• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နာဇီ လက်အောက်က ဥရောပ လွတ်မြောက်ရေး နော်မန်ဒီ ကမ်းတက် တိုက်ပွဲ D-Day နှစ် ၈၀ ပြည့်ပြီ

by ဧရာဝတီ
8 June 2024
in သတင်း
A A
နာဇီ လက်အောက်က ဥရောပ လွတ်မြောက်ရေး နော်မန်ဒီ ကမ်းတက် တိုက်ပွဲ D-Day နှစ် ၈၀ ပြည့်ပြီ

နော်မန်ဒီ အိုမားဟား ကမ်းခြေကို မဟာမိတ် တပ်ဖွဲ့တွေ ရောက်ရှိလာစဉ်။ / CNN

1.5k
VIEWS
Share on FacebookShare on Twitter

ဟစ်တလာ ခေါင်းဆောင်တဲ့ နာဇီတွေ လက်အောက်က ဥရောပတိုက် လွတ်မြောက်ရေး အတွက် စတင်ခဲ့တဲ့ ပြင်သစ် မြောက်ပိုင်း နော်မန်ဒီ ကမ်းတက် တိုက်ပွဲ D-Day ဇွန်လ ၆ ရက်နေ့မှာ နှစ် ၈၀ ပြည့်မြောက်ခဲ့ပါပြီ။

လွန်ခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်ကာလ ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့ မနက်စောစော အရုဏ်တက် အချိန်မှာ အမေရိကန်၊ ဗြိတိန် နဲ့ ကနေဒီယမ် တပ်ဖွဲဝင်တွေ အဓိက ပါဝင်တဲ့ အင်အား ၁ သိန်း ခွဲကျော်ရှိ မဟာမိတ် တပ်ပေါင်းစုဟာ နာဇီတွေ တပ်စွဲ ထားတဲ့ နော်မန်ဒီနယ် ကမ်းခြေ ၅ ခုကို ကမ်းတက် တိုက်ပွဲ ဆင်နွှဲခဲ့ကြတာပါ။

ကမ်းခြေ ၅ ခုကတော့ စွပ်ဒ် (Sword)၊ ဂျူနို (Juno)၊ ဂိုးလ် (Gold)၊ အိုမားဟား (Omaha) နဲ့ အူတာ (Utah) တို့ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်ကို အလှည့်အပြောင်း ဖြစ်သွားစေတဲ့၊ အဲဒီ ရေယာဉ်၊ လေယာဉ်ပေါင်း ထောင်ချီ ပါဝင်တဲ့ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုရဲ့ နော်မန်ဒီ ကမ်းတက် တိုက်ပွဲဟာ ကမ္ဘာ့ စစ်သမိုင်းမှာ အကြီးကျယ်ဆုံး စစ်ဆင်ရေးကြီး တရပ်လည်း ဖြစ်ခဲ့ပါတယ်။

မဟာမိတ်တပ်ဖွဲ့ အနေနဲ့ ပထမတရက်တည်းမှာတင် စစ်သည် ၄၄၀၀ ကျော် ကျဆုံးခဲ့ရတဲ့ အထဲမှာ အမေရိကန် စစ်သည် ၂၅၀၀ ကျော် ပါဝင်ပြီး ထိခိုက် ဒဏ်ရသူ ၅၀၀၀ ကျော် ရှိခဲ့တယ်လို့ ကမ္ဘာ့ သတင်းတွေမှာလည်း ဖော်ပြကြပါတယ်။

VOA က သမ္မတ ဂျိုးဘိုင်ဒင် D-Day အထိမ်းအမှတ်နေ့ကို သွားရောက်ပြီး မိန့်ခွန်း ပြောတဲ့ သတင်းမှာတော့ နော်မန်ဒီ ကမ်းတက် တိုက်ပွဲမှာ ကျဆုံးတဲ့ အမေရိကန် စစ်သည် ၉၃၀၀ ကျော်အတွက် အောက်မေ့ဖွယ် အမှတ်တရ စစ်သင်္ချိုင်း အနီးမှာ မိန့်ခွန်းပြောကြားခဲ့တယ်လို့ ပါရှိပါတယ်။

ဇွန်လ ၆ ရက်နေ့က ကျင်းပတဲ့ D-Day နှစ် ၈၀ ပြည့် အခမ်းအနားမှာ ပြင်သစ် သမ္မတ မက်ခရွန် မိန့်ခွန်း ပြောနေစဉ်။ / CNN

သမ္မတ ဂျိုးဘိုင်ဒင်က အဲဒီအချိန်တုံးက နာဇီ ကျူးကျော်မှုရန် လက်တွဲ ဖြေရှင်းခဲ့ရတဲ့ ကမ္ဘာတဝန်း စိန်ခေါ်မှုလိုမျိုး ဒီနေ့ခေတ် ယူကရိန်း အပေါ် ရုရှားရဲ့ ကျူးကျော်မှုကို အလားတူ ရင်ဆိုင် နေရကြောင်း နှိုင်းယှဉ် ပြောသွားခဲ့တာပါ။

နော်မန်ဒီ ကမ်းတက် တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ အသက်ရှင် ကျန်ရစ်သူ အသက် ၉၈ နှစ်ထက် မငယ်တဲ့ စစ်ပြန် ၁၁ ဦးပဲ ရှိတော့တယ် လို့လည်း သိရပါတယ်။
အဲဒီ စစ်ပြန်ကြီးတွေကို ပြင်သစ် သမ္မတက ဂုဏ်ပြု ဆုတံဆိပ်တွေ အပ်နှင်းလိုက်ပါတယ်။

ဂျာမန်နာဇီတွေ ဘက်က အကျအဆုံးကိုတော့ အတိအကျ မသိရပေမယ့် ထောင်နဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ဆင်ရေး မစခင် တိကျသေချာအောင် လျှို့ဝှက် ကြိုတင် ပြင်ဆင်မှုတွေကလည်း စိတ်ဝင်စားစရာ ကောင်းလှ ပါတယ်။

စစ်ဆင်ရေး အောင်မြင်ဖို့ ကြိုတင် ပြင်ဆင်မှုတွေထဲမှာ သတ်မှတ် ကမ်းခြေ တက်ရောက်နိုင်ရေး အတွက် တိကျတဲ့ လျှို့ဝှက် မြေပုံ ဆွဲရတာလည်း တခု အပါအဝင် ဖြစ်ပါတယ်။

အဲဒီ မြေပုံ ဆွဲရသူကတော့ ဗြိတိန်က စစ်သမီး Christian Lamb ဖြစ်ပြီး အခု သူဟာ အသက် ၁၀၃ နှစ် ရှိနေပါပြီ။

Christian Lamb ကို ဇွန် ၆ ရက်နေ့ နှစ် ၈၀ ပြည့် D-Day အခမ်းအနားမှာ ပြင်သစ် သမ္မတ မက်ခရွန် (Emmanuel Macron) က ပြင်သစ် သူရဲကောင်းဘွဲ့ The Legion of Honour ဆုတံဆိပ် အပ်နှင်း လိုက်ပါတယ်။

D-Day နှစ် ၈၀ ပြည့် အခမ်းအနားကို တက်ရောက်လာတဲ့ ဝါရင့် စစ်ပြန်ကြီးများကို တွေ့ရစဉ်။ / CNN

ထောက်လှမ်းရေး သတင်းတွေ၊ စစ်သတင်းတွေ စုဆောင်းခြင်း၊ ဗြိတိသျှ စစ်ဝန်ကြီးဌာန အတွက် ဘီဘီစီ သတင်းဌာနက နေပြီး ဥရောပ ဆိပ်ကမ်းတွေရဲ့ ဓာတ်ပုံတွေ၊ ပို့စ်ကတ်တွေ ပေးပို့ ခိုင်းခြင်း၊ ဂျာမန်တွေ ထင်ရောင် ထင်မှား ဖြစ်စေဖို့ ကမ်းတက် စစ်ဆင်ရေး နေရာလွှဲ၊ နော်မန်ဒီ ကမ်းခြေလို့ မထင်အောင် ပရိယာယ် ဆင်ခြင်း၊ မိုးလေဝသ အခြေအနေ ထောက်လှမ်း ခန့်မှန်းခြင်း၊ တန်ပြန် ထောက်လှမ်းရေးတွေ သုံးပြီး ဂျာမန်တွေဆီ သတင်းမှားတွေ ပေါက်ကြားအောင် ပြုလုပ်ခြင်း၊ စစ်ဆင်ရေးသတင်း နှုတ်လုံစေဖို့ စမ်းသပ်ခြင်းများ ကိုလည်း ကြိုတင် ပြင်ဆင်ပြုလုပ်ခဲ့ ကြပါတယ်။

စစ်ရေးသတင်း နှုတ်လုံ မလုံ စမ်းသပ်ရာမှာ စစ်ဆင်ရေးမှာ ပါဝင်တဲ့ စစ်သားတွေ သောက်တဲ့ ဘီယာဆိုင်ကို မိန်းကလေး ချောချောလေးတွေ လွှတ်ပြီး သတင်း နှိုက်ခိုင်းတာတွေလည်း လုပ်တယ်လို့ ဆိုပါတယ်။

မဟာမိတ် တပ်ဖွဲ့တွေ နော်မန်ဒီ ကမ်းတက် စစ်ဆင်ရေး ဆင်နွှဲနေချိန်မှာ ရာသီဥတု ဆိုးရွားနေတဲ့ အတွက် ဂျာမန် စစ်သူကြီး ရွမ်းမဲက ကမ်းတက်နိုင်မယ် မထင်လို့ ဂျာမနီကို ပြန်ရောက်နေပြီး အဓိပတိ ဟစ်တလာကတော့ အိပ်လို့ ကောင်းနေဆဲ ဖြစ်ကြောင်း စာပေ မှတ်တမ်းတွေမှာ ရေးသားထားတာလည်း တွေ့ရပါတယ်။

မဟာမိတ်ဘက်က တပ်ပေါင်းစု တပ်မှူး စစ်သူကြီးကတော့ အမေရိကန် ဗိုလ်ချုပ်ကြီး အိုက်ဆင် ဟောင်ဝါ (Eisenhower) ဖြစ်ပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
807
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

အဲဒီ D-Day နှစ် ၈၀ ပြည့် အခမ်းအနားကို အမေရိကန် သမ္မတ၊ ဗြိတိန် ဘုရင်၊ ပြင်သစ် သမ္မတ၊ ကနေဒီယမ် ဝန်ကြီးချုပ် နဲ့ အနောက် နိုင်ငံ ခေါင်းဆောင်တွေ၊ နော်မန်ဒီ ကမ်းတက် တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်သားကြီးတွေ အပါအဝင် ဝါရင့် စစ်ပြန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

သရုပ်ပြ အစီအစဉ်တွေလည်း ပါဝင်ရာ စစ်လက်နက် ပစ္စည်းများ ပစ်ဖောက်ခြင်း၊ လေကြောင်း သရုပ်ပြခြင်းများ အပါအဝင် စစ်သည် တချို့က ဒုတိယ ကမ္ဘာစစ် အတွင်းက အမေရိကန် စစ်သားတွေ ဝတ်ဆင်ခဲ့တဲ့ စစ်ယူနီဖောင်း ပုံစံတွေ ဝတ်ဆင်ပြီး သရုပ်ပြကြတာလည်း တွေ့ရှိရပါတယ်။ ။

Your Thoughts …
Tags: D-Dayကမ်းတက် တိုက်ပွဲဂျာမန်နာဇီနော်မန်ဒီပြင်သစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဆီရာကျုစ် ဝဲဂယက်ထဲ လည်နေကြသည့် မင်းဆရာများ

ဆီရာကျုစ် ဝဲဂယက်ထဲ လည်နေကြသည့် မင်းဆရာများ

by Otto
5 January 2024
3.7k

လက်ရှိအချိန်မှာလည်း ချောတိုင်ကို ဆက်တက်စေချင်နေသေးတဲ့ မင်းဆရာလက်သစ်တွေ ရှိနေပါသေးတယ်။

အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

by ညိုလတ်
10 August 2024
1.8k

ယခု အယ်လ်ဂျီးရီးယား လက်ဝှေ့မယ်၏ ဖြစ်စဉ်သည် လူ့အခွင့်အရေး၊ ကျင့်ဝတ်၊ နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေးများပါ ရှုပ်ထွေးပါဝင်လာပြီဖြစ်၍ အတိအကျသိရရန် ခက်ခဲသွားခဲ့ပါပြီ။

နပိုလီယန် ဘိုနာပတ်

နပိုလီယန် ဘိုနာပတ်

by ဒေါက်တာ သန်းထွန်း
23 February 2025
1.6k

သူက ကြံဖော်ကြံဖက်တွေ အားလုံးကို ကျော်လွှားပြီး ထိပ်ဆုံးကို ရောက်သွားပါပြီ…နပိုလီယန် အာဏာ ကြီးမြင့်လာပုံက မယုံကြည်နိုင်လောက်အောင် မြန်တယ်။

ဟစ်တလာ နှင့် အိုင်းစတိုင်း

ဟစ်တလာ နှင့် အိုင်းစတိုင်း

by ညိုမြ
7 December 2024
1.5k

အိုင်းစတိုင်းက နာဇီ ဒေသကို စွန့်ခွာရန် ဝန်မလေးပါ…သူသည် အမှန်တရား နှင့် လူ့သိက္ခာကို လိုလားသူ ဖြစ်၏။ စိတ်အေး လက်အေး နေတတ်သူအဖို့ လူမိုက်များနှင့် ဝေးလေ ကောင်းလေ ဖြစ်၏။

ပြင်သစ်လုပ် လေယာဉ်များက မြန်မာစစ်တပ် ရာဇဝတ်မှုများကို အားပေးကူညီနေ

ပြင်သစ်လုပ် လေယာဉ်များက မြန်မာစစ်တပ် ရာဇဝတ်မှုများကို အားပေးကူညီနေ

by ဧရာဝတီ
29 August 2024
1.3k

မြန်မာတွင် စစ်တပ်သည် ATR များ ဝယ်ယူရန်နှင့် ဆက်လက် ပျံသန်းနိုင်စေရန် အရပ်ဘက် လေကြောင်းလိုင်းများနှင့် ခရိုနီကုမ္ပဏီများကို အသုံးပြုသည်။

ထိုင်းနိုင်ငံ ပဉ္စမမြောက် ရာမ ဘုရင်ကြီး ချူလာလောင်ကွန်း

ထိုင်းနိုင်ငံ ပဉ္စမမြောက် ရာမ ဘုရင်ကြီး ချူလာလောင်ကွန်း

by ဧရာဝတီ
25 October 2025
1.3k

သူ့ရဲ့ နိုင်ငံအတွက် ပြုပြင် ပြောင်းလဲမှုတွေဟာ အနောက်နိုင်ငံတွေကို နမူနာယူ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး နိုင်ငံတော်ရဲ့ ရှင်သန် ရပ်တည်ရေး အတွက် မရှိမဖြစ် အရေးပါတယ်လို့ ခံယူထားခဲ့တာ ဖြစ်ပါတယ်…

Next Post
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးကနေ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ ကျရှုံးနေကြပြီလား

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးကနေ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ ကျရှုံးနေကြပြီလား

ဖြစ်ရပ်ဆိုးကြုံခဲ့ရတဲ့ မတောရွာ မင်္ဂလာပွဲ

ဖြစ်ရပ်ဆိုးကြုံခဲ့ရတဲ့ မတောရွာ မင်္ဂလာပွဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved