• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဆီရာကျုစ် ဝဲဂယက်ထဲ လည်နေကြသည့် မင်းဆရာများ

by Otto
5 January 2024
in သူ့အတွေး သူ့အမြင်
A A
ဆီရာကျုစ် ဝဲဂယက်ထဲ လည်နေကြသည့် မင်းဆရာများ

ဒဿနိကဗေဒကို တတ်ကျွမ်းတဲ့ ပညာရှင်ဘုရင်တပါး အုပ်ချုပ်တာဟာ ဗရမ်းဗတာဆန်တဲ့ ဒီမိုကရေစီစနစ်ထက် ပိုကောင်းလိမ့်မယ်ဆိုပြီး ပလေတိုအနေနဲ့ ယုံကြည်တယ်

3.7k
VIEWS
Share on FacebookShare on Twitter

ပလေတို (Plato) ဟာ ဂရိနဲ့ အနောက်တိုင်းအတွေးအခေါ် အထူးသဖြင့် နိုင်ငံရေးဒဿနိကဗေဒမှာ အထင်ရှားဆုံးပုဂ္ဂိုလ်တွေထဲက တဦးဖြစ်ပါတယ်။ သမ္မတနိုင်ငံ (Republic) လို ကျမ်းတွေဟာ အခုအချိန်အထိ နိုင်ငံရေးအတွေးအခေါ် စာသင်ခန်းတွေမှာ ဆွေးနွေးပို့ချနေရဆဲ ကျမ်းတွေဖြစ်ပါတယ်။

ဒီလို အုတ်မြစ်ချ အတွေးအခေါ်တွေ ထုတ်ပေးခဲ့တယ်ဆိုတဲ့ ပလေတိုဟာ သူ့အသက် ၄၀ ခန့်မှာ ဒီမိုကရေစီ အစောဆုံးထွန်းကားပါတယ်ဆိုတဲ့ ဂရိမြို့ပြတွေထဲကမှ ထူးထူးခြားခြား အာဏာရှင်ဆန်ဆန် အုပ်ချုပ်တယ်၊ မင်းဆိုးမင်းညစ်တဦး ဖြစ်တယ်ဆိုပြီး နာမည်ကြီးတဲ့ ဘုရင် ဒိုင်အိုနီးဆပ် (Dionysus) အုပ်ချုပ်တဲ့ ဆီရာကျုစ်မြို့ (Syracuse) ကို သွားရောက်ခဲ့ပါတယ်။

ဆီရာကျုစ်မြို့ (Syracuse) ကို ပလေတို သွားရောက်ရတဲ့ အကြောင်းအရင်းကတော့ ဆီရာကျုစ်ဘုရင် ဒိုင်အိုနီဆပ်ကို ဒဿနပညာရှင် ဘုရင်တပါး (Philosopher King) အဖြစ် ပုံသွင်းဖို့ လမ်းညွှန်သွန်သင်ဖို့ပဲ ဖြစ်ပါတယ်။ ပညာတတ် အထူးသဖြင့် ဒဿနိကဗေဒကို တတ်ကျွမ်းတဲ့ ပညာရှင်ဘုရင်တပါး အုပ်ချုပ်တာဟာ ဗရမ်းဗတာဆန်တဲ့ ဒီမိုကရေစီစနစ်ထက် ပိုကောင်းလိမ့်မယ်ဆိုပြီး ပလေတိုအနေနဲ့ ယုံကြည်ထားပါတယ်။

သွားရောက်ရတဲ့ အကြောင်းအရင်းကတော့ ဆီရာကျုစ်ဘုရင် ဒိုင်အိုနီဆပ်ကို ပလေတိုအလိုကျ ဒဿနပညာရှင် ဘုရင်တပါး (Philosopher King) အဖြစ် ပုံသွင်းဖို့ လမ်းညွှန်သွန်သင်ဖို့ပဲ ဖြစ်ပါတယ်။ ပညာတတ် အထူးသဖြင့် ဒဿနိကဗေဒကို တတ်ကျွမ်းတဲ့ ပညာရှင်ဘုရင်တပါး အုပ်ချုပ်တာဟာ ဗရမ်းဗတာဆန်တဲ့ ဒီမိုကရေစီစနစ်ထက် ပိုကောင်းလိမ့်မယ်ဆိုပြီး ပလေတိုအနေနဲ့ ယုံကြည်ထားပါတယ်။

ဒါပေမဲ့ အာဏာရှင် မင်းဆိုးမင်းညစ် ဒိုင်အိုနီဆပ် လက်အောက်မှာ အကြံပေးဝင်လုပ်တဲ့ ပလေတိုတယောက် ထင်ရာစိုင်း အုပ်ချုပ်တာတွေ၊ အနိုင်ကျင့်တာတွေကို ဘယ်လိုမှ ထိန်းချုပ်မရ၊ သူကြံဆတဲ့အတိုင်း ဆရာလုပ်မရဘဲ ဒိုင်အိုနီဆပ်နဲ့ ပြဿနာတွေတက်ပြီး အေသင်မြို့ကို ပြန်ပြေးရပါတော့တယ်။

သမိုင်းတလျှောက်မှာ ဒီလို မင်းဆိုးမင်းညစ်တွေ၊ အာဏာရှင်တွေကို ဆရာလုပ်ဖို့ ကြိုးစားတဲ့လူတွေ အများကြီးရှိခဲ့ပါတယ်။ လက်တွေ့မှာတော့ သူတို့ ဆရာလုပ်ဖို့ကြိုးစားတဲ့ မင်းဆိုးမင်းညစ်တွေရဲ့ အမျှော်အမြင်နည်းမှုတွေ၊ လူမဆန်အောင် ရက်စက်မှုတွေကြောင့် ဒီလိုမင်းဆရာတွေကိုယ်တိုင် ပြန်ပြေးရင် ပြေးရ၊ မပြေးရရင်လည်း သူတို့ကိုယ်တိုင် ဖိနှိပ်သူအကြီးစားတွေ ဖြစ်သွားကြပါတယ်။

ပလေတိုရဲ့ဥပမာကို အကြောင်းပြုပြီး အာဏာရှင်တွေ၊ မင်းဆိုးမင်းညစ်တွေကို အကြံပေးဖို့၊ မင်းဆရာလုပ်ဖို့ ကြိုးစားတဲ့လူတွေကို “ဆီရာကျူစ်မြို့ကို သွားတဲ့လူတွေ”၊ အာဏာရှင်နဲ့ပေါင်းပြီးမှ ထွက်ပြေးရတဲ့ မင်းဆရာတွေကို “ဆီရာကျုစ်မြို့ပြန်တွေ” ဆိုပြီး သမုတ်ကြ၊ လှောင်ပြောင်ကြလေ့ ရှိပါတယ်။

ဂျာမန်ဒဿနပညာရှင် မာတင် ဟိုင်းဒက်ဂါး

အနီးဆုံးဖြစ်တဲ့ ၂၀ ရာစု ဒဿနိက အတွေးအခေါ်သမိုင်းမှာတင်ပဲ ဂျာမန်ဒဿနပညာရှင် မာတင် ဟိုင်းဒက်ဂါး (Martin Heidegger) ကို ဒီလို ဆီရာကျုစ်မြို့ပြန်တဦးအဖြစ် သမုတ်ကြပါတယ်။

ဂျာမန်ဒဿနပညာရှင် မာတင် ဟိုင်းဒက်ဂါးဟာ နာဇီပါတီမှာ တင်းပြည့်ပါတီဝင်တဦး ဖြစ်ခဲ့ပြီးတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ တပည့်များစွာ အသက်ဘေးခြိမ်းခြောက်မှုတွေကြောင့် စွန့်ခွာထွက်ပြေးရတဲ့ နာဇီဂျာမနီလက်အောက်မှာ ဖရီးဘာ့ဂ် (Freiburg) တက္ကသိုလ် ပါမောက္ခချုပ်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

ဂျူးမုန်းတီးရေးဝါဒီတဦးဖြစ်သူပီပီ နာဇီအစိုးရကို သူတတ်ကျွမ်းတဲ့ ဒဿနိကဗေဒနဲ့ သိဒ္ဓိတင်ပေးဖို့ရာ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ သူကိုယ်တိုင် နာဇီတွေနဲ့ ခွာပြဲပြီးနောက် ပါမောက္ခချုပ်ရာထူးက နုတ်ထွက်ခဲ့ရသလို စစ်အပြီးမှာလည်း နာဇီဝါဒီနောက်လိုက်တဦးအဖြစ် ရှုတ်ချခံရပါတယ်။ ဟိုင်းဒက်ဂါးကို နာဇီတွေနဲ့ပေါင်းလို့ “ဆီရာကျုစ်မြို့ပြန်” အဖြစ် နောက်ပိုင်း သမိုင်းနဲ့ ဒဿနိကဗေဒ ပညာရှင်တွေက လှောင်ပြောင်လေ့ရှိပါတယ်။

ဒီလို ဆီရာကျုစ်မြို့ပြန်တွေနဲ့ ဆီရာကျုစ်က မပြန်နိုင်တော့တဲ့လူတွေ မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက်မှာ အများအပြား ရှိခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ပါတီကို ထောက်ခံရာမှာ “ခွေးကတက်ကပင် ပါရလျှင် ပါရပါစေ” ဆိုတဲ့ စာရေးဆရာ၊ ပညာရှင်တွေ အမြောက်အမြား ရှိခဲ့ပါတယ်။ တကယ်လည်း လမ်းစဉ်ပါတီကြီးကို အလုပ်အကျွေးပြုခဲ့ကြပါတယ်။

ဒီလို ဆီရာကျုစ်မြို့ပြန်တွေနဲ့ ဆီရာကျုစ်က မပြန်နိုင်တော့တဲ့လူတွေ မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက်မှာ အများအပြား ရှိခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ပါတီကို ထောက်ခံရာမှာ “ခွေးကတက်ကပင် ပါရလျှင် ပါရပါစေ” ဆိုတဲ့ စာရေးဆရာ၊ ပညာရှင်တွေ အမြောက်အမြား ရှိခဲ့ပါတယ်။ တကယ်လည်း လမ်းစဉ်ပါတီကြီးကို အလုပ်အကျွေးပြုခဲ့ကြပါတယ်။

နာဇီဂျာမနီခေါင်းဆောင် ဟစ်တလာနှင့် နာဇီပါတီဝင်များ

မြန်မာ့နိုင်ငံရေးမှာ ချောတိုင်တက်ချင်တဲ့ မင်းဆရာတွေနဲ့ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးအတွက် ကြယ်စင်စုအသင်း “dream team” ကြီးဖွဲ့ပြီး ကြိုးစားသွားတဲ့ မင်းဆရာတွေ လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ပေါ်ထွန်းခဲ့ပါတယ်။

နေရာမပေးလို့ ငြူစူစောင်းမြောင်းတဲ့ မင်းဆရာဖြစ်ချင်သူတွေနဲ့ အာဏာစွန့်သွားတဲ့ ဗိုလ်ချုပ်ကြီးတွေအကြောင်း တခမ်းတနားနဲ့ သမိုင်းစာအုပ်ရေးသွားတဲ့ မင်းဆရာဟောင်းများလည်း ရှိကြပါတယ်။ ဒီမင်းဆရာတွေ အကုန်နီးပါးဟာ အာဏာရှင်နဲ့ပေါင်း၊ ဖိနှိပ်သူအလိုကျပြောပြီး ဆီရာကျုစ်ကနေ မပြန်နိုင်ခဲ့တဲ့လူတွေပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ချောတိုင်ကို ဆက်တက်စေချင်နေသေးတဲ့ မင်းဆရာလက်သစ်တွေ ရှိနေပါသေးတယ်။ ဖိနှိပ်သူအလိုကျ စကားတွေပြောနေတဲ့၊ ဖြားယောင်းဖို့ကြိုးစားနေတဲ့ မင်းဆရာဖြစ်လိုသူ၊ ဆီရာကျုစ်ကိုသွားဖို့ ကြိုးစားနေသူတွေ ရှိနေပါသေးတယ်။

လူထုရဲ့လိုလားချက်တွေကို မေ့ထားလို့ ငွေကြေး၊ သြဇာနဲ့ ထင်ပေါ်ကျော်ကြားလိုမှုကို အာသာငမ်းငမ်းတက်ပြီး ကျောက်ဆင်းတု ခေါင်းငြိမ့်သဘော လှည့်ပတ်ပြောဆိုနေတဲ့ ဒီမင်းဆရာတွေဟာ ရှေ့က မင်းဆရာများလိုပဲ ဆီရာကျုစ်ကို ပြန်လမ်းမဲ့ သွားကြဦးမယ့် လူများပဲ ဖြစ်ပါတယ်။ ဆီရာကျုစ်ကို သွားဖို့ကြိုးစားနေတဲ့ မင်းဆရာလောင်းတွေနဲ့ ဆီရာကျုစ်က မပြန်တော့မယ့် မင်းဆရာများကို အထူးဂရုစိုက်ဖို့လိုကြောင်း ပြောလိုပါတယ်ခင်ဗျား။

You may also like these stories:

ပြည်ထောင်စုတွေ ဖြေရလေ့ရှိတဲ့ စာမေးပွဲ

ဗမာတွေနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
21
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.7k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.5k

မြန်မာပြည်က သားသုံးသား အယူအဆ အရွေ့

ပညာရှင်ဆိုပါလား

စစ်ခေါင်းဆောင်များ၏ အကျွမ်းကျင်ဆုံး အလုပ်

Your Thoughts …
Tags: ဂရိဂျာမနီငြိမ်းချမ်းရေးဆီရာကျုစ်မြို့ပြန်ဒီမိုကရေစီစနစ်ဒဿနိကဗေဒနာဇီနိုင်ငံရေးပလေတိုမင်းဆရာမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအတွေးအခေါ်အာဏာရှင်
Otto

Otto

စာရေးသူသည် မြန်မာ့နိုင်ငံရေးသုတေသီတဦး ဖြစ်သည်။

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

by Anthony Davis
23 November 2023
15.1k

မြန်မာဗိုလ်ချုပ်များ ရင်ဆိုင်နေရသည့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေသည့် အချက်မှာ ရှမ်းပြည်တိုက်ပွဲသည် သီးခြားဖြစ်နေသော တိုက်ပွဲမဟုတ်တော့ဆိုသည့် အချက်ဖြစ်သည်။

ဥရောပ စစ်ပြင်နေသည်

ဥရောပ စစ်ပြင်နေသည်

by ဧရာဝတီ
25 November 2024
11.2k

ရုရှား၏ နျူကလီးယားခြိမ်းခြောက်မှုမှာ မကြုံစဖူးအဆင့်သို့ တိုးမြင့်လာသောအချိန်တွင် ယင်းသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

by ခင်မမ
6 October 2023
9.5k

အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်နှင့် မိမိသဘောထား ကွဲလွဲမှုရှိစေကာမူ အဖွဲ့အစည်းဝင်များသည် အဖွဲ့အစည်း ကြံ့ခိုင်တောင့်တင်းရေးအတွက် နာခံရမည်ဖြစ်၏။

စစ်ကောင်စီက လူစားထိုးသော်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်နည်း

စစ်ကောင်စီက လူစားထိုးသော်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်နည်း

by ဧရာဝတီ
8 February 2024
8.7k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေးစကား ပြောနေသော်လည်း စစ်ကောင်စီသည် နိုင်ငံဘဏ္ဍာငွေ အများအပြားကို စစ်စရိတ်အတွက် သုံးနေသည်။

Next Post
သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved