း ထပ်ဖြစ်ဦးမှာပဲ။ အခု တလလုပ်ခွင့် ပေးတာတော့ မော်လူးဒေသပဲ။ ဗန်းမောက်တို့ ဘာတို့ဘက်တော့ မပါဘူး”ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူတဦး က အထက်ပါ သစ်ကားများကို ဖြတ်သန်းခွင့်ပေးခြင်းမှာ အခွန်မဲ့မဟုတ် ဒဏ်ကြေးဆောင်ကာ ဖြတ်သန်းခွင့်ပေးခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

တရုတ်သို့ ပို့မည့် ကျွန်းသစ်များသယ်ဆောင်လာသော ကားများ မော်လူးဒေသကို ဖြတ်သန်းလာစဉ်/CJ

ထို့ပြင် ပြည်ထောင်စု အခွန်ဘဏ္ဍာလိုအပ်ချက် အထောက်အကူ ပြုနိုင်ရေးအတွက် သတ်မှတ်ဒဏ်ကြေးပေးဆောင်စေ၍ လွတ်မြောက်ဒေသများကို ဖြတ်သန်းကာ သစ်လက်ကျန်များအား သယ်ယူခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အခွန်ဒဏ်ကြေး ကင်းလွတ်ခွင့်နှင့် ဖြတ်သန်းသယ်ယူခွင့်ပြုခြင်း မဟုတ်ကြောင်းကို ဆန္ဒပြ ဒေသခံများအား ရှင်းပြခဲ့ကြောင်း ၎င်းက ပြောသည်။

NUG အနေဖြင့် မော်လူးဒေသခံတို့၏ အကျိုးစီးပွား၊ တော်လှန်ရေးအောင်မြင်ရေးနှင့် သယံဇာတထိန်းသိမ်းရေးတို့ကို ဟန် ချက်ညီစေရန် ယခင်အစိုးရ ချမှတ်ခဲ့သည့် မူဝါဒများကို အခြေခံ၍ ကြားကာလနှင့် ဆီလျော်သော လုပ်ထုံးလုပ် နည်းများ ဖြင့် ထိန်းသိမ်းလုပ်ဆောင်နေကြောင်း၊ ထိန်းချုပ်နယ်မြေတွင် လုပ်ငန်းဆောင်ရွက်ပါက ကြားကာလ မူဝါဒများ အတိုင်း ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သလို နိုင်ငံခြားသားများကို လုပ်ကိုင်ခွင့်ပြုရန် အစီအစဉ်မရှိကြောင်းလည်း ၎င်းက ဆိုသည်။

ဒေသခံများကမူ NUG အနေဖြင့် တပြေးညီ မူဝါဒကျင့်သုံးစေချင်ကြောင်း၊ ဒေသခံများအား ကန့်သတ်သလို အခြားသော လုပ်ငန်းရှင်များ ပြည်ပကျွန်းသစ်တင်ပို့ခွင့် ပိတ်စေလိုကြောင်း၊ လက်ရှိ တရုတ်နိုင်ငံသား များက မြန်မာနိုင်ငံသားများကို လုပ်ငန်းရှင် အမည်ခံခိုင်း၍ သစ်လုပ်ငန်း လုပ်ကိုင်ကာ တရုတ်သို့တင်ပို့နေခြင်းများ ရှိကြောင်း ထောက်ပြသည်။

မော်လူးဒေသ၏ အဓိက အသက်မွေးဝမ်းကျောင်းမှာ သစ်နှင့် ပရိဘောဂ ထုတ်လုပ်သည့် လုပ်ငန်းဖြစ်ရာ သစ်ထုတ် ခွင့်ပိတ်ထား၍ စားဝတ်နေရေး အခက်တွေ့ရကြောင်း ဒေသခံများက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မော်လူးဒေသရှိ တနိုင်တပိုင် သစ်လုပ်ငန်းရှင်ပေါင်း ၁၁၀ ကျော်က ဒဏ်ကြေးဆောင် လုပ်ကိုင် ခဲ့ပြီး သစ်စက်ဖြင့်လည်ပတ်သည့် လုပ်ငန်းရှင် တဦးလျှင် တနှစ်လျှင် ကျပ် ၆ သိန်း၊ အလုပ်ရုံကြေး တနှစ်လျှင် ကျပ် ၆ သိန်းနှင့် တံခါးတချပ်လျှင် ကျပ် ၂ ထောင်နှုန်းဖြင့် မြို့နယ်တာဝန်ရှိသည့် အဖွဲ့အစည်းများထံသို့ ပေးဆောင်ခဲ့ ရကြောင်း သိရသည်။

ကမာ္ဘ့သစ်တော သယံဇာတလေ့လာဆန်းစစ်ချက် ၂၀၂၀ (FAR 2020) အရ မြန်မာနိုင်ငံသည် ၂၀၁၅ မှ ၂၀၂၀ ပြည့်နှစ် အတွင်း ကမာ္ဘ့သစ်တောပြုန်းတီးနှုန်း အမြင့်ဆုံးရှိသော နိုင်ငံ ၁၀ နိုင်ငံအနက် ၇ နိုင်ငံမြောက်အဖြစ် ပါဝင်ခဲ့သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59
တရုတ်သို့ တရားမဝင် သစ်တင်ပို့မည့်ကားများကို ဖမ်းဆီး၍ ဆန္ဒပြနေသော မော်လူးဒေသခံများ/CJ

ကမာ္ဘ့သစ်တောစောင့်ကြည့်လေ့လာမှု (GFW) စာရင်းအရ ၂၀၁၀ ပြည့်နှစ်က စစ်ကိုင်းတိုင်းတွင် သဘာဝသစ်တော ဧရိယာ ဟက်တာသန်းပေါင်း ၅ ဒသမ ၈၃ သန်းရှိပြီး တိုင်းဒေသကြီး၏ ကုန်းမြေ ဧရိယာ ၆၁ ရာခိုင်နှုန်းကျော် ကို သစ်တောများက ဖုံးလွှမ်းထားကြောင်း ဖော်ပြထားသော်လည်း စစ်တပ်အာဏာသိမ်း ကာလအတွင်း သစ်တောပြုန်းတီးမှု သတိပေးချက်များကို စောင့်ကြည့်လေ့လာခြင်း ရှေ့ပြေးသုတေသန (စစ်ကိုင်းတိုင်း) အစီရင်ခံစာအရ ၂၀၀၀-၂၀၁၉ ကာလအပိုင်းအခြား၌ စစ်ကိုင်းတိုင်းသည် ဧရာဝတီတိုင်းပြီးလျှင် သစ်တောပြုန်းတီးမှု ဒုတိယ အမြင့်ဆုံးဒေသဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း၏ နှစ်စဉ် သစ်တောပြုန်းတီးမှုနှုန်း မှာ ၂၀၀၀-၂၀၁၀ ပြည့်နှစ်အတွင်း ၀ ဒသမ ၁၉ ၊ ၂၀၁၀- ၂၀၁၅ ခုနှစ်အတွင်း ၀ ဒသမ ၄၉ နှင့် ၂၀၁၅-၂၀၁၉ ခုနှစ်အတွင်း ၀ ဒသမ ၁၇ ရှိသည်ဟု ယင်းအစီရင်ခံစာအရ သိရသည်။

ကသာသစ်တော စီမံခန့်ခွဲမှု ယူနစ်သည် စစ်တပ်အာဏာသိမ်း ကာလအတွင်း သစ်တောပြုန်းတီးမှု သတိပေးချက် စတုတ္ထအများဆုံးတွေ့ရသည့် ဒေသဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် သတိပေးချက် ၅၈၇ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် သတိပေးချက် ၅၈၂ ကြိမ် ရှိခဲ့ကာ အဓိကအားဖြင့် ဗန်းမောက်၊ အင်းတော်နှင့် ကသာ မြိုနယ်များတွင် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်နေကြောင်း အစီရင်ခံစာက ဆိုသည်။

NUG အစိုးရအနေဖြင့် တိုင်းဒေသကြီးရှိ လွတ်မြောက်ဒေသများအတွက် သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ အရေးပေါ် လုပ်ထုံးလုပ်နည်းများ (သစ်တောနှင့်ရွှေအသေးစား လုပ်ငန်းကဏ္ဍ)ကို ၂၀၂၂ ခုနှစ်၌ ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ လုပ်ထုံး လုပ်နည်းနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ သစ်တောနှင့် ပတ်သက်၍ မည်သည့် လုပ်ငန်းရှင်ကိုမှ တရားဝင်သစ်ထုတ်လုပ်ခွင့် ပြုထားခြင်းမရှိဘဲ တရားမဝင် သစ်တော သယံဇာတ သယ်ယူမှုကို ဖမ်းဆီးရမိပါက ယာဉ်၊ ယန္တရား စက်ပစ္စည်း နှင့် အခြားဆက်စပ်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း (သို့မဟုတ်) သတ်မှတ်ဒဏ် ကြေး ပေးဆောင်စေခြင်း နည်းလမ်းများကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

You may also like these stories:

စစ်ကိုင်းတိုင်း မော်လူးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

စစ်ကိုင်း သစ်ခိုးထုတ်မှုများ PDF အခွန်ကောက်ပြီး ခွင့်ပြုနေ

အခွန်ငွေခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုများကို NUG ဘယ်လို ကိုင်တွယ်မလဲ

အာဏာသိမ်းပြီးနောက် ချင်းတွင်းမြစ်တလျှောက် တရားမဝင်စီးပွားဖြစ် ရွှေမျှောလုပ်သူများလာ

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: NUGစစ်ကိုင်းတိုင်းတရုတ်သစ်ကားပြည်သူ့ကာကွယ်ရေးမော်လူး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ဖာပွန်မြို့ကို KNLA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်

ဖာပွန်မြို့ကို KNLA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်

စစ်မှုထမ်းမည့်သူ၏ မိသားစုများ ထောက်ပံ့ရန် ငွေကောက်ခံနေ

စစ်မှုထမ်းမည့်သူ၏ မိသားစုများ ထောက်ပံ့ရန် ငွေကောက်ခံနေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved